(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×





စက္ကူတိပ်
ပန်းစည်းစက္ကူ
ကပ်ကြေး
ဖဲကြိုးလှလှ



ပြုလုပ်ပုံအဆင့်ဆင့်








ဖိုးသူတော် (www.phothutaw.com)
Credit:Auntymay


#Unicode Version#

Hand-made ဆိုတဲ့ အရာဟာ အရမ်းကို အသေးစိတ်ပြီး စိတ်ရှည်ရှည်၊ စေတနာပါပါလုပ်မှ လှတဲ့အရာပါ။ အလွယ်တကူဝယ်လို့ရပေမယ့် ကိုယ်တိုင်လုပ်ပေးရတဲ့ အရသာဟာ ပိုပြီးတော့ လေးနက်ချိုမြိန်တာ Hand-made ချစ်သူတွေတော့ ကောင်းကောင်းသိမှာပါ။

ချစ်သူ၊ ခင်သူတွေအတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းလေးတွေကို ကိုယ့်စိတ်ကြိုက်ရွေးပြီး ကိုယ်တိုင်လုပ်ပေးချင်တဲ့သူတွေအတွက် အလွယ်ဆုံးနဲ့ အလှဆုံးပန်းစည်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

စက္ကူတိပ်
ပန်းစည်းစက္ကူ
ကြိုက်နှစ်သက်ရာပန်းများ
ကပ်ကြေး
ဖဲကြိုးလှလှ

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဆုံးအနေနဲ့ ပန်းလေးတွေကို သူပြထားတဲ့အတိုင်းစက္ကူလေးနဲပတ်ကာ အောက်ဖက်ကိုတိတ်လေးနဲ့ကပ်လိုက်ပါ။

ပြီးရင်တော့ ပန်းစည်းစက္ကူလေးကိုခေါက်ပြီး သူပြထားတဲ့အတိုင်း ခေါက်ကာ ပန်းစည်းလေးရဲ့ ဘယ်ဖက်လေးကို နည်းနည်းလေးပိုယူပြီး ပတ်ပြီးစည်းလိုက်ပါ။

ညာဖက်ကိုလည်း အဲလိုပဲလုပ်ပေးရပါမယ်။

ပြီးရင်အရှေ့ဖက်လေးကိုလည်း သူပြထားတဲ့အတိုင်းလေးပဲ အုပ်ပေးလိုက်ကာ အောက်ကို တိပ်လေးနဲ့ စည်းပေးလိုက်ပါ။

ပြီးသွားပြီဆိုရင်တော့ ခုနကတိတ်ကပ်ထားတဲ့နေရာကို ဖဲကြိုးလှလှလေးစည်းလိုက်ပါ။

ပန်းစည်းစက္ကူအရောင်၊ ဖဲကြိုးအရောင်နဲ့ ပန်းအမျိုးအစားလေးတွေကိုတော့ မိမိကြိုက်နှစ်သက်ရာအရောင်နဲ့ ပုံစံတွေကိုစိတ်ကြိုက်ရွေးနိုင်ပါတယ်။

လိုက်လုပ်ကြည့်လိုက်ပါဦးနော်…။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top