(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မၾကာေသးခင္အခ်ိန္အတြင္းမွာ မိုဘိုင္းဂိမ္းေလာကမွာ နာမည္ႀကီး လူႀကိဳက္မ်ားလာတဲ့ Player Unknown Battle Grounds (PUBG)ကို ေယာကၤ်ားေလးအမ်ားစု ၾကားဖူး၊ ကစားဖူးၾကမယ္လို႔ ထင္ပါတယ္။ PUBG ကို ပံုမွန္ကစားေနသူေတြအေနနဲ႔ တစ္ခ်က္ေလာက္ စဥ္းစားၾကည့္မယ္ဆိုရင္ လက္ေတြ႕ဘ၀အတြက္ အေရးပါတဲ့ သင္ခန္းစာေတြကို ေလ့လာႏိုင္တာကို ေတြ႕ရပါလိမ့္မယ္။

၁။ ေလာဘႀကီးလြန္းရင္ က်႐ႈံးရလိမ့္မယ္။
သင့္မွာ လက္နက္ခဲယမ္းနဲ႔ အေထာက္အကူျပဳပစၥည္းေတြ အလံုအေလာက္ရွိေနၿပီးသားျဖစ္ေနလ်က္နဲ႔ ပိုေကာင္းတာကို လိုခ်င္တပ္မက္စိတ္နဲ႔ လိုက္ရွာေနမယ္၊ ဒါမွမဟုတ္ ေသသြားတဲ့ကစားသမားပစၥည္းေတြ လိုက္ေကာက္ေနမယ္ဆိုရင္ သင္က လြယ္ကူတဲ့ပစ္မွတ္ျဖစ္ၿပီး ေသဖို႔မ်ားပါတယ္။ လက္ေတြ႕ဘ၀မွာလည္း လိုအပ္တာထက္ ပိုတဲ့ ေလာဘစိတ္က သင့္ကို က်႐ႈံးမႈဆီ ဆြဲေခၚသြားႏိုင္ပါတယ္။

၂။ လိုအပ္မယ္ထင္တာေတြကို ႀကိဳတင္ျပင္ဆင္ပါ။
ဘယ္ေနရာမွာ အထိုင္ခ်ၿပီး အျခားကစားသမားေတြကို ပစ္မလဲ၊ အထိုင္ခ်ဖို႔အတြက္ လိုအပ္တဲ့ က်ည္ဆန္နဲ႔ ေဆး၀ါး စတာေတြကို ႀကိဳတင္ျပင္ဆင္တတ္ျခင္းက ကစားပြဲမွာ သင့္ကို အသာစီးရေစႏိုင္ပါတယ္။ ဒီလိုပါပဲ။ လက္ေတြ႕ဘ၀မွာလည္း ႀကိဳတင္ျပင္ဆင္မႈရွိသူေတြကပဲ အေရးႀကံဳလာရင္ အခက္အခဲကိုေက်ာ္ျဖတ္ၿပီး ေအာင္ပြဲဆင္ႏိုင္တာပါ။

၃။ ဘာကိုပဲျဖစ္ျဖစ္ အစီအစဥ္ရွိပါေစ။
PUBG ကစားပြဲထဲမွာ ဘယ္ကိုသြားမယ္၊ ဘယ္ေနရာမွာ အထိုင္ခ်မယ္ စသျဖင့္ အစီအစဥ္မရွိ ေလွ်ာက္ေျပးေနတာက ေစာေစာစီးစီးအသတ္ခံရႏိုင္ပါတယ္။ အျပင္ေလာကမွာလည္း ဘာကိုပဲ ျဖစ္ျဖစ္ ဦးတည္ခ်က္တစ္ခုထားၿပီး အစီအစဥ္တက်လုပ္ေဆာင္တတ္ျခင္းက ေအာင္ျမင္မႈကို ေဆာင္က်ဥ္းေပးႏိုင္ပါတယ္။

၄။ အေသးငယ္ဆံုး ဆံုးျဖတ္ခ်က္ေလးေတြကလည္း ဘ၀ကိုေျပာင္းလဲေစႏိုင္တယ္။
PUBG မွာ ေလထီးခုန္ခ်တာက သင့္စိတ္ႀကိဳက္ေနရာကို ခုန္ခ်ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္အဖြဲ႕၀င္ေတြမဟုတ္တဲ့ အျခားကစားေတြအမ်ားစု ခုန္ခ်တဲ့ေနရာကို ခုန္ခ်ဖို႔ ဆံုးျဖတ္တာက အသက္ရွင္ႏိုင္ဖို႔ အလားအလာနည္းသြားေစပါတယ္။ လက္ေတြ႕ဘ၀မွာလည္း သင့္ကို အကူအညီေပးႏိုင္မယ့္သူေတြနဲ႔ ေ၀းရာေနရာ၊ သူစိမ္းေတြၾကားမွာ ရပ္တည္ႏိုင္ဖို႔က ခက္ခဲတတ္ပါတယ္။

၅။ တျခားသူေတြကို ကူညီပါ။ ေစတနာေရာင္ျပန္ဟပ္ပါလိမ့္မယ္။
ဒဏ္ရာရသြားတဲ့ သင့္ရဲ႕အဖြဲ႕သားကို ကူညီေပးပါ။ လိုအပ္တဲ့ လက္နက္၊ ေဆး၀ါးေတြ ေ၀မွ်ေပးပါ။ သင္ ဒဏ္ရာရရင္လည္း သူက ျပန္ကူညီေပးပါလိမ့္မယ္။ ဒီလိုအျပန္အလွန္ကူညီရင္ Chicken Dinner ရႏိုင္သလို လက္ေတြ႕ဘ၀မွာလည္း အကူအညီလိုအပ္ေနသူေတြကို တတ္ႏိုင္သေလာက္ ကူညီေဖးမေပးျခင္းက သင္လိုအပ္ေနခ်ိန္မွာလည္း ကူညီမယ့္လက္တစ္စံုရွိလာေစပါတယ္။

၆။ ဘာကိုမွ အေလာတႀကီးမလုပ္ပါနဲ႔။
PUBG မွာ ယာဥ္တစ္ခုခုကို အရွိန္ျပင္းျပင္းေမာင္းႏွင္ျခင္းက တစ္ခ်က္ကေလးတိမ္းေမွာက္သြားတာနဲ႔ ေသဆံုးၿပီး ကစားပြဲကထြက္သြားရႏိုင္ပါတယ္။ ပတ္၀န္းက်င္အေျခအေနကို အရင္မဆန္းစစ္ပဲ အေလာတႀကီး သြားလာျခင္းကလည္း ျမန္ျမန္ေသဖို႔အေၾကာင္းရင္းတစ္ခုပါပဲ။ လက္ေတြ႕ေလာကႀကီးမွာလည္း အေလာတႀကီး ဆံုးျဖတ္ခ်က္ေတြ၊ အလ်င္စလုိလုပ္ေဆာင္တာေတြက အမွားေတြနဲ႔ ေနာင္တေတြကိုပဲ ရရွိေစႏိုင္ပါတယ္။

၇။ ပန္းတိုင္ဆီကို မေလွ်ာက္လွမ္းပဲ မေရာက္ႏိုင္ဘူး။
PUBG ကစားပြဲထဲမွာ ေအာင္ျမင္မႈဟာ စက္၀ိုင္းအလယ္မွာ ရွိပါတယ္။ Safe Zone ထဲကို အျမဲတမ္း အေရာက္သြားၿပီး ရင္ဆိုင္တိုက္ခိုက္မွသာ အႏိုင္ရမွာျဖစ္ပါတယ္။ အပစ္ခံရမွာေၾကာက္ၿပီး ပုန္းေနမယ္ဆိုရင္ အခ်ည္းႏွီးေသသြားမွာပါ။ ဘ၀ကစားပြဲမွာလည္း ေအာင္ျမင္မႈဆိုတာက အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္လာႏိုင္သူေတြပဲ ရရွိၾကတာျဖစ္ပါတယ္။ အခက္အခဲေတြ၊ အေျပာင္းအလဲေတြကို စိုးရိမ္ေၾကာက္လန္႔ေနမယ္ဆိုရင္ေတာ့ သာမန္ဘ၀မွာပဲ ရွင္သန္ပါ။

၈။ ေစာေစာထတဲ့ ငွက္က အစာပိုစားရတယ္။
PUBG ကစားပြဲတစ္ခုမွာ အေကာင္းဆံုး လက္နက္ပစၥည္းေတြနဲ႔ အေထာက္အကူပစၥည္းေတြ ရရွိဖို႔ ဘယ္သူမွမေရာက္ေသးတဲ့ေနရာေတြကို ေစာေစာစီးစီး ျမန္ျမန္ဆန္ဆန္ ေရာက္ဖို႔ လိုပါတယ္။ ဘ၀မွာလည္း ဘာကိုပဲျဖစ္ျဖစ္ ၀ီရိယအားစိုက္ၿပီး အျခားသူေတြထက္အရင္ လက္ဦးမႈရေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ လိုပါတယ္။

၉။ အျခားသူေတြရဲ႕ အမွားကေန သင္ခန္းစားယူပါ။
တစ္ခါတစ္ေလမွာ Supply drop ခ်တဲ့ ေနရာကို အသည္းအသန္ေျပးသြားမယ့္အစား တျခားသူေတြ ေရာက္လာတာကို ေစာင့္ပါ။ သူတို႔ေကာက္ေနတုန္း ေစာင့္ပစ္ၿပီးမွ ေကာက္ရင္လည္း လိုခ်င္တာေတြ ရႏိုင္ပါတယ္။ ဒီလိုပါပဲ။ ဘ၀မွာလည္း တစ္ခါတစ္ေလမွာ တျခားသူေတြရဲ႕ ေျခလွမ္းကို ေစာင့္ၾကည့္ေလ့လာတတ္ဖို႔ လိုပါတယ္။ သူတို႔လုပ္မိတဲ့ အမွားေတြကို ကိုယ္တိုင္မလုပ္မိေအာင္ ဆင္ျခင္ၿပီး ေအာင္ျမင္မႈကို ရယူပါ။

၁၀။ အခက္အခဲေတြ ရင္ဆိုင္ရတိုင္း အရႈံးမေပးပါနဲ႔။
PUBG ကစားတဲ့အခါ ပစၥတိုတစ္လက္၊ က်ည္ဆံအနည္းငယ္ေလာက္ေလးပဲ ရွိလို႔ ရႈံးမယ္လို႔ သတ္မွတ္လို႔ မရပါဘူး။ သတိႀကီးႀကီးထားၿပီး ကစားရင္ အႏိုင္ရႏိုင္ပါေသးတယ္။ လက္ေတြ႕ဘ၀မွာလည္း လိုအပ္ခ်က္ေတြ မ်ားေနတာ၊ အခက္အခဲေတြရွိေနတာေတြေၾကာင့္ အားမေလွ်ာ့လိုက္ပါနဲ႔။ နည္းလမ္းအသစ္ရွာၿပီး ႀကိဳးစားပါ။ ေအာင္ျမင္မႈက သင့္အတြက္ပါပဲ။

၁၁။ အဆိုးဆံုးအမွားက အေကာင္းဆံုးဆရာပါပဲ။
PUBG ကို စတင္ကစားသူေတြဟာ အမွားေတြလုပ္တတ္ၾကၿပီး ကစားပြဲကထြက္ရေလ့ရွိပါတယ္။ ဒါေပမယ့္ ကစားတာအခ်ိန္ၾကာလာတာနဲ႔အမွ် အမွားေတြက တဆင့္အေတြ႕အၾကံဳေတြ ရလာၿပီး ကၽြမ္းက်င္လာၾကပါတယ္။ လက္ေတြ႕ေလာကမွာလည္း အမွားေတြေၾကာင့္ က်ရႈံးသြားႏိုင္ပါတယ္။ ဒါေပမယ့္ အမွားေတြကို သင္ခန္းစာယူၿပီး ဆက္ႀကိဳးစားရင္ ေအာင္ျမင္မႈပန္းတိုင္ကို လွမ္းကိုင္ႏိုင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Gentle Magazine


#Unicode Version#

မကြာသေးခင်အချိန်အတွင်းမှာ မိုဘိုင်းဂိမ်းလောကမှာ နာမည်ကြီး လူကြိုက်များလာတဲ့ Player Unknown Battle Grounds (PUBG)ကို ယောင်္ကျားလေးအများစု ကြားဖူး၊ ကစားဖူးကြမယ်လို့ ထင်ပါတယ်။ PUBG ကို ပုံမှန်ကစားနေသူတွေအနေနဲ့ တစ်ချက်လောက် စဉ်းစားကြည့်မယ်ဆိုရင် လက်တွေ့ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာတွေကို လေ့လာနိုင်တာကို တွေ့ရပါလိမ့်မယ်။

၁။ လောဘကြီးလွန်းရင် ကျရှုံးရလိမ့်မယ်။
သင့်မှာ လက်နက်ခဲယမ်းနဲ့ အထောက်အကူပြုပစ္စည်းတွေ အလုံအလောက်ရှိနေပြီးသားဖြစ်နေလျက်နဲ့ ပိုကောင်းတာကို လိုချင်တပ်မက်စိတ်နဲ့ လိုက်ရှာနေမယ်၊ ဒါမှမဟုတ် သေသွားတဲ့ကစားသမားပစ္စည်းတွေ လိုက်ကောက်နေမယ်ဆိုရင် သင်က လွယ်ကူတဲ့ပစ်မှတ်ဖြစ်ပြီး သေဖို့များပါတယ်။ လက်တွေ့ဘဝမှာလည်း လိုအပ်တာထက် ပိုတဲ့ လောဘစိတ်က သင့်ကို ကျရှုံးမှုဆီ ဆွဲခေါ်သွားနိုင်ပါတယ်။

၂။ လိုအပ်မယ်ထင်တာတွေကို ကြိုတင်ပြင်ဆင်ပါ။
ဘယ်နေရာမှာ အထိုင်ချပြီး အခြားကစားသမားတွေကို ပစ်မလဲ၊ အထိုင်ချဖို့အတွက် လိုအပ်တဲ့ ကျည်ဆန်နဲ့ ဆေးဝါး စတာတွေကို ကြိုတင်ပြင်ဆင်တတ်ခြင်းက ကစားပွဲမှာ သင့်ကို အသာစီးရစေနိုင်ပါတယ်။ ဒီလိုပါပဲ။ လက်တွေ့ဘဝမှာလည်း ကြိုတင်ပြင်ဆင်မှုရှိသူတွေကပဲ အရေးကြုံလာရင် အခက်အခဲကိုကျော်ဖြတ်ပြီး အောင်ပွဲဆင်နိုင်တာပါ။

၃။ ဘာကိုပဲဖြစ်ဖြစ် အစီအစဉ်ရှိပါစေ။
PUBG ကစားပွဲထဲမှာ ဘယ်ကိုသွားမယ်၊ ဘယ်နေရာမှာ အထိုင်ချမယ် စသဖြင့် အစီအစဉ်မရှိ လျှောက်ပြေးနေတာက စောစောစီးစီးအသတ်ခံရနိုင်ပါတယ်။ အပြင်လောကမှာလည်း ဘာကိုပဲ ဖြစ်ဖြစ် ဦးတည်ချက်တစ်ခုထားပြီး အစီအစဉ်တကျလုပ်ဆောင်တတ်ခြင်းက အောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

၄။ အသေးငယ်ဆုံး ဆုံးဖြတ်ချက်လေးတွေကလည်း ဘဝကိုပြောင်းလဲစေနိုင်တယ်။
PUBG မှာ လေထီးခုန်ချတာက သင့်စိတ်ကြိုက်နေရာကို ခုန်ချနိုင်ပါတယ်။ ဒါပေမယ့် သင့်အဖွဲ့ဝင်တွေမဟုတ်တဲ့ အခြားကစားတွေအများစု ခုန်ချတဲ့နေရာကို ခုန်ချဖို့ ဆုံးဖြတ်တာက အသက်ရှင်နိုင်ဖို့ အလားအလာနည်းသွားစေပါတယ်။ လက်တွေ့ဘဝမှာလည်း သင့်ကို အကူအညီပေးနိုင်မယ့်သူတွေနဲ့ ဝေးရာနေရာ၊ သူစိမ်းတွေကြားမှာ ရပ်တည်နိုင်ဖို့က ခက်ခဲတတ်ပါတယ်။

၅။ တခြားသူတွေကို ကူညီပါ။ စေတနာရောင်ပြန်ဟပ်ပါလိမ့်မယ်။
ဒဏ်ရာရသွားတဲ့ သင့်ရဲ့အဖွဲ့သားကို ကူညီပေးပါ။ လိုအပ်တဲ့ လက်နက်၊ ဆေးဝါးတွေ ဝေမျှပေးပါ။ သင် ဒဏ်ရာရရင်လည်း သူက ပြန်ကူညီပေးပါလိမ့်မယ်။ ဒီလိုအပြန်အလှန်ကူညီရင် Chicken Dinner ရနိုင်သလို လက်တွေ့ဘဝမှာလည်း အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သလောက် ကူညီဖေးမပေးခြင်းက သင်လိုအပ်နေချိန်မှာလည်း ကူညီမယ့်လက်တစ်စုံရှိလာစေပါတယ်။

၆။ ဘာကိုမှ အလောတကြီးမလုပ်ပါနဲ့။
PUBG မှာ ယာဉ်တစ်ခုခုကို အရှိန်ပြင်းပြင်းမောင်းနှင်ခြင်းက တစ်ချက်ကလေးတိမ်းမှောက်သွားတာနဲ့ သေဆုံးပြီး ကစားပွဲကထွက်သွားရနိုင်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေကို အရင်မဆန်းစစ်ပဲ အလောတကြီး သွားလာခြင်းကလည်း မြန်မြန်သေဖို့အကြောင်းရင်းတစ်ခုပါပဲ။ လက်တွေ့လောကကြီးမှာလည်း အလောတကြီး ဆုံးဖြတ်ချက်တွေ၊ အလျင်စလိုလုပ်ဆောင်တာတွေက အမှားတွေနဲ့ နောင်တတွေကိုပဲ ရရှိစေနိုင်ပါတယ်။

၇။ ပန်းတိုင်ဆီကို မလျှောက်လှမ်းပဲ မရောက်နိုင်ဘူး။
PUBG ကစားပွဲထဲမှာ အောင်မြင်မှုဟာ စက်ဝိုင်းအလယ်မှာ ရှိပါတယ်။ Safe Zone ထဲကို အမြဲတမ်း အရောက်သွားပြီး ရင်ဆိုင်တိုက်ခိုက်မှသာ အနိုင်ရမှာဖြစ်ပါတယ်။ အပစ်ခံရမှာကြောက်ပြီး ပုန်းနေမယ်ဆိုရင် အချည်းနှီးသေသွားမှာပါ။ ဘဝကစားပွဲမှာလည်း အောင်မြင်မှုဆိုတာက အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်လာနိုင်သူတွေပဲ ရရှိကြတာဖြစ်ပါတယ်။ အခက်အခဲတွေ၊ အပြောင်းအလဲတွေကို စိုးရိမ်ကြောက်လန့်နေမယ်ဆိုရင်တော့ သာမန်ဘဝမှာပဲ ရှင်သန်ပါ။

၈။ စောစောထတဲ့ ငှက်က အစာပိုစားရတယ်။
PUBG ကစားပွဲတစ်ခုမှာ အကောင်းဆုံး လက်နက်ပစ္စည်းတွေနဲ့ အထောက်အကူပစ္စည်းတွေ ရရှိဖို့ ဘယ်သူမှမရောက်သေးတဲ့နေရာတွေကို စောစောစီးစီး မြန်မြန်ဆန်ဆန် ရောက်ဖို့ လိုပါတယ်။ ဘဝမှာလည်း ဘာကိုပဲဖြစ်ဖြစ် ဝီရိယအားစိုက်ပြီး အခြားသူတွေထက်အရင် လက်ဦးမှုရအောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

၉။ အခြားသူတွေရဲ့ အမှားကနေ သင်ခန်းစားယူပါ။
တစ်ခါတစ်လေမှာ Supply drop ချတဲ့ နေရာကို အသည်းအသန်ပြေးသွားမယ့်အစား တခြားသူတွေ ရောက်လာတာကို စောင့်ပါ။ သူတို့ကောက်နေတုန်း စောင့်ပစ်ပြီးမှ ကောက်ရင်လည်း လိုချင်တာတွေ ရနိုင်ပါတယ်။ ဒီလိုပါပဲ။ ဘဝမှာလည်း တစ်ခါတစ်လေမှာ တခြားသူတွေရဲ့ ခြေလှမ်းကို စောင့်ကြည့်လေ့လာတတ်ဖို့ လိုပါတယ်။ သူတို့လုပ်မိတဲ့ အမှားတွေကို ကိုယ်တိုင်မလုပ်မိအောင် ဆင်ခြင်ပြီး အောင်မြင်မှုကို ရယူပါ။

၁၀။ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း အရှုံးမပေးပါနဲ့။
PUBG ကစားတဲ့အခါ ပစ္စတိုတစ်လက်၊ ကျည်ဆံအနည်းငယ်လောက်လေးပဲ ရှိလို့ ရှုံးမယ်လို့ သတ်မှတ်လို့ မရပါဘူး။ သတိကြီးကြီးထားပြီး ကစားရင် အနိုင်ရနိုင်ပါသေးတယ်။ လက်တွေ့ဘဝမှာလည်း လိုအပ်ချက်တွေ များနေတာ၊ အခက်အခဲတွေရှိနေတာတွေကြောင့် အားမလျှော့လိုက်ပါနဲ့။ နည်းလမ်းအသစ်ရှာပြီး ကြိုးစားပါ။ အောင်မြင်မှုက သင့်အတွက်ပါပဲ။

၁၁။ အဆိုးဆုံးအမှားက အကောင်းဆုံးဆရာပါပဲ။
PUBG ကို စတင်ကစားသူတွေဟာ အမှားတွေလုပ်တတ်ကြပြီး ကစားပွဲကထွက်ရလေ့ရှိပါတယ်။ ဒါပေမယ့် ကစားတာအချိန်ကြာလာတာနဲ့အမျှ အမှားတွေက တဆင့်အတွေ့အကြုံတွေ ရလာပြီး ကျွမ်းကျင်လာကြပါတယ်။ လက်တွေ့လောကမှာလည်း အမှားတွေကြောင့် ကျရှုံးသွားနိုင်ပါတယ်။ ဒါပေမယ့် အမှားတွေကို သင်ခန်းစာယူပြီး ဆက်ကြိုးစားရင် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top