(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×




ေပါ့ေပါ့ပါးပါး ဖက္ရွင္နဲ႔ လွပေက်ာ့ရွင္းေနတဲ့ Suzy လို ပုံစံမ်ိဳးကို ျပင္ဆင္ၾကည့္ဖို႔အတြက္ အခ်ိန္ေတြ အမ်ားႀကီး ေပးစရာ မလိုပါဘူး။ ဒီတပတ္မွာေတာ့ “While You were sleeping” ဇာတ္ကားထဲက သြက္လက္ထက္ျမက္တဲ့ Bae Suzy ရဲ႕ ဒီဇိုင္းကို လိုက္ဝတ္ႏိုင္မယ့္ နည္းလမ္းေတြ ေဖာ္ျပေပးသြားပါမယ္။

(၁) Army of coats

“While You were sleeping” ဇာတ္လမ္းထဲမွာ Suzy ဟာ ေအာက္က အျဖဴေရာင္တီရွပ္ ႐ိုး႐ိုး တထည္ကို အေပၚက ေယာက်ာ္းဆန္တဲ့ Army coat မ်ိဳးစုံ ဝတ္ဆင္ထားပါတယ္။ လြတ္လြတ္လပ္လပ္နဲ႔ ေက်ာ့ရွင္းေနတဲ့ ပုံစံမ်ိဳးလိုခ်င္သူေတြ အေနနဲ႔ ဒီလို ဒီဇိုင္းမ်ိဳး ဝတ္ဆင္သင့္ပါတယ္။

(၂) Office bags

Suzy ဟာ ဘာ Accessory မွ ဆင္ယင္ထားျခင္း မရွိတဲ့ ခပ္က်ယ္က်ယ္အိတ္ကို ေ႐ြးခ်ယ္ဝတ္ဆင္ထားပါတယ္။ စာအုပ္၊ ေဘာပင္အျပင္ အျခားေသာ ပစၥည္းေတြ ထည့္လို႔ ဆန႔္တဲ့ ေလးေထာင့္ပုံစံ ႀကိဳးရွည္ လြယ္အိတ္ေလးေတြက အလုပ္မ်ားၿပီး ရႈိးမထုတ္ခ်င္တဲ့ ေကာင္မေလးေတြ အႀကိဳက္ေတြ႕မွာပါ။


(၃) အျဖဴေရာင္ ရွပ္အက်ီၤ

ဘယ္ဒီဇိုင္းမ်ိဳးနဲ႔ မဆို လိုက္ဖက္တဲ့ အျဖဴေရာင္ရွပ္အက်ီကႋု Suzy ဟာ ဇာတ္လမ္းတြဲထဲမွာ မၾကာခဏ ဝတ္ဆင္တာကို ေတြ႕ရမွာပါ။ ေဘာင္းဘီ၊ စကပ္မ်ိဴးစုံနဲ႔ လိုက္ဖက္တဲ့ ဒီလို အျဖဴေရာင္ရွပ္ကိုေတာ့ မရွိမျဖစ္ အေနနဲ႔ ဝယ္ထားသင့္ပါတယ္။


(၄) Wrap skirt

ျပန္လည္ ေခတ္စားလာတဲ့ ဒီဇိုင္းေတြထဲမွာ စကပ္အရွည္ေတြက ေနရာယူူလာပါတယ္။ ခါးနားမွာ စုၿပီးေအာက္ဘက္ကို ကားက်သြားတဲ့ ခပ္ရွည္ရွည္စကပ္ေတြက သင့္ကို ပိုၿပီး မိန္းမ ဆန္ေစမွာပါ။

(၅) ဆံပင္

ဆံပင္ကိုေတာ့ Suzy လို အတိုမညႇပ္ခ်င္ရင္ေတာင္ ဆံၿမိတ္ပုံစံေလး ထားၾကည့္ပါ။ ဆံၿမိတ္က သင့္ကို ငယ္႐ြယ္ႏုပ်ိဳၿပီး မိန္းမဆန္တဲ့အသြင္ ေဖာ္ေဆာင္ေပးပါတယ္။

ကဲ ဒီလိုနည္းလမ္းေတြနဲ႔ လွပေက်ာ့ရွင္းတဲ့ ပုံစံေလး ဖန္တီးၾကည့္ပါ။ သမ႐ိုးက်ျဖစ္ေနတဲ့ သင့္ရဲ႕ဖက္ရွင္ ဒီဇိုင္းကိုလည္း ဒီလိုနည္းလမ္းနဲ႔ ေျပာင္းလဲႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ပေါ့ပေါ့ပါးပါး ဖက်ရှင်နဲ့ လှပကျော့ရှင်းနေတဲ့ Suzy လို ပုံစံမျိုးကို ပြင်ဆင်ကြည့်ဖို့အတွက် အချိန်တွေ အများကြီး ပေးစရာ မလိုပါဘူး။ ဒီတပတ်မှာတော့ “While You were sleeping” ဇာတ်ကားထဲက သွက်လက်ထက်မြက်တဲ့ Bae Suzy ရဲ့ ဒီဇိုင်းကို လိုက်ဝတ်နိုင်မယ့် နည်းလမ်းတွေ ဖော်ပြပေးသွားပါမယ်။

(၁) Army of coats

“While You were sleeping” ဇာတ်လမ်းထဲမှာ Suzy ဟာ အောက်က အဖြူရောင်တီရှပ် ရိုးရိုး တထည်ကို အပေါ်က ယောကျာ်းဆန်တဲ့ Army coat မျိုးစုံ ဝတ်ဆင်ထားပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ကျော့ရှင်းနေတဲ့ ပုံစံမျိုးလိုချင်သူတွေ အနေနဲ့ ဒီလို ဒီဇိုင်းမျိုး ဝတ်ဆင်သင့်ပါတယ်။

(၂) Office bags

Suzy ဟာ ဘာ Accessory မှ ဆင်ယင်ထားခြင်း မရှိတဲ့ ခပ်ကျယ်ကျယ်အိတ်ကို ရွေးချယ်ဝတ်ဆင်ထားပါတယ်။ စာအုပ်၊ ဘောပင်အပြင် အခြားသော ပစ္စည်းတွေ ထည့်လို့ ဆန့်တဲ့ လေးထောင့်ပုံစံ ကြိုးရှည် လွယ်အိတ်လေးတွေက အလုပ်များပြီး ရှိုးမထုတ်ချင်တဲ့ ကောင်မလေးတွေ အကြိုက်တွေ့မှာပါ။


(၃) အဖြူရောင် ရှပ်အကျီၤ

ဘယ်ဒီဇိုင်းမျိုးနဲ့ မဆို လိုက်ဖက်တဲ့ အဖြူရောင်ရှပ်အကျီင်္ကို Suzy ဟာ ဇာတ်လမ်းတွဲထဲမှာ မကြာခဏ ဝတ်ဆင်တာကို တွေ့ရမှာပါ။ ဘောင်းဘီ၊ စကပ်မျိူးစုံနဲ့ လိုက်ဖက်တဲ့ ဒီလို အဖြူရောင်ရှပ်ကိုတော့ မရှိမဖြစ် အနေနဲ့ ဝယ်ထားသင့်ပါတယ်။


(၄) Wrap skirt

ပြန်လည် ခေတ်စားလာတဲ့ ဒီဇိုင်းတွေထဲမှာ စကပ်အရှည်တွေက နေရာယူူလာပါတယ်။ ခါးနားမှာ စုပြီးအောက်ဘက်ကို ကားကျသွားတဲ့ ခပ်ရှည်ရှည်စကပ်တွေက သင့်ကို ပိုပြီး မိန်းမ ဆန်စေမှာပါ။

(၅) ဆံပင်

ဆံပင်ကိုတော့ Suzy လို အတိုမညှပ်ချင်ရင်တောင် ဆံမြိတ်ပုံစံလေး ထားကြည့်ပါ။ ဆံမြိတ်က သင့်ကို ငယ်ရွယ်နုပျိုပြီး မိန်းမဆန်တဲ့အသွင် ဖော်ဆောင်ပေးပါတယ်။

ကဲ ဒီလိုနည်းလမ်းတွေနဲ့ လှပကျော့ရှင်းတဲ့ ပုံစံလေး ဖန်တီးကြည့်ပါ။ သမရိုးကျဖြစ်နေတဲ့ သင့်ရဲ့ဖက်ရှင် ဒီဇိုင်းကိုလည်း ဒီလိုနည်းလမ်းနဲ့ ပြောင်းလဲနိုင်ပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top