ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အင္ဒိုနီးရွားႏိုင္ငံက ဆယ္ေက်ာ္သက္ လူငယ္တဦးဟာ အိမ္မွာေမြးထားတဲ့ ေႁမြေဟာက္တေကာင္ အကိုက္ခံခဲ့ရခ်ိန္မွာ အြန္လိုင္းေပၚမွတဆင့္ အကူအညီေတာင္းခဲ့ေပမယ့္ အခ်ီန္မမီခဲ့ဘဲ ေသဆုံးခဲ့ရတယ္လို႔ ေမရာသတင္းမွာ ဒီကေန႔ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ အေနာက္ဂ်ာဗားျပည္နယ္တြင္းမွ ေနအိမ္မွာ ျဖစ္ခဲ့တာျဖစ္ၿပီး အသက္ ၁၄ ႏွစ္အ႐ြယ္ အာရီရယ္ဟာ အဲဒီအခ်ိန္မွာ အိမ္မွာ ေႁမြႀကီးနဲ႔အတူ ရွိေနခဲ့တာလို႔ ဆိုပါတယ္။

အစပိုင္းမွာေတာ့ သူဟာ ေႁမြႀကီးကို ေရခ်ိဳးသုတ္သင္ေပးၿပီးေနာက္ အတူရွိေနခဲ့ပုံေတြကို Whatsapp အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္ခဲ့ၿပီး “ဘာေၾကာင့္ မၿပဳံးရတာလဲ” လို႔ ေႁမြႀကီးကို ရည္ၫႊန္းကာ ေဖာ္ျပခဲ့တာပါ။

အဲဒီေနာက္ေတာ့ အခ်ိန္ ၄ မိနစ္အၾကာမွာ ညာဘက္လက္ေမာင္းမွာ ေႁမြကိုက္ခံရတဲ့ ဒဏ္ရာေတြနဲ႔ ဓာတ္ပုံတပုံ တက္လာခဲ့ၿပီး “ဘဝနဲ႔ ေသဆုံးျခင္းၾကား” လို႔ အမည္တပ္ ေဖာ္ျပထားခဲ့တာကို ေတြ႕ရပါတယ္။

ပုံထဲမွာ ဒဏ္ရာရဲ႕ အထက္ကေန ဖိနပ္ခ်ည္ႀကိဳးနဲ႔ တင္းတင္းခ်ည္ထားခဲ့ကာ အဆိပ္ေတြ ျပန႔္မသြားဖို႔ လုပ္ေဆာင္ထားခဲ့တာကို ေတြ႕ရပါတယ္။

သူေသဆုံးၿပီးေနာက္မွာေတာ့ မိခင္ျဖစ္သူက အာရီရယ္ဟာ ေနအိမ္မွာ တဦးတည္းရွိေနခ်ိန္ ခုလိုျဖစ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အြန္လိုင္းေပၚမွာတင္ခဲ့တဲ့ ဓာတ္ပုံနဲ႔ စာေတြဟာ နာမည္ႀကီးခ်င္လို႔ မဟုတ္ဘဲ အကူအညီေတာင္းတာသာျဖစ္တယ္လို႔ ေျပာလိုက္တာပါ။

သတင္းမီဒီယာေတြမွာေတာ့ အာရီရယ္ဟာ အြန္လိုင္းေပၚမွတဆင့္ “က်ေနာ့္ သူငယ္ခ်င္းတေယာက္ေယာက္မ်ားရွိရင္ က်ေနာ့္ကို ေဆး႐ုံေခၚသြားေပးၾကပါ” လို႔ ေရးခဲ့ေသးေၾကာင္း ေျပာပါတယ္။

တနာရီေလာက္အၾကာမွာမွ သူ႔ကို ေဆး႐ုံပို႔ေဆာင္ေပးႏိုင္ခဲ့ေပမယ့္ အခ်ိန္မမီေတာ့ဘဲ ေနာက္ပိုင္းမွာ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

အာရီရယ္ဟာ ေႁမြေတြနဲ႔ အကြၽမ္းတဝင္ရွိသူတဦးျဖစ္ၿပီး ေဒသတြင္း အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းတခုရဲ႕ တက္ႂကြတဲ့ အဖြဲ႕ဝင္တဦး ျဖစ္ပါတယ္။

သူဟာ ပရဟိတလုပ္ငန္းေတြမွာ ရန္ပုံေငြရွာဖို႔အတြက္ လမ္းမေတြေပၚ ေႁမြေတြနဲ႔ သ႐ုပ္ျပတင္ဆက္မႈေတြလည္း လုပ္ေလ့ရွိတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အင်ဒိုနီးရှားနိုင်ငံက ဆယ်ကျော်သက် လူငယ်တဦးဟာ အိမ်မှာမွေးထားတဲ့ မြွေဟောက်တကောင် အကိုက်ခံခဲ့ရချိန်မှာ အွန်လိုင်းပေါ်မှတဆင့် အကူအညီတောင်းခဲ့ပေမယ့် အချီန်မမီခဲ့ဘဲ သေဆုံးခဲ့ရတယ်လို့ မေရာသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ အနောက်ဂျာဗားပြည်နယ်တွင်းမှ နေအိမ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် အာရီရယ်ဟာ အဲဒီအချိန်မှာ အိမ်မှာ မြွေကြီးနဲ့အတူ ရှိနေခဲ့တာလို့ ဆိုပါတယ်။

အစပိုင်းမှာတော့ သူဟာ မြွေကြီးကို ရေချိုးသုတ်သင်ပေးပြီးနောက် အတူရှိနေခဲ့ပုံတွေကို Whatsapp အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး “ဘာကြောင့် မပြုံးရတာလဲ” လို့ မြွေကြီးကို ရည်ညွှန်းကာ ဖော်ပြခဲ့တာပါ။

အဲဒီနောက်တော့ အချိန် ၄ မိနစ်အကြာမှာ ညာဘက်လက်မောင်းမှာ မြွေကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ဓာတ်ပုံတပုံ တက်လာခဲ့ပြီး “ဘဝနဲ့ သေဆုံးခြင်းကြား” လို့ အမည်တပ် ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ပုံထဲမှာ ဒဏ်ရာရဲ့ အထက်ကနေ ဖိနပ်ချည်ကြိုးနဲ့ တင်းတင်းချည်ထားခဲ့ကာ အဆိပ်တွေ ပြန့်မသွားဖို့ လုပ်ဆောင်ထားခဲ့တာကို တွေ့ရပါတယ်။

သူသေဆုံးပြီးနောက်မှာတော့ မိခင်ဖြစ်သူက အာရီရယ်ဟာ နေအိမ်မှာ တဦးတည်းရှိနေချိန် ခုလိုဖြစ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အွန်လိုင်းပေါ်မှာတင်ခဲ့တဲ့ ဓာတ်ပုံနဲ့ စာတွေဟာ နာမည်ကြီးချင်လို့ မဟုတ်ဘဲ အကူအညီတောင်းတာသာဖြစ်တယ်လို့ ပြောလိုက်တာပါ။

သတင်းမီဒီယာတွေမှာတော့ အာရီရယ်ဟာ အွန်လိုင်းပေါ်မှတဆင့် “ကျနော့် သူငယ်ချင်းတယောက်ယောက်များရှိရင် ကျနော့်ကို ဆေးရုံခေါ်သွားပေးကြပါ” လို့ ရေးခဲ့သေးကြောင်း ပြောပါတယ်။

တနာရီလောက်အကြာမှာမှ သူ့ကို ဆေးရုံပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အချိန်မမီတော့ဘဲ နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အာရီရယ်ဟာ မြွေတွေနဲ့ အကျွမ်းတဝင်ရှိသူတဦးဖြစ်ပြီး ဒေသတွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုရဲ့ တက်ကြွတဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

သူဟာ ပရဟိတလုပ်ငန်းတွေမှာ ရန်ပုံငွေရှာဖို့အတွက် လမ်းမတွေပေါ် မြွေတွေနဲ့ သရုပ်ပြတင်ဆက်မှုတွေလည်း လုပ်လေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top