ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Verizon အသုံးျပဳသူေတြအေနနဲ႕ ဖုန္း ၃၊ ၄ လုံး ကိုင္စရာ မလိုဘဲ ဖုန္းနံပါတ္ ၅ ခု အထိ တၿပိဳင္တည္း အသုံးျပဳနိုင္ေတာ့မွာ ျဖစ္ပါတယ္။ Verizon ကေန မိတ္ဆက္လိုက္တဲ့ ယခုဝန္ေဆာင္မႈ အသစ္ကို My Numbers app ကေန Android နဲ႕ iOS devices တိုင္း အသုံးျပဳနိုင္မွာျဖစ္ပါတယ္။

My Numbers app မွာ ေနာက္ထပ္ Verizon ဖုန္းလိုင္း ၄ ခု ထပ္မံ ထည့္သြင္းနိုင္ၿပီး ဖုန္းထဲ ထည့္သြင္းထားတဲ့ SIM ကတ္ အပါအဝင္ စုစုေပါင္း ဖုန္းလိုင္း ၅ လိုင္းအထိ တၿပိဳင္တည္း အသုံးျပဳလို႔ရမွာပါ။ ဖုန္းလိုင္းတလိုင္း ထည့္မယ္ဆိုရင္ တလကို ၁၅ ေဒၚလာေပးရမွာျဖစ္ၿပီး၊ အကန႔္အသတ္မရွိ ဖုန္းေခၚနိုင္၊ မက္ေဆ့ပို႔နိုင္မယ့္ လစဥ္ေၾကးဝန္ေဆာင္မႈျဖစ္ပါတယ္။

ဒါ့အျပင္ My Numbers app ထဲကေနလည္း ဖုန္းလိုင္း တလိုင္းခ်င္းစီအတြက္ Voicemail inbox၊ SMS ဝန္ေဆာင္မႈတို႔ကို သီးသန႔္ အသုံးျပဳနိုင္ပါတယ္။ App ထဲက အပို ဖုန္းလိုင္း ၄ ခု ကေန U.S အတြင္းပဲ ဖုန္းေခၚဆိုနိုင္မွာ ျဖစ္ပါတယ္။ အဝင္ေကာကိုေတာ့ U.S ေကာ၊ ျပည္ပဖုန္းေတြပါ လက္ခံနိုင္မွာပါ။

“My Numbers ဟာ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ေတြ၊ ၾကားေပါက္အလုပ္ လုပ္ကိုင္သူေတြနဲ႕ ဖုန္းနံပါတ္ အမ်ားအျပားသုံးရတဲ့ အဆင္ေျပမႈကို လိုခ်င္ေပမယ့္ ေနာက္ထပ္ဖုန္းတလုံး ထပ္မကိုင္ခ်င္သူေတြအတြက္ အသုံးဝင္မယ့္ ဝန္ေဆာင္မႈ ျဖစ္ပါတယ္” လို႔ Verizon ရဲ႕ ထုတ္ကုန္မားကတ္တင္း ဒါရိုက္တာျဖစ္သူ Keena Grigsby က ဆိုပါတယ္။

U.S က ဖုန္းအမ်ားစုဟာ SIM ကတ္ ၁ ကတ္တည္း စိုက္နိုင္တဲ့ ဖုန္းေတြျဖစ္တာေၾကာင့္ Verizon ရဲ႕ ယခု ဝန္ေဆာင္မႈအသစ္က ဖုန္းပိုင္ရွင္အမ်ားစုအတြက္ အသုံးဝင္မွာပါ။ Apple ဟာ iOS 12.1 မွာ iPhone Xr၊ Xs ၊ Xs Max တို႔အတြက္ Dual-SIM အသုံးျပဳနိုင္ေအာင္ လုပ္ေပးၿပီး ျဖစ္ေပမယ့္ U.S ဆက္သြယ္ေရး ကုမၸဏီႀကီးေတြက အခုအခ်ိန္ထိ Support မေပးေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

Verizon အသုံးပြုသူတွေအနေနဲ့ ဖုန်း ၃၊ ၄ လုံး ကိုင်စရာ မလိုဘဲ ဖုန်းနံပါတ် ၅ ခု အထိ တပြိုင်တည်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Verizon ကနေ မိတ်ဆက်လိုက်တဲ့ ယခုဝန်ဆောင်မှု အသစ်ကို My Numbers app ကနေ Android နဲ့ iOS devices တိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

My Numbers app မှာ နောက်ထပ် Verizon ဖုန်းလိုင်း ၄ ခု ထပ်မံ ထည့်သွင်းနိုင်ပြီး ဖုန်းထဲ ထည့်သွင်းထားတဲ့ SIM ကတ် အပါအဝင် စုစုပေါင်း ဖုန်းလိုင်း ၅ လိုင်းအထိ တပြိုင်တည်း အသုံးပြုလို့ရမှာပါ။ ဖုန်းလိုင်းတလိုင်း ထည့်မယ်ဆိုရင် တလကို ၁၅ ဒေါ်လာပေးရမှာဖြစ်ပြီး၊ အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်၊ မက်ဆေ့ပို့နိုင်မယ့် လစဉ်ကြေးဝန်ဆောင်မှုဖြစ်ပါတယ်။

ဒါ့အပြင် My Numbers app ထဲကနေလည်း ဖုန်းလိုင်း တလိုင်းချင်းစီအတွက် Voicemail inbox၊ SMS ဝန်ဆောင်မှုတို့ကို သီးသန့် အသုံးပြုနိုင်ပါတယ်။ App ထဲက အပို ဖုန်းလိုင်း ၄ ခု ကနေ U.S အတွင်းပဲ ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဝင်ကောကိုတော့ U.S ကော၊ ပြည်ပဖုန်းတွေပါ လက်ခံနိုင်မှာပါ။

“My Numbers ဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ၊ ကြားပေါက်အလုပ် လုပ်ကိုင်သူတွေနဲ့ ဖုန်းနံပါတ် အများအပြားသုံးရတဲ့ အဆင်ပြေမှုကို လိုချင်ပေမယ့် နောက်ထပ်ဖုန်းတလုံး ထပ်မကိုင်ချင်သူတွေအတွက် အသုံးဝင်မယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်” လို့ Verizon ရဲ့ ထုတ်ကုန်မားကတ်တင်း ဒါရိုက်တာဖြစ်သူ Keena Grigsby က ဆိုပါတယ်။

U.S က ဖုန်းအများစုဟာ SIM ကတ် ၁ ကတ်တည်း စိုက်နိုင်တဲ့ ဖုန်းတွေဖြစ်တာကြောင့် Verizon ရဲ့ ယခု ဝန်ဆောင်မှုအသစ်က ဖုန်းပိုင်ရှင်အများစုအတွက် အသုံးဝင်မှာပါ။ Apple ဟာ iOS 12.1 မှာ iPhone Xr၊ Xs ၊ Xs Max တို့အတွက် Dual-SIM အသုံးပြုနိုင်အောင် လုပ်ပေးပြီး ဖြစ်ပေမယ့် U.S ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေက အခုအချိန်ထိ Support မပေးသေးပါဘူး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top