မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကုိယ္အေလးခ်ိန္ေလ်ွာ့ေတာ့မယ္ဆုိရင္ ပထမဆံုးစဥ္းစားမိတာက ဗုိက္ကအဆီေတြခ်ပစ္ဖုိ႔ပါပဲ။ဗုိက္အဆီဟာ ခ်ဖုိ႔ခက္ေပမဲ႔ စားသမ်ွအဆီစုျမန္တဲ႔ေနရာလည္းျဖစ္ပါတယ္။ဒီေတာ့ ဗုိက္အဆီေတြခ်မယ္ဆုိရင္ ဘယ္လုိေလ့က်င့္ခန္းမ်ိဳးကုိ ဦးစားေပးလုပ္မလဲ?တစ္ခ်ိဳ႔ေတြဗိုက္ေလးပဲ ကြက္ပူေနတဲ႔သူေတြရွိပါတယ္။အဲ႔ဒီလူေတြအတြက္ Seated Russian Twist Exercise ေလးက ကူညီေပးႏုိင္ပါတယ္။

Seated Russian Twist Exercise ဆုိတာ ဗုိက္ေလ့က်င့္ခန္းတစ္မ်ိဳးျဖစ္သလို တစ္ကုိယ္လံုးကၾကြက္သားေတြအားစုိက္ထုတ္ရတဲ႔ေလ့က်င့္ခန္းတစ္ခုပါ။ဒီေလ့က်င့္ခန္းဟာဆုိရင္ ဗုိက္အဆီ၊ခါးအဆီေတြကုိ ျမန္ဆန္စြာက်ဆင္းေစပါတယ္။ၾကည့္လုိက္ရင္သာ လြယ္သလုိရွိတယ္။တကယ္တမ္းလုပ္ၾကည့္တဲ႔အခါမွာၾကြက္သားေတြကုိအားစုိက္ထုတ္ရမွန္းသိလာပါလိမ့္မယ္။ဒီ Seated Russian Twist ေလ့က်င့္ခန္းဟာ ဘယ္လိုအက်ိဳးေက်းဇူးေတြရႏုိင္လဲဆုိရင္…*ဒီေလ့က်င့္ခန္းဟာ အဆီေတြျမန္ဆန္စြာက်ဆင္းေစတဲ႔အျပင္ ဗုိက္ၾကြက္သားတစ္ခုလံုးအတြက္ထိေရာက္တဲ႔ေလ့က်င့္ခန္းတစ္ခုပါ။

*ဒီေလ့က်င့္ခန္းပံုမွန္လုပ္ေပးမယ္ဆုိရင္ ရုတ္တရက္ေလျဖတ္ျခင္း၊ႏွလံုးေရွာ့ခ္ျဖစ္ျခင္းစတဲ႔ေ၀ဒနာျဖစ္ပြားမႈေတြကုိပါေလ်ွာ့ခ်ေပးႏုိင္ပါတယ္တဲ႔။
*၀မ္းဗုိက္ၾကြက္သားတင္ က်စ္လစ္တာမဟုတ္။ေနာက္ေက်ာဘက္ၾကြက္သားေတြကုိပါ သန္မာလာေစပါတယ္။
*ေလ့က်င့္ခန္းပံုမွန္လုပ္ေပးမယ္ဆုိရင္ ဖိနပ္ၾကိဳးခ်ည္တာ၊ၾကမ္းျပင္ေပၚက တစ္ခုခုကုိကုန္းေကာက္တာ၊ထုိင္ခံုအနိမ့္ေတြထိုင္တဲ႔အခါ၊ေကြးညြတ္ရတဲ႔အလုပ္ေတြလုပ္ကုိင္တဲ႔အခါ ပုိျပီးသက္ေတာင့္သက္သာျဖစ္ေစပါတယ္။
*ဒီေလ့က်င့္ခန္းလုပ္တဲ႔အခါ လက္မွာ အေလးခ်ိန္ ၂.၇ ကီလုိဂရမ္အေလးခ်ိန္ရွိတဲ႔ အရာ၀တၳဳတစ္ခုကုိကုိင္ထားျပီး လွည့္ရမွာျဖစ္လုိ႔ လက္ကၾကြက္သားေတြလည္းက်စ္လစ္လာျပီး လက္ေမာင္းကုိတင္းရင္းလွပလာေစပါတယ္။လက္ေမာင္းသားေပ်ာ့တြဲလုိ႔စိတ္ညစ္ေနတဲ႔သူေတြအတြက္ ဒီေလ့က်င့္ခန္းက ရုိးရွင္းျပီးထိေရာက္တဲ႔ ေလ့က်င့္ခန္းေလးျဖစ္ပါတယ္။
*တစ္ေန႔ကုိ မိနစ္အနည္းငယ္စာေလာက္အခ်ိန္ေပးျပီးလုပ္ေပးမယ္ဆုိရင္ ကုိယ္ေနဟန္ထားမွန္ကန္လာေစတယ္။၀မ္းဗိုက္အဆီေတြက်ဆင္းျပီး ဗုိက္ၾကြက္သားေတြက်စ္လစ္လာမယ္။ပံုမွန္ေဆာ့ေပးေနတဲ႔အခါ ကုိယ့္ခႏၶာကုိယ္နဲ႔ပတ္သက္လုိ႔ ပိုျပီးယံုၾကည္ခ်က္္ေတြရွိလာပါလိမ့္မယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend

#Unicode Version#

ကိုယ်အလေးချိန်လျှော့တော့မယ်ဆိုရင် ပထမဆုံးစဉ်းစားမိတာက ဗိုက်ကအဆီတွေချပစ်ဖို့ပါပဲ။ဗိုက်အဆီဟာ ချဖို့ခက်ပေမဲ့ စားသမျှအဆီစုမြန်တဲ့နေရာလည်းဖြစ်ပါတယ်။ဒီတော့ ဗိုက်အဆီတွေချမယ်ဆိုရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ဦးစားပေးလုပ်မလဲ?တစ်ချို့တွေဗိုက်လေးပဲ ကွက်ပူနေတဲ့သူတွေရှိပါတယ်။အဲ့ဒီလူတွေအတွက် Seated Russian Twist Exercise လေးက ကူညီပေးနိုင်ပါတယ်။

Seated Russian Twist Exercise ဆိုတာ ဗိုက်လေ့ကျင့်ခန်းတစ်မျိုးဖြစ်သလို တစ်ကိုယ်လုံးကကြွက်သားတွေအားစိုက်ထုတ်ရတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ဒီလေ့ကျင့်ခန်းဟာဆိုရင် ဗိုက်အဆီ၊ခါးအဆီတွေကို မြန်ဆန်စွာကျဆင်းစေပါတယ်။ကြည့်လိုက်ရင်သာ လွယ်သလိုရှိတယ်။တကယ်တမ်းလုပ်ကြည့်တဲ့အခါမှာကြွက်သားတွေကိုအားစိုက်ထုတ်ရမှန်းသိလာပါလိမ့်မယ်။ဒီ Seated Russian Twist လေ့ကျင့်ခန်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုရင်…*ဒီလေ့ကျင့်ခန်းဟာ အဆီတွေမြန်ဆန်စွာကျဆင်းစေတဲ့အပြင် ဗိုက်ကြွက်သားတစ်ခုလုံးအတွက်ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။
*ဒီလေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် ရုတ်တရက်လေဖြတ်ခြင်း၊နှလုံးရှော့ခ်ဖြစ်ခြင်းစတဲ့ဝေဒနာဖြစ်ပွားမှုတွေကိုပါလျှော့ချပေးနိုင်ပါတယ်တဲ့။
*ဝမ်းဗိုက်ကြွက်သားတင် ကျစ်လစ်တာမဟုတ်။နောက်ကျောဘက်ကြွက်သားတွေကိုပါ သန်မာလာစေပါတယ်။
*လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် ဖိနပ်ကြိုးချည်တာ၊ကြမ်းပြင်ပေါ်က တစ်ခုခုကိုကုန်းကောက်တာ၊ထိုင်ခုံအနိမ့်တွေထိုင်တဲ့အခါ၊ကွေးညွတ်ရတဲ့အလုပ်တွေလုပ်ကိုင်တဲ့အခါ ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။
*ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ လက်မှာ အလေးချိန် ၂.၇ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အရာဝတ္ထုတစ်ခုကိုကိုင်ထားပြီး လှည့်ရမှာဖြစ်လို့ လက်ကကြွက်သားတွေလည်းကျစ်လစ်လာပြီး လက်မောင်းကိုတင်းရင်းလှပလာစေပါတယ်။လက်မောင်းသားပျော့တွဲလို့စိတ်ညစ်နေတဲ့သူတွေအတွက် ဒီလေ့ကျင့်ခန်းက ရိုးရှင်းပြီးထိရောက်တဲ့ လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။
*တစ်နေ့ကို မိနစ်အနည်းငယ်စာလောက်အချိန်ပေးပြီးလုပ်ပေးမယ်ဆိုရင် ကိုယ်နေဟန်ထားမှန်ကန်လာစေတယ်။ဝမ်းဗိုက်အဆီတွေကျဆင်းပြီး ဗိုက်ကြွက်သားတွေကျစ်လစ်လာမယ်။ပုံမှန်ဆော့ပေးနေတဲ့အခါ ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်လို့ ပိုပြီးယုံကြည်ချက်တွေရှိလာပါလိမ့်မယ်။




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top