ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ပဲခူးတိုင္းေဒသႀကီးအတြင္း အဂတိလိုက္စားမႈျဖင့္ တိုင္ၾကားျခင္း ခံထားရသူမ်ာကို စစ္ေဆးေဆာင္႐ြက္လ်က္ရွိရာ ပဲခူးခ႐ိုင္၌အမႈတြဲ ၁၂၀ ေက်ာ္အနက္ ၄၀ ေက်ာ္စစ္ေဆးၿပီးစီးၿပီးျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ႐ုံး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္႐ုံး၊ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ႏွင့္ျပည္ေထာင္စုလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ ေတာ္မ်ားသို႔ အဂတိလိုက္စားမႈမ်ားအား ေပးပို႔တိုင္ၾကားထားမႈမ်ား ရွိရာ ပဲခူးတိုင္းေဒသႀကီးအတြင္းမွ ေပးပို႔တိုင္ၾကားထားေသာ တိုင္ ၾကားစာမ်ားအား ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ထံသို႔ ျပန္လည္ေပးပို႔စစ္ေဆးခိုင္း ထားသည့္အတြက္ ပဲခူးတိုင္းေဒသႀကီးအစိုးရ အဖြဲ႕က ႏိုဝင္ဘာ ၂၉ ရက္ မြန္းလြဲပိုင္းတြင္ ကက္ဘိနက္ေခၚယူ၍ တိုင္ၾကားစာမ်ားအား အျမန္ဆုံးစစ္ေဆးရန္ ပဲခူးတိုင္းမွ ဝန္ႀကီးေလးဦးအား ခ႐ိုင္တစ္ခုခ်င္း စီအလိုက္ တာဝန္ေပး၍ အျမန္ဆုံးစစ္ေဆးသြားရန္ အစည္းအေဝး က ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့သည္။

အမႈတြဲေတြလုပ္ၿပီး အျမန္ဆုံးစစ္ေဆးသြားမွာပါ။ ခ႐ိုင္အလိုက္ တာဝန္ခြဲယူၿပီးျဖစ္သလို တစ္ခ႐ိုင္ခ်င္းစီအလိုက္ အမႈတြဲေတြကိုလည္း က႑အလိုက္ စစ္ေဆးသြားဖို႔ရွိပါတယ္"ဟု အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။

အဆိုပါ စစ္ေဆးေတြ႕ရွိခ်က္မ်ားအား အထက္ဌာနသို႔ေပးပို႔ကာအဂတိလိုက္စားမႈေပၚေပါက္ပါက ေႏွာင့္ေႏွးျခင္းမရွိဘဲ အျမန္ဆုံးအေရး ယူရန္ ႏိုင္ငံေတာ္သမၼတက လမ္းၫႊန္ထားခဲ့သည္။

ပဲခူးတိုင္းေဒသႀကီးတြင္ ပဲခူးခ႐ိုင္၊ ေတာင္ငူခ႐ိုင္၊ ျပည္ခ႐ိုင္၊ သာယာဝတီခ႐ိုင္ဟူ၍ ခ႐ိုင္ေလးခုရွိရာ အဂတိလိုက္စားမႈတိုင္ၾကား မႈအမ်ားဆုံးခ႐ိုင္မွာ ပဲခူးခ႐ိုင္ျဖစ္ၿပီး အမႈတြဲ ေပါင္း ၁၂၀ အထိရွိကာ အျခားခ႐ိုင္မ်ားထက္ တိုင္ၾကားခံရမႈအမ်ားဆုံးျဖစ္ေၾကာင္း၊ အျခား ခ႐ိုင္မ်ား၌လည္း အဂတိလိုက္စားမႈျဖင့္တိုင္ၾကားခံထားရမႈ အမႈတြဲ ေပါင္း ၁၀ဝ ဝန္းက်င္ရွိေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Time

#Unicode Version#

ပဲခူးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုဖြင့် တိုင်ကြားခြင်း ခံထားရသူမျာကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ ပဲခူးခရိုင်၌အမှုတွဲ ၁၂၀ ကျော်အနက် ၄၀ ကျော်စစ်ဆေးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့်ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ် တော်များသို့ အဂတိလိုက်စားမှုများအား ပေးပို့တိုင်ကြားထားမှုများ ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပေးပို့တိုင်ကြားထားသော တိုင် ကြားစာများအား ပဲခူးတိုင်း ဝန်ကြီးချုပ်ထံသို့ ပြန်လည်ပေးပို့စစ်ဆေးခိုင်း ထားသည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့က နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကက်ဘိနက်ခေါ်ယူ၍ တိုင်ကြားစာများအား အမြန်ဆုံးစစ်ဆေးရန် ပဲခူးတိုင်းမှ ဝန်ကြီးလေးဦးအား ခရိုင်တစ်ခုချင်း စီအလိုက် တာဝန်ပေး၍ အမြန်ဆုံးစစ်ဆေးသွားရန် အစည်းအဝေး က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အမှုတွဲတွေလုပ်ပြီး အမြန်ဆုံးစစ်ဆေးသွားမှာပါ။ ခရိုင်အလိုက် တာဝန်ခွဲယူပြီးဖြစ်သလို တစ်ခရိုင်ချင်းစီအလိုက် အမှုတွဲတွေကိုလည်း ကဏ္ဍအလိုက် စစ်ဆေးသွားဖို့ရှိပါတယ်"ဟု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်များအား အထက်ဌာနသို့ပေးပို့ကာအဂတိလိုက်စားမှုပေါ်ပေါက်ပါက နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံးအရေး ယူရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ထားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်ဟူ၍ ခရိုင်လေးခုရှိရာ အဂတိလိုက်စားမှုတိုင်ကြား မှုအများဆုံးခရိုင်မှာ ပဲခူးခရိုင်ဖြစ်ပြီး အမှုတွဲ ပေါင်း ၁၂၀ အထိရှိကာ အခြားခရိုင်များထက် တိုင်ကြားခံရမှုအများဆုံးဖြစ်ကြောင်း၊ အခြား ခရိုင်များ၌လည်း အဂတိလိုက်စားမှုဖြင့်တိုင်ကြားခံထားရမှု အမှုတွဲ ပေါင်း ၁၀ဝ ဝန်းကျင်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top