ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အမ်ိဳးသမီးေတြဟာ အလွအပအတြက္ဆိုရင္ ဘာမဆို လုပ္ေလ့ ရွိၾကသူေတြပါ။ အသားအေရကို ထိန္းသိမ္းနည္းေတြ နိုင္ငံအလိုက္ အမ်ိဳးမ်ိဳးရွိၾကတာလည္း ေတြ႕ျမင္ရပါတယ္။ မ်က္ႏွာကို ေ႐ႊသြင္းတာကစလို႔ ေခ်ာကလက္ လိမ္းတာေတြအထိ ထူးဆန္းတဲ့ နည္းလမ္းေတြနဲ႕ အသားအေရ ထိန္းသိမ္းၾကပါတယ္။ ဒါေၾကာင့္ စာဖတ္သူေတြကို ကမာၻတဝွမ္းက ထူးထူးျခားျခား Spa ေတြ အေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Snail Facial (ထိုင္းႏုိင္ငံ)

ခ႐ုက ရတဲ့ အက်ိအခြၽဲေတြနဲ႕ ထုတ္လုပ္ထားတဲ့ ပစၥည္းေတြကို အသုံးျပဳေနၾကရင္း ေနာက္ပိုင္းမွာ မ်က္ႏွာေပၚကို ခ႐ုတင္ၿပီး ႏွိပ္နယ္ျခင္းေတြကိုပါ ျပဳလုပ္လာၾကပါတယ္။ ခ႐ုတင္ၿပီး ႏွိပ္နယ္ေနစဥ္ ခ႐ုက ထုတ္လိုက္တဲ့ အက်ိအခြၽဲေတြနဲ႕ မ်က္ႏွာကို တိုက္ရိုက္ ထိေတြ႕ေစလို႔ ဒီ ႏွိပ္နယ္ျခင္းက နာမည္ေက်ာ္လာခဲ့ပါတယ္။ ဒီႏွိပ္နယ္ျခင္းကို ထိုင္းနိုင္ငံက Spa ေတြမွာ ျပဳလုပ္လို႔ ရၿပီး ေရွးယခင္ကေတာ့ ဂရိမွာ ဒီလို ျပဳလုပ္ၾကတယ္လို႔ သိရပါတယ္။

(၂) Apitherapy (႐ုရွားႏွင့္ အျခားႏိုင္ငံမ်ား)

Apitherapy ကို ပ်ားတုပ္ခံၿပီး ေဆးကုတဲ့ နည္းလမ္းတခုလို႔ ဆိုနိုင္ပါတယ္။ သင္ဟာ ငယ္ငယ္က ပ်ားကို ေၾကာက္သူဆိုရင္ေတာ့ ဒီနည္းလမ္းဟာ သင့္အတြက္ နည္းနည္း ထူးဆန္းေနပါလိမ့္မယ္။ ပ်ားတုပ္ခံၿပီး ရလာတဲ့ ပ်ားဆိပ္ဟာ အဆစ္အျမစ္ေရာင္ရမ္းျခင္းနဲ႕ ေရယုန္ စတဲ့ ေရာဂါေတြကို ေပ်ာက္ကင္းေစတယ္လို႔ ဆိုၾကပါတယ္။ ဒါေပမဲ့ ပ်ားနဲ႕ ဓာတ္မတည့္တဲ့ သူေတြအတြက္ေတာ့ အႏၲရာယ္ရွိနိုင္ပါတယ္။ ဆရာဝန္ေတြဆီကလည္း တိက်တဲ့ ေထာက္ခံခ်က္ကို ရျခင္းထားျခင္းေတာ့ မရွိပါဘူး။

(၃) Snake Massage (အစၥေရး)

ေတြးၾကည့္တာနဲ႕တင္ ၾကက္သီး ထခ်င္စရာပါပဲ။ အစၥေရးမွာ ႏွိပ္နယ္ဖို႔ ေႁမြကို အသုံးျပဳေလ့ ရွိၾကပါတယ္။ ခႏၶာကိုယ္ေပၚကို ေႁမြေတြ တင္ထားၿပီး ေႁမြရဲ႕ ေ႐ြ႕လ်ားမႈနဲ႕ အႏွိပ္ခံၾကတာပါ။ ေႁမြက သူသြားခ်င္ရာကို သြားတာျဖစ္လို႔ ကိုယ္ အႏွိပ္ခံခ်င္တဲ့ ေနရာကိုေတာ့ ျပန္ျပန္ေ႐ႊ႕ေပးရတယ္လို႔ ဆိုပါတယ္။

(၄) ဘီယာ Spa (ဥေရာပႏုိင္ငံမ်ား)

ေရေႏြးပူပူစိမ္ၿပီး ေရခ်ိဳးရင္ ခႏၶာကိုယ္က ေညာင္းညာေနတာေတြ သက္သာၿပီး အၿမဲလန္းဆန္းသြားတတ္တာ လူတိုင္းအသိပါပဲ။ ဂ်ာမနီ၊ ၾသစေတးလ်၊ ခ်က္သမၼတနိုင္ငံ စတဲ့ နိုင္ငံေတြက ဟိုတယ္အခ်ိဳ႕မွာ လာေရာက္တည္းခိုသူ ေတြအတြက္ ဘီယာကန္ေတြျပဳလုပ္ထားေပးပါတယ္။ တည္းခိုသူေတြဟာ ဘီယာေသာက္ရင္း ဘီယာ ကန္မွာ စိမ္ၿပီး အနားယူျခင္းဟာ သင့္ရဲ႕ အေရးျပားက်န္းမာေရးအတြက္ အလြန္ေကာင္းမြန္ပါတယ္။

(၅) ေကာက္႐ိုးအိပ္ရာ(အီတလီေျမာက္ပိုင္း)

အီတလီနိုင္ငံ ေျမာက္ပိုင္းက ဟိုတယ္ေတြမွာ ေကာက္ရိုးအိပ္ရာနဲ႕ အိပ္စက္ အနားယူဖို႔ ျပဳလုပ္ထားေပးၾကတယ္လို႔ သိရပါတယ္။ ဒီအေလ့အက်င့္ဟာ ေရွးယခင္ အီတလီနိုင္ငံသား ေကာက္စိုက္သမားေတြဆီက ဆင္းသက္လာတယ္လို႔ ဆိုပါတယ္။ ဒီလို အနားယူ အိပ္စက္ၿပီးရင္ အေညာင္းအညာေျပၿပီး အားအင္သစ္ေတြ ျဖစ္ေပၚလာတယ္ လို႔ သြားေရာက္ အနားယူသူေတြက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

အမျိုးသမီးတွေဟာ အလှအပအတွက်ဆိုရင် ဘာမဆို လုပ်လေ့ ရှိကြသူတွေပါ။ အသားအရေကို ထိန်းသိမ်းနည်းတွေ နိုင်ငံအလိုက် အမျိုးမျိုးရှိကြတာလည်း တွေ့မြင်ရပါတယ်။ မျက်နှာကို ရွှေသွင်းတာကစလို့ ချောကလက် လိမ်းတာတွေအထိ ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ အသားအရေ ထိန်းသိမ်းကြပါတယ်။ ဒါကြောင့် စာဖတ်သူတွေကို ကမ္ဘာတဝှမ်းက ထူးထူးခြားခြား Spa တွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) Snail Facial (ထိုင်းနိုင်ငံ)

ခရုက ရတဲ့ အကျိအချွဲတွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုနေကြရင်း နောက်ပိုင်းမှာ မျက်နှာပေါ်ကို ခရုတင်ပြီး နှိပ်နယ်ခြင်းတွေကိုပါ ပြုလုပ်လာကြပါတယ်။ ခရုတင်ပြီး နှိပ်နယ်နေစဉ် ခရုက ထုတ်လိုက်တဲ့ အကျိအချွဲတွေနဲ့ မျက်နှာကို တိုက်ရိုက် ထိတွေ့စေလို့ ဒီ နှိပ်နယ်ခြင်းက နာမည်ကျော်လာခဲ့ပါတယ်။ ဒီနှိပ်နယ်ခြင်းကို ထိုင်းနိုင်ငံက Spa တွေမှာ ပြုလုပ်လို့ ရပြီး ရှေးယခင်ကတော့ ဂရိမှာ ဒီလို ပြုလုပ်ကြတယ်လို့ သိရပါတယ်။

(၂) Apitherapy (ရုရှားနှင့် အခြားနိုင်ငံများ)

Apitherapy ကို ပျားတုပ်ခံပြီး ဆေးကုတဲ့ နည်းလမ်းတခုလို့ ဆိုနိုင်ပါတယ်။ သင်ဟာ ငယ်ငယ်က ပျားကို ကြောက်သူဆိုရင်တော့ ဒီနည်းလမ်းဟာ သင့်အတွက် နည်းနည်း ထူးဆန်းနေပါလိမ့်မယ်။ ပျားတုပ်ခံပြီး ရလာတဲ့ ပျားဆိပ်ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ ရေယုန် စတဲ့ ရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ပျားနဲ့ ဓာတ်မတည့်တဲ့ သူတွေအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဆရာဝန်တွေဆီကလည်း တိကျတဲ့ ထောက်ခံချက်ကို ရခြင်းထားခြင်းတော့ မရှိပါဘူး။

(၃) Snake Massage (အစ္စရေး)

တွေးကြည့်တာနဲ့တင် ကြက်သီး ထချင်စရာပါပဲ။ အစ္စရေးမှာ နှိပ်နယ်ဖို့ မြွေကို အသုံးပြုလေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်ပေါ်ကို မြွေတွေ တင်ထားပြီး မြွေရဲ့ ရွေ့လျားမှုနဲ့ အနှိပ်ခံကြတာပါ။ မြွေက သူသွားချင်ရာကို သွားတာဖြစ်လို့ ကိုယ် အနှိပ်ခံချင်တဲ့ နေရာကိုတော့ ပြန်ပြန်ရွှေ့ပေးရတယ်လို့ ဆိုပါတယ်။

(၄) ဘီယာ Spa (ဥရောပနိုင်ငံများ)

ရေနွေးပူပူစိမ်ပြီး ရေချိုးရင် ခန္ဓာကိုယ်က ညောင်းညာနေတာတွေ သက်သာပြီး အမြဲလန်းဆန်းသွားတတ်တာ လူတိုင်းအသိပါပဲ။ ဂျာမနီ၊ သြစတေးလျ၊ ချက်သမ္မတနိုင်ငံ စတဲ့ နိုင်ငံတွေက ဟိုတယ်အချို့မှာ လာရောက်တည်းခိုသူ တွေအတွက် ဘီယာကန်တွေပြုလုပ်ထားပေးပါတယ်။ တည်းခိုသူတွေဟာ ဘီယာသောက်ရင်း ဘီယာ ကန်မှာ စိမ်ပြီး အနားယူခြင်းဟာ သင့်ရဲ့ အရေးပြားကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။

(၅) ကောက်ရိုးအိပ်ရာ(အီတလီမြောက်ပိုင်း)

အီတလီနိုင်ငံ မြောက်ပိုင်းက ဟိုတယ်တွေမှာ ကောက်ရိုးအိပ်ရာနဲ့ အိပ်စက် အနားယူဖို့ ပြုလုပ်ထားပေးကြတယ်လို့ သိရပါတယ်။ ဒီအလေ့အကျင့်ဟာ ရှေးယခင် အီတလီနိုင်ငံသား ကောက်စိုက်သမားတွေဆီက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီလို အနားယူ အိပ်စက်ပြီးရင် အညောင်းအညာပြေပြီး အားအင်သစ်တွေ ဖြစ်ပေါ်လာတယ် လို့ သွားရောက် အနားယူသူတွေက ဆိုပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top