(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ပုိလန္ႏုိင္ငံ၌ ျပဳလုပ္ မည့္ Miss Supranational 2018 ၿပိဳင္ပြဲသုိ႔ ျမန္မာႏုိင္ငံကုိယ္စားျပဳ အလွမယ္အျဖစ္ သြားေရာက္ယွဥ္ ၿပိဳင္မည့္အလွမယ္ေရႊအိမ္စည္ သည္ ယေန႔(ႏုိ၀င္ဘာ ၂၂ ရက္) တြင္ျမန္မာႏုိင္ငံမွ ထြက္ခြာမည္ ျဖစ္သည္။

ပုိလန္ႏုိင္ငံသုိ႔ ႏုိ၀င္ဘာ ၁၉ ရက္တြင္ သြားေရာက္ရန္စီစဥ္ ထားေသာ္လည္း ေရႊအိမ္စည္၏ က်န္းမာေရးအေျခအေနႏွင့္ Personal Case အတားအဆီးအ ေႏွာင့္အယွက္မ်ားေၾကာင့္ ရက္ ေရႊ႕ဆုိင္းခဲ့ရသည္ဟု ယင္းၿပိဳင္ပြဲ ကုိ ဦးစီးက်င္းပသည့္ Miss Golden Myanmar အဖြဲ႕အစည္း က ႏုိ၀င္ဘာ ၂၀ ရက္၌ သတင္း ထုတ္ျပန္သည္။

Miss Supranational ၿပိဳင္ပြဲ ၀င္ရန္ အခ်ိန္ေနာက္က်ေသာ္ လည္း ၿပိဳင္ပြဲဘက္ကခြင့္ျပဳခဲ့သည္ ဟု အထက္ပါအဖြဲ႕အစည္းက ေၾကညာထားသည္။ ယင္းၿပိဳင္ ပြဲကုိ ပုိလန္ႏုိင္ငံ၌ ဒီဇင္ဘာ ၇ ရက္တြင္ျပဳလုပ္မည္ျဖစ္သည္။

ယင္းၿပိဳင္ပဲြတြင္ ရခုိင္အေရး ႏွင့္ပတ္သက္၍ ေမးျမန္းမႈမ်ားရွိ ပါက ၎အေနျဖင့္ ေျပာျပမည္ ျဖစ္ေၾကာင္း ေရႊအိမ္စည္က BBC Burmese သတင္းဌာနႏွင့္ အင္ တာဗ်ဴး၌ ေျဖၾကားထားသည္။

ယင္းၿပိဳင္ပြဲသည္ ေရႊအိမ္ စည္အတြက္ ႏုိင္ငံတကာအလွ မယ္ၿပိဳင္ပြဲသုိ႔ ႏုိင္ငံကုိယ္စားျပဳ အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံရသည္မွာ ဒုတိယအ ႀကိမ္ျဖစ္ၿပီး ၂၀၁၇ က Miss Grand International အျဖစ္ေရြး ခ်ယ္ခံရေသာ္လည္း ၿပိဳင္ပြဲသြား ရန္ ရက္ပိုင္းအလုိတြင္ သရဖူ႐ုပ္ သိမ္းခံရေသာေၾကာင့္ သြား ေရာက္ယွဥ္ၿပိဳင္ႏုိင္ျခင္း မရွိေပ။

‘‘အိမ္စည္ကေတာ့ အ ေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစား ေနတယ္။ ဆုလည္းရခ်င္ပါတယ္။ ဒီဟာက Big 5 ထဲမွာလည္းပါ တယ္။ ပြဲႀကီးတစ္ခုလည္းျဖစ္တဲ့ အတြက္ ရသြားရင္ေတာ့ အတိုင္း မသိေပါ့’’ ဟု Miss Supranational 2018 ၿပိဳင္ပြဲႏွင့္ပတ္သက္ ၍ ေရႊအိမ္စည္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ပိုလန်နိုင်ငံ၌ ပြုလုပ် မည့် Miss Supranational 2018 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ် ပြိုင်မည့်အလှမယ်ရွှေအိမ်စည် သည် ယနေ့(နိုဝင်ဘာ ၂၂ ရက်) တွင်မြန်မာနိုင်ငံမှ ထွက်ခွာမည် ဖြစ်သည်။

ပိုလန်နိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက်တွင် သွားရောက်ရန်စီစဉ် ထားသော်လည်း ရွှေအိမ်စည်၏ ကျန်းမာရေးအခြေအနေနှင့် Personal Case အတားအဆီးအ နှောင့်အယှက်များကြောင့် ရက် ရွှေ့ဆိုင်းခဲ့ရသည်ဟု ယင်းပြိုင်ပွဲ ကို ဦးစီးကျင်းပသည့် Miss Golden Myanmar အဖွဲ့အစည်း က နိုဝင်ဘာ ၂၀ ရက်၌ သတင်း ထုတ်ပြန်သည်။

Miss Supranational ပြိုင်ပွဲ ဝင်ရန် အချိန်နောက်ကျသော် လည်း ပြိုင်ပွဲဘက်ကခွင့်ပြုခဲ့သည် ဟု အထက်ပါအဖွဲ့အစည်းက ကြေညာထားသည်။ ယင်းပြိုင် ပွဲကို ပိုလန်နိုင်ငံ၌ ဒီဇင်ဘာ ၇ ရက်တွင်ပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ရခိုင်အရေး နှင့်ပတ်သက်၍ မေးမြန်းမှုများရှိ ပါက ၎င်းအနေဖြင့် ပြောပြမည် ဖြစ်ကြောင်း ရွှေအိမ်စည်က BBC Burmese သတင်းဌာနနှင့် အင် တာဗျူး၌ ဖြေကြားထားသည်။

ယင်းပြိုင်ပွဲသည် ရွှေအိမ် စည်အတွက် နိုင်ငံတကာအလှ မယ်ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည်မှာ ဒုတိယအ ကြိမ်ဖြစ်ပြီး ၂၀၁၇ က Miss Grand International အဖြစ်ရွေး ချယ်ခံရသော်လည်း ပြိုင်ပွဲသွား ရန် ရက်ပိုင်းအလိုတွင် သရဖူရုပ် သိမ်းခံရသောကြောင့် သွား ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

‘‘အိမ်စည်ကတော့ အ ကောင်းဆုံးဖြစ်အောင် ကြိုးစား နေတယ်။ ဆုလည်းရချင်ပါတယ်။ ဒီဟာက Big 5 ထဲမှာလည်းပါ တယ်။ ပွဲကြီးတစ်ခုလည်းဖြစ်တဲ့ အတွက် ရသွားရင်တော့ အတိုင်း မသိပေါ့’’ ဟု Miss Supranational 2018 ပြိုင်ပွဲနှင့်ပတ်သက် ၍ ရွှေအိမ်စည်က ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top