(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×

 

တရုပ်နိုင်ငံ ဟူနန်ပြည်နယ်က ယန်ကျင်းဒေသမှာ ဒီဇင်ဘာလ ၄ ရက် တနင်္ဂနွေနေ့ ည ၉ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိခင်က သူ့ကို ရိုက်တဲ့အတွက် မကျေနပ်တာကြောင့် ကလဲ့စားချေတဲ့အနေနဲ့ ဓါးနဲ့ ပြန်ထိုးသတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။



Credit:Popolay
#Unicode Version#
 မိခင်ဖြစ်သူက ရိုက်ပြီး ဆုံးမတာကို မကျေနပ်လို့ သားဖြစ်သူ ၆ တန်းကျောင်းသားလေးက ဓါးနဲ့ပြန်ထိုးခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

တရုပ်နိုင်ငံ ဟူနန်ပြည်နယ်က ယန်ကျင်းဒေသမှာ ဒီဇင်ဘာလ ၄ ရက် တနင်္ဂနွေနေ့ ည ၉ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိခင်က သ့ကို ရိုက်တဲ့အတွက် မကျေနပ်တာကြောင့် ကလဲ့စားချေတဲ့အနေနဲ့ ဓါးနဲ့ ပြန်ထိုးသတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးနားချင်းတွေရဲ့ သတင်းပေးချက်အရ ရဲတွေရောက်လာခဲ့ပြီး “ချန်” လို့အမည်ရတဲ့ အမျိုးသမီးရဲ့ အလောင်းကို ဓါးဒဏ်ရာတွေများစွာနဲ့ တနင်္လာနေ့ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်က သူမရဲ့ အိပ်ခန်းထဲမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

သားဖြစ်သူဟာ ၆တန်း ကျောင်းသားဖြစ်ပြီး အသက် ၁၀ နှစ် ၁၁ နှစ်ဝန်းကျင်သာ ရှိဦးမည်ဟု တရုပ်နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top