ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
မး-အိမ်ထောင်ရော ဘယ်တော့လောက်ပြုမယ်လို့ စဉ်းစားထားလဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: Yangonmedia
#Unicode Version#
မေး-လတ်တလောရိုက်ကူးဖြစ်တဲ့ ဇာတ်ကားတွေရှိရင်လည်းပြော ပြပေးပါ။
 ဖြေ-လတ်တလောကတော့ ''စိန်ဂေါ်လီမယောက်ျား''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါရိုက်တာက တော့ ကိုဇော်(အရုဏ်ဦး)ဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ကာရိုက်တာအသစ်တွေလည်းလုပ်ဖို့ စဉ်းစားထားတာတွေလည်းရှိပါတယ်။ နောက် ဆုဆု ပါဝင်ရိုက်ကူးထားတဲ့'' You ''ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးလည်း မကြာခင်ထွက်လာတော့မှာပါ။ အဲဒီဇာတ်ကားလေးထဲမှာတော့ ဆုဆု ကာရိုက်တာက တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်တယ်။ ချစ်သူရှိတယ်၊ ချစ်သူက ကိုယ်လိုတာတွေကို အစစအရာရာထောက်ပံ့ပေးတယ်၊ နောက်ပိုင်းမှာ ဆုဆုက ပိုအောင်မြင်ချင်လာတယ်၊ ပိုလှချင်လာတယ်၊ ငွေတွေလည်းပိုသုံးချင်လာတယ်၊ အဲမှာချစ်သူနဲ့ အဆင်မပြေတော့ဘဲ အခြားတစ်ယောက်နဲ့တွေ့တယ်၊ အခြားတစ်ယောက်က ကိုယ်လိုချင်တာတွေကို လုပ်ပေးတယ်။ အဲလိုပုံစံမျိုး ကာရိုက်တာလေးဖြစ်ပါတယ်။
မေး-ကိုသူရိယနဲ့ရော ဇာတ်ကားတွေတွဲရိုက်ဖြစ်လား။ အနုပညာနဲ့ပတ်သက်ပြီးတော့ရော တစ် ယောက်နဲ့တစ်ယောက် အကြံဉာဏ်ပေးဖြစ်တာမျိုးရှိလား။
ဖြေ-ကိုသူရိယနဲ့လည်း ဇာတ်ကားတွေ တောက်လျှောက်တွဲရိုက်ဖြစ်ပါတယ်။ အခုရိုက်နေတဲ့ ''စိန်ဂေါ်လီမယောကျ်ား''ဇာတ်ကားမှာလည်း ကိုသူရိယပါဝင်သရုပ်ဆောင်ထားပါတယ်။ အဓိက,က ဆုဆုတို့နှစ်ယောက်က ရင်းနှီးတော့ ဇာတ်ကားတွေတွဲရိုက်တဲ့အခါမှာလည်း အဆင်ပြေ ပါတယ်။ ကိုသူရိယက ဒီအနုပညာလောကထဲမှာ ဆုဆုထက်လည်း စီနီယာကျတာကြောင့် သင်ပေးတာတွေလည်း အများကြီးရှိပါတယ်။ သူ့ကိုဆိုလည်း ဆုဆုက ဘယ်ဇာတ်ကားမှာဆိုရင် ဘယ်လိုအဝတ်အစားလေးတွေနဲ့ပိုလိုက်တယ်၊ ဘယ်ကိုသွားရင် ဘယ်လိုဝတ် သင်တယ်ဆိုတာမျိုးပြောဖြစ်ပါတယ်။ ဆုဆုတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အမြဲလိုလို အကြံဉာဏ်ပေးဖြစ်ပါတယ်။ 
 မေး-အိမ်ထောင်ရော ဘယ်တော့လောက်ပြုမယ်လို့ စဉ်းစားထားလဲ။
ဖြေ-ဆုဆုတို့နှစ်ယောက် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ Plan  ချထားတာတွေတော့ ရှိပါတယ်။ စီစဉ်ထားတာလေးတွေလည်း ရှိပါတယ်။ တကယ်လို့ ယူဖို့နီးလာပြီဆိုရင်တော့ ပရိသတ်တွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။
မေး-တစ်ယောက်နဲ့တစ်ယောက်ရော တစ်ခါတလေမှာ အဆင်မပြေတာမျိုးတွေရှိလား။
ဖြေ-ဆုဆုတို့နှစ်ယောက်လည်း တစ်ခါတလေမှာ ရန်ဖြစ်တာတွေတော့ရှိပါတယ်။ ရန်မဖြစ်တဲ့ စုံတွဲတွေဆိုတာတော့ မရှိသလောက်ပါပဲ။ ဒါပေမဲ့ဆုဆုတို့နှစ်ယောက်က ရန်ဖြစ်တာ အရမ်းနည်းပါတယ်။ နှစ်ယောက်သား ပျော်နေတာများပါတယ်။ သူကစလိုက် ဆုဆုက စိတ်ကောက်လိုက် ပြန်ချော့လိုက်ပါပဲ။ သူကအရမ်းသည်းခံပါတယ်။ ဆုဆုကို စိတ်ချမ်းသာအောင်ထားတာ ကြောင့် ဆုဆုတို့နှစ်ယောက်အဆင်ပြေပါတယ်။ 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top