(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒီတစ္ေခါက္ေဖာ္ျပေပးမယ့္ ခရီးသြားေဆာင္းပါးေလးကေတာ့ ယခုႏွစ္မဂၤလာရာသီအတြင္း မိမိတို႔ရဲ႕ပ်ားရည္ဆမ္းခရီးကို ပဲရစ္မွာမွ အသားကုန္႐ိုမယ္လို႔စိတ္ကူးထားတဲ့ စုံတြဲေလးေတြအတြက္ပါ။ အဲ ... ႐ိုး႐ိုးခ်စ္သူရည္စားစုံတြဲေလးေတြလည္း ေလ့လာထားလို႔ရပါတယ္။

အခါအခြင့္သင့္လို႔သြားျဖစ္မယ္ဆို အေထာက္အကူျဖစ္ႏိုင္ပါတယ္။ ပဲရစ္ရဲ႕ဘယ္လိုေနရာေတြမွာ ဘယ္လိုပုံစံမ်ိဳးေတြနဲ႔ အခ်စ္အကၡရာထြင္းႏိုင္မလဲဆိုတာကိုေတာ့ ဆက္ၾကည့္လိုက္ၾကရေအာင္ပါ။

၁။ အီဖယ္ (Eiffel) ေမၽွာ္စင္ဆီ ညဘက္ လမ္းေလၽွာက္ထြက္ပါ

ဟုတ္ပါတယ္။ ညဘက္မွလမ္းေလၽွာက္ထြက္ပါ။ ၿပီးရင္ေတာ့ အီဖယ္တာဝါႀကီးကို ေနာက္ခံထားၿပီး ၾကည့္ခဲ့ဖူးသမၽွ ႐ုပ္ရွင္ဇာတ္ကားေတြရဲ႕ ဇာတ္ဝင္ခန္းေတြအတိုင္း ႐ိုပစ္လိုက္ၾကပါ။ ညနက္လာေလေလ မင္ျပာေရာင္ေကာင္းကင္ႀကီးရဲ႕ေအာက္က အီဖယ္တာဝါႀကီးက ေ႐ႊဝါေရာင္တလက္လက္ေတာက္ပလာေလပါ။ အဲဒီညရဲ႕ ညစာကိုေတာ့ ဆိုင္ႀကီးေတြမွာတက္စားမယ့္အစား အသားၫွပ္ေပါင္မုန္႔ေလးႏွစ္လုံး၊ ကိုလာေလးႏွစ္ဘူးေလာက္ကိုင္ၿပီး တာဝါႀကီးေဘး ႏွစ္ေယာက္ထိုင္အခ်ိန္ျဖဳန္းပစ္လိုက္ၾကပါ။ မေမ့ပါနဲ႔။ ညဘက္ပဲသြားပါ။

၂။ ေအးေအးေဆးေဆးနဲ႔အနားယူလို႔ေကာင္းတဲ့ လုဗ္ ျပတိုက္ (The Louvre Museum)

လုဗ္မွမပါရင္ သင္ ပဲရစ္သြားလည္ခဲ့တယ္ဆိုတဲ့ အမွတ္တရႀကီးကလည္း မျပည့္စုံေတာ့ပါဘူး။ လုဗ္ဆိုတာ ကမၻာ့အႀကီးဆုံးျပတိုက္ျဖစ္ၿပီး လုဗ္ရဲ႕စႀကၤန္တိုင္းမွာလည္း အတိတ္ကာလက အမွတ္ရဖြယ္ေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။ မ်က္ႏွာက်က္နဲ႔ေခါင္မိုးကိုေတာ့ မွန္ခ်ပ္ႀကီးေတြရယ္၊ ခမ္းနားတဲ့ ဗိသုကာလက္ရာေတြရယ္နဲ႔ ပုံေဖာ္တည္ေဆာက္ထားပါတယ္။ ဒီအရာေတြကပဲ လုဗ္ကို ခမ္းနားလွပၿပီးလည္ပတ္ခ်စ္စရာေကာင္းတဲ့ေနရာတစ္ခုအျဖစ္ ဖန္တီးေပးခဲ့ျခင္းျဖစ္ပါတယ္။

၃။ Cafe ginger မွာစားတဲ့ သက္သက္လြတ္ေန႔လည္စာ (A vegan lunch)

Cafe ginger ဆိုတာကေတာ့ ဆိုင္နာမည္ေပါ့ေနာ္။ vegan lunch ဆိုတာကို ဆီေလ်ာ္ေအာင္ဘာသာျပန္ရမယ္ဆိုရင္ေတာ့ သားသတ္လြတ္ပစၥည္းေတြခ်ည္းသုံးထားတဲ့အစားအေသာက္ျဖစ္ၿပီး တိရစၧာန္ထြက္ပစၥည္းေတြအားလုံးကိုလည္း ေရွာင္ၿပီးခ်က္ျပဳတ္ထားျခင္း ျဖစ္ပါတယ္။ ဒီ ginger cafe ဆိုတဲ့ဆိုင္ေလးမွာေတာ့ ဓာတုပစၥည္းလုံးဝမပါဝင္တဲ့ အစားအစာေတြရၿပီး တိရစၧာန္ကရတဲ့အရာေတြလည္း မပါဝင္ပါဘူး။ အရသာလည္းရွိပါတယ္။

စာေရးသူတို႔စုံတြဲသြားတုန္းကေတာ့ အဲဒီဆိုင္ကမုန္႔ေလးေတြကို မွာစားၾကည့္ၾကပါတယ္။ တိုဟူးေတြ၊ ဂ်င္းေတြ၊ ေဂၚဖီနဲ႔လုပ္ထားတဲ့မုန္႔ေတြ ... စုံလို႔ပါပဲ။ ျပန္႔က်ဲေနတဲ့ပန္းကန္ျပားေပၚမွာ သက္သက္လြတ္စာေတြနဲ႔ျပည့္လၽွံေနပါတယ္။ ဘာေတြပါလဲဆိုရင္ေတာ့ အနီေရာင္ေဂၚဖီထုပ္နဲ႔ ေ႐ႊဖ႐ုံေစ့၊ ပဲပင္ေပါက္၊ ဆန္ၫို၊ အေစ့မပါတဲ့စပ်စ္သီးေျခာက္၊ မုန္လာဥဝါနဲ႔ အႂကြပ္ေၾကာ္ေတြပါပါတယ္။ တကယ္အရသာရွိၿပီး အရမ္းစားလို႔ေကာင္းပါတယ္။ ေရာက္ရင္ေတာ့ ႏွစ္ေယာက္လုံးတစ္ခါေလာက္ စမ္းစားၾကည့္ၾကပါ။

၄။ တိတ္ဆိတ္ၿပီး ေလ့လာဖို႔ေကာင္းတဲ့ ဘုရားရွိခိုးေက်ာင္း စိန္႔ ဆဲလ္ပ္စ္

သင္ဟာစိတ္တည္ၿငိမ္ဖို႔လိုလာမယ္ဆိုရင္ ဒီေနရာေလးကိုၫႊန္းခ်င္ပါတယ္။ ၁၇ ရာစုပိုင္း ေရာမ - ကတ္သလစ္ဘာသာဝင္တို႔ရဲ႕ ဘုရားရွိခိုးေက်ာင္း စိန္႔ ဆဲလ္ပ္စ္ (SAINT-SULPICE) ရဲ႕ အဓိကေနရာေတာ္ေတာ္မ်ားမ်ားကို ေက်ာက္ျဖဴသားေတြနဲ႔ေဆာက္လုပ္ထားၿပီး အျခားေနရာေတြကိုေတာ့ သစ္သားေတြ ေ႐ႊရာင္ပြတ္လုံးတိုင္ေတြနဲ႔ပါ ဖန္တီးတည္ေဆာက္ထားပါတယ္။ တည္ၿငိမ္မႈကိုလိုလားၿပီး ေအးခ်မ္းမႈကိုရွာေဖြေနတဲ့ စုံတြဲေလးေတြအတြက္ ၫႊန္းေပးျခင္းျဖစ္ပါတယ္။

၅။ လမ္းေလၽွာက္ပါ

ဟုတ္ပါတယ္။ ႏွစ္ေယာက္အတူ လမ္းေလၽွာက္ပါ။ ႐ႈခင္းေတြ၊ ေလ့လာစရာေတြ၊ သမိုင္းဝင္အေဆာက္အဦးေတြ၊ ရပ္တန္႔ေငးေမာၾကည့္စရာ မကုန္ႏိုင္မခမ္းႏိုင္ေလာက္ေအာင္ မ်ားျပားလြန္းလွတဲ့ ပဲရစ္မွာလမ္းေလၽွာက္ရလို႔ ပင္ပမ္းတယ္ဆိုတာ မရွိပါဘူး။ သင္တို႔ႏွစ္ေယာက္စလုံးရဲ႕ အခ်စ္ဒီဂရီေတြျမင့္တက္လာေစဖို႔လည္း အေထာက္အကူျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:YoYarLay


#Unicode Version#

ဒီတစ်ခေါက်ဖော်ပြပေးမယ့် ခရီးသွားဆောင်းပါးလေးကတော့ ယခုနှစ်မင်္ဂလာရာသီအတွင်း မိမိတို့ရဲ့ပျားရည်ဆမ်းခရီးကို ပဲရစ်မှာမှ အသားကုန်ရိုမယ်လို့စိတ်ကူးထားတဲ့ စုံတွဲလေးတွေအတွက်ပါ။ အဲ ... ရိုးရိုးချစ်သူရည်စားစုံတွဲလေးတွေလည်း လေ့လာထားလို့ရပါတယ်။

အခါအခွင့်သင့်လို့သွားဖြစ်မယ်ဆို အထောက်အကူဖြစ်နိုင်ပါတယ်။ ပဲရစ်ရဲ့ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ အချစ်အက္ခရာထွင်းနိုင်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ အီဖယ် (Eiffel) မျှော်စင်ဆီ ညဘက် လမ်းလျှောက်ထွက်ပါ

ဟုတ်ပါတယ်။ ညဘက်မှလမ်းလျှောက်ထွက်ပါ။ ပြီးရင်တော့ အီဖယ်တာဝါကြီးကို နောက်ခံထားပြီး ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ဝင်ခန်းတွေအတိုင်း ရိုပစ်လိုက်ကြပါ။ ညနက်လာလေလေ မင်ပြာရောင်ကောင်းကင်ကြီးရဲ့အောက်က အီဖယ်တာဝါကြီးက ရွှေဝါရောင်တလက်လက်တောက်ပလာလေပါ။ အဲဒီညရဲ့ ညစာကိုတော့ ဆိုင်ကြီးတွေမှာတက်စားမယ့်အစား အသားညှပ်ပေါင်မုန့်လေးနှစ်လုံး၊ ကိုလာလေးနှစ်ဘူးလောက်ကိုင်ပြီး တာဝါကြီးဘေး နှစ်ယောက်ထိုင်အချိန်ဖြုန်းပစ်လိုက်ကြပါ။ မမေ့ပါနဲ့။ ညဘက်ပဲသွားပါ။

၂။ အေးအေးဆေးဆေးနဲ့အနားယူလို့ကောင်းတဲ့ လုဗ် ပြတိုက် (The Louvre Museum)

လုဗ်မှမပါရင် သင် ပဲရစ်သွားလည်ခဲ့တယ်ဆိုတဲ့ အမှတ်တရကြီးကလည်း မပြည့်စုံတော့ပါဘူး။ လုဗ်ဆိုတာ ကမ္ဘာ့အကြီးဆုံးပြတိုက်ဖြစ်ပြီး လုဗ်ရဲ့စြင်္ကန်တိုင်းမှာလည်း အတိတ်ကာလက အမှတ်ရဖွယ်တွေကို တွေ့မြင်နိုင်ပါတယ်။ မျက်နှာကျက်နဲ့ခေါင်မိုးကိုတော့ မှန်ချပ်ကြီးတွေရယ်၊ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေရယ်နဲ့ ပုံဖော်တည်ဆောက်ထားပါတယ်။ ဒီအရာတွေကပဲ လုဗ်ကို ခမ်းနားလှပပြီးလည်ပတ်ချစ်စရာကောင်းတဲ့နေရာတစ်ခုအဖြစ် ဖန်တီးပေးခဲ့ခြင်းဖြစ်ပါတယ်။

၃။ Cafe ginger မှာစားတဲ့ သက်သက်လွတ်နေ့လည်စာ (A vegan lunch)

Cafe ginger ဆိုတာကတော့ ဆိုင်နာမည်ပေါ့နော်။ vegan lunch ဆိုတာကို ဆီလျော်အောင်ဘာသာပြန်ရမယ်ဆိုရင်တော့ သားသတ်လွတ်ပစ္စည်းတွေချည်းသုံးထားတဲ့အစားအသောက်ဖြစ်ပြီး တိရစ္ဆာန်ထွက်ပစ္စည်းတွေအားလုံးကိုလည်း ရှောင်ပြီးချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ ဒီ ginger cafe ဆိုတဲ့ဆိုင်လေးမှာတော့ ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့ အစားအစာတွေရပြီး တိရစ္ဆာန်ကရတဲ့အရာတွေလည်း မပါဝင်ပါဘူး။ အရသာလည်းရှိပါတယ်။

စာရေးသူတို့စုံတွဲသွားတုန်းကတော့ အဲဒီဆိုင်ကမုန့်လေးတွေကို မှာစားကြည့်ကြပါတယ်။ တိုဟူးတွေ၊ ဂျင်းတွေ၊ ဂေါ်ဖီနဲ့လုပ်ထားတဲ့မုန့်တွေ ... စုံလို့ပါပဲ။ ပြန့်ကျဲနေတဲ့ပန်းကန်ပြားပေါ်မှာ သက်သက်လွတ်စာတွေနဲ့ပြည့်လျှံနေပါတယ်။ ဘာတွေပါလဲဆိုရင်တော့ အနီရောင်ဂေါ်ဖီထုပ်နဲ့ ရွှေဖရုံစေ့၊ ပဲပင်ပေါက်၊ ဆန်ညို၊ အစေ့မပါတဲ့စပျစ်သီးခြောက်၊ မုန်လာဥဝါနဲ့ အကြွပ်ကြော်တွေပါပါတယ်။ တကယ်အရသာရှိပြီး အရမ်းစားလို့ကောင်းပါတယ်။ ရောက်ရင်တော့ နှစ်ယောက်လုံးတစ်ခါလောက် စမ်းစားကြည့်ကြပါ။

၄။ တိတ်ဆိတ်ပြီး လေ့လာဖို့ကောင်းတဲ့ ဘုရားရှိခိုးကျောင်း စိန့် ဆဲလ်ပ်စ်

သင်ဟာစိတ်တည်ငြိမ်ဖို့လိုလာမယ်ဆိုရင် ဒီနေရာလေးကိုညွှန်းချင်ပါတယ်။ ၁၇ ရာစုပိုင်း ရောမ - ကတ်သလစ်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကျောင်း စိန့် ဆဲလ်ပ်စ် (SAINT-SULPICE) ရဲ့ အဓိကနေရာတော်တော်များများကို ကျောက်ဖြူသားတွေနဲ့ဆောက်လုပ်ထားပြီး အခြားနေရာတွေကိုတော့ သစ်သားတွေ ရွှေရာင်ပွတ်လုံးတိုင်တွေနဲ့ပါ ဖန်တီးတည်ဆောက်ထားပါတယ်။ တည်ငြိမ်မှုကိုလိုလားပြီး အေးချမ်းမှုကိုရှာဖွေနေတဲ့ စုံတွဲလေးတွေအတွက် ညွှန်းပေးခြင်းဖြစ်ပါတယ်။

၅။ လမ်းလျှောက်ပါ

ဟုတ်ပါတယ်။ နှစ်ယောက်အတူ လမ်းလျှောက်ပါ။ ရှုခင်းတွေ၊ လေ့လာစရာတွေ၊ သမိုင်းဝင်အဆောက်အဦးတွေ၊ ရပ်တန့်ငေးမောကြည့်စရာ မကုန်နိုင်မခမ်းနိုင်လောက်အောင် များပြားလွန်းလှတဲ့ ပဲရစ်မှာလမ်းလျှောက်ရလို့ ပင်ပမ်းတယ်ဆိုတာ မရှိပါဘူး။ သင်တို့နှစ်ယောက်စလုံးရဲ့ အချစ်ဒီဂရီတွေမြင့်တက်လာစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top