ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

‘၀ဲ’ သီခ်င္းျဖင့္ ပရိသတ္ အားေပးမႈရရွိထားသည့္ အဆုိ ေတာ္ Mary က ‘သန္းေခါင္ယံ အေတြးမ်ား’ဟု အမည္ေပးထား သည့္ ပထမဆုံးတစ္ကိုယ္ေတာ္ အေခြကို ဒီဇင္ဘာ ၂ ရက္တြင္ျဖန္႔ ခ်ိမည္ျဖစ္သည္။


‘‘Mary က အယ္လ္ဘမ္ ထြက္ရင္ Theme နဲ႔သြားခ်င္ တယ္။ ေမွာင္တယ္ဆုိရင္လည္း အကုန္လုံးေမွာင္ခ်င္တယ္။ လင္း တယ္ဆုိရင္လည္း အကုန္လုံး လင္းခ်င္တယ္။ ပထမဆုံးလုပ္တဲ့ ဟာေလးကုိ အေမွာင္ဘက္သြား ခ်င္တယ္ဆုိၿပီး ညဘက္မွတစ္ ေယာက္တည္းျဖစ္တဲ့အခ်ိန္ေတြး တဲ့အေၾကာင္းေလးေတြ၊ ဘယ္သူ႔ မွရင္မဖြင့္လုိက္ရဘဲ ရင္ထဲမွာ သိမ္းထားတဲ့အိပ္ရာ၀င္တဲ့အခ်ိန္ မွာ နားေထာင္လုိ႔ရတဲ့သီခ်င္း ေလးေတြထည့္ထားပါတယ္’’ ဟု Mary ကေျပာသည္။

ယင္းအေခြတြင္ အြန္လုိင္း တြင္ျဖန္႔ခ်ိခဲ့သည့္ ‘၀ဲ’သီခ်င္းအပါ အ၀င္ သီခ်င္းငါးပုဒ္ကုိ ဗားရွင္း အသစ္ျဖင့္ ထည့္ထားၿပီး သီခ်င္း သစ္ရွစ္ပုဒ္စုစုေပါင္း ၁၃ ပုဒ္ပါ၀င္ မည္ျဖစ္ေၾကာင္း ၎ကဆုိသည္။

ယင္းအေခြတြင္ပါ၀င္သည့္ သီခ်င္းမ်ားသည္ ၎ကုိယ္တိုင္ ေရး စပ္ထားသည့္သီခ်င္းအမ်ားစု ပါ၀င္ၿပီး ဂီတအမ်ိဳးအစားအစုံပါ ၀င္ေၾကာင္း Mary ကေျပာသည္။

‘‘ျမဴးတဲ့ဟာထက္ အသည္း ပဲကြဲတဲ့သီခ်င္းေတြမဟုတ္ဘဲ အ သည္းမကြဲတဲ့သီခ်င္းေတြလည္း ပါပါတယ္။ Mary က အၿမဲ ေျပာင္းလဲေနမွာပါ။ တစ္ေနရာ တည္းမွာ မရပ္ခ်င္ဘူး။ သီခ်င္း ေတြလည္း တစ္ပုံစံတည္းမလုပ္ ခ်င္ဘူး။ အမ်ားႀကီးလုပ္ခ်င္ တယ္။ အဲဒါကို ပရိသတ္ေတြ လည္း လက္ခံေစခ်င္တယ္’’ ဟု Mary ကေျပာသည္။

ယင္းအေခြျဖန္႔ခ်ိမည့္ဒီဇင္ ဘာ ၂ ရက္တြင္ ရန္ကုန္ၿမိဳ႕လွည္း တန္းစင္တာ၌ ပ႐ုိမုိးရွင္းပြဲျပဳလုပ္ မည္ျဖစ္ေၾကာင္း ၎ကေျပာ သည္။ ‘သန္းေခါင္ယံအေတြးမ်ား’ အေခြကုိ အြန္လုိင္းမွႀကိဳတင္မွာ ယူႏုိင္ရန္ စီစဥ္ေပးမည္ျဖစ္ၿပီး ယခုရက္ပိုင္းတြင္ ၎၏ Fan Page မွေၾကညာမည္ဟု ၎က ဆုိသည္။

ဂီတမ်ိဳး႐ုိးမရွိေသာေၾကာင့္ တစ္ကိုယ္ေတာ္အေခြထြက္ရွိႏုိင္ ရန္ အခက္အခဲမ်ားႀကံဳခဲ့ရၿပီး ယင္းအေခြကုိ အရည္အေသြးေကာင္း ေကာင္းျပဳလုပ္ထားေသာေၾကာင့္ ပရိသတ္မ်ားအေနျဖင့္ အေခြအ စစ္ကို ၀ယ္ယူအားေပးေစလုိ ေၾကာင္း Mary က ေျပာသည္။

အဆုိေတာ္ Mary သည္ ဂီတေလာကသို႔ ‘၀ဲ’သီခ်င္းျဖင့္ စတင္၀င္ေရာက္ခဲ့ၿပီး ပထမဆုံး အြန္လိုင္းမွ ျဖန္႔ခ်ိသည့္သီခ်င္းျဖင့္ ပင္ ပရိသတ္အားေပးမႈရရွိခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

‘ဝဲ’ သီချင်းဖြင့် ပရိသတ် အားပေးမှုရရှိထားသည့် အဆို တော် Mary က ‘သန်းခေါင်ယံ အတွေးများ’ဟု အမည်ပေးထား သည့် ပထမဆုံးတစ်ကိုယ်တော် အခွေကို ဒီဇင်ဘာ ၂ ရက်တွင်ဖြန့် ချိမည်ဖြစ်သည်။


‘‘Mary က အယ်လ်ဘမ် ထွက်ရင် Theme နဲ့သွားချင် တယ်။ မှောင်တယ်ဆိုရင်လည်း အကုန်လုံးမှောင်ချင်တယ်။ လင်း တယ်ဆိုရင်လည်း အကုန်လုံး လင်းချင်တယ်။ ပထမဆုံးလုပ်တဲ့ ဟာလေးကို အမှောင်ဘက်သွား ချင်တယ်ဆိုပြီး ညဘက်မှတစ် ယောက်တည်းဖြစ်တဲ့အချိန်တွေး တဲ့အကြောင်းလေးတွေ၊ ဘယ်သူ့ မှရင်မဖွင့်လိုက်ရဘဲ ရင်ထဲမှာ သိမ်းထားတဲ့အိပ်ရာဝင်တဲ့အချိန် မှာ နားထောင်လို့ရတဲ့သီချင်း လေးတွေထည့်ထားပါတယ်’’ ဟု Mary ကပြောသည်။

ယင်းအခွေတွင် အွန်လိုင်း တွင်ဖြန့်ချိခဲ့သည့် ‘ဝဲ’သီချင်းအပါ အဝင် သီချင်းငါးပုဒ်ကို ဗားရှင်း အသစ်ဖြင့် ထည့်ထားပြီး သီချင်း သစ်ရှစ်ပုဒ်စုစုပေါင်း ၁၃ ပုဒ်ပါဝင် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအခွေတွင်ပါဝင်သည့် သီချင်းများသည် ၎င်းကိုယ်တိုင် ရေး စပ်ထားသည့်သီချင်းအများစု ပါဝင်ပြီး ဂီတအမျိုးအစားအစုံပါ ဝင်ကြောင်း Mary ကပြောသည်။

‘‘မြူးတဲ့ဟာထက် အသည်း ပဲကွဲတဲ့သီချင်းတွေမဟုတ်ဘဲ အ သည်းမကွဲတဲ့သီချင်းတွေလည်း ပါပါတယ်။ Mary က အမြဲ ပြောင်းလဲနေမှာပါ။ တစ်နေရာ တည်းမှာ မရပ်ချင်ဘူး။ သီချင်း တွေလည်း တစ်ပုံစံတည်းမလုပ် ချင်ဘူး။ အများကြီးလုပ်ချင် တယ်။ အဲဒါကို ပရိသတ်တွေ လည်း လက်ခံစေချင်တယ်’’ ဟု Mary ကပြောသည်။

ယင်းအခွေဖြန့်ချိမည့်ဒီဇင် ဘာ ၂ ရက်တွင် ရန်ကုန်မြို့လှည်း တန်းစင်တာ၌ ပရိုမိုးရှင်းပွဲပြုလုပ် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။ ‘သန်းခေါင်ယံအတွေးများ’ အခွေကို အွန်လိုင်းမှကြိုတင်မှာ ယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး ယခုရက်ပိုင်းတွင် ၎င်း၏ Fan Page မှကြေညာမည်ဟု ၎င်းက ဆိုသည်။

ဂီတမျိုးရိုးမရှိသောကြောင့် တစ်ကိုယ်တော်အခွေထွက်ရှိနိုင် ရန် အခက်အခဲများကြုံခဲ့ရပြီး ယင်းအခွေကို အရည်အသွေးကောင်း ကောင်းပြုလုပ်ထားသောကြောင့် ပရိသတ်များအနေဖြင့် အခွေအ စစ်ကို ဝယ်ယူအားပေးစေလို ကြောင်း Mary က ပြောသည်။

အဆိုတော် Mary သည် ဂီတလောကသို့ ‘ဝဲ’သီချင်းဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ပထမဆုံး အွန်လိုင်းမှ ဖြန့်ချိသည့်သီချင်းဖြင့် ပင် ပရိသတ်အားပေးမှုရရှိခဲ့ သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top