ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

နာမည္ေက်ာ္ ဒီဇိုင္နာမ်ားရဲ႕ လက္ရာဒီဇိုင္းမ်ား၊ နိုင္ငံေက်ာ္ အႏုပညာရွင္မ်ား၊ ေမာ္ဒယ္မ်ား၊ မိတ္ကပ္ပညာရွင္မ်ားရဲ႕ မိတ္ကပ္ဖန္တီးမႈလက္ရာမ်ားကို တေနရာတည္းမွာ ေလ့လာၾကည့္ရႈနိုင္မယ့္ ၆ ႀကိမ္ေျမာက္ Myanmar International Fashion Week ကို ဒီဇင္ဘာလအတြင္း ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

အဆိုပါ Myanmar International Fashion Week ကို ရန္ကုန္ၿမိဳ႕၊ ေ႐ႊထြဋ္တင္ကြင္းရွိ Hexagon Complex မွာ ဒီဇင္ဘာလ ၇ ရက္ေန႕ကေန ၉ ရက္ေန႕အထိ ၃ ရက္တာျပဳလုပ္မွာ ျဖစ္ကာ ဝင္ေၾကး အခမဲ့ျဖင့္ မည္သူမဆို ဝင္ေရာက္ၾကည့္ရႈနိုင္မွာ ျဖစ္ပါတယ္။

“Fashion Week ကို လုပ္လာတာ အခုဆိုရင္ ၆ ႀကိမ္ေျမာက္ ရွိပါၿပီ။ ရည္႐ြယ္ခ်က္ကေတာ့ Fashion ေလာကကို Promote လုပ္ရင္းနဲ႕ ေမာ္ဒယ္ေလာကကို တိုးတက္ေအာင္ လုပ္တာျဖစ္ပါတယ္။ အရင္ကဆိုရင္ ဒီဇိုင္နာဆိုတာ မရွိဘဲ အပ္ခ်ဳပ္တဲ့သူေတြပဲ ရွိခဲ့တယ္။ အဲဒါေၾကာင့္ ဒီဇိုင္နာရွိမွ ေမာ္ဒယ္ေလာကႀကီး တိုးတက္မွာျဖစ္လို႔ ဖက္ရွင္ေလာကကို Promote လုပ္တာျဖစ္ပါတယ္” လို႔ Myanmar International Fashion Week ကို စီစဥ္သူ ဂြၽန္လြင္က ေျပာပါတယ္။

ဒီပြဲမွာေတာ့ ျမန္မာနိုင္ငံမွ ေမာ္ဒယ္ေပါင္း ၁၂၀ ေက်ာ္နဲ႕ နာမည္ႀကီး မင္းသား မင္းသမီးမ်ားစြာ ပါဝင္သြားမယ္လို႔ သိရပါတယ္။ တျခားနိုင္ငံမ်ားမွာေတာ့ တႏွစ္ကို အနည္းဆုံး ၂ ႀကိမ္ခန႔္ ျပဳလုပ္က်င္းပေလ့ ရွိေပမယ့္ ျမန္မာနိုင္ငံမွာေတာ့ နိုင္ငံရဲ႕အေျခအေနအရ တႏွစ္မွာ တႀကိမ္သာ ျပဳလုပ္လို႔ရတယ္လို႔ သိရပါတယ္။

Myanmar International Fashion Week ကို ႏွစ္စဥ္က်င္းပေနတာ ယခုႏွစ္မွာေတာ့ ၆ ႀကိမ္ရွိၿပီျဖစ္ၿပီး ဒီႏွစ္မွာလည္း ထူးျခားမႈမ်ားနဲ႕အတူ ျပည္တြင္း ျပည္ပမွ အႏုပညာရွင္မ်ား တက္ေရာက္သြားမယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

နာမည်ကျော် ဒီဇိုင်နာများရဲ့ လက်ရာဒီဇိုင်းများ၊ နိုင်ငံကျော် အနုပညာရှင်များ၊ မော်ဒယ်များ၊ မိတ်ကပ်ပညာရှင်များရဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာများကို တနေရာတည်းမှာ လေ့လာကြည့်ရှုနိုင်မယ့် ၆ ကြိမ်မြောက် Myanmar International Fashion Week ကို ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ Myanmar International Fashion Week ကို ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်တာပြုလုပ်မှာ ဖြစ်ကာ ဝင်ကြေး အခမဲ့ဖြင့် မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

“Fashion Week ကို လုပ်လာတာ အခုဆိုရင် ၆ ကြိမ်မြောက် ရှိပါပြီ။ ရည်ရွယ်ချက်ကတော့ Fashion လောကကို Promote လုပ်ရင်းနဲ့ မော်ဒယ်လောကကို တိုးတက်အောင် လုပ်တာဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီဇိုင်နာဆိုတာ မရှိဘဲ အပ်ချုပ်တဲ့သူတွေပဲ ရှိခဲ့တယ်။ အဲဒါကြောင့် ဒီဇိုင်နာရှိမှ မော်ဒယ်လောကကြီး တိုးတက်မှာဖြစ်လို့ ဖက်ရှင်လောကကို Promote လုပ်တာဖြစ်ပါတယ်” လို့ Myanmar International Fashion Week ကို စီစဉ်သူ ဂျွန်လွင်က ပြောပါတယ်။

ဒီပွဲမှာတော့ မြန်မာနိုင်ငံမှ မော်ဒယ်ပေါင်း ၁၂၀ ကျော်နဲ့ နာမည်ကြီး မင်းသား မင်းသမီးများစွာ ပါဝင်သွားမယ်လို့ သိရပါတယ်။ တခြားနိုင်ငံများမှာတော့ တနှစ်ကို အနည်းဆုံး ၂ ကြိမ်ခန့် ပြုလုပ်ကျင်းပလေ့ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံရဲ့အခြေအနေအရ တနှစ်မှာ တကြိမ်သာ ပြုလုပ်လို့ရတယ်လို့ သိရပါတယ်။

Myanmar International Fashion Week ကို နှစ်စဉ်ကျင်းပနေတာ ယခုနှစ်မှာတော့ ၆ ကြိမ်ရှိပြီဖြစ်ပြီး ဒီနှစ်မှာလည်း ထူးခြားမှုများနဲ့အတူ ပြည်တွင်း ပြည်ပမှ အနုပညာရှင်များ တက်ရောက်သွားမယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top