ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





တစ်​​ယောက်​​မောင်းတယ်





ခြေ​ထောက်​လွတ်​ပြီး​ခေါင်းက​ရေထဲစိုက်​ပြီးမွန်းပြီး​သေတာတဲ့မိဘ​တွေဆိုရူးမတတ်​​ပေါ့၎ နှစ်​ဆိုတာတီတီတာတာအရွယ်​​လေးစိတ်​ထဲမ​ကောင်းလိုက်​တာ




Credit: www.xyznews

#Unicode Version#

ရေ နစ် သေ တာ ဟုတ်လား ဘယ်ချောင်းထဲမှာလဲ ဘယ်ကမ်းနားမှာလဲ မဟုတ်ဘူးအန်တီဝါရေ

ဘယ်မြစ်မှလည်းမဟုတ်ဘယ်ချောင်းမှလည်းမဟုတ်ဘူး ပလပ်စတစ်ပုံးထဲမှာ နစ်သေတာ

ဟယ်…….တကယ် ဒီနေ့ ရုံးက လူနာတင်ယာဉ်လှူတဲ့သူရှိလို့ တင်သွင်းခွင့်အတွက်ထောက်ခံချက်

လိုတဲ့အတွက်မြို့နယ်ဆေးရုံတစ်ခုကို သွားတော့ ရုံးသုံးယာဉ်တွေကအလုပ်ကိစ္စတွေနဲ့

သွားကြတော့ကျမတို့လည်းအလျင်လို နေတာနဲ့ကလေးနိဗ္ဗာန်ယာဉ်လေးနဲ့ဘဲသွားလိုက်ကြတယ် လုပ်အားပေး သားလေး
တစ်ယောက်မောင်းတယ်

သွားရင်းနဲ့ဘေးနောက်နားကပ်လျှက်ကကလေးမှန်ခေါင်းလေးထဲစောင်းငဲ့ကြည့် လိုက်တော့ရေတွေနဲ့သွေးတချို့တွေ့ရတာနဲ့သားရေ သွေးတွေတောင်မဆေးရသေးဘူး

ကလေးလေးကဘာဖြစ်တာလည်းပေါ့ ဟုတ်တယ်အန်တီဝါ အခုမှ ဟယ်လ်ပင်ဆေးရုံကသယ်ပြီး ရေဝေးမှာပို့ပြီးပြန်လာတာတဲ့
ကျမလည်းဘယ်လိပ်စာလည်းမမေးဖြစ်တော့ဘူးရေနစ်တာ အသက်က ၄နှစ်တဲ့ သမီးလေး နစ်တာကလည်းပလပ်စတစ်ပုံး တချို့ကရေထည့်တချို့က အမှိုက်ထည့်

ပြီးသုံးကြတဲ့ ပုံးမျိုးအဖုံးလည်းပါတယ် လူကြီးပေါင်ရင်းနားလောက်အမြင့်ပေါ့အဲ့ဒါသူ့အမေကပန်းသီးလေးတစ်လုံး ကျွေးလိုက်တာ ကျွေးပြီးသူလည်းအမှု့မဲ့အမှတ်မဲ့ပေါ့

အဲ့ဒါကိုကလေးလေးက ပုံးထဲကရေကလူကြီးလက်တထွာလောက်မှာပန်းသီးကိုရေဆေးဖို့အောက်ကိုငုံ့ပြီးကုန်းဆေးတာ

ခြေထောက်လွတ်ပြီးခေါင်းကရေထဲစိုက်ပြီးမွန်းပြီးသေတာတဲ့မိဘတွေဆိုရူးမတတ်ပေါ့၄ နှစ်ဆိုတာတီတီတာတာအရွယ်လေးစိတ်ထဲမကောင်းလိုက်တာ

မိဘများကလေးလေးတွေကိုအမြဲမပြတ်ကြည့်ရှု့နေနိုင်ရင်တော့ အကောင်းဆုံးပါဘဲမအားတဲ့သူတွေခမျာလည်း

မကြည့်နိုင်ဘူးလေဒါပေမဲ့တတ်နိုင်သလောက်တော့

ကြည့်နိုင်ရင်ပိုကောင်းပါတယ် ဖြစ်သွားလိုက်ရင်တော့ယူကြုံးမရနောင်တရစရာကြီးတွေပါဘဲ


ဖိုးသူတော်(www.phothutaw.com)
Credit: www.xyznews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top