(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မိန္းကေလးတစ္ေယာက္ဟာ သူ့ခ်စ္သူေကာင္ေလးနဲ႔ ပက္သက္တဲ႔ အရာမွန္သမ်ွကို တန္ဖိုးထားေလ့ ရွိပါတယ္။

သင့္အတြက္ အပန္းမၾကီးေပမယ့္ သင့္ေကာင္မေလးရဲ႕စိတ္ကို ေပ်ာ္ရႊင္သြားေစနိုင္တဲ႔ အရာေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ စာတိုမက္ေဆ့ခ်္ေလးေတြ ပို႔ေပးပါ။

မနက္မိုးလင္းရင္ သင့္ဆီက မက္ေဆ့ခ်္ေလး တစ္ေစာင္နဲ႕ သူ႕ရဲ႕ တစ္ေန႕တာ ကို စတင္ခ်င္ပါတယ္ ။ ညခင္းဆိုလည္း သင့္မက္ေဆခ်္႕ေလးနဲ႕ သူ အိပ္ေပ်ာ္ခ်င္ပါတယ္ ( သူ သင့္ကို သိပ္ခ်စ္တယ္ေလ ) ။

၂။ အမွတ္တရ ဓာတ္ပံုေလးေတြ။

သင္နဲ႕ ဓာတ္ပံု တူတူ ႐ိုက္ခ်င္ပါတယ္ ။ သင္နဲ႕ ပတ္သတ္တဲ့ အရာရာတိုင္း ကို အမွတ္တရ အေနနဲ႕ သူ သိမ္းဆည္းထားခ်င္ပါတယ္ ။ ( သူ သင့္ကို သိပ္ခ်စ္တယ္ေလ ) ။

၃။ သူမအတြက္ လက္ေဆာင္ေလးေတြ ။

တန္ဖိုးၾကီးစရာမလိုပါဘူး . . .။ ရံဖန္ရံခါ သင့္ဆီက Surprise ေလးေတြ သူ ေမွ်ာ္လင့္ေနတတ္ပါတယ္ ။

၄။ မၾကာခဏ မုန္႔ဝယ္ေကြ်းပါ။

သူၾကိဳက္တတ္တဲ့ အစားအစာေလးေတြ ဝယ္ေကြ်းပါ ။ သင္မေကြ်းလည္း သူ႕ဟာသူ ဝယ္စားႏိုင္ပါတယ္ ။ ဒါေပမယ့္ သင္ သတိတရ ဝယ္ေကြ်းတာနဲ႕ေတာ့ ဘယ္တူလိမ့္မလဲ ။

၅။ ၾကင္ၾကင္ နာနာ ေပြ႕ဖက္ေပးပါ။

ရံဖန္ရံခါ ခပ္ၾကာၾကာေလး ဖက္ထားေပးလိုက္ပါ ။ သင့္ဆီက လႈိက္လွဲ ေႏြးေထြးမႈ က သူ႕အတြက္ ခြန္အားေတြ ျဖစ္ေစတတ္ပါတယ္ ။

၆။ ခ်စ္စကားေလးေတြ ေျပာေပးပါ။

႐ိုး႐ိုးသားသားနဲ႕ ရင္ထဲက လာတဲ့ ခ်စ္စကားေလးေတြ ေလးေလးနက္နက္ေျပာေပးပါ ။ သူ႕မွာ ဘယ္ေလာက္ပဲ စိတ္ညစ္စရာေတြ ရွိရွိ သင့္စကားေလးေတြနဲ႕ သူ အားတင္းႏို္င္မွာပါ ။

၇။ သီခ်င္းဆိုျပပါ။

သူၾကိဳက္တတ္တဲ့ သီခ်င္းေလးေတြ ဆိုျပပါ ။ သံစဥ္မညီလည္း ျပသနာမရွိပါဘူး ။ သင့္အသံေလး ၾကားေန႐ံု နဲ႕တင္ သူ ျပံဳးေနမွာပါ ။

၈။ ေရွ႕ေရးအတြက္ တိုင္ပင္ပါ။

သင္တို႕ ႏွစ္ေယာက္ရဲ႕ ဘဝ ေရွ႕ေရးနဲ႕ ပတ္သတ္တဲ့ အစီစဥ္ေတြ ရွိရင္ သူ႕ကို ေလးေလးနက္နက္ ေျပာျပပါ ။ သင့္ ဆံုးျဖတ္ခ်က္မွန္ သမွ် သူ ယံုၾကည္လက္ခံဖို႕ အဆင္သင့္ပါပဲ ။

၉။ ဟာသေလးေတြ ေျပာေပးပါ။

တစ္ခါ တစ္ရံမွာေတာ့ သူ စိတ္လက္ေပ့ါပါးေစမယ့္ ဟာသေလးေတြ ေျပာေပးပါ ။ နာမည္ေက်ာ္ လူရႊင္ေတာ္ေတြ ပ်က္တဲ့ ပ်က္လံုးေတြ ထက္ သူပိုႏွစ္သက္ပါလိမ့္မယ္ ။

၁၀။ လူၾကီးလူေကာင္း ဆန္ဆန္ေနပါ။

သူ႕ပတ္ဝန္းက်င္ အသိုင္းအဝိုင္းၾကားမွာ သင္ဟာ ခန္႕ညားတဲ့ လူၾကီးလူေကာင္းတစ္ေယာက္ အေနနဲ႕ ေနေပးပါ ။ အေျပာအဆို အမူအက်င့္က အစ ခန္႕ညားေနပါေစ ။ သူေရြးခ်ယ္ထားတဲ့ သင့္ကို သူ႕အသိုင္းအဝိုင္းကလည္း အထင္ၾကီးေလးစားေစခ်င္ပါတယ္ ။

၁၁။ ဂရုစိုက္ ၾကင္နာပါ။

သူငိုတဲ့ အခါတိုင္း စိတ္ရွည္လက္ရွည္ သူ စိတ္ေက်နပ္တဲ့အထိ ေခ်ာ့ပါ ။ သူ ဝမ္းနည္းေနတဲ့အခါ ယခင္ က ထက္ ၂ ဆ ပိုျပီး ဂ႐ုစိုက္ေပးပါ ။ ၾကင္နာေပးပါ ။ သူ႕ရဲ႕ ဝမ္းနည္းမႈ နာက်င္မႈေတြကို သင္ အသိအမွတ္ျပဳ ဂရုစိုက္တာကို လိုခ်င္ပါတယ္ ။

၁၂။ “ခ်စ္တယ္” လို႔ အျမဲေျပာေပးပါ ။

အေရးၾကီးဆံုး အခ်က္ပါပဲ ။ သင္ သူ႕ကို ဘယ္ေလာက္ခ်စ္ေၾကာင္း မ႐ိုးရေအာင္ ေျပာေပးပါ ။ သူ႕ကို တကယ္ခ်စ္မွန္း သိေနရင္ေတာင္ သင္ ေျပာတဲ့ ခ်စ္တယ္ ဆိုတဲ့ စကားသံေလးကို နားေထာင္ရင္း သူ ရင္ခုန္ ၾကည္ႏူးခ်င္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ei Thu ( Love Shop )
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေးနဲ့ ပက်သက်တဲ့ အရာမှန်သမျှကို တန်ဖိုးထားလေ့ ရှိပါတယ်။

သင့်အတွက် အပန်းမကြီးပေမယ့် သင့်ကောင်မလေးရဲ့စိတ်ကို ပျော်ရွှင်သွားစေနိုင်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စာတိုမက်ဆေ့ချ်လေးတွေ ပို့ပေးပါ။

မနက်မိုးလင်းရင် သင့်ဆီက မက်ဆေ့ချ်လေး တစ်စောင်နဲ့ သူ့ရဲ့ တစ်နေ့တာ ကို စတင်ချင်ပါတယ် ။ ညခင်းဆိုလည်း သင့်မက်ဆေချ့်လေးနဲ့ သူ အိပ်ပျော်ချင်ပါတယ် ( သူ သင့်ကို သိပ်ချစ်တယ်လေ ) ။

၂။ အမှတ်တရ ဓာတ်ပုံလေးတွေ။

သင်နဲ့ ဓာတ်ပုံ တူတူ ရိုက်ချင်ပါတယ် ။ သင်နဲ့ ပတ်သတ်တဲ့ အရာရာတိုင်း ကို အမှတ်တရ အနေနဲ့ သူ သိမ်းဆည်းထားချင်ပါတယ် ။ ( သူ သင့်ကို သိပ်ချစ်တယ်လေ ) ။

၃။ သူမအတွက် လက်ဆောင်လေးတွေ ။

တန်ဖိုးကြီးစရာမလိုပါဘူး . . .။ ရံဖန်ရံခါ သင့်ဆီက Surprise လေးတွေ သူ မျှော်လင့်နေတတ်ပါတယ် ။

၄။ မကြာခဏ မုန့်ဝယ်ကျွေးပါ။

သူကြိုက်တတ်တဲ့ အစားအစာလေးတွေ ဝယ်ကျွေးပါ ။ သင်မကျွေးလည်း သူ့ဟာသူ ဝယ်စားနိုင်ပါတယ် ။ ဒါပေမယ့် သင် သတိတရ ဝယ်ကျွေးတာနဲ့တော့ ဘယ်တူလိမ့်မလဲ ။

၅။ ကြင်ကြင် နာနာ ပွေ့ဖက်ပေးပါ။

ရံဖန်ရံခါ ခပ်ကြာကြာလေး ဖက်ထားပေးလိုက်ပါ ။ သင့်ဆီက လှိုက်လှဲ နွေးထွေးမှု က သူ့အတွက် ခွန်အားတွေ ဖြစ်စေတတ်ပါတယ် ။

၆။ ချစ်စကားလေးတွေ ပြောပေးပါ။

ရိုးရိုးသားသားနဲ့ ရင်ထဲက လာတဲ့ ချစ်စကားလေးတွေ လေးလေးနက်နက်ပြောပေးပါ ။ သူ့မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိရှိ သင့်စကားလေးတွေနဲ့ သူ အားတင်းနိုင်မှာပါ ။

၇။ သီချင်းဆိုပြပါ။

သူကြိုက်တတ်တဲ့ သီချင်းလေးတွေ ဆိုပြပါ ။ သံစဉ်မညီလည်း ပြသနာမရှိပါဘူး ။ သင့်အသံလေး ကြားနေရုံ နဲ့တင် သူ ပြုံးနေမှာပါ ။

၈။ ရှေ့ရေးအတွက် တိုင်ပင်ပါ။

သင်တို့ နှစ်ယောက်ရဲ့ ဘဝ ရှေ့ရေးနဲ့ ပတ်သတ်တဲ့ အစီစဉ်တွေ ရှိရင် သူ့ကို လေးလေးနက်နက် ပြောပြပါ ။ သင့် ဆုံးဖြတ်ချက်မှန် သမျှ သူ ယုံကြည်လက်ခံဖို့ အဆင်သင့်ပါပဲ ။

၉။ ဟာသလေးတွေ ပြောပေးပါ။

တစ်ခါ တစ်ရံမှာတော့ သူ စိတ်လက်ပေ့ါပါးစေမယ့် ဟာသလေးတွေ ပြောပေးပါ ။ နာမည်ကျော် လူရွှင်တော်တွေ ပျက်တဲ့ ပျက်လုံးတွေ ထက် သူပိုနှစ်သက်ပါလိမ့်မယ် ။

၁၀။ လူကြီးလူကောင်း ဆန်ဆန်နေပါ။

သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာ သင်ဟာ ခန့်ညားတဲ့ လူကြီးလူကောင်းတစ်ယောက် အနေနဲ့ နေပေးပါ ။ အပြောအဆို အမူအကျင့်က အစ ခန့်ညားနေပါစေ ။ သူရွေးချယ်ထားတဲ့ သင့်ကို သူ့အသိုင်းအဝိုင်းကလည်း အထင်ကြီးလေးစားစေချင်ပါတယ် ။

၁၁။ ဂရုစိုက် ကြင်နာပါ။

သူငိုတဲ့ အခါတိုင်း စိတ်ရှည်လက်ရှည် သူ စိတ်ကျေနပ်တဲ့အထိ ချော့ပါ ။ သူ ဝမ်းနည်းနေတဲ့အခါ ယခင် က ထက် ၂ ဆ ပိုပြီး ဂရုစိုက်ပေးပါ ။ ကြင်နာပေးပါ ။ သူ့ရဲ့ ဝမ်းနည်းမှု နာကျင်မှုတွေကို သင် အသိအမှတ်ပြု ဂရုစိုက်တာကို လိုချင်ပါတယ် ။

၁၂။ “ချစ်တယ်” လို့ အမြဲပြောပေးပါ ။

အရေးကြီးဆုံး အချက်ပါပဲ ။ သင် သူ့ကို ဘယ်လောက်ချစ်ကြောင်း မရိုးရအောင် ပြောပေးပါ ။ သူ့ကို တကယ်ချစ်မှန်း သိနေရင်တောင် သင် ပြောတဲ့ ချစ်တယ် ဆိုတဲ့ စကားသံလေးကို နားထောင်ရင်း သူ ရင်ခုန် ကြည်နူးချင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Ei Thu ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top