ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






ဖိုးသူတော် (www.phothutaw.com)
Credit:Burmese.asia


#Unicode Version#

ဝှေးစေ့အတွင်းမှာ ဆီလီကွန်ထည့်သွင်းခဲ့ပြီးနောက် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ လိင်အင်္ဂါနဲ့ သက်ဆိုင်တဲ့ ပုံတွေကို မကြာခဏဆိုသလို လူမှုကွန်ရက်ပေါ် တင်လေ့ရှိတဲ့ ဂျက်ချက်မန်းလို့ အမည်ရ အမျိုးသားဟာ အသက် (၂၈)နှစ်
အရွယ်မှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဂျက် သေဆုံးခဲ့ရတာဟာ အဆုတ်မှာ ပြသနာဖြစ်ပွားခဲ့တာကြောင့်လို့ သိရပါတယ်။ ဂျက်ဟာ ဆန်ဖရန်စ္စကို နဲ့ ဆီယက်လ်တဲမှာ နေထိုင်ခဲ့စဉ်ကတည်းက သခင် နဲ့ ကျွန်တွေလို ဆက်ဆံတဲ့ Gay အဖွဲ့အစည်းတစ်ခုမှာ ပါဝင်နေခဲ့သူဖြစ်ပါတယ်။ ဂျက်သေဆုံးခဲ့ရမှုအတွက်တော့
သူ့ရဲ့ မိခင်ဖြစ်သူက နာမည်ကြီး Gay Blogger တစ်ဦးဖြစ်တဲ့ ဟက်ဖာတီပန်ကို ပြစ်တင်ခဲ့ပါတယ်။

ဟက်ဖာတီပန်က ဂျက်ကို အခုလိုဖြစ်လာအောင် စည်းရုံးပြောဆိုခဲ့မှုတွေကို သူ့ရဲ့ မိခင်က သိရှိခဲ့ပြီးနောက်မှာ အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဟက်ဖာတီပန်က ဂျက်ရဲ့ ခန္ဓာကိုယ်ကို ကြိုက်နှစ်သက်သလို ပြုပြင်ပြောင်းလဲနိုင်ခွင့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဂျက်ဟာ ဟက်ဖာတီပန်ရဲ့
ကျွန်တစ်ယောက်အဖြစ် နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျက်ရဲ့ လည်ပင်းမှာလည်း ချိန်းကြိုးဆွဲဖို့ တီပန်က ခိုင်းစေခဲ့သလို ဂျက်ရဲ့ နာမည်ကိုလည်း တန့်ဟက်ဖာတီပန်လို့ ပြောင်းလဲပေးခဲ့ရကြောင်း သိရပါတယ်။

ဒီအတွက်ကြောင့် ဂျက် သေဆုံးရမှုရဲ့ အကြောင်းရင်းဖြစ်တဲ့ ဝှေးစေ့အတွင်း ဆီလီကွန်ထည့်သွင်းမှုဟာ ဟက်ဖာတီပန်ရဲ့ ခိုင်းစေမှုကြောင့်လို့ ဂျက်ရဲ့ မိခင်က ယုံကြည်နေခဲတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟက်ဖာတီပန်က အဆိုပါသတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ “သူက ကျွန်တော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းဆိုလည်းဟုတ်၊ ပါတနာဆိုလည်းဟုတ်သလို ကျွန်တော့်ရဲ့ ကမ္ဘာလည်း ဖြစ်ပါတယ်” လို့ ဟက်ဖာတီပန်က ပြောဆိုသွားခဲ့ပါတယ်။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top