ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


ပရိသတ္ေတြကို ဟာသ ဒရာမာ အက္ရွင္ စတဲ့ ပုံစံမ်ိဳးစုံနဲ႔ ရသအျပည့္ေပးတဲ့အျပင္ ႐ုပ္ရွင္အစည္းအ႐ုံးမွာလည္း ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္နဲ႔ဒါ႐ိုက္တာလူမင္းဟာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ျဖစ္ေျမာက္ေရးအတြက္ အဓိကေနရာကေန တာဝန္ယူ ေဆာင္႐ြက္ေနတာျဖစ္ၿပီးေတာ့ ဒီကားကို ႐ိုက္ကူးရင္ အႏုပညာေၾကးကိုမယူဘူးလို႔ မီဒီယာေတြနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုသြားခဲ့ပါတယ္။

လူမင္းက “အစ္ကိုစတာဝန္ယူၿပီးေတာ့အခု ၂လမျပည့္ခင္အခ်ိန္မွာ ဒီ႐ိုက္ကူးေရး Flim Organization နဲ႔ Chargingမွာ လိုအပ္တဲ့ အင္အားေတြ ဇာတ္ၫြန္းအဖြဲ႕ေတြ ႐ိုက္ကူးေရးအဖြဲ႕ေတြ အားလုံးကို ဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။ ဇာတ္ၫြန္းပိုင္းဆိုင္ရာမွာလည္း အစကေန အသစ္ျပန္ေရးၿပီးေတာ့ အခု အခန္းစဥ္လုံးဝၿပီးပါၿပီ။ သမိုင္းပညာရွင္ေတြနဲ႔ အခန္း၅၀အထိ အခ်က္အလက္မွန္ အတည္ျပဳႏိုင္ခဲ့ၿပီးပါၿပီ။ အကိုတို႔ ဇာတ္ၫြန္းဖိုင္နယ္ႀကီးအထိ ၿပီးၿပီဆိုမွာ ႐ိုက္ကြင္း Schedule ကိုစၿပီးေတာ့ ေၾကျငာႏိုင္ပါ့မယ္။ အဓိက စိန္ေခၚမႈက ဇာတ္ၫြန္းပါပဲ အစ္ကိုဥစၥာနဲ႔ လုပ္တာမဟုတ္ပါဘူး။


ဇာတ္ၫြန္းက အားလုံးဝိုင္းၿပီး ဒီTeamႀကီးတစ္ခုလုံးနဲ႔ ဝိုင္းၿပီး ေဆာင္႐ြက္ၾကတာပါ။ ေဝဖန္မႈေတြအတြက္လည္း ၂မ်ိဳး ရွိတာေပါ့ေနာ္ အေကာင္းျမင္တဲ့ ေဝဖန္အႀကံေပးတဲ့ သူေတြရွိသလို သပ္သပ္ေဝဖန္တိုက္ခိုက္တာလည္းရွိတယ္ေပါ့။ ဒါေတြအားလုံးကို အစ္ကိုတို႔က ခံယူရမွာျဖစ္ပါတယ္။ အဲ့ေတာ့ အဲ့ေဝဖန္မႈေတြအတြက္လည္း အစ္ကိုတို႔ ေဆာင္႐ြက္ေနပါတယ္။ အစ္ကိုတို႔ ႐ိုက္ကူးေရးအဖြဲ႕ႀကီးရဲ႕ သတင္းအခ်က္အလက္အမွန္ေတြကို ျပည္သူေတြသိဖို႔ တစ္ခ်ိဳ႕ၾကေတာ့ လည္း အခ်က္အလက္မွန္ေတြ ကိုယ္တို႔ဆီက ထုတ္ျပန္တာမရွိေတာ့ ဘယ္ဟာအမွန္လည္း ဘယ္ဟာအမွားလည္း မသိဘူး။

 ဒါအေပၚယံၾကည့္ၿပီး ေျပာဆိုေဝဖန္မႈေတြအေပၚ လိုက္ၿပီးသြားၾကတဲ့သူေတြရွိတယ္။ ဆိုေတာ့ အဲ့လို ျပည္သူေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ဖို႔ ဥပမာ အစ္ကိုတို႔ Websiteေတြ တည္ေထာင္တာ ဒီSocial Mediaအကုန္လုံးကေန ျဖန႔္က်က္ေဆာင္႐ြက္ၿပီး အစ္ကိုတို႔ရဲ႕လုပ္ေဆာင္မႈေတြကို ျပည္သူနဲ႔ ထိေတြ႕ဖို႔ ျပည္သူေတြ သိခ်င္တဲ့ ေမးခ်င္တဲ့ ဟာေတြကို ေျဖေပးႏိုင္ဖို႔ သူတို႔ရဲ႕ အႀကံျပဳခ်က္ေတြကို အစ္ကိုတို႔က လက္ခံယူႏိုင္ဖို႔ အဲ့အပိုင္းေတြလည္း အစ္ကိုတို႔ ေဆာင္႐ြက္ေနပါတယ္။”လို႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ လူမင္းက “ဒီမွာက ဟိုဘက္ေခတ္ကို ႐ိုက္ရမွာ ျဖစ္တဲ့အတြက္ လိုအပ္တဲ့ အဝတ္အစားဒီဇိုင္း အသုံးအေဆာင္ ခ်ဳပ္႐ိုးခ်ဳပ္သားကအစ ဘယ္လိုအသားမ်ိဳးကို သုံးမလဲ အဲ့ဒီေခတ္က ဒီဇိုင္းေတြက ဘယ္လိုရွိမလဲ။ ဥပမာ ကတၳီပါဖိနပ္ဆိုရင္ ႀကိဳးျပားႀကီးေတြ အစရွိသျဖင့္ေပါ့ေနာ္။ အဲ့တာေတြကို သူ႔က႑အသီးသီးအလိုက္ အားလုံးက Research ေတြလုပ္ေနၾကပါတယ္။

Research ေတြလုပ္ေနၾကၿပီး အဲ့ဒီအတိုင္း တစ္ထပ္တည္းျဖစ္ေအာင္ အစ္ကိုတို႔ ႀကိဳးစားၿပီး ေဆာင္႐ြက္ေနၾကပါတယ္။ ဘတ္ဂ်က္အားျဖင့္က ဝန္ႀကီးကလည္း Unlimitation သုံးဖို႔လိုတာ သုံးပါ။ အျဖဳန္းသာမျဖစ္ပါေစနဲ႔ဆိုတာမ်ိဳး ေျပာသြားတာျဖစ္တဲ့အတြက္ေၾကာင့္ အစ္ကိုတို႔ အားရွိပါတယ္။ အစ္ကိုအေနနဲ႔ ေျပာရရင္ ဒီကား႐ိုက္ကူးတာကို အႏုပညာေၾကးလုံးဝယူမွာ မဟုတ္ပါဘူး။

အစ္ကို ဒီကား ဒီအလုပ္ကို တာဝန္ယူတာလည္း ဒါႏိုင္ငံသားတစ္ေယာက္ရဲ႕တာဝန္လိုပဲ၊ ေနာက္အႏုပညာသမားျဖစ္ လုပ္ရတာ ဒီကားႀကီးကို ႐ိုက္ခြင့္ရတာနဲ႔တင္ အစ္ကိုစိတ္ထဲမွာ ေက်နပ္ေနတယ္ဆိုတဲ့ တာဝန္အေနနဲ႔ပဲ အစ္ကို ခံယူၿပီးေတာ့ပဲ ဒီကားကို ႐ိုက္မွာပါ။ အစ္ကိုအေနနဲ႔က အႏုပညာေၾကးကို ခံစားသြားမွာမဟုတ္ပါဘူး။”လို႔ေျပာခဲ္ပါတယ္။


ဒါအျပင္ ဒီကားမွာ ပါဝင္မဲ့ အႏုပညာရွိေတြနဲ႔ ပတ္သက္ၿပီး လူမင္းက “အႏုပညာရွင္ေတြကေတာ့ အခု Casting Directorအျဖစ္ဦးစိုးမိုးက ေဆာင္႐ြက္မွာဆိုေတာ့ ပါဝင္တဲ့ Castingေတြကို အစ္ကိုတို႔ ေ႐ြးခ်ယ္ပါအုန္းမယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျဖစ္ေအာင္ အားလုံးႀကိဳးစားေနပါတယ္။ အားလုံးက ၾကည္ညိဳရတဲ့ ဗိုလ္ခ်ဳပ္ ႐ုပ္ရွင္ကို အေကာင္းဆုံးျဖစိေအာင္ ႀကိဳးစားပါမယ္လို႔။

သတ္မွတ္ထားတဲ့ အခ်္န္ကေတာ့ အရင္အစည္းအေဝးလိုပဲ ၂၀၁၉မွာ အၿပီး႐ိုက္ၿပီး ၂၀၂၀မွာ ႐ုံတင္ဖို႔ပါပဲ။ သို႔ေသာ္ ကြၽန္ေတာ္တို႔က အရည္အေသြးျပည့္မီေအာင္ပဲ အဓိက ႀကိဳးစားၿပီး႐ိုက္ၾကမွာဆိုေတာ့ အခ်ိန္ကာလ လိုအပ္ခ်က္ရွိလာခဲ့ရင္ေတာ့ အခ်ိန္ထပ္ယူခြင့္ရွိပါတယ္။ အရင္တုန္းက အစ္ကိုတို႔သိန္း၈ေထာင္ေက်ာ္ပဲ ရွိခဲ့တာ အဲ့တာကေန အနည္းဆုံး၂ဆေတာ့ ဝန္ႀကီးက အာမခံထားၿပီးသားပါ။ အဲ့ထက္ပိုၿပီး လိုအပ္လာမယ္ဆိုလည္း သူထပ္ရွာေပးမယ္လို႔ ေျပာထားပါတယ္။”လို႔ ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#

ပရိသတ်တွေကို ဟာသ ဒရာမာ အက်ရှင် စတဲ့ ပုံစံမျိုးစုံနဲ့ ရသအပြည့်ပေးတဲ့အပြင် ရုပ်ရှင်အစည်းအရုံးမှာလည်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်နဲ့ဒါရိုက်တာလူမင်းဟာ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အဓိကနေရာကနေ တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီးတော့ ဒီကားကို ရိုက်ကူးရင် အနုပညာကြေးကိုမယူဘူးလို့ မီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

လူမင်းက “အစ်ကိုစတာဝန်ယူပြီးတော့အခု ၂လမပြည့်ခင်အချိန်မှာ ဒီရိုက်ကူးရေး Flim Organization နဲ့ Chargingမှာ လိုအပ်တဲ့ အင်အားတွေ ဇာတ်ညွန်းအဖွဲ့တွေ ရိုက်ကူးရေးအဖွဲ့တွေ အားလုံးကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဇာတ်ညွန်းပိုင်းဆိုင်ရာမှာလည်း အစကနေ အသစ်ပြန်ရေးပြီးတော့ အခု အခန်းစဉ်လုံးဝပြီးပါပြီ။ သမိုင်းပညာရှင်တွေနဲ့ အခန်း၅၀အထိ အချက်အလက်မှန် အတည်ပြုနိုင်ခဲ့ပြီးပါပြီ။ အကိုတို့ ဇာတ်ညွန်းဖိုင်နယ်ကြီးအထိ ပြီးပြီဆိုမှာ ရိုက်ကွင်း Schedule ကိုစပြီးတော့ ကြေငြာနိုင်ပါ့မယ်။ အဓိက စိန်ခေါ်မှုက ဇာတ်ညွန်းပါပဲ အစ်ကိုဥစ္စာနဲ့ လုပ်တာမဟုတ်ပါဘူး။

ဇာတ်ညွန်းက အားလုံးဝိုင်းပြီး ဒီTeamကြီးတစ်ခုလုံးနဲ့ ဝိုင်းပြီး ဆောင်ရွက်ကြတာပါ။ ဝေဖန်မှုတွေအတွက်လည်း ၂မျိုး ရှိတာပေါ့နော် အကောင်းမြင်တဲ့ ဝေဖန်အကြံပေးတဲ့ သူတွေရှိသလို သပ်သပ်ဝေဖန်တိုက်ခိုက်တာလည်းရှိတယ်ပေါ့။ ဒါတွေအားလုံးကို အစ်ကိုတို့က ခံယူရမှာဖြစ်ပါတယ်။ အဲ့တော့ အဲ့ဝေဖန်မှုတွေအတွက်လည်း အစ်ကိုတို့ ဆောင်ရွက်နေပါတယ်။ အစ်ကိုတို့ ရိုက်ကူးရေးအဖွဲ့ကြီးရဲ့ သတင်းအချက်အလက်အမှန်တွေကို ပြည်သူတွေသိဖို့ တစ်ချို့ကြတော့ လည်း အချက်အလက်မှန်တွေ ကိုယ်တို့ဆီက ထုတ်ပြန်တာမရှိတော့ ဘယ်ဟာအမှန်လည်း ဘယ်ဟာအမှားလည်း မသိဘူး။

 ဒါအပေါ်ယံကြည့်ပြီး ပြောဆိုဝေဖန်မှုတွေအပေါ် လိုက်ပြီးသွားကြတဲ့သူတွေရှိတယ်။ ဆိုတော့ အဲ့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့ ဥပမာ အစ်ကိုတို့ Websiteတွေ တည်ထောင်တာ ဒီSocial Mediaအကုန်လုံးကနေ ဖြန့်ကျက်ဆောင်ရွက်ပြီး အစ်ကိုတို့ရဲ့လုပ်ဆောင်မှုတွေကို ပြည်သူနဲ့ ထိတွေ့ဖို့ ပြည်သူတွေ သိချင်တဲ့ မေးချင်တဲ့ ဟာတွေကို ဖြေပေးနိုင်ဖို့ သူတို့ရဲ့ အကြံပြုချက်တွေကို အစ်ကိုတို့က လက်ခံယူနိုင်ဖို့ အဲ့အပိုင်းတွေလည်း အစ်ကိုတို့ ဆောင်ရွက်နေပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ လူမင်းက “ဒီမှာက ဟိုဘက်ခေတ်ကို ရိုက်ရမှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အဝတ်အစားဒီဇိုင်း အသုံးအဆောင် ချုပ်ရိုးချုပ်သားကအစ ဘယ်လိုအသားမျိုးကို သုံးမလဲ အဲ့ဒီခေတ်က ဒီဇိုင်းတွေက ဘယ်လိုရှိမလဲ။ ဥပမာ ကတ္ထီပါဖိနပ်ဆိုရင် ကြိုးပြားကြီးတွေ အစရှိသဖြင့်ပေါ့နော်။ အဲ့တာတွေကို သူ့ကဏ္ဍအသီးသီးအလိုက် အားလုံးက Research တွေလုပ်နေကြပါတယ်။

Research တွေလုပ်နေကြပြီး အဲ့ဒီအတိုင်း တစ်ထပ်တည်းဖြစ်အောင် အစ်ကိုတို့ ကြိုးစားပြီး ဆောင်ရွက်နေကြပါတယ်။ ဘတ်ဂျက်အားဖြင့်က ဝန်ကြီးကလည်း Unlimitation သုံးဖို့လိုတာ သုံးပါ။ အဖြုန်းသာမဖြစ်ပါစေနဲ့ဆိုတာမျိုး ပြောသွားတာဖြစ်တဲ့အတွက်ကြောင့် အစ်ကိုတို့ အားရှိပါတယ်။ အစ်ကိုအနေနဲ့ ပြောရရင် ဒီကားရိုက်ကူးတာကို အနုပညာကြေးလုံးဝယူမှာ မဟုတ်ပါဘူး။

အစ်ကို ဒီကား ဒီအလုပ်ကို တာဝန်ယူတာလည်း ဒါနိုင်ငံသားတစ်ယောက်ရဲ့တာဝန်လိုပဲ၊ နောက်အနုပညာသမားဖြစ် လုပ်ရတာ ဒီကားကြီးကို ရိုက်ခွင့်ရတာနဲ့တင် အစ်ကိုစိတ်ထဲမှာ ကျေနပ်နေတယ်ဆိုတဲ့ တာဝန်အနေနဲ့ပဲ အစ်ကို ခံယူပြီးတော့ပဲ ဒီကားကို ရိုက်မှာပါ။ အစ်ကိုအနေနဲ့က အနုပညာကြေးကို ခံစားသွားမှာမဟုတ်ပါဘူး။”လို့ပြောခဲ်ပါတယ်။

ဒါအပြင် ဒီကားမှာ ပါဝင်မဲ့ အနုပညာရှိတွေနဲ့ ပတ်သက်ပြီး လူမင်းက “အနုပညာရှင်တွေကတော့ အခု Casting Directorအဖြစ်ဦးစိုးမိုးက ဆောင်ရွက်မှာဆိုတော့ ပါဝင်တဲ့ Castingတွေကို အစ်ကိုတို့ ရွေးချယ်ပါအုန်းမယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် အားလုံးကြိုးစားနေပါတယ်။ အားလုံးက ကြည်ညိုရတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ကို အကောင်းဆုံးဖြစိအောင် ကြိုးစားပါမယ်လို့။

သတ်မှတ်ထားတဲ့ အချ်န်ကတော့ အရင်အစည်းအဝေးလိုပဲ ၂၀၁၉မှာ အပြီးရိုက်ပြီး ၂၀၂၀မှာ ရုံတင်ဖို့ပါပဲ။ သို့သော် ကျွန်တော်တို့က အရည်အသွေးပြည့်မီအောင်ပဲ အဓိက ကြိုးစားပြီးရိုက်ကြမှာဆိုတော့ အချိန်ကာလ လိုအပ်ချက်ရှိလာခဲ့ရင်တော့ အချိန်ထပ်ယူခွင့်ရှိပါတယ်။ အရင်တုန်းက အစ်ကိုတို့သိန်း၈ထောင်ကျော်ပဲ ရှိခဲ့တာ အဲ့တာကနေ အနည်းဆုံး၂ဆတော့ ဝန်ကြီးက အာမခံထားပြီးသားပါ။ အဲ့ထက်ပိုပြီး လိုအပ်လာမယ်ဆိုလည်း သူထပ်ရှာပေးမယ်လို့ ပြောထားပါတယ်။”လို့ ပြောခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top