(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တန္ရင္ေဆး လြန္ရင္ေဘး ဆိုတဲ့စကားက အခုတင္ျပေပးမယ့္ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး အျပည့္ဝဆုံး ၿခဳံငုံေပးမယ့္ အဓိပၸာယ္ပဲျဖစ္ပါလိမ့္မယ္။ သဘာဝေနေရာင္ျခည္ဟာ လူ႕အသားအရည္ကို ဗီတာမင္ဒီျဖည့္ေပးပါတယ္။ လြန္ကဲလာတဲ့ ေနေရာင္ျခည္ဒဏ္ကိုခံစားရရင္ေတာ့ ဒီအသားအရည္ကိုပဲ ဖ်က္ဆီးပစ္လိုက္ျပန္ပါတယ္။

ဒီလိုပါပဲ။ ေလ့က်င့္ခန္းလုပ္ရင္ က်န္းမာေရးေကာင္းတယ္။ လူလွတယ္ဆိုတဲ့အျမင္နဲ႔ ကိုယ့္ခႏၶာကိုယ္ရဲ႕ခံႏိုင္ရည္အခ်ိန္အဆကို အရင္မသိေသးဘဲ ေလ့က်င့္ခန္းေတြ ျပင္းျပင္းထန္ထန္ကိုအားစိုက္ၿပီး လုပ္လိုက္တတ္ၾကတာမ်ိဳး ကၽြန္ေတာ္တို႔အေတာ္မ်ားမ်ား ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ အထူးသျဖင့္ အားကစားကိုစလုပ္တဲ့သူေတြမွာ ျဖစ္ေလ့ရွိတဲ့ကိစၥပါ။ ကိုယ္ခႏၶာရဲ႕အတြင္းပိုင္းမွာ ႂကြက္သား နာတာ၊ ပန္းတာ၊ ေမာတာ မသိဘူး။ မ်က္စိနဲ႔ျမင္ရတဲ့ ေသြးထြက္သံယို မျဖစ္ေသးသေ႐ြ႕ ဂ႐ုမထားတတ္ျဖစ္်ကတယ္။ ဒီလိုနဲ႔ ခႏၶာကိုယ္ႂကြက္သားမွာ ဒဏ္ျဖစ္ေအာင္ ၫွဥ္းပန္းအႏိုင္က်င့္လိုက္သလိုျဖစ္သြားတတ္ပါတယ္။

ကိုယ္ကာယေလ့က်င့္ခန္းနဲ႔ အားကစားကို ပုံမွန္လုပ္ေပးတာက စိတ္ပိုင္း၊ ႐ုပ္ပိုင္း က်န္းမာေရးႏွစ္ခုစလုံးကို အင္မတန္ အေထာက္အကူျပဳတာ အမွန္ပါပဲ။ အလြန္အကၽြံအားကစားလုပ္တတ္ၾကတဲ့အေလ့ေၾကာင့္ ႂကြက္သားမွာ ဒဏ္ပိၿပီး Rhabdomyolysis လို႔ေခၚတဲ့ ႂကြက္သားေတြပ်က္စီးလို႔ ျဖစ္ပြားတဲ့ေရာဂါတစ္မ်ိဳးကို ဒီဘက္ေခတ္ထဲ ပိုႀကဳံလာၾကတာကို ေတြ႕ရပါတယ္။ Rhabdomyolysis ေရာဂါရဲ႕ အတိုေကာက္ကုိေတာ့ Rhabdo လို႔ေခၚပါတယ္။ ရွားပါးေရာဂါတစ္မ်ိဳးျဖစ္ၿပီး အသက္အႏၲရာယ္ျဖစ္ေစတဲ့အထိ ၿခိမ္းေျခာက္ႏိုင္စြမ္းတာပါ။

Rhabdo ေရာဂါကို ပထမဆုံးစၿပီး စစ္ေဆးေတြ႕ရွိႏိုင္ခဲ့တာက ၁၉၄၀ ခုႏွစ္ဝန္းက်င္ပါ။ ဒုတိယကမၻာစစ္အတြင္း အျပင္းအထန္တိုက္ပြဲဝင္ခဲ့ရတဲ့ စစ္သားတစ္ေယာက္ဆီမွာ ဒီေရာဂါ ျဖစ္ခဲ့ပါတယ္။ ကိုယ္ကာယပိုင္း ပင္ပန္းၾကမ္းတမ္းစြာလုပ္ကိုင္ရတဲ့ စစ္သားေတြ နဲ႔ မီးသတ္လုပ္သားေတြမွာလည္း ဒီေရာဂါျဖစ္ဖို႔ အခြင့္အေရးမ်ားပါတယ္။ နယူးေယာက္ၿမိဳ႕ရဲ႕ အေရးေပၚေဆးခန္းတြင္းမွတ္တမ္းအရ အလြန္အကၽြံေလ့က်င့္ခန္းလုပ္ရင္း Rhabdo ေရာဂါျဖစ္ခဲ့တဲ့ ေဝဒနာသည္ဦးေရဟာ ၂၀၁၀ ကေန ၂၀၁၄ ခုႏွစ္အတြင္းမွာ ၂၉ ဦးအထိရွိခဲ့တယ္လို႔သိရပါတယ္။

လူဟာ အလြန္အမင္းျပင္းထန္တဲ့ေလ့က်င့္ခန္းေတြ ဆက္တိုက္လုပ္ၿပီး ႂကြက္သားရဲ႕ ခံနိ္င္ရည္ဒဏ္ကိုလြန္က်ဴးသြားတဲ့ Breaking point ကိုေရာက္တဲ့အခ်ိန္မ်ိဳးနဲ႔ ႂကြက္သားကို မႏိုင္ဝန္ထမ္းခိုင္းပါမ်ားလာရင္ Rhabdo ေရာဂါဝင္လာႏိုင္ပါတယ္။ Rhabdo ရဲ႕သေဘာသဘာဝက ႂကြက္သားမၽွင္ေတြ ၿပိဳကြဲပ်က္စီးသြားတာပါ။ ဒီအခ်ိန္မွာ ႂကြက္သားထဲက myoglobin ပ႐ိုတင္းဓာတ္ပမာဏအေျမာက္အမ်ားဟာ ခႏၶာကိုယ္ထဲလွည့္ပတ္ေနတဲ့ေသြးထဲ ထုတ္လႊတ္ျခင္းခံရပါတယ္။ ပုံမွန္အားျဖင့္ ေသြးထဲက အဆိပ္ေတြကို ေက်ာက္ကပ္က စြန္႔ထုတ္ပစ္ႏိုင္ေပမယ့္ ပုံမွန္ထက္လြန္ကဲတဲ့ Myoglobin အညစ္အေၾကးပမာဏစုပုံသြားရင္ေတာ့ ေက်ာက္ကပ္ကို ပ်က္စီးေစပါတယ္။

ေရာဂါလကၡဏာေတြအေနနဲ႔ ႂကြက္သားေတြမွာ အထိိအကိုင္မခံႏိုင္ေအာင္ နာက်င္ေနေလ့ရွိၿပီး ကိုက္ခဲတင္းေတာင့္ေနတတ္တယ္။ လူက ေမာပန္းႏြမ္းနယ္လာတယ္။ ဆီးသြားတဲ့အခါ ဆီးအေရာင္က အနီေရာင္ (သို႔) အၫိုေရာင္သန္းလာတတ္တယ္။ ဆီးထဲေသြးပါတာမဟုတ္ပါဘူး။ ေသြးထဲက Myoglobin ဓာတ္ေၾကာင့္ပါပဲ။

ေလ့က်င့္ခန္းမလုပ္ခင္နဲ႔ ေလ့က်င့္ခန္းလုပ္ၿပီးအနားယူေနခ်ိန္ေတြမွာ လုံေလာက္တဲ့ ေရဓာတ္မျဖည့္တင္းမႈက ဒီေရာဂါရဲ႕တရားခံလို႔ေျပာလို႔ရပါတယ္။ ေလ့က်င့္ခန္းအရွိန္ျမင့္လာခ်ိန္မွာ ခႏၶာကိုယ္ကို ေရဓာတ္ခမ္းသြားေစၿပီး ႂကြက္သားေတြကို အားယုတ္သြားေစပါတယ္။ ခႏၶာကိုယ္ ေရဓာတ္နည္းတာက Rhabdo ျဖစ္လာေစတဲ့ အဓိက လမ္းေၾကာင္းပါပဲ။ ဒါ့ေၾကာင့္ Rhabdo အတြက္ ေဆးကုသမႈခံယူရတဲ့အခါ အရည္ဓာတ္လုံေလာက္ေအာင္ ျပန္လည္ျဖည့္တင္းေပးတဲ့ IV fluids ေဆးရည္ခ်ိတ္ရၿပီး လိုအပ္လာရင္ေတာ့ ေက်ာက္ကပ္သန္႔စင္မႈ (Dialysis) အထိ လုပ္ေဆာင္ရပါတယ္။

ကိုယ့္ခႏၶာကိုယ္ကို နားေထာင္ေပးပါ

တန္သင့္မၽွတတဲ့အခ်ိန္အဆနဲ႔ အတိုင္းအတာမွတ္ကိုသိဖို႔က လူေတြလုပ္သမၽွအရာရာတိုင္းမွာ အဓိကအခ်က္လိုျဖစ္လာပါတယ္။ အားကစားကို စစခ်င္းလုပ္တဲ့သူေတြမွာ ကိုယ့္ကိုယ္ကိုယ္မသိေသးတာေၾကာင့္ Rhabdo အျဖစ္မ်ားတယ္။ ကိုယ္က နဂိုက်န္းမာေရးေကာင္းတယ္၊ သက္လုံေကာင္းတယ္ ဆိုၿပီး လုပ္ႏိုင္တာထက္ ပိုၿပီးလုပ္တတ္တယ္။ " ဒီေလာက္ေတာင္မလုပ္ႏိုင္ဘူးလား" ဆိုတဲ့ ျပင္ပပတ္ဝန္းက်င္စကားသံထက္ တကယ္က ကိုယ့္ခႏၶာကိုယ္က ဘာေျပာလဲနားေထာင္ပါ။ သူ႕အသံကို ကိုယ္က နားေထာင္ေပးတတ္ရပါမယ္။ အခုမွ ေလ့က်င့္ခန္းစတင္လုပ္မယ္ဆိုရင္ေတာ့ အေပါ့စားေလ့က်င့္ခန္းေတြကစၿပီးလုပ္ေဆာင္တာက အသင့္ေတာ္ဆုံးျဖစ္ႏိုင္ပါတယ္။

ၾကာၾကာဝါးမယ့္သြား အ႐ိုးၾကည့္ေရွာင္ဆိုသလို အဓိကလိုအပ္တာက ေရရွည္မွာ ကိုယ့္ခႏၶာကိုယ္ကို မပ်က္စီးေစဖို႔၊ မထိခိုက္ေစဖို႔၊ ဒဏ္မျဖစ္ေစဖို႔ပါပဲ။ ေလ့က်င့္ခန္းလုပ္တိုင္း မၾကာမၾကာ ေခတၱခဏနားေပးတာက အေရးပါၿပီး ထိေရာက္ပါတယ္။ ခဏနားခ်ိန္တိုင္း ေရေသာက္ဖို႔လိုတယ္။ ကိုယ္ကာေယလ့က်င့္ခန္း Workout လုပ္ေနရင္း ခႏၶာကိုယ္မွာ တစ္ခုခုနာက်င္ခံစားရရင္ ခ်က္ခ်င္းအကူအညီေတာင္းေမးျမန္းေပးရမွာပါ။ Gym မွာကစားျဖစ္တယ္ဆိုရင္ေတာ့ ဘယ္သူနဲ႔မွ ကိုယ့္ကိုယ္ကိုယ္ မႏႈိင္းယွဥ္ပါနဲ႔။ လူတိုင္းက ကိုယ့္ခံႏိုင္ရည္နဲ႔ကိုယ္ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ကိုယ္လုပ္ႏိုင္တဲ့အတိုင္းအတာကို ကိုယ္တိုင္အရင္သိၿပီး ဒါကို တစ္ရက္ၿပီးတစ္ရက္ ျဖည္းျဖည္းမွန္မွန္သာ တိုးတက္ေအာင္လုပ္သြားတာက ပုံစံအမွန္ပါပဲ။ ေလ့က်င့္ခန္းလုပ္တယ္ဆိုရင္ ကိုယ္ႏိုင္သေလာက္နဲ႔ ပုံမွန္တစ္ဆင့္ခ်င္းတက္သြားဖို႔လိုၿပီး တန္ေဆးလြန္ေဘး မျဖစ္ဖို႔က အဓိကပိုက်လာေၾကာင္းေျပာလိုပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

တန်ရင်ဆေး လွန်ရင်ဘေး ဆိုတဲ့စကားက အခုတင်ပြပေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး အပြည့်ဝဆုံး ခြုံငုံပေးမယ့် အဓိပ္ပာယ်ပဲဖြစ်ပါလိမ့်မယ်။ သဘာဝနေရောင်ခြည်ဟာ လူ့အသားအရည်ကို ဗီတာမင်ဒီဖြည့်ပေးပါတယ်။ လွန်ကဲလာတဲ့ နေရောင်ခြည်ဒဏ်ကိုခံစားရရင်တော့ ဒီအသားအရည်ကိုပဲ ဖျက်ဆီးပစ်လိုက်ပြန်ပါတယ်။

ဒီလိုပါပဲ။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာရေးကောင်းတယ်။ လူလှတယ်ဆိုတဲ့အမြင်နဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ခံနိုင်ရည်အချိန်အဆကို အရင်မသိသေးဘဲ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်ကိုအားစိုက်ပြီး လုပ်လိုက်တတ်ကြတာမျိုး ကျွန်တော်တို့အတော်များများ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အားကစားကိုစလုပ်တဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ကိစ္စပါ။ ကိုယ်ခန္ဓာရဲ့အတွင်းပိုင်းမှာ ကြွက်သား နာတာ၊ ပန်းတာ၊ မောတာ မသိဘူး။ မျက်စိနဲ့မြင်ရတဲ့ သွေးထွက်သံယို မဖြစ်သေးသရွေ့ ဂရုမထားတတ်ဖြစ်ျကတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ကြွက်သားမှာ ဒဏ်ဖြစ်အောင် ညှဉ်းပန်းအနိုင်ကျင့်လိုက်သလိုဖြစ်သွားတတ်ပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ အားကစားကို ပုံမှန်လုပ်ပေးတာက စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးနှစ်ခုစလုံးကို အင်မတန် အထောက်အကူပြုတာ အမှန်ပါပဲ။ အလွန်အကျွံအားကစားလုပ်တတ်ကြတဲ့အလေ့ကြောင့် ကြွက်သားမှာ ဒဏ်ပိပြီး Rhabdomyolysis လို့ခေါ်တဲ့ ကြွက်သားတွေပျက်စီးလို့ ဖြစ်ပွားတဲ့ရောဂါတစ်မျိုးကို ဒီဘက်ခေတ်ထဲ ပိုကြုံလာကြတာကို တွေ့ရပါတယ်။ Rhabdomyolysis ရောဂါရဲ့ အတိုကောက်ကိုတော့ Rhabdo လို့ခေါ်ပါတယ်။ ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ခြိမ်းခြောက်နိုင်စွမ်းတာပါ။

Rhabdo ရောဂါကို ပထမဆုံးစပြီး စစ်ဆေးတွေ့ရှိနိုင်ခဲ့တာက ၁၉၄၀ ခုနှစ်ဝန်းကျင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းအထန်တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်သားတစ်ယောက်ဆီမှာ ဒီရောဂါ ဖြစ်ခဲ့ပါတယ်။ ကိုယ်ကာယပိုင်း ပင်ပန်းကြမ်းတမ်းစွာလုပ်ကိုင်ရတဲ့ စစ်သားတွေ နဲ့ မီးသတ်လုပ်သားတွေမှာလည်း ဒီရောဂါဖြစ်ဖို့ အခွင့်အရေးများပါတယ်။ နယူးယောက်မြို့ရဲ့ အရေးပေါ်ဆေးခန်းတွင်းမှတ်တမ်းအရ အလွန်အကျွံလေ့ကျင့်ခန်းလုပ်ရင်း Rhabdo ရောဂါဖြစ်ခဲ့တဲ့ ဝေဒနာသည်ဦးရေဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ ၂၉ ဦးအထိရှိခဲ့တယ်လို့သိရပါတယ်။

လူဟာ အလွန်အမင်းပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ပြီး ကြွက်သားရဲ့ ခံနိင်ရည်ဒဏ်ကိုလွန်ကျူးသွားတဲ့ Breaking point ကိုရောက်တဲ့အချိန်မျိုးနဲ့ ကြွက်သားကို မနိုင်ဝန်ထမ်းခိုင်းပါများလာရင် Rhabdo ရောဂါဝင်လာနိုင်ပါတယ်။ Rhabdo ရဲ့သဘောသဘာဝက ကြွက်သားမျှင်တွေ ပြိုကွဲပျက်စီးသွားတာပါ။ ဒီအချိန်မှာ ကြွက်သားထဲက myoglobin ပရိုတင်းဓာတ်ပမာဏအမြောက်အများဟာ ခန္ဓာကိုယ်ထဲလှည့်ပတ်နေတဲ့သွေးထဲ ထုတ်လွှတ်ခြင်းခံရပါတယ်။ ပုံမှန်အားဖြင့် သွေးထဲက အဆိပ်တွေကို ကျောက်ကပ်က စွန့်ထုတ်ပစ်နိုင်ပေမယ့် ပုံမှန်ထက်လွန်ကဲတဲ့ Myoglobin အညစ်အကြေးပမာဏစုပုံသွားရင်တော့ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ ကြွက်သားတွေမှာ အထိအကိုင်မခံနိုင်အောင် နာကျင်နေလေ့ရှိပြီး ကိုက်ခဲတင်းတောင့်နေတတ်တယ်။ လူက မောပန်းနွမ်းနယ်လာတယ်။ ဆီးသွားတဲ့အခါ ဆီးအရောင်က အနီရောင် (သို့) အညိုရောင်သန်းလာတတ်တယ်။ ဆီးထဲသွေးပါတာမဟုတ်ပါဘူး။ သွေးထဲက Myoglobin ဓာတ်ကြောင့်ပါပဲ။

လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးအနားယူနေချိန်တွေမှာ လုံလောက်တဲ့ ရေဓာတ်မဖြည့်တင်းမှုက ဒီရောဂါရဲ့တရားခံလို့ပြောလို့ရပါတယ်။ လေ့ကျင့်ခန်းအရှိန်မြင့်လာချိန်မှာ ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းသွားစေပြီး ကြွက်သားတွေကို အားယုတ်သွားစေပါတယ်။ ခန္ဓာကိုယ် ရေဓာတ်နည်းတာက Rhabdo ဖြစ်လာစေတဲ့ အဓိက လမ်းကြောင်းပါပဲ။ ဒါ့ကြောင့် Rhabdo အတွက် ဆေးကုသမှုခံယူရတဲ့အခါ အရည်ဓာတ်လုံလောက်အောင် ပြန်လည်ဖြည့်တင်းပေးတဲ့ IV fluids ဆေးရည်ချိတ်ရပြီး လိုအပ်လာရင်တော့ ကျောက်ကပ်သန့်စင်မှု (Dialysis) အထိ လုပ်ဆောင်ရပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပေးပါ

တန်သင့်မျှတတဲ့အချိန်အဆနဲ့ အတိုင်းအတာမှတ်ကိုသိဖို့က လူတွေလုပ်သမျှအရာရာတိုင်းမှာ အဓိကအချက်လိုဖြစ်လာပါတယ်။ အားကစားကို စစချင်းလုပ်တဲ့သူတွေမှာ ကိုယ့်ကိုယ်ကိုယ်မသိသေးတာကြောင့် Rhabdo အဖြစ်များတယ်။ ကိုယ်က နဂိုကျန်းမာရေးကောင်းတယ်၊ သက်လုံကောင်းတယ် ဆိုပြီး လုပ်နိုင်တာထက် ပိုပြီးလုပ်တတ်တယ်။ " ဒီလောက်တောင်မလုပ်နိုင်ဘူးလား" ဆိုတဲ့ ပြင်ပပတ်ဝန်းကျင်စကားသံထက် တကယ်က ကိုယ့်ခန္ဓာကိုယ်က ဘာပြောလဲနားထောင်ပါ။ သူ့အသံကို ကိုယ်က နားထောင်ပေးတတ်ရပါမယ်။ အခုမှ လေ့ကျင့်ခန်းစတင်လုပ်မယ်ဆိုရင်တော့ အပေါ့စားလေ့ကျင့်ခန်းတွေကစပြီးလုပ်ဆောင်တာက အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။

ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလို အဓိကလိုအပ်တာက ရေရှည်မှာ ကိုယ့်ခန္ဓာကိုယ်ကို မပျက်စီးစေဖို့၊ မထိခိုက်စေဖို့၊ ဒဏ်မဖြစ်စေဖို့ပါပဲ။ လေ့ကျင့်ခန်းလုပ်တိုင်း မကြာမကြာ ခေတ္တခဏနားပေးတာက အရေးပါပြီး ထိရောက်ပါတယ်။ ခဏနားချိန်တိုင်း ရေသောက်ဖို့လိုတယ်။ ကိုယ်ကာယေလ့ကျင့်ခန်း Workout လုပ်နေရင်း ခန္ဓာကိုယ်မှာ တစ်ခုခုနာကျင်ခံစားရရင် ချက်ချင်းအကူအညီတောင်းမေးမြန်းပေးရမှာပါ။ Gym မှာကစားဖြစ်တယ်ဆိုရင်တော့ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ လူတိုင်းက ကိုယ့်ခံနိုင်ရည်နဲ့ကိုယ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာကို ကိုယ်တိုင်အရင်သိပြီး ဒါကို တစ်ရက်ပြီးတစ်ရက် ဖြည်းဖြည်းမှန်မှန်သာ တိုးတက်အောင်လုပ်သွားတာက ပုံစံအမှန်ပါပဲ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင် ကိုယ်နိုင်သလောက်နဲ့ ပုံမှန်တစ်ဆင့်ချင်းတက်သွားဖို့လိုပြီး တန်ဆေးလွန်ဘေး မဖြစ်ဖို့က အဓိကပိုကျလာကြောင်းပြောလိုပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top