ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
မိန်းကလေးတွေရဲ့အချစ်ဟာ ယောက်ျားလေးတွေလောက် လွယ်ကူတာမျိုးတော့ မဟုတ်ပါဘူ။ ပတ်ဝန်းကျင်၊ ကန့်သတ်မှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ဣန္ဒြေသိက္ခာတွေ ငဲ့ကွက်ရပါသေးတယ်။ မိန်းကလေးကစပြီး ရည်းစားစကားပြောတဲ့ အနေအထားဟာ အတော်လေး ရှားပါးနေဆဲအဖြစ်ပါဘဲ။ ဒါကြောင့် မိန်းကလေးတွေဟာ အချစ်ကို ယောက်ျားလေးတွေလောက် ပွင့်ပွင့်လင်းလင်း ပြသလို့ မရပါဘူး
အခုလည်း ကျောင်းတုန်းကတည်း တိတ်တခိုးကြိတ်ခိုက်မိတဲ့ ဆရာဖြစ်သူကို သူရဲ့တပည့်ဟောင်း အမျိုးသမီးလေးက၊ ဆရာတပည့်မဟုတ်တော့တဲ့ဘဝကို ရောက်သွားချိန်မှာ ရအောင်ကြိုးစားခဲ့တဲ့ အဖြစ်ပါ။ အခုဆိုရင် အဆိုပါ အမျိုးသမီးဟာ အသက်(၂၀)ရောက်နေပြီဖြစ်ပြီး နာမည်ကတော့ Intan Syazwani Mohd Hairizan ဖြစ်ပါတယ်။
သူမဟာ လူမှုကွန်ရက်မှာ ဆရာဖြစ်သူ Muhammad Shamsul Bahari (၃၂)နှစ်နဲ့ Friend ဖြစ်အောင် အရင်ဆုံး စီမံရပါတယ်။ ဆရာ Bahari တင်သမျှပို့စ်တွေကို Like ပေး၊ comment ရေးရင်း၊ လိုချင်တဲ့အနေအထားရောက်အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ သူမ ရေးလေ့ရှိတဲ့ comment တွေထဲမှာ ” ဆရာ အရမ်းချော ” ” ဆရာ့ကို မြင်ရင် ကောင်မလေးတွေ သဘောကျကုန်တော့မှာ “စသဖြင့်ပေါ့။
ဒီလိုနဲ့ အသည်းမာသူ လူကျောက်တိုင်ကြီး ဆရာ Bahari လည်း Syazwani ကို လုံးဝသတိထားမိနေပြီး၊ နောက်ဆုံးမှာ သံယောဇဉ်ဖြစ်၊ အဲဒီနောက် ချစ်သူတွေဘဝကိုရောက်ကြ၊ အဲဒီနောက် အတူတူ လက်ထပ်ပေါင်းသင်းကြနဲ့ ဘဝခရီးကို ပျော်ရွှင်စွာ အတူခရီးဆက်နိုင်ခဲ့ကြပါတယ်။
source : worldofbuzz.com
ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top