(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×


ေနျပည္ေတာ္ ေလဆိပ္၌ လက္နက္မ်ား ဖမ္းဆီးရမိသျဖင့္ အမႈ ရင္ဆိုင္ေနရသည့္ ဟိုတယ္ ACE ပိုင္ရွင္ ၿဖိဳးကိုကိုတင့္ ဆန္း အမႈတြင္ စစ္ေဆးရန္ တရားလိုျပ သက္ေသ ဦးေရ ၁၀၀ ေက်ာ္ က်န္ေနေသးေၾကာင္း သတင္းရရွိသည္။

လက္ရွိ၌ တရားလိုျပ သက္ေသ၂၇၀ ေက်ာ္တြင္ ၁၀၀ ေက်ာ္သာ စစ္ေဆးၿပီး ျဖစ္သျဖင့္ အမႈမွာ ၾကန႔္ၾကာဦးမည္ဟု ၿဖိဳး ကိုကိုတင့္ဆန္း၏ ေရွ႕ေန ဦးျမင့္ေအာင္က ေျပာသည္။

တရား လႊတ္ေတာ္ ေရွ႕ေန ဦးျမင့္ေအာင္က“သက္ေသ စစ္တာပဲ ၾကာဦးမယ့္ သေဘာ ရွိပါတယ္။ ၁၀၀ နီးပါး ေလာက္ ပဲ ရွိေသးတယ္။ ဒီသက္ေသေတြက တရားစြဲ အဖြဲ႕အစည္းက ထည့္ထားတဲ့ အတြက္ေၾကာင့္ ဒီဟာေတြကို ဆက္စစ္ မယ္၊ မစစ္ဘူး ဆိုတာက တရားစြဲရဲ႕ သေဘာထားပဲ ျဖစ္ပါတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

ယေန႔၌ ေနျပည္ေတာ္ရွိ ဒကၡိဏ ခ႐ိုင္ တရား႐ုံးတြင္ တရားလိုျပ သက္ေသ ၃ ဦးကို စုစုေပါင္း ၁၀ မႈ စစ္ေဆး ခဲ့သည္။

စစ္ေဆးသည့္ သက္ေသ ၃ ဦးမွာ ပ်ဥ္းမနားၿမိဳ႕မွ ရာအိမ္မႉး ၂ ဦးႏွင့္ အခင္း ျဖစ္ပြားစဥ္က ဟိုတယ္ ACE တြင္ လုံၿခဳံေရး တာဝန္ ထမ္းေဆာင္ေနသည့္ လုံၿခဳံေရး ဝန္ထမ္း တို႔ကို စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

ယင္းအမႈကို ေနျပည္ေတာ္ ဒကၡိဏ ခ႐ိုင္ တရား႐ုံး၌ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ လဆန္းပိုင္းမွ စတင္ စစ္ေဆးမႈမ်ား ျပဳလုပ္ ခဲ့ ရာ ၁၁ လေက်ာ္ ၾကာျမင့္သည့္ အခ်ိန္ထိ အမႈႏွင့္ ပတ္သက္၍ ေနျပည္ေတာ္မွ တရားလိုျပ သက္ေသ ၁၄၂ ဦးတြင္ ၉၇ ဦး စစ္ေဆးခဲ့ၿပီး ရန္ကုန္မွ တရားလိုျပ သက္ေသ ၁၃၆ ဦးတြင္ ၂၀ သာ စစ္ေဆးႏိုင္ေသးေၾကာင္း သိရသည္။

ပဲခူးတိုင္း ေဒသႀကီးမွ တရားလႊတ္ေတာ္ ေရွ႕ေန ဦးေအာင္ထြန္းက“ရာဇဝတ္မႈ ဆိုတာ ထမင္း၊ ဟင္းတို႔လို မသိုးသြား ဘူး။ စစ္တာ ၾကာေနေပမယ့္လည္း အမႈမွာ အမွန္တရားေပၚဖို႔ အေရးႀကီးတယ္။ ေရွ႕ေနနဲ႔ တရားစီရင္ေရး နယ္ပယ္မွာ ၾကာတာ မၾကာတာထက္ အမႈမွန္ ေပၚေပါက္ဖို႔သာ အေရးႀကီးတာပါ”ဟု ေျပာသည္။

ၿဖိဳးကိုကိုတင့္ဆန္းအား မူးယစ္မႈ၊ လက္နက္မႈ၊ ႏိုင္ငံေတာ္ အထိမ္းအမွတ္ တံဆိပ္တုပ သုံးစြဲမႈ၊ ပို႔ကုန္ သြင္းကုန္ ဥပေဒ၊ ဆက္သြယ္ေရး ဥပေဒ၊ ၁၉၂၃ ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ အစရွိသည့္ ဥပေဒ ပုဒ္မ တို႔ျဖင့္ အမႈေပါင္း ၂၀ ေက်ာ္ စြဲဆိုထားျခင္း ျဖစ္သည္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္က ေနျပည္ေတာ္ ေလဆိပ္တြင္ ၿဖိဳးကိုကိုတင့္ဆန္း၊ ရဲမင္းေဆြ၊ ေဇာ္ဝင္းထိုက္ တို႔  ထံမွ ပစၥတို၂ လက္၊ က်ည္ဆန္မ်ား၊ စိတ္ႂကြ ေဆးျပားမ်ား စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ကြင္းဆက္ အျဖစ္ ACE ႐ုံးႏွင့္ ေန အိမ္၌ လက္နက္၊ စကားေျပာစက္၊ ႏိုင္ငံေတာ္ လုံၿခဳံေရး ကဲ့သို႔ေသာ အဖြဲ႕အစည္း တံဆိပ္စသည့္ ပစၥည္း မ်ား ကို ေတြ႕ရွိခဲ့သျဖင့္ အမႈ ဖြင့္လွစ္ကာ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

ၿဖိဳးကိုကိုတင့္ဆန္း၏ အမႈတြဲမ်ားကို တေပါင္းတည္း စစ္ေဆးရန္ တရား လႊတ္ေတာ္ခ်ဳပ္႐ုံးက ဆုံးျဖတ္လိုက္သည့္ အတြက္ အမႈႏွင့္ ပတ္သက္၍ စြပ္စြဲခံရသူမ်ားကို ေနျပည္ေတာ္ ဒကၡိဏ သီရိ ခ႐ိုင္တရား႐ုံးသို႔ လႊဲေျပာင္းခဲ့ၿပီး အမႈတြဲ မ်ားကို ေန ျပည္ေတာ္မွ အမႈတြဲ၊ ရန္ကုန္မွ အမႈတြဲ တလွည့္စီ တနလၤာေန႔တိုင္း စစ္ေဆးမည္ဟု သတ္မွတ္ခဲ့ျခင္း ျဖစ္ သည္။

ယင္းအမႈနဲ႔ ပတ္သက္၍ ေနာက္ထပ္ ႐ုံးခ်ိန္းကို ဒီဇင္ဘာ ၁၇ ရက္တြင္ ျပန္လည္ စစ္ေဆးမည္ ျဖစ္ေၾကာင္း ဒကၡိဏ ခ႐ိုင္ တရားသူႀကီး ဦးတင့္လြင္ တရားခြင္တြင္ ေျပာၾကားသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

#Unicode Version#

နေပြည်တော် လေဆိပ်၌ လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့် ဆန်း အမှုတွင် စစ်ဆေးရန် တရားလိုပြ သက်သေ ဦးရေ ၁၀၀ ကျော် ကျန်နေသေးကြောင်း သတင်းရရှိသည်။

လက်ရှိ၌ တရားလိုပြ သက်သေ၂၇၀ ကျော်တွင် ၁၀၀ ကျော်သာ စစ်ဆေးပြီး ဖြစ်သဖြင့် အမှုမှာ ကြန့်ကြာဦးမည်ဟု ဖြိုး ကိုကိုတင့်ဆန်း၏ ရှေ့နေ ဦးမြင့်အောင်က ပြောသည်။

တရား လွှတ်တော် ရှေ့နေ ဦးမြင့်အောင်က“သက်သေ စစ်တာပဲ ကြာဦးမယ့် သဘော ရှိပါတယ်။ ၁၀၀ နီးပါး လောက် ပဲ ရှိသေးတယ်။ ဒီသက်သေတွေက တရားစွဲ အဖွဲ့အစည်းက ထည့်ထားတဲ့ အတွက်ကြောင့် ဒီဟာတွေကို ဆက်စစ် မယ်၊ မစစ်ဘူး ဆိုတာက တရားစွဲရဲ့ သဘောထားပဲ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့၌ နေပြည်တော်ရှိ ဒက္ခိဏ ခရိုင် တရားရုံးတွင် တရားလိုပြ သက်သေ ၃ ဦးကို စုစုပေါင်း ၁၀ မှု စစ်ဆေး ခဲ့သည်။

စစ်ဆေးသည့် သက်သေ ၃ ဦးမှာ ပျဉ်းမနားမြို့မှ ရာအိမ်မှူး ၂ ဦးနှင့် အခင်း ဖြစ်ပွားစဉ်က ဟိုတယ် ACE တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေး ဝန်ထမ်း တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံး၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင် စစ်ဆေးမှုများ ပြုလုပ် ခဲ့ ရာ ၁၁ လကျော် ကြာမြင့်သည့် အချိန်ထိ အမှုနှင့် ပတ်သက်၍ နေပြည်တော်မှ တရားလိုပြ သက်သေ ၁၄၂ ဦးတွင် ၉၇ ဦး စစ်ဆေးခဲ့ပြီး ရန်ကုန်မှ တရားလိုပြ သက်သေ ၁၃၆ ဦးတွင် ၂၀ သာ စစ်ဆေးနိုင်သေးကြောင်း သိရသည်။

ပဲခူးတိုင်း ဒေသကြီးမှ တရားလွှတ်တော် ရှေ့နေ ဦးအောင်ထွန်းက“ရာဇဝတ်မှု ဆိုတာ ထမင်း၊ ဟင်းတို့လို မသိုးသွား ဘူး။ စစ်တာ ကြာနေပေမယ့်လည်း အမှုမှာ အမှန်တရားပေါ်ဖို့ အရေးကြီးတယ်။ ရှေ့နေနဲ့ တရားစီရင်ရေး နယ်ပယ်မှာ ကြာတာ မကြာတာထက် အမှုမှန် ပေါ်ပေါက်ဖို့သာ အရေးကြီးတာပါ”ဟု ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ဥပဒေ ပုဒ်မ တို့ဖြင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့  ထံမှ ပစ္စတို၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွ ဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေ အိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်း များ ကို တွေ့ရှိခဲ့သဖြင့် အမှု ဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရား လွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ သီရိ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲ များကို နေ ပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ တနင်္လာနေ့တိုင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။

ယင်းအမှုနဲ့ ပတ်သက်၍ နောက်ထပ် ရုံးချိန်းကို ဒီဇင်ဘာ ၁၇ ရက်တွင် ပြန်လည် စစ်ဆေးမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင် တရားသူကြီး ဦးတင့်လွင် တရားခွင်တွင် ပြောကြားသွားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top