ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ကုန္တိုင္းေဒသႀကီး လမ္းမေတာ္ၿမိဳ႕နယ္ ဗဟိုအမ်ိဳးသမီးေဆးရံုတြင္ ဆရာဝန္အေယာင္ေဆာင္ အမ်ိဳးသမီးတစ္ဦးအား ယမန္ေန႔က ဖမ္းဆီးမိေၾကာင္း ျပည္ထဲေရးကသတင္းထုတ္ျပန္သည္။

ဗဟို အမ်ိဳးသမီးေဆး႐ုံႀကီး၊ (E) အေဆာင္၊ အခေပးအထူးခန္း(၁၉)၌ ေဆး႐ုံတက္ေရာက္ေနေသာ ေဒါက္တာ သိဂႌဝင္း၏ အခန္းအတြင္းသို႔ ဆရာဝန္အေယာင္ေဆာင္လာသူ အမ်ိဳးသမီး ၁ ဦး ေရာက္ရွိေနေၾကာင္း ရဲစခန္းသို႔ အေၾကာင္းၾကားခ့ဲေၾကာင္းသိရသည္။

တာဝန္က်သူနာျပဳမ်ားမွ လိုက္လံရွာေဖြရာ ၎အား အထူးခန္း(၂၂)၌ ေတြ႕ရွိရၿပီး သူနာျပဳအုပ္႐ုံးခန္းသို႔ ေခၚေဆာင္စစ္ေမးရာ ၎မွာ ရွင္ေႏွာင္း (၃၅)ႏွစ္ (၄)ရပ္ကြက္၊ လသာၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

၎ထံမွ ဂ်ဴတီကုတ္အက်ႌ ၁ ထည္၊ နားၾကပ္ ၁ ခု၊ ေဒါက္တာ ရွင္ေႏွာင္း(ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး) စာတမ္းပါ ရင္ထိုး ၁ ခုတို႔ အား သိမ္းဆည္းရမိခဲ့သျဖင့္ ရွင္ေႏွာင္း(ဖမ္းမိ)အား လမ္းမေတာ္ၿမိဳ႕မရဲစခန္း (ပ)၁၇၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၁၇၁(ျပည္သူ႔ဝန္ထမ္းဝတ္ဆင္/ ကိုင္ေဆာင္ေသာအဝတ္တန္ဆာမ်ား ကိုလိမ္ လည္လိုေသာႀကံ႐ြယ္ခ်က္ျဖင့္ဝတ္ဆင္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:Fifthwavenews

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဗဟိုအမျိုးသမီးဆေးရုံတွင် ဆရာဝန်အယောင်ဆောင် အမျိုးသမီးတစ်ဦးအား ယမန်နေ့က ဖမ်းဆီးမိကြောင်း ပြည်ထဲရေးကသတင်းထုတ်ပြန်သည်။

ဗဟို အမျိုးသမီးဆေးရုံကြီး၊ (E) အဆောင်၊ အခပေးအထူးခန်း(၁၉)၌ ဆေးရုံတက်ရောက်နေသော ဒေါက်တာ သိင်္ဂီဝင်း၏ အခန်းအတွင်းသို့ ဆရာဝန်အယောင်ဆောင်လာသူ အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းသိရသည်။

တာဝန်ကျသူနာပြုများမှ လိုက်လံရှာဖွေရာ ၎င်းအား အထူးခန်း(၂၂)၌ တွေ့ရှိရပြီး သူနာပြုအုပ်ရုံးခန်းသို့ ခေါ်ဆောင်စစ်မေးရာ ၎င်းမှာ ရှင်နှောင်း (၃၅)နှစ် (၄)ရပ်ကွက်၊ လသာမြို့နယ်နေသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းထံမှ ဂျူတီကုတ်အင်္ကျီ ၁ ထည်၊ နားကြပ် ၁ ခု၊ ဒေါက်တာ ရှင်နှောင်း(ဗဟိုအမျိုးသမီးဆေးရုံကြီး) စာတမ်းပါ ရင်ထိုး ၁ ခုတို့ အား သိမ်းဆည်းရမိခဲ့သဖြင့် ရှင်နှောင်း(ဖမ်းမိ)အား လမ်းမတော်မြို့မရဲစခန်း (ပ)၁၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၇၁(ပြည်သူ့ဝန်ထမ်းဝတ်ဆင်/ ကိုင်ဆောင်သောအဝတ်တန်ဆာများ ကိုလိမ် လည်လိုသောကြံရွယ်ချက်ဖြင့်ဝတ်ဆင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:Fifthwavenews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top