ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကမၻာ့ရတနာဘဏ္မွ ေခ်းယူထားေငြ က်ပ္သိန္းတစ္ေသာင္းခြဲကုိ ျပန္လည္ေပးဆပ္ျခင္း မရွိသျဖင့္ အာရွႀကီးပြားတုိးတက္ေရး ပုိ႔ကုန္သြင္းကုန္ကုမၸဏီမွ အုပ္ခ်ဳပ္မႈ ဒါ႐ုိက္တာ အပါအဝင္ ေလးဦးကို ဒီဇင္ဘာ ၃ ရက္ေန႔က ပန္းဘဲတန္းၿမဳိ႕မ ရဲစခန္းတြင္ လိမ္လည္မႈျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

ကုန္သည္လမ္းရွိ ကမၻာ့ရတနာဘဏ္တြင္ အာရွႀကီးပြားတုိးတက္ေရး ပို႔ကုန္ သြင္းကုန္ ကုမၸဏီမွ​အုပ္ခ်ဳပ္မႈ ဒါ႐ုိက္တာ ဦးစုိးထြန္းရွိန္က လာေရာက္၍ ကုမၸဏီပုိင္ စက္႐ံုမွတ္ပံုတင္ မိတၱဴ၊ ကုမၸဏီ မွတ္ပံုတင္မိတၱဴ၊ ကုမၸဏီ မွတ္ပံုတင္႐ံုး၏ ပံုစံ (င)၊ ပံုစံ (၆)၊ ပံုစံ (၂၆) မိတၱဴတို႔ကို တင္ျပခဲ့သည္။

ယင္းေနာက္ အေမရိကန္ေဒၚလာ သိန္း ၄၀ နီးပါးရွိ ေအးခဲထားေသာ ေရထြက္ပစၥည္း ကုန္ေခ်ာတန္ခ်ိန္ ၃၅၄၁ တန္ရွိေၾကာင္းႏွင့္ ကုမၸဏီရွိ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ေငြပမာဏတုိ႔ႏွင့္အတူ ေရထြက္ကုန္ေခ်ာပစၥည္းမ်ား အမွန္တကယ္ရွိေၾကာင္း ငါးလုပ္ငန္းဦးစီးဌာန၏ ေထာက္ခံခ်က္ပါ ပူးတြဲတင္ျပလာ၍ ကမၻာ့ရတနာဘဏ္မွ က်ပ္သိန္း တစ္ေသာင္းခြဲကို ထုတ္ယူခဲ့ေသာ္လည္း ယေန႔အခ်ိန္ထိ ရယူသြားသည့္ ေငြႏွင့္ဘဏ္အတြက္ အက်ဳိးအျမတ္ကုိ ေပးဆပ္လာျခင္း မရွိခဲ့ေသာေၾကာင္း စံုစမ္းရာ ယင္းကုမၸဏီမွ​ေရထြက္ကုန္ပစၥည္းမ်ားကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ၿပီးျဖစ္ေၾကာင္း သိရွိခဲ့သည္။

ကုန္ပစၥည္းမ်ားကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ၿပီးပါက ဘဏ္မွ ရယူထားသည့္ေငြမ်ားကို ေပးသြင္းမည္ဟု ေျပာဆုိၿပီး ေငြမ်ား ထုတ္ယူထားသူ အာရွႀကီးပြားတုိးတက္ေရး ပုိ႔ကုန္သြင္းကုန္ ကုမၸဏီမွ အုပ္ခ်ဳပ္မႈ ဒါ႐ုိက္တာ ဦးစုိးထြန္းရွိန္ အပါအဝင္ ဦးၾကည္ရွိန္၊ ဦးခင္ေမာင္အုန္း၊ ေဒၚနီလာရွိန္တို႔ကို အေရးယူေပးပါရန္ ကမၻာ့ရတနာဘဏ္မွ ဒု အေထြေထြမန္ေနဂ်ာ ဦးထင္ေအာင္က တရားလိုျပဳ တုိင္ၾကားလာသျဖင့္ ပန္းဘဲတန္းၿမိဳ႕မ ရဲစခန္းက လိမ္လည္မႈပုဒ္မျဖင့္ အမႈဖြင့္ အေရးယူထားၿပီး စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

လိမ္လည္မႈျဖင့္ အမႈဖြင့္ခံရသူ ဦးစုိးထြန္းရွိန္မွာ မုိးထိ မိုးမိေဒသတြင္ ေရႊတူးေဖာ္ေရးလုပ္ငန္း လုပ္ကုိင္ခဲ့ေသာ အမ်ဳိးသားႀကီးပြားတုိးတက္ေရး ကုမၸဏီ ဥကၠ႒ျဖစ္ၿပီး ယင္းကုမၸဏီမွာ ႏုိင္ငံေတာ္သုိ႔ သတ္မွတ္ထားေသာ ေရႊပိႆာခ်ိန္ ေပးသြင္းျခင္းမရွိသျဖင့္ ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလမွ လုပ္ငန္း ရပ္ဆုိင္းခံခဲ့ရသည္။

လုပ္ငန္း ရပ္ဆုိင္းထားခ်ိန္တြင္ ခြင့္ျပဳခ်က္မရွိဘဲ ေရႊတူးေဖာ္သည္ဟုဆုိကာ ဦးစုိးထြန္းရွိန္ကုိ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္ေသာ သတၱဳတြင္း ဥပေဒပုဒ္မ ၃၀ (ဃ)ျဖင့္ အမွတ္ (၂) သတၱဳတြင္းလုပ္ငန္းက အမႈဖြင့္ခဲ့သည္။

ဦးစုိးထြန္းရွိန္မွာ လြန္ခဲ့ေသာ ၂၀၁၄ ခုႏွစ္ ဇြန္လ ၉ ရက္က သ႐ုပ္ေဆာင္ ခ်မ္းမီမီကို ႏွင့္ လက္ထပ္ခဲ့ရာ Sule Shangrila ဟိုတယ္၌ ျပဳလုပ္ခဲ့သည့္ ၎တုိ႔၏ မဂၤလာဧည့္ခံပြဲႏွင့္ ညစာ စားပြဲတြင္ ၎တုိ႔၏ မဂၤလာပ်ားရည္ဆမ္းအျဖစ္ လကမၻာကုိ သြားေရာက္မည္ဟု ဦးစုိးထြန္းရွိန္က မီဒီယာကုိ ေျပာၾကားခဲ့သူျဖစ္သည္။

ဖိုးသူေတ္ာ(www.phothutaw.com)
Credit:the voice

#Unicode Version#
ကမ္ဘာ့ရတနာဘဏ်မှ ချေးယူထားငွေ ကျပ်သိန်းတစ်သောင်းခွဲကို ပြန်လည်ပေးဆပ်ခြင်း မရှိသဖြင့် အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ အပါအဝင် လေးဦးကို ဒီဇင်ဘာ ၃ ရက်နေ့က ပန်းဘဲတန်းမြို့မ ရဲစခန်းတွင် လိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကုန်သည်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်တွင် အာရှကြီးပွားတိုးတက်ရေး ပို့ကုန် သွင်းကုန် ကုမ္ပဏီမှအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးထွန်းရှိန်က လာရောက်၍ ကုမ္ပဏီပိုင် စက်ရုံမှတ်ပုံတင် မိတ္တူ၊ ကုမ္ပဏီ မှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ မှတ်ပုံတင်ရုံး၏ ပုံစံ (င)၊ ပုံစံ (၆)၊ ပုံစံ (၂၆) မိတ္တူတို့ကို တင်ပြခဲ့သည်။

ယင်းနောက် အမေရိကန်ဒေါ်လာ သိန်း ၄၀ နီးပါးရှိ အေးခဲထားသော ရေထွက်ပစ္စည်း ကုန်ချောတန်ချိန် ၃၅၄၁ တန်ရှိကြောင်းနှင့် ကုမ္ပဏီရှိ ရင်းနှီးမြှုပ်နှံထားသည့် ငွေပမာဏတို့နှင့်အတူ ရေထွက်ကုန်ချောပစ္စည်းများ အမှန်တကယ်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်ပါ ပူးတွဲတင်ပြလာ၍ ကမ္ဘာ့ရတနာဘဏ်မှ ကျပ်သိန်း တစ်သောင်းခွဲကို ထုတ်ယူခဲ့သော်လည်း ယနေ့အချိန်ထိ ရယူသွားသည့် ငွေနှင့်ဘဏ်အတွက် အကျိုးအမြတ်ကို ပေးဆပ်လာခြင်း မရှိခဲ့သောကြောင်း စုံစမ်းရာ ယင်းကုမ္ပဏီမှရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သိရှိခဲ့သည်။

ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချပြီးပါက ဘဏ်မှ ရယူထားသည့်ငွေများကို ပေးသွင်းမည်ဟု ပြောဆိုပြီး ငွေများ ထုတ်ယူထားသူ အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန် ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးထွန်းရှိန် အပါအဝင် ဦးကြည်ရှိန်၊ ဦးခင်မောင်အုန်း၊ ဒေါ်နီလာရှိန်တို့ကို အရေးယူပေးပါရန် ကမ္ဘာ့ရတနာဘဏ်မှ ဒု အထွေထွေမန်နေဂျာ ဦးထင်အောင်က တရားလိုပြု တိုင်ကြားလာသဖြင့် ပန်းဘဲတန်းမြို့မ ရဲစခန်းက လိမ်လည်မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လိမ်လည်မှုဖြင့် အမှုဖွင့်ခံရသူ ဦးစိုးထွန်းရှိန်မှာ မိုးထိ မိုးမိဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်ပြီး ယင်းကုမ္ပဏီမှာ နိုင်ငံတော်သို့ သတ်မှတ်ထားသော ရွှေပိဿာချိန် ပေးသွင်းခြင်းမရှိသဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ လုပ်ငန်း ရပ်ဆိုင်းခံခဲ့ရသည်။

လုပ်ငန်း ရပ်ဆိုင်းထားချိန်တွင် ခွင့်ပြုချက်မရှိဘဲ ရွှေတူးဖော်သည်ဟုဆိုကာ ဦးစိုးထွန်းရှိန်ကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ဃ)ဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက အမှုဖွင့်ခဲ့သည်။

ဦးစိုးထွန်းရှိန်မှာ လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဇွန်လ ၉ ရက်က သရုပ်ဆောင် ချမ်းမီမီကို နှင့် လက်ထပ်ခဲ့ရာ Sule Shangrila ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာ စားပွဲတွင် ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကို သွားရောက်မည်ဟု ဦးစိုးထွန်းရှိန်က မီဒီယာကို ပြောကြားခဲ့သူဖြစ်သည်။

ဖိုးသူတေ်ာ(www.phothutaw.com)
Credit:the voice


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top