ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Social Media ေတြဟာ တကမာၻလုံး အတိုင္းအတာနဲ႕ အရွိန္အဟုန္ေကာင္းေကာင္း စီးဆင္းေနတဲ့ Digital ေရစီးေၾကာင္းတခုျဖစ္ေနၿပီး ျမန္မာနိုင္ငံမွာဆိုရင္လည္း Facebook အပါအဝင္ ဆိုရွယ္မီဒီယာေတြ သုံးစြဲမႈဟာ အမ်ားအျပား ရွိေနပါတယ္။

ဒီလို အသုံးျပဳမႈေတြ မ်ားလာတာနဲ႕အမွ် လူအမ်ားစုဟာ Social Media ေတြေပၚက သတင္းေတြကို ယုံၾကည္မႈမ်ားလာၾကတဲ့အျပင္ တေယာက္နဲ႕တေယာက္ ေဝဖန္တိုက္ခိုက္မႈေတြကလည္း ပိုမိုမ်ားျပားလာပါတယ္။ ဒါေၾကာင့္မို႔လို႔ Social Media ေတြေပၚ မတင္သင့္တဲ့ အေၾကာင္းအရာေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) လုပ္ငန္းခြင္ထဲက အဆင္မေျပမႈေတြနဲ႔ အေၾကာင္းအရာမ်ား

လုပ္ငန္းခြင္ထဲက အဆင္မေျပမႈေတြနဲ႕ အေၾကာင္းအရာေတြကို Social Media ေတြေပၚတင္ျခင္းဟာ မိမိရဲ႕လုပ္ငန္းခြင္မွာေရာ လူမႈဆက္ဆံေရးမွာပါ ထိခိုက္ေစၿပီး အလုပ္ထဲမွာ အာ႐ုံစူးစိုက္မႈ နည္းလာတာမ်ိဳးေတြအျပင္ အလုပ္လုပ္ရာမွာ တက္ႂကြမႈ မရွိတာမ်ိဳးေတြကိုပါ ခံစားလာရေစနိုင္ပါတယ္။ လုပ္ငန္းခြင္ထဲက ျပႆနာေတြကို Social Media ေပၚ တင္ျခင္းဟာ မိမိအတြက္ေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြကိုသာ ပိုမိုရရွိေစနိုင္ပါတယ္။

(၂) သတင္းအမွားမ်ား တင္ျခင္း (သို႔မဟုတ္) မွတ္ခ်က္မ်ား ဝင္ေရးျခင္း

အခုေနာက္ပိုင္းမွာ ဆိုရင္ Social Media ေတြေပၚက သတင္ းမီဒီယာေတြသာမကဘဲ ဘယ္လို အေၾကာင္းအရာမ်ိဳးပဲျဖစ္ျဖစ္ သူ႕ထက္ငါ သတင္းဦး သတင္းဖ်ားေတြကို အလုအယက္ဆိုသလို တင္တတ္ၾကေလ့ရွိပါတယ္။ သင့္အေနနဲ႕ ဒီလိုသတင္းမ်ိဳးေတြကို မၾကာခဏ Sharing လုပ္ျခင္းနဲ႕ ခိုင္လုံမႈ မရွိတဲ့ အေၾကာင္းအရာေတြေပၚ ဝင္ေရာက္ မွတ္ခ်က္ေပးတာမ်ိဳးေတြဟာ ေရရွည္မွာ မိမိရဲ႕ Image ကို ထိခိုက္ေစနိုင္တဲ့အျပင္ ယုံၾကည္မႈေတြကိုပါ ပ်က္ျပားေစနိုင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။

(၃) မိမိရဲ႕ အတြင္းေရး ျပႆနာမ်ား တင္ျခင္း

မိမိရဲ႕ကိုယ္ပိုင္ျပႆနာ အမ်ားစု (ဥပမာ- ခ်စ္သူနဲ႕ အဆင္မေျပတာ၊ မိသားစုနဲ႕ အဆင္မေျပတာ) အစရွိတာေတြကို Social Media ေတြေပၚ တင္ျခင္းဟာ မိမိရဲ႕ျပႆနာေတြကို ေျဖရွင္းႏွစ္သိမ့္ေပးနိုင္မယ့္ သူေတြထက္ ေဝဖန္ေျပာဆိုဖို႔လူေတြကသာ မ်ားလွတာေၾကာင့္ မၾကာခဏ ဆိုသလို တင္ျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၄) လူမ်ိဳးေရး၊ ဘာသာေရး၊ အမုန္းစကားမ်ား တင္ျခင္း

ေနာက္ထပ္ သတိထားရမယ့္ အေၾကာင္းအရာတခုကေတာ့ လူမ်ိဳးေရး၊ ဘာသာေရးနဲ႕ ပတ္သက္တဲ့ အမုန္းပြားေစမယ့္ အေၾကာင္းအရာေတြကို Social Media ေတြေပၚ ျဖန႔္ေဝျခင္းဟာ မိမိရဲ႕ Image ကိုထိခိုက္ေစနိုင္တဲ့အျပင္ တခါတရံမွာ Cyberbullying ျဖစ္သြားေစနိုင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy


#Unicode Version#

Social Media တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အရှိန်အဟုန်ကောင်းကောင်း စီးဆင်းနေတဲ့ Digital ရေစီးကြောင်းတခုဖြစ်နေပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း Facebook အပါအဝင် ဆိုရှယ်မီဒီယာတွေ သုံးစွဲမှုဟာ အများအပြား ရှိနေပါတယ်။

ဒီလို အသုံးပြုမှုတွေ များလာတာနဲ့အမျှ လူအများစုဟာ Social Media တွေပေါ်က သတင်းတွေကို ယုံကြည်မှုများလာကြတဲ့အပြင် တယောက်နဲ့တယောက် ဝေဖန်တိုက်ခိုက်မှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့်မို့လို့ Social Media တွေပေါ် မတင်သင့်တဲ့ အကြောင်းအရာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေနဲ့ အကြောင်းအရာများ

လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေနဲ့ အကြောင်းအရာတွေကို Social Media တွေပေါ်တင်ခြင်းဟာ မိမိရဲ့လုပ်ငန်းခွင်မှာရော လူမှုဆက်ဆံရေးမှာပါ ထိခိုက်စေပြီး အလုပ်ထဲမှာ အာရုံစူးစိုက်မှု နည်းလာတာမျိုးတွေအပြင် အလုပ်လုပ်ရာမှာ တက်ကြွမှု မရှိတာမျိုးတွေကိုပါ ခံစားလာရစေနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲက ပြဿနာတွေကို Social Media ပေါ် တင်ခြင်းဟာ မိမိအတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုမိုရရှိစေနိုင်ပါတယ်။

(၂) သတင်းအမှားများ တင်ခြင်း (သို့မဟုတ်) မှတ်ချက်များ ဝင်ရေးခြင်း

အခုနောက်ပိုင်းမှာ ဆိုရင် Social Media တွေပေါ်က သတင် းမီဒီယာတွေသာမကဘဲ ဘယ်လို အကြောင်းအရာမျိုးပဲဖြစ်ဖြစ် သူ့ထက်ငါ သတင်းဦး သတင်းဖျားတွေကို အလုအယက်ဆိုသလို တင်တတ်ကြလေ့ရှိပါတယ်။ သင့်အနေနဲ့ ဒီလိုသတင်းမျိုးတွေကို မကြာခဏ Sharing လုပ်ခြင်းနဲ့ ခိုင်လုံမှု မရှိတဲ့ အကြောင်းအရာတွေပေါ် ဝင်ရောက် မှတ်ချက်ပေးတာမျိုးတွေဟာ ရေရှည်မှာ မိမိရဲ့ Image ကို ထိခိုက်စေနိုင်တဲ့အပြင် ယုံကြည်မှုတွေကိုပါ ပျက်ပြားစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

(၃) မိမိရဲ့ အတွင်းရေး ပြဿနာများ တင်ခြင်း

မိမိရဲ့ကိုယ်ပိုင်ပြဿနာ အများစု (ဥပမာ- ချစ်သူနဲ့ အဆင်မပြေတာ၊ မိသားစုနဲ့ အဆင်မပြေတာ) အစရှိတာတွေကို Social Media တွေပေါ် တင်ခြင်းဟာ မိမိရဲ့ပြဿနာတွေကို ဖြေရှင်းနှစ်သိမ့်ပေးနိုင်မယ့် သူတွေထက် ဝေဖန်ပြောဆိုဖို့လူတွေကသာ များလှတာကြောင့် မကြာခဏ ဆိုသလို တင်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) လူမျိုးရေး၊ ဘာသာရေး၊ အမုန်းစကားများ တင်ခြင်း

နောက်ထပ် သတိထားရမယ့် အကြောင်းအရာတခုကတော့ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမုန်းပွားစေမယ့် အကြောင်းအရာတွေကို Social Media တွေပေါ် ဖြန့်ဝေခြင်းဟာ မိမိရဲ့ Image ကိုထိခိုက်စေနိုင်တဲ့အပြင် တခါတရံမှာ Cyberbullying ဖြစ်သွားစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top