ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေတာင္ဆူဒန္ႏိုင္ငံတြင္ ၁၆ ႏွစ္အ႐ြယ္ သမီးျဖစ္သူကို ေလလံတင္ကာ သတို႔သား ရွာေနသည့္ သတင္းအား ေဖ့စ္ဘုတ္ကုမၸဏီက ၾကားသိခဲ့ၿပီးေနာက္ အဆိုပါေဖ့စ္ဘုတ္ပို႔စ္ကို ေျခရာခံရွာေဖြခဲ့ရာ ၁၅ ရက္ခန႔္ ၾကာျမင့္မွ ေတြ႕ရွိခဲ့သည္ဟု ဆိုသည္။

ေဖ့စ္ဘုတ္တာဝန္ရွိသူတို႔က အဆိုပါပို႔စ္အား ေတြ႕ရွိခဲ့ခ်ိန္တြင္ မိန္းကေလးငယ္ကိုေဈးအျမင့္ဆုံးေပးခဲ့သူအား ေရာင္းခ်ၿပီးခဲ့ၿပီျဖစ္ၿပီး မိန္းကေလး၏ ဖခင္မွာ ႏြား အေကာင္ ၅၀၀၊ တိုယိုတာ လန္ခ႐ူဇာ ကား ၃ စီးႏွင့္ အေမရိကန္ေဒၚလာ ၁၀၀၀၀ ရရွိသြားခဲ့သည္။

အဆိုပါ မိန္းကေလးကို အမ်ိဳးသား ၅ ဦးက ပါဝင္ေလလံဆြဲခဲ့ၾကၿပီး ေတာင္ဆူဒန္ႏိုင္ငံ၏ ထိပ္တန္းအရာရွိမ်ား ပါဝင္ခဲ့သည္ဟု ဆိုသည္။

ေဖ့စ္ဘုတ္ တာဝန္ရွိသူတစ္ဦးက ေျပာၾကားရာတြင္ “လူကုန္ကူးမႈရဲ႕ ဘယ္လိုပုံစံမ်ိဳးကိုမဆို ေဖ့စ္ဘုတ္မွာ ပို႔စ္တင္တာ၊ စာမ်က္ႏွာေတြမွာ တင္တာ၊ ေၾကာ္ျငာေတြလုပ္တာ၊ ဂ႐ုေတြမွာ တင္တာေတြကို ခြင့္မျပဳပါဘူး။ ကြၽန္မတို႔ဟာ အဲဒီပို႔စ္ကို ဖ်က္လိုက္ၿပီးျဖစ္တဲ့အျပင္ ေဖ့စ္ဘုတ္ေပၚတင္ခဲ့သူရဲ႕ အေကာင့္ကိုလည္း ပိတ္သိမ္းၿပီး ျဖစ္ပါတယ္”ဟု ေျပာၾကားသည္။

အဆိုပါ ျဖစ္ရပ္မွာ ေတာင္ဆူဒန္ႏိုင္ငံသားမ်ားအၾကား ဂယက္႐ိုက္ေနၿပီး အျခားေသာ သမီးရွင္မ်ားအေနျဖင့္လည္း အလားတူျပဳမူလာႏိုင္ေၾကာင္း ရတက္မေအးျဖစ္လ်က္ရွိကာ တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္မႈမ်ား ျပဳလုပ္ရန္ အာဏာပိုင္တို႔ႏွင့္ ေဖ့စ္ဘုတ္ကုမၸဏီကို ေတာင္းဆိုထားၾကသည္။

ေလလံတင္ခံရေသာ မိန္းကေလးမွာ ေတာင္ဆူဒန္၏ အေရွ႕ပိုင္းမွျဖစ္ၿပီး ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၅ ရက္က ေဖ့စ္ဘုတ္တြင္ စတင္ကာ ေလလံတင္ခံခဲ့ရျခင္း ျဖစ္သည္။

အျမင့္ဆုံးေဈးေပးကာ ေလလံဆြဲသြားသူမွာ ခ်မ္းသာႂကြယ္ဝသည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး ႏိုဝင္ဘာလ ၃ ရက္က မဂၤလာေဆာင္က်င္းပခဲ့သည္။

အျမင့္ဆုံးေဈးေပးကာ ေလလံဆြဲသြားသူမွာ ခ်မ္းသာႂကြယ္ဝသည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး ႏိုဝင္ဘာလ ၃ ရက္က မဂၤလာေဆာင္က်င္းပခဲ့သည္။

အျဖဴေရာင္မဂၤလာဝတ္စုံဝတ္ဆင္ထားသည့္ မိန္းကေလး၏ပုံမွာ လူမႈကြန္ရက္မ်ိဳးစုံတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး အခ်ိဳ႕သတင္းမီဒီယာမ်ားတြင္မူ “ေတာင္ဆူဒန္၏ ေဈးအႀကီးဆုံးသတို႔သမီး”ဟူေသာ ေခါင္းစဥ္ျဖင့္ သတင္းမ်ား ေဖာ္ျပခဲ့ၾကသည္။

ညာေလာင္းေငါင္းဒိန္းဟု အမည္ရေသာ သတို႔သမီးကို ေလလံတင္ခဲ့သူမွာ သူ၏မိသားစုမွ မဟုတ္ဘဲ အျခားတစ္ဦးက ကိုယ္စားပို႔စ္တင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ဆူဒါန္ အမ်ိဳးသမီးေရွ႕ေနမ်ားအဖြဲ႕ (NAWL) က ေျပာၾကားသည္

“ကြၽန္မတို႔အဖြဲ႕က အဖြဲ႕ဝင္တစ္ခ်ိဳ႕ဟာ သတို႔သမီးရဲ႕ မိခင္နဲ႔ ေတြ႕ခြင့္ရခဲ့ပါတယ္။ သတို႔သမီးမိခင္ကေတာ့ ဒါကိုသေဘာမက်ပါဘူး”ဟု (NAWL) မွ ေရွ႕ေနတစ္ဦးျဖစ္သူ ဆူဇီ နာတာနာက ေျပာၾကားသည္။

ကုလသမဂၢကေလးမ်ား ရန္ပုံေငြအဖြဲ႕က ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း ထုတ္ျပန္ခဲ့ေသာ အခ်က္အလက္မ်ားအရ ေတာင္ဆူဒန္သည္ မိန္းကေလးမ်ား အသက္ ၁၈ ႏွစ္ျပည့္မွ အိမ္ေထာင္ျပဳခြင့္ေပးထားေသာ္လည္း ၁၈ ႏွစ္မျပည့္မီ အိမ္ေထာင္ျပဳၾကရသည့္ မိန္းကေလးေပါင္း ၅၂ ရာခိုင္ႏႈန္းရွိေၾကာင္း ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia
# Unicode Version ျဖင့္ ဖတ္ပါ #
တောင်ဆူဒန်နိုင်ငံတွင် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို လေလံတင်ကာ သတို့သား ရှာနေသည့် သတင်းအား ဖေ့စ်ဘုတ်ကုမ္ပဏီက ကြားသိခဲ့ပြီးနောက် အဆိုပါဖေ့စ်ဘုတ်ပို့စ်ကို ခြေရာခံရှာဖွေခဲ့ရာ ၁၅ ရက်ခန့် ကြာမြင့်မှ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဖေ့စ်ဘုတ်တာဝန်ရှိသူတို့က အဆိုပါပို့စ်အား တွေ့ရှိခဲ့ချိန်တွင် မိန်းကလေးငယ်ကိုဈေးအမြင့်ဆုံးပေးခဲ့သူအား ရောင်းချပြီးခဲ့ပြီဖြစ်ပြီး မိန်းကလေး၏ ဖခင်မှာ နွား အကောင် ၅၀၀၊ တိုယိုတာ လန်ခရူဇာ ကား ၃ စီးနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရရှိသွားခဲ့သည်။

အဆိုပါ မိန်းကလေးကို အမျိုးသား ၅ ဦးက ပါဝင်လေလံဆွဲခဲ့ကြပြီး တောင်ဆူဒန်နိုင်ငံ၏ ထိပ်တန်းအရာရှိများ ပါဝင်ခဲ့သည်ဟု ဆိုသည်။

ဖေ့စ်ဘုတ် တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် “လူကုန်ကူးမှုရဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ဖေ့စ်ဘုတ်မှာ ပို့စ်တင်တာ၊ စာမျက်နှာတွေမှာ တင်တာ၊ ကြော်ငြာတွေလုပ်တာ၊ ဂရုတွေမှာ တင်တာတွေကို ခွင့်မပြုပါဘူး။ ကျွန်မတို့ဟာ အဲဒီပို့စ်ကို ဖျက်လိုက်ပြီးဖြစ်တဲ့အပြင် ဖေ့စ်ဘုတ်ပေါ်တင်ခဲ့သူရဲ့ အကောင့်ကိုလည်း ပိတ်သိမ်းပြီး ဖြစ်ပါတယ်”ဟု ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်မှာ တောင်ဆူဒန်နိုင်ငံသားများအကြား ဂယက်ရိုက်နေပြီး အခြားသော သမီးရှင်များအနေဖြင့်လည်း အလားတူပြုမူလာနိုင်ကြောင်း ရတက်မအေးဖြစ်လျက်ရှိကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှုများ ပြုလုပ်ရန် အာဏာပိုင်တို့နှင့် ဖေ့စ်ဘုတ်ကုမ္ပဏီကို တောင်းဆိုထားကြသည်။

လေလံတင်ခံရသော မိန်းကလေးမှာ တောင်ဆူဒန်၏ အရှေ့ပိုင်းမှဖြစ်ပြီး ပြီးခဲ့သော အောက်တိုဘာလ ၂၅ ရက်က ဖေ့စ်ဘုတ်တွင် စတင်ကာ လေလံတင်ခံခဲ့ရခြင်း ဖြစ်သည်။

အမြင့်ဆုံးဈေးပေးကာ လေလံဆွဲသွားသူမှာ ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်က မင်္ဂလာဆောင်ကျင်းပခဲ့သည်။

အမြင့်ဆုံးဈေးပေးကာ လေလံဆွဲသွားသူမှာ ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်က မင်္ဂလာဆောင်ကျင်းပခဲ့သည်။

အဖြူရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေး၏ပုံမှာ လူမှုကွန်ရက်မျိုးစုံတွင် ပျံ့နှံ့ခဲ့ပြီး အချို့သတင်းမီဒီယာများတွင်မူ “တောင်ဆူဒန်၏ ဈေးအကြီးဆုံးသတို့သမီး”ဟူသော ခေါင်းစဉ်ဖြင့် သတင်းများ ဖော်ပြခဲ့ကြသည်။

ညာလောင်းငေါင်းဒိန်းဟု အမည်ရသော သတို့သမီးကို လေလံတင်ခဲ့သူမှာ သူ၏မိသားစုမှ မဟုတ်ဘဲ အခြားတစ်ဦးက ကိုယ်စားပို့စ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ဆူဒါန် အမျိုးသမီးရှေ့နေများအဖွဲ့ (NAWL) က ပြောကြားသည်

“ကျွန်မတို့အဖွဲ့က အဖွဲ့ဝင်တစ်ချို့ဟာ သတို့သမီးရဲ့ မိခင်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သတို့သမီးမိခင်ကတော့ ဒါကိုသဘောမကျပါဘူး”ဟု (NAWL) မှ ရှေ့နေတစ်ဦးဖြစ်သူ ဆူဇီ နာတာနာက ပြောကြားသည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော အချက်အလက်များအရ တောင်ဆူဒန်သည် မိန်းကလေးများ အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုခွင့်ပေးထားသော်လည်း ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြုကြရသည့် မိန်းကလေးပေါင်း ၅၂ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top