ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေအာက္တိုဘာလ ၂၉ ရက္ေန႕တြင္ Lion Air ေလေၾကာင္းမွ ခရီးစဥ္အမွတ္ ၆၁၀ ပင္လယ္တြင္းသို႔ ပ်က္က်သြားခဲ့သည့္ အခ်ိန္တြင္ ေဒၚလာဘီလီယံမ်ားစြာတန္ေသာ ေလယာဥ္ ေအာ္ဒါမွာယူမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း အေရွ႕ေတာင္အာရွႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးလုပ္ငန္း အသိုင္းအဝိုင္းအျပင္ဘက္တြင္ လူသိနည္းသည့္ တန္ဖိုးနည္း ေလေၾကာင္းလိုင္းတခု ျဖစ္သည့္ Lion Air အေပၚ နိုင္ငံတကာက အာ႐ုံစိုက္မိလာခဲ့သည္။

ႏွစ္ ၂၀ မရွိသည့္ အခ်ိန္အတြင္းတြင္ Lion Air က အင္ဒိုနီးရွားနိုင္ငံ၏ ထိပ္တန္းေလေၾကာင္း ကုမၸဏီ ျဖစ္လာခဲ့သည္။ ၂၀၁၇ ခုႏွစ္တြင္ ပထမဆုံးအေနျဖင့္ ျပည္တြင္း ေလေၾကာင္း ခရီးစဥ္မ်ား၏ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို ရရွိခဲ့သည္ဟု CAPA Center for Aviation ၏ အဆိုအရ သိရသည္။ ေလယာဥ္ အစီးေရအရ ၾကည့္မည္ဆိုလွ်င္ အေရွ႕ေတာင္အာရွတြင္ အႀကီး ဆုံး ေလေၾကာင္းကုမၸဏီအုပ္စုလည္း ျဖစ္လာသည္။ ၾသဂုတ္လ ၁ ရက္ေန႕ အထိ ေျပးဆြဲေနသည့္ ေလယာဥ္ ၃၀၂ စီးရွိရာ ဒုတိယေနရာတြင္ ရွိေနသည့္ Air Asia ထက္ အစီး ၁၀၀ နီးပါး ပိုမ်ားေန ေၾကာင္း CAPA က ဆိုသည္။

Lion Air က ေလယာဥ္ဝယ္ယူမႈမ်ားသည့္ ကုမၸဏီလည္း ျဖစ္သည္။ ယခုႏွစ္ စက္တင္ဘာလအထိ Lion Air က အာရွ-ပစိ ဖိတ္မွ ေလေၾကာင္းလိုင္းမ်ားထဲတြင္ ေလယာဥ္မွာယူမႈ ဒုတိယ အမ်ားဆုံးျဖစ္ၿပီး အေမရိကန္ေဒၚလာ ၂၄ ဘီလီယံ တန္ သည့္ ေလယာဥ္ ၃၆၉ စီး ပို႔ေပးျခင္းကို ေစာင့္ဆိုင္းေနေၾကာင္း Airfinance ဂ်ာနယ္မွ ေလ့လာဆန္းစစ္သူ တဦးက ေျပာ သည္။

လူ ၁၈၉ ေယာက္ ေသဆုံးခဲ့ရသည့္ ေလယာဥ္ပ်က္က်ရျခင္းအေၾကာင္းရင္းကို အင္ဒိုနီးရွား အာဏာပိုင္မ်ားက စုံစမ္းစစ္ ေဆးမႈမ်ား ဆက္လက္ ျပဳလုပ္ေနသည့္ ယခုအခ်ိန္တြင္ ေလ့လာေစာင့္ၾကည့္သူမ်ားက လွ်ို႔ဝွက္ေသာ ပုဂၢလိကပိုင္ ေလေၾကာင္းလိုင္းတခု၏ ပုံရိပ္ကို အမ်ားျပည္သူသိသည့္ ရွားရွားပါးပါးသတင္း အခ်က္အလက္မ်ားမွတဆင့္ ဆက္စပ္ ၾကည့္ရန္ ျဖစ္လာခဲ့သည္။

အင္ဒိုနီးရွားနိုင္ငံမွ တန္ဖိုးနည္း ေလေၾကာင္းလိုင္းမ်ားျဖစ္သည့္ Lion Air ႏွင့္ Wings Air ၊ ဝန္ေဆာင္မႈအျပည့္ေပးသည့္ ေလေၾကာင္းလိုင္းျဖစ္ေသာ Batik Air တို႔ပါဝင္သလို မေလးရွားနိုင္ငံမွ တန္ဖိုးနည္းေလေၾကာင္းလိုင္း ျဖစ္သည့္ Malindo Air ႏွင့္ ထိုင္းနိုင္ငံမွ Thai Lion Air တို႔လည္းပါဝင္သည့္ ကုမၸဏီအုပ္စု၏ အေသးစိတ္အခ်က္မ်ားက မွတ္တမ္းမွတ္ရာ အျပည့္စုံဆုံးျဖစ္သည္။

Lion Air ကို ၁၉၉၉ ခုႏွစ္တြင္ Rusdi ႏွင့္ Kusnan Kirana ညီအစ္ကို ၂ ေယာက္က ထူေထာင္ခဲ့သည္။ သမၼတ ဆူဟာတို အစိုးရ ျပဳတ္က်သြားခဲ့ၿပီး မ်ားမၾကာမီတြင္ ျဖစ္သည္။ ဆူဟာတို အစိုးရ ျပဳတ္က်သြားျခင္းက ေလေၾကာင္းလုပ္ငန္းကို အစိုးရက လက္ဝါးႀကီးအုပ္ထားျခင္းကို အဆုံးသတ္ေစခဲ့သည္။ ေနာက္တႏွစ္ အၾကာတြင္ သူတို႔ေလေၾကာင္းလိုင္းက ပ်ံသန္းမႈမ်ား စတင္ခဲ့သည္။

သူတို႔ ညီအစ္ကိုက အလယ္အလတ္တန္းစား ေနာက္ခံမွ လာသူမ်ားျဖစ္ၾကသည္။ Kusnan ႏွင့္ ပတ္သက္၍ အနည္းငယ္ မွ်သာ သိၾကေသာ္လည္း ယခုအခါ အသက္ ၅၅ ႏွစ္ ရွိၿပီျဖစ္ေသာ Rusdi က တကၠသိုလ္ေက်ာင္းသား ဘဝတြင္ ဂ်ကာတာ မွ Soekarno-Hatta ေလဆိပ္တြင္ လက္မွတ္ေရာင္းသမားအျဖစ္ အခ်ိန္ပိုင္း အလုပ္လုပ္ခဲ့ဖူးသည္။ Lion Air ကို မတည္ ေထာင္မီ သူတို႔ ညီအစ္ကိုက Lion Tours အမည္ရွိ ခရီးသြားေအဂ်င္စီတခုကို ပိုင္ဆိုင္လုပ္ကိုင္ခဲ့ၾကသည္။

အင္ဒိုနီးရွားႏွင့္ အျခားေသာ အေရွ႕ေတာင္အာရွနိုင္ငံမ်ား ပိုမိုခ်မ္းသာႂကြယ္ဝလာၾကၿပီး ေလယာဥ္ျဖင့္ ခရီးသြားလာျခင္း စတင္၍ ပိုမ်ားလာသည့္ အခ်ိန္တြင္ “We Make People Fly” ဆိုသည့္ ေဆာင္ပုဒ္ေအာက္တြင္ Lion အုပ္စု၏ စီးပြားေရးက အရွိန္ရလာခဲ့သည္။ ၂၀၁၁ ခုႏွစ္တြင္ Boeing ကုမၸဏီ ယခင္က မရဖူးသည့္ အမ်ားဆုံးအေနျဖင့္ ေလယာဥ္ ၂၃၀ အတြက္ အေမရိကန္ ေဒၚလာ ၂၁.၇ ဘီလီယံ တန္ ေအာ္ဒါရရွိခဲ့သည့္ အခ်ိန္တြင္ Lion အုပ္စုက ကမာၻ႔သတင္းေခါင္းစဥ္မ်ားေပၚ ေရာက္ရွိခဲ့သည္။

လက္မွတ္ေရးထိုးပြဲ အခန္းအနားသို႔ တက္ေရာက္ရန္ ထိုစဥ္က အေမရိကန္သမၼတ Barack Obama ဘာလီသို႔ လာ ေရာက္ခဲ့သည္။ ၂၀၁၃ ခုႏွစ္တြင္ Lion က ဥေရာပမွ Airbus ကုမၸဏီထံမွ A320 အမ်ိဳးအစား ေလယာဥ္ ၂၃၄ စီးဝယ္ယူ ရန္ အေမရိကန္ေဒၚလာ ၂၄ ဘီလီယံတန္ သေဘာတူညီခ်က္တခု ျပဳလုပ္ခဲ့ျပန္သည္။ အဆိုပါ သေဘာတူညီခ်က္ကို ပါရီ ရွိ Elysee နန္းေတာ္၌ လက္မွတ္ထိုးသည့္အခါတြင္ ထိုစဥ္က ျပင္သစ္သမၼတ Francois Hollande က အသိသက္ေသျပဳ တက္ေရာက္ခဲ့သည္။

Lion အုပ္စုက ေလယာဥ္အေရအတြက္ႏွင့္ စီးပြားေရးကို လွ်င္ျမန္စြာ တိုးခ်ဲ့သလို Rusdi က နိုင္ငံေရးသို႔ ဝင္ေရာက္ခဲ့သည္။ အာဏာရ ၫႊန႔္ေပါင္း အဖြဲ႕ဝင္တခု ျဖစ္သည့္ National Awakening ပါတီ၏ ဒုတိယ ဥကၠဌ အျဖစ္ ၂၀၁၄ ခုႏွစ္တြင္ ခန႔္ အပ္ျခင္းခံခဲ့ရသည္။ ထို႔ေနာက္ သမၼတ Joko Widodo ၏ အႀကံေပးတဦး ျဖစ္လာသည္။ ယခုႏွစ္ အေစာပိုင္းတြင္ မေလးရွားနိုင္ငံ ဆိုင္ရာ အင္ဒိုနီးရွား သံအမတ္ႀကီး တာဝန္ကို ထမ္းေဆာင္ရန္ အတြက္ ထိုရာထူးကို သူက စြန႔္လႊတ္ခဲ့သည္။

အင္ဒိုနီးရွားနိုင္ငံ၏ Commission for the Supervisory of Business Competition မွ ရရွိသည့္ ၂၀၁၀ ခုႏွစ္ က စာ႐ြက္ စာတမ္းမ်ားအရ Rusdi က Lion Air ေအာ္ပေရတာျဖစ္ေသာ PT Lion Mentari Airlines ၏ အစုရွယ္ယာ ၄၅ ရာခိုင္ႏႈန္း ကို ပိုင္ဆိုင္ထားၿပီး က်န္ ၅၅ ရာခိုင္ႏႈန္းကို Kusnan က ပိုင္ဆိုင္သည္။ ပိုင္ဆိုင္မႈ အခ်ိဳးအစားက ယခုအခ်ိန္အထိ ထို အတိုင္းရွိေနသည္ ဟု ယူဆရပါသည္။ Rusdi ႏွင့္ Kusnan တို႔က Wings Air ၏ ေအာ္ပေရတာ ျဖစ္ေသာ Wings Abadi Airlines ၏ အစုရွယ္ယာ ၅၀ ရာခိုင္ႏႈန္းစီ ပိုင္ဆိုင္ထားၾကသည္။

သူတို႔ ညီအစ္ကို ၂ ဦးကို Forbes မဂၢဇင္းက စုစုေပါင္း အသားတင္ ခ်မ္းသာႂကြယ္ဝမႈ အေမရိကန္ေဒၚလာ သန္း ၉၇၀ ျဖင့္ အင္ဒိုနီးရွားနိုင္ငံ၏ အခ်မ္းသာဆုံး လူ ၅၀ တြင္ အမွတ္စဥ္ ၃၃ အျဖစ္ ၿပီးခဲ့သည့္ ႏွစ္က သတ္မွတ္ခဲ့သည္။ သို႔ေသာ္လည္း Forbes မဂၢဇင္း၏ ေနာက္ဆုံး ခန႔္မွန္းခ်က္တြင္ သူတို႔၏ ခ်မ္းသာႂကြယ္ဝမႈက ေဒၚလာ သန္း၅၂၀ သို႔ က်ဆင္းသြားခဲ့သည္။ ထိုသို႔ က်ဆင္းရျခင္းမွာ အင္ဒိုနီးရွားေငြ ႐ူပီးယားတန္ဖိုးက်ဆင္းျခင္းေၾကာင့္လည္း တစိတ္တပိုင္း ပါဝင္သည္။

ေလယာဥ္ခ ေဈးသက္သာျခင္းက Lion အုပ္စုကို ေလေၾကာင္းလုပ္ငန္း ေရွ႕ေဆာင္သူ အျဖစ္သို႔ ေရာက္ရွိေစခဲ့သည္။ မၾကာခဏဆိုသလို ေလွ်ာ့ေဈးမ်ားေပးျခင္းႏွင့္ ေဒသတြင္းမွ တန္ဘိုးနည္းေလေၾကာင္းလိုင္း အမ်ားအျပားႏွင့္ ယွဥ္လွ်င္ ေဈးႏႈန္းအရ အားသာခ်က္ျဖစ္ေအာင္ ျပဳလုပ္ျခင္းမ်ားအားျဖင့္ ဝင္ေငြနည္းေသာ၊ ဝင္ေငြ အလယ္အလတ္ရွိေသာ အင္ဒိုနီးရွား နိုင္ငံသားမ်ားအတြက္ အဆင္အေျပဆုံး ေလေၾကာင္းလိုင္းတခု ျဖစ္လာသည္။

သို႔ေသာ္လည္း ေလယာဥ္ အေရအတြက္ကိုေရာ စီးပြားေရးလုပ္ငန္းကိုပါ အလွ်င္အျမန္တိုးခ်ဲ့ျခင္းက ေပးဆပ္ရမည့္ တန္ဖိုးတခု ရွိေနနိုင္ပါသည္။ ျပည္တြင္း မီဒီယာမွ သတင္းမ်ားအရ ၂၀၁၆ ႏွင့္ ၂၀၁၇ တို႔တြင္ Lion အုပ္စု ေငြေၾကးမ်ား ဆုံး ရႈံးခဲ့ေၾကာင္း သိရသည္။

“သမိုင္းေၾကာင္းအရ ေျပာရမယ္ဆိုရင္ ေလေၾကာင္းလိုင္းတခုက အလွ်င္အျမန္ တိုးခ်ဲ့တဲ့အခ်ိန္မွာ ေဘးကင္းလုံၿခဳံမႈကိစၥ က အႏၲရာယ္အရွိဆုံး ျဖစ္လာပါတယ္” ဟု ဂ်ပန္နိုင္ငံ J.F. Oberlin တကၠသိုလ္မွ ပါေမာကၡႏွင့္ ေလေၾကာင္းလုပ္ငန္း ကြၽမ္းက်င္သူ တဦးျဖစ္ေသာ Ryu Tanji က ေျပာသည္။ “သင့္ေတာ္တဲ့ ေကာ္ပိုရိတ္ ဖြဲ႕စည္းပုံနဲ႕ စနစ္တခုကို ထိန္းသိမ္း ထားဖို႔ အလြန္ကို ခက္ခဲလာပါတယ္။ အဲဒါက ေဘးကင္းလုံၿခဳံေရးဆိုင္ရာ က်ဆင္းမႈကို ဦးတည္သြားေစပါတယ္။”

ေအာက္တိုဘာ ၂၉ ရက္ေန႕ ေလယာဥ္ပ်က္က်ျခင္းက ၂၀၀၄ ခုႏွစ္က အလယ္ဂ်ာဗားျပည္နယ္၏ ၿမိဳ႕ေတာ္ Solo တြင္ ကြင္းဆင္းခ်ိန္၌ အမွားအယြင္းရွိခဲ့သည့္အတြက္ လူ ၂၅ ဦး ေသဆုံးခဲ့ရၿပီး ေနာက္ပိုင္းတြင္ Lion Air အတြက္ ပထမဆုံး လူအေသအေပ်ာက္ရွိခဲ့သည့္ အျဖစ္အပ်က္ျဖစ္ပါသည္။ သို႔ေသာ္လည္း Lion Air က ေဘးကင္းလုံၿခဳံမႈႏွင့္ ပတ္သက္၍ အနာအဆာမ်ားေသာ မွတ္တမ္းတခု ရွိေနခဲ့သည္။ ေျပးလမ္းကို ေက်ာ္လြန္သြားျခင္း အပါအဝင္ အေသးစား မေတာ္တဆ မႈမ်ား အမ်ားအျပား ရွိခဲ့သည္။ လူသိအမ်ားဆုံး ျဖစ္ရပ္မွာ ၂၀၁၃ ခုႏွစ္က ခရီးသည္ ၁၀၈ ဦးကို သယ္ေဆာင္လာေသာ Lion Air ေလယာဥ္တစီးသည္ ဘာလီကြၽန္း အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ဆင္းသက္စဥ္ ေျပးလမ္းအျပင္ဘက္ ေရျပင္ထဲသို႔ ထိုးက်ခဲ့သည္။ သို႔ေသာ္လည္း လူတဦးတေယာက္မွ် မေသဆုံးခဲ့ပါ။

Lion Air က ေနာက္ထပ္ မေတာ္တဆမႈတခု နိုဝင္ဘာလ ၇ ရက္ေန႕တြင္ ျဖစ္ပြားခဲ့ျပန္သည္။ Bengkulu ျပည္နယ္ Fatmawati Soekarno ေလဆိပ္မွေန၍ ဂ်ကာတာသို႔ ထြက္ခြာမည့္ ေလယာဥ္တစီးသည္ ပ်ံတက္ရန္ ျပင္ဆင္ေနစဥ္ အေတာင္ပံ တဖက္က တိုင္တတိုင္ကို ဝင္တိုက္မိခဲ့ၿပီးေနာက္ ခရီးစဥ္ကို ပယ္ဖ်က္လိုက္ရသည္။ Lion Air တြင္ အလုပ္ လုပ္သည့္ ေလယာဥ္မႉးမ်ားကို မက္သဖက္တမင္းမ်ားႏွင့္အတူ ေတြ႕ရွိရသည့္ အႀကိမ္ကလည္း အမ်ားအျပား ရွိခဲ့သည္။ ထို႔ျပင္ ခရီးစဥ္ ေႏွာင့္ေႏွး ၾကန႔္ၾကာမႈမ်ားက နာတာရွည္ေရာဂါလို ျဖစ္ေနေသာေၾကာင့္လည္း နာမည္ပ်က္သည့္ ေလေၾကာင္းလိုင္းတခု ျဖစ္သည္။

ၿပီးခဲ့သည့္ ႏွစ္ အနည္းငယ္အတြင္းတြင္ Lion Air က နိုင္ငံတကာ အဖြဲ႕အစည္းမ်ား၏ စစ္ေဆးမႈရလဒ္မ်ား မွတဆင့္ အကဲ ျဖတ္သည့္ ေဘးကင္းလုံၿခဳံမႈဆိုင္ရာ စံႏႈန္းမ်ား တိုးတက္ေရး ေဆာင္႐ြက္ခဲ့သည့္ အသြင္ရွိပါသည္။ ၂၀၁၆ ခုႏွစ္တြင္ ဥေရာပ ေလေၾကာင္းအာဏာပိုင္မ်ားက Lion Air ကို ၉ ႏွစ္ၾကာ ပ်ံသန္းခြင့္ ပိတ္ပင္ထားျခင္းကို ပယ္ဖ်က္ေပးခဲ့သည္။ Lion Air က၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ေလေၾကာင္းလိုင္း လုပ္ငန္းေဆာင္႐ြက္မႈ ေဘးကင္းလုံၿခဳံေရး အတြက္ ကမာၻ႔အဆင့္ စံႏႈန္းျဖစ္ေသာ IOSA သို႔မဟုတ္ Operational Safety Audit စစ္ေဆးမႈကို ေက်ာ္ျဖတ္နိုင္ခဲ့သည္။ ယခုႏွစ္ အတြက္ အသစ္ျပန္လည္ စစ္ေဆးမႈလည္း ၿပီးေျမာက္ခဲ့သည္ဟု စစ္ေဆးေရး အစီအစဥ္တြင္ ပါဝင္သည့္ အဖြဲ႕အစည္းတခု ျဖစ္သည့္ International Air Transport Association ၏ အဆိုအရ သိရသည္။

ခရီးစဥ္ ၆၁၀ ပ်က္က်ရျခင္းသည္ Lion Air ၏ အမွားအယြင္းေၾကာင့္လားဆိုသည္မွာ မသဲကြဲေသးပါ။ သို႔ေသာ္လည္း ဘ႑ာေရး အေျခအေနအပါအဝင္ ၎၏ စြမ္းေဆာင္ရည္ႏွင့္ ပတ္သက္၍ သတင္းအခ်က္အလက္ မရနိုင္သေလာက္ နီးပါး ရွိေနျခင္းႏွင့္ အတူ Lion အုပ္စုတြင္ ပြင့္လင္းျမင္သာမႈက အၿမဲတမ္း အားနည္းေနခဲ့သည္။ ၎တို႔၏ အစုရွယ္ယာမ်ားကို အမ်ားျပည္သူသို႔ ထုတ္ေရာင္းမည္ဟု ႀကိဳတင္ခန႔္မွန္းမႈမ်ား ၿပီးခဲ့သည့္ႏွစ္အတြင္းတြင္ တႀကိမ္မက ေပၚေပါက္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေပ်ာက္ကြယ္သြားခဲ့သည္။

“က်ေနာ္ စုစည္းရသေလာက္အရဆိုရင္ Lion Air က အငွားခ်တဲ့ အေပၚမွာ အရမ္းကို မွီခိုလြန္းတယ္” ဟု Airfinance ဂ်ာနယ္မွ အာရွ ဘ႑ာေရးဆိုင္ရာ အယ္ဒီတာ Michael Allen ကေျပာသည္။ “သူတို႔ရဲ႕ အငွားသေဘာတူညီခ်က္အမ်ား အျပားကို စင္ကာပူမွာ အေျခစိုက္တဲ့ Transportation Partners ဆိုတဲ့ ကုမၸဏီကေန တဆင့္ ျပဳလုပ္ပါတယ္။”

အငွားခ်သည့္ ကုမၸဏီ(Transportation Partners) ကို Rusdi က ၂၀၁၁ ခုႏွစ္တြင္ တည္ေထာင္ခဲ့သည္။ Lion အုပ္စုက ေရာင္းခ်ၿပီးမွ ျပန္လည္ငွားရမ္းသည့္ သေဘာတူညီခ်က္မ်ားကို သေဘာက်သည့္ အသြင္ရွိသည္။ Lion က ေလယာဥ္ကို အငွားကုမၸဏီသို႔ ေရာင္းခ်သည္။ ထို႔ေနာက္တြင္မွ သူတို႔၏ ထိုေလယာဥ္ကို ျပန္လည္ ငွားရမ္းျခင္း ျဖစ္သည္။ ၎၏ စာရင္းမ်ားထဲတြင္ ေလယာဥ္မ်ားရွိ မေနပါ။

အငွား ကုမၸဏီက စုစုေပါင္း ေဒၚလာ ၄၀ ဘီလီယံ တန္ေၾကးရွိသည့္ ဘိုးအင္း ၇၃၇ ခရီးသည္တင္ေလယာဥ္ ၂၀၁ စီးႏွင့္ Airbus A320neo အမ်ိဳးအစား ဂ်က္ေလယာဥ္ ၁၇၄ စီးကို ေစာင့္ေမွ်ာ္ေနသည္ဟု ၂၀၁၅ ခုႏွစ္တြင္ South China Morning Post သတင္းစာက ေရးသားခဲ့သည္။

“Transportation Partners ကို အသုံးျပဳျခင္းေၾကာင့္ Lion က ရတဲ့ အားသာခ်က္တခုကေတာ့ တကယ္လို႔ အငွားကို စင္ကာပူကေနလုပ္မယ္ ဆိုရင္ Lion အေနနဲ႕ စင္ကာပူရဲ႕ ေလယာဥ္ငွားရမ္းေရး အစီအစဥ္အရ အခြန္ အထူးႏႈန္းတခု ရနိုင္ျခင္း ျဖစ္ပါတယ္” ဟု Michael Allen ကေျပာသည္။

ထိုအစီအစဥ္အရ ေလယာဥ္ သို႔မဟုတ္ ေလယာဥ္အင္ဂ်င္ ငွားရမ္းျခင္းႏွင့္ အေထာက္အကူ ျဖစ္ေစေသာ လုပ္ငန္းမ်ားမွ ရရွိသည့္ ဝင္ေငြ အေပၚတြင္ အခြန္ ၈ ရာခိုင္ႏႈန္းသာ ေပးေဆာင္ရန္ ခြင့္ျပဳထားသည္ဟု စင္ကာပူ နိုင္ငံမွ Economic Development Board ၏ အဆိုအရ သိရသည္။

“Transportation Partners က Lion မွာယူထားတဲ့ ေလယာဥ္အခ်ိဳ႕ကို Lion နဲ႕ မသက္ဆိုင္တဲ့ တျခားေလေၾကာင္း လိုင္းေတြကိုလည္း ငွားရမ္းထားပါတယ္။ အဲဒါက Lion အတြက္ ေလယာဥ္အုပ္ထဲကို ဝင္လာေနတဲ့ မ်ားျပားတဲ့ ပမာဏကို စီမံခန႔္ခြဲဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္” ဟု Michael Allen ကေျပာသည္။

Lion က GE Capital Aviation Services ႏွင့္ ၎၏ လုပ္ငန္းခြဲ ျဖစ္ေသာ PK Airfinance တို႔ထံမွ ဘ႑ာေရး အေထာက္ အပံ့လည္း ရရွိခဲ့သည္။ ဧၿပီလအတြင္းတြင္ GE Capital Aviation က ၎တို႔ အေနျဖင့္ အေရးပါသည့္ ေလေၾကာင္း ဘ႑ာေရး လႊဲေျပာင္းမႈတခုကို Lion ႏွင့္ အတူ အၿပီးသတ္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့သည္။ Lion Air က လက္ရွိ လုပ္ကိုင္ေနသည့္ ဘိုးအင္း ၇၃၇-၉၀၀ER ေလယာဥ္ ၂၁ စီးႏွင့္ ဘိုးအင္း၇၃၇ Max 8s ႏွင့္ 9s ႏွင့္ Airbus A320/A321neo ေလယာဥ္မ်ားအပါအဝင္ Lion Air က မွာယူထားေသာ ေလယာဥ္ အစီး ၃၀ ႏွင့္ ပတ္သက္၍ ျဖစ္သည္။ အဆိုပါ သေဘာတူညီခ်က္တြင္ ကိုရီးယား ဖြံ႕ၿဖိဳးေရးဘဏ္(Korea Development Bank) လည္း ပါဝင္ပတ္သက္ခဲ့သည္။

အေမရိကန္ သြင္းကုန္-ထုတ္ကုန္ဘဏ္ ကလည္း Lion ၏ ဘိုးအင္းေလယာဥ္မ်ား မွာယူမႈတြင္ ေငြေၾကးေထာက္ပံ့ခဲ့သည္။ နယူးေယာက္မွ Apple Bank for Savings က ေဆာင္႐ြက္ေပးခဲ့သည့္ ေလယာဥ္ဝယ္ယူမႈအတြက္ ေဒၚလာ ၁.၁ ဘီလီယံ ေထာက္ပံ့ေပးရန္ အၿပီးသတ္ ကတိကဝတ္ကို အတည္ျပဳခဲ့ေၾကာင္း အေမရိကန္ သြင္းကုန္-ထုတ္ကုန္ဘဏ္ က ၂၀၁၃ ခုႏွစ္တြင္ ေျပာသည္။

အဆိုပါ အစီအမံမ်ားက Lion အုပ္စုအတြက္ တိုက္ရိုက္ပိုင္ဆိုင္ျခင္းထက္စာလွ်င္ ဘ႑ာေရးအရ ဖိအားမ်ား နည္းပါးစြာျဖင့္ ႀကီးမားေသာ ေလယာဥ္အုပ္စုႀကီးကို လုပ္ကိုင္နိုင္ေစခဲ့သည္ဟု ယူဆရပါသည္။ ေလေၾကာင္းပို႔ေဆာင္ေရး က႑မွ အမည္ မေဖာ္လိုသူ အတြင္းလူတဦးက ဘ႑ာေငြေထာက္ပံ့သူမ်ားအတြက္ အငွားခ်သည့္ ကုမၸဏီသို႔ ေငြေခ်းျခင္းက Lion သို႔ တိုက္ရိုက္ေခ်းျခင္းထက္ ပိုသေဘာက်စရာ ျဖစ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ Transportation Partners က အျခားေသာ ကုမၸဏီမ်ားသို႔လည္း အငွားခ်နိဳင္ျခင္းေၾကာင့္ ျဖစ္သည္ဟု ေျပာသည္။ စြန႔္စားရနိုင္ေျခမ်ားကို ျဖန႔္ ခြဲထုတ္ျခင္း ျဖစ္သည္။

ခရီးစဥ္ ၆၁၀ ပ်က္က်ျခင္းအတြက္ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနခ်ိန္တြင္ အင္ဒိုနီးရွား ပို႔ေဆာင္ေရး ဝန္ႀကီးဌာနက Lion Air ကို ၎တို႔၏ နည္းပညာ ဒါရိုက္တာႏွင့္ ျပဳျပင္ထိန္းသိမ္းေရးႏွင့္ အင္ဂ်င္နီယာ ဒါရိုက္တာ အပါအဝင္ လူ ၅ ဦးကို သူတို႔၏ တာဝန္မ်ားမွ ရပ္နားထားရန္ ၫႊန္ၾကားခဲ့သည္။

အင္ဒိုနီးရွား ပို႔ေဆာင္ေရး ဝန္ႀကီး Budi Karya Sumadi က ထိုသို႔ ဆုံးျဖတ္ခဲ့ျခင္းႏွင့္ ပတ္သက္၍ “ဒါမွလည္း ေလေၾကာင္းလိုင္း အေနနဲ႕ စုံစမ္းစစ္ေဆးမႈမွာ အေထာက္အကူေပးဖို႔ အာ႐ုံစိုက္နိုင္မွာ ျဖစ္ပါတယ္” ဟု ေျပာသည္။ သို႔ေသာ္လည္း “ တာဝန္ကေန ရပ္ဆိုင္းလိုက္တာက သူတို႔လုပ္ခဲ့တာေတြအတြက္ သူတို႔ေတြ တာဝန္ယူရမယ္ဆိုတဲ့ အရိပ္အေယာင္ တခု၊ သတိေပးခ်က္ တခုျဖစ္ပါတယ္” ဟု သူက ထပ္ေျပာခဲ့သည္။

ပ်ံသန္းေရး မွတ္တမ္းတင္ ကိရိယာ (black box) ကို ၿပီးခဲ့သည့္ နိုဝင္ဘာလ ၈ ရက္ေန႕က ျပန္လည္ရရွိခဲ့သည္။ သို႔ေသာ္လည္း အာဏာပိုင္မ်ားအေနျဖင့္ ေလယာဥ္တြင္ မည္သို႔ ျဖစ္ပ်က္ခဲ့သည္ကို နားလည္ရန္ အခ်ိန္ယူရလိမ့္မည္ ျဖစ္သည္။ မည္သည့္ အေၾကာင္းေၾကာင့္ Lion Air ေလယာဥ္ ပ်က္က်ခဲ့သည္ကို ဆုံးျဖတ္ရန္ တႏွစ္အထိ အခ်ိန္ယူရလိမ့္ မည္ဟု အင္ဒိုနီးရွားနိုင္ငံ၏ ပို႔ေဆာင္ေရးေဘးကင္းလုံၿခဳံေရး အမ်ိဳးသားေကာ္မတီမွ တာဝန္ရွိသူမ်ားက ေျပာသည္။ သို႔ေသာ္လည္း အာ႐ုံခံ ကိရိယာတခုမွ မွားယြင္းေသာ သတင္းေပးပို႔ခ်က္က အျဖစ္ဆိုးကို ေပၚေပါက္ေစနိုင္သည့္ အေၾကာင္းတခု အျဖစ္ အဆိုပါ ေကာ္မတီက ေထာက္ျပခဲ့သည္။

“ျပည္တြင္း ခရီးသြားအမ်ားစုကေတာ့ Lion Air ကို အင္ဒိုနီးရွားနိုင္ငံအတြင္း ေဈးႏႈန္းခ်ိဳသာစြာ ခရီးသြားနိုင္ဖို႔ အတြက္ ရနိုင္တဲ့ ေ႐ြးခ်ယ္စရာ အနည္းငယ္ထဲက တခုလို႔ ျမင္နိုင္ပါတယ္” ဟု အတိုင္ပင္ခံ ကုမၸဏီတခု ျဖစ္သည့္ SCP/Asia ၏ မန္ေနးဂ်င္း ဒါရိုက္တာ Michel Brekelmans ကေျပာသည္။

“ေနာက္ဆုံးျဖစ္ေပၚခဲ့တဲ့ မေတာ္တဆမႈက ေဈးကြက္အတြင္းမွာ ကာလတိုတခုအတြက္ေတာ့ သတိေပးခ်က္ ျဖစ္ေစမွာ သံသယ ရွိစရာ မလိုပါဘူး။ ဒါေပမယ့္ ေနာက္ဆုံးက်ရင္ေတာ့ ခရီးသည္အမ်ားစုက ေလေၾကာင္းခရီးသြားလာမႈနဲ႕ ပတ္သက္တဲ့ ျဖစ္ရပ္ေတြ၊ မေတာ္တဆမႈေတြရဲ႕ အႏၲရာယ္က ျဖစ္နိုင္ေျခနည္းတယ္လို႔ သေဘာထားၿပီး ဆက္စီးၾကမယ္လို႔ က်ေနာ္ ထင္ပါတယ္” ဟု သူက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

အောက်တိုဘာလ ၂၉ ရက်နေ့တွင် Lion Air လေကြောင်းမှ ခရီးစဉ်အမှတ် ၆၁၀ ပင်လယ်တွင်းသို့ ပျက်ကျသွားခဲ့သည့် အချိန်တွင် ဒေါ်လာဘီလီယံများစွာတန်သော လေယာဉ် အော်ဒါမှာယူမှုများ ပြုလုပ်ခဲ့သော်လည်း အရှေ့တောင်အာရှနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အသိုင်းအဝိုင်းအပြင်ဘက်တွင် လူသိနည်းသည့် တန်ဖိုးနည်း လေကြောင်းလိုင်းတခု ဖြစ်သည့် Lion Air အပေါ် နိုင်ငံတကာက အာရုံစိုက်မိလာခဲ့သည်။

နှစ် ၂၀ မရှိသည့် အချိန်အတွင်းတွင် Lion Air က အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်းလေကြောင်း ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအနေဖြင့် ပြည်တွင်း လေကြောင်း ခရီးစဉ်များ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့သည်ဟု CAPA Center for Aviation ၏ အဆိုအရ သိရသည်။ လေယာဉ် အစီးရေအရ ကြည့်မည်ဆိုလျှင် အရှေ့တောင်အာရှတွင် အကြီး ဆုံး လေကြောင်းကုမ္ပဏီအုပ်စုလည်း ဖြစ်လာသည်။ သြဂုတ်လ ၁ ရက်နေ့ အထိ ပြေးဆွဲနေသည့် လေယာဉ် ၃၀၂ စီးရှိရာ ဒုတိယနေရာတွင် ရှိနေသည့် Air Asia ထက် အစီး ၁၀၀ နီးပါး ပိုများနေ ကြောင်း CAPA က ဆိုသည်။

Lion Air က လေယာဉ်ဝယ်ယူမှုများသည့် ကုမ္ပဏီလည်း ဖြစ်သည်။ ယခုနှစ် စက်တင်ဘာလအထိ Lion Air က အာရှ-ပစိ ဖိတ်မှ လေကြောင်းလိုင်းများထဲတွင် လေယာဉ်မှာယူမှု ဒုတိယ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ တန် သည့် လေယာဉ် ၃၆၉ စီး ပို့ပေးခြင်းကို စောင့်ဆိုင်းနေကြောင်း Airfinance ဂျာနယ်မှ လေ့လာဆန်းစစ်သူ တဦးက ပြော သည်။

လူ ၁၈၉ ယောက် သေဆုံးခဲ့ရသည့် လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို အင်ဒိုနီးရှား အာဏာပိုင်များက စုံစမ်းစစ် ဆေးမှုများ ဆက်လက် ပြုလုပ်နေသည့် ယခုအချိန်တွင် လေ့လာစောင့်ကြည့်သူများက လျှို့ဝှက်သော ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခု၏ ပုံရိပ်ကို အများပြည်သူသိသည့် ရှားရှားပါးပါးသတင်း အချက်အလက်များမှတဆင့် ဆက်စပ် ကြည့်ရန် ဖြစ်လာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ တန်ဖိုးနည်း လေကြောင်းလိုင်းများဖြစ်သည့် Lion Air နှင့် Wings Air ၊ ဝန်ဆောင်မှုအပြည့်ပေးသည့် လေကြောင်းလိုင်းဖြစ်သော Batik Air တို့ပါဝင်သလို မလေးရှားနိုင်ငံမှ တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်သည့် Malindo Air နှင့် ထိုင်းနိုင်ငံမှ Thai Lion Air တို့လည်းပါဝင်သည့် ကုမ္ပဏီအုပ်စု၏ အသေးစိတ်အချက်များက မှတ်တမ်းမှတ်ရာ အပြည့်စုံဆုံးဖြစ်သည်။

Lion Air ကို ၁၉၉၉ ခုနှစ်တွင် Rusdi နှင့် Kusnan Kirana ညီအစ်ကို ၂ ယောက်က ထူထောင်ခဲ့သည်။ သမ္မတ ဆူဟာတို အစိုးရ ပြုတ်ကျသွားခဲ့ပြီး များမကြာမီတွင် ဖြစ်သည်။ ဆူဟာတို အစိုးရ ပြုတ်ကျသွားခြင်းက လေကြောင်းလုပ်ငန်းကို အစိုးရက လက်ဝါးကြီးအုပ်ထားခြင်းကို အဆုံးသတ်စေခဲ့သည်။ နောက်တနှစ် အကြာတွင် သူတို့လေကြောင်းလိုင်းက ပျံသန်းမှုများ စတင်ခဲ့သည်။

သူတို့ ညီအစ်ကိုက အလယ်အလတ်တန်းစား နောက်ခံမှ လာသူများဖြစ်ကြသည်။ Kusnan နှင့် ပတ်သက်၍ အနည်းငယ် မျှသာ သိကြသော်လည်း ယခုအခါ အသက် ၅၅ နှစ် ရှိပြီဖြစ်သော Rusdi က တက္ကသိုလ်ကျောင်းသား ဘဝတွင် ဂျကာတာ မှ Soekarno-Hatta လေဆိပ်တွင် လက်မှတ်ရောင်းသမားအဖြစ် အချိန်ပိုင်း အလုပ်လုပ်ခဲ့ဖူးသည်။ Lion Air ကို မတည် ထောင်မီ သူတို့ ညီအစ်ကိုက Lion Tours အမည်ရှိ ခရီးသွားအေဂျင်စီတခုကို ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြသည်။

အင်ဒိုနီးရှားနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများ ပိုမိုချမ်းသာကြွယ်ဝလာကြပြီး လေယာဉ်ဖြင့် ခရီးသွားလာခြင်း စတင်၍ ပိုများလာသည့် အချိန်တွင် “We Make People Fly” ဆိုသည့် ဆောင်ပုဒ်အောက်တွင် Lion အုပ်စု၏ စီးပွားရေးက အရှိန်ရလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Boeing ကုမ္ပဏီ ယခင်က မရဖူးသည့် အများဆုံးအနေဖြင့် လေယာဉ် ၂၃၀ အတွက် အမေရိကန် ဒေါ်လာ ၂၁.၇ ဘီလီယံ တန် အော်ဒါရရှိခဲ့သည့် အချိန်တွင် Lion အုပ်စုက ကမ္ဘာ့သတင်းခေါင်းစဉ်များပေါ် ရောက်ရှိခဲ့သည်။

လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ တက်ရောက်ရန် ထိုစဉ်က အမေရိကန်သမ္မတ Barack Obama ဘာလီသို့ လာ ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Lion က ဥရောပမှ Airbus ကုမ္ပဏီထံမှ A320 အမျိုးအစား လေယာဉ် ၂၃၄ စီးဝယ်ယူ ရန် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံတန် သဘောတူညီချက်တခု ပြုလုပ်ခဲ့ပြန်သည်။ အဆိုပါ သဘောတူညီချက်ကို ပါရီ ရှိ Elysee နန်းတော်၌ လက်မှတ်ထိုးသည့်အခါတွင် ထိုစဉ်က ပြင်သစ်သမ္မတ Francois Hollande က အသိသက်သေပြု တက်ရောက်ခဲ့သည်။

Lion အုပ်စုက လေယာဉ်အရေအတွက်နှင့် စီးပွားရေးကို လျှင်မြန်စွာ တိုးချဲ့သလို Rusdi က နိုင်ငံရေးသို့ ဝင်ရောက်ခဲ့သည်။ အာဏာရ ညွှန့်ပေါင်း အဖွဲ့ဝင်တခု ဖြစ်သည့် National Awakening ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ် ၂၀၁၄ ခုနှစ်တွင် ခန့် အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် သမ္မတ Joko Widodo ၏ အကြံပေးတဦး ဖြစ်လာသည်။ ယခုနှစ် အစောပိုင်းတွင် မလေးရှားနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး တာဝန်ကို ထမ်းဆောင်ရန် အတွက် ထိုရာထူးကို သူက စွန့်လွှတ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ Commission for the Supervisory of Business Competition မှ ရရှိသည့် ၂၀၁၀ ခုနှစ် က စာရွက် စာတမ်းများအရ Rusdi က Lion Air အော်ပရေတာဖြစ်သော PT Lion Mentari Airlines ၏ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားပြီး ကျန် ၅၅ ရာခိုင်နှုန်းကို Kusnan က ပိုင်ဆိုင်သည်။ ပိုင်ဆိုင်မှု အချိုးအစားက ယခုအချိန်အထိ ထို အတိုင်းရှိနေသည် ဟု ယူဆရပါသည်။ Rusdi နှင့် Kusnan တို့က Wings Air ၏ အော်ပရေတာ ဖြစ်သော Wings Abadi Airlines ၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြသည်။

သူတို့ ညီအစ်ကို ၂ ဦးကို Forbes မဂ္ဂဇင်းက စုစုပေါင်း အသားတင် ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ သန်း ၉၇၀ ဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အချမ်းသာဆုံး လူ ၅၀ တွင် အမှတ်စဉ် ၃၃ အဖြစ် ပြီးခဲ့သည့် နှစ်က သတ်မှတ်ခဲ့သည်။ သို့သော်လည်း Forbes မဂ္ဂဇင်း၏ နောက်ဆုံး ခန့်မှန်းချက်တွင် သူတို့၏ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ သန်း၅၂၀ သို့ ကျဆင်းသွားခဲ့သည်။ ထိုသို့ ကျဆင်းရခြင်းမှာ အင်ဒိုနီးရှားငွေ ရူပီးယားတန်ဖိုးကျဆင်းခြင်းကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။

လေယာဉ်ခ ဈေးသက်သာခြင်းက Lion အုပ်စုကို လေကြောင်းလုပ်ငန်း ရှေ့ဆောင်သူ အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ မကြာခဏဆိုသလို လျှော့ဈေးများပေးခြင်းနှင့် ဒေသတွင်းမှ တန်ဘိုးနည်းလေကြောင်းလိုင်း အများအပြားနှင့် ယှဉ်လျှင် ဈေးနှုန်းအရ အားသာချက်ဖြစ်အောင် ပြုလုပ်ခြင်းများအားဖြင့် ဝင်ငွေနည်းသော၊ ဝင်ငွေ အလယ်အလတ်ရှိသော အင်ဒိုနီးရှား နိုင်ငံသားများအတွက် အဆင်အပြေဆုံး လေကြောင်းလိုင်းတခု ဖြစ်လာသည်။

သို့သော်လည်း လေယာဉ် အရေအတွက်ကိုရော စီးပွားရေးလုပ်ငန်းကိုပါ အလျှင်အမြန်တိုးချဲ့ခြင်းက ပေးဆပ်ရမည့် တန်ဖိုးတခု ရှိနေနိုင်ပါသည်။ ပြည်တွင်း မီဒီယာမှ သတင်းများအရ ၂၀၁၆ နှင့် ၂၀၁၇ တို့တွင် Lion အုပ်စု ငွေကြေးများ ဆုံး ရှုံးခဲ့ကြောင်း သိရသည်။

“သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် လေကြောင်းလိုင်းတခုက အလျှင်အမြန် တိုးချဲ့တဲ့အချိန်မှာ ဘေးကင်းလုံခြုံမှုကိစ္စ က အန္တရာယ်အရှိဆုံး ဖြစ်လာပါတယ်” ဟု ဂျပန်နိုင်ငံ J.F. Oberlin တက္ကသိုလ်မှ ပါမောက္ခနှင့် လေကြောင်းလုပ်ငန်း ကျွမ်းကျင်သူ တဦးဖြစ်သော Ryu Tanji က ပြောသည်။ “သင့်တော်တဲ့ ကော်ပိုရိတ် ဖွဲ့စည်းပုံနဲ့ စနစ်တခုကို ထိန်းသိမ်း ထားဖို့ အလွန်ကို ခက်ခဲလာပါတယ်။ အဲဒါက ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျဆင်းမှုကို ဦးတည်သွားစေပါတယ်။”

အောက်တိုဘာ ၂၉ ရက်နေ့ လေယာဉ်ပျက်ကျခြင်းက ၂၀၀၄ ခုနှစ်က အလယ်ဂျာဗားပြည်နယ်၏ မြို့တော် Solo တွင် ကွင်းဆင်းချိန်၌ အမှားအယွင်းရှိခဲ့သည့်အတွက် လူ ၂၅ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်းတွင် Lion Air အတွက် ပထမဆုံး လူအသေအပျောက်ရှိခဲ့သည့် အဖြစ်အပျက်ဖြစ်ပါသည်။ သို့သော်လည်း Lion Air က ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အနာအဆာများသော မှတ်တမ်းတခု ရှိနေခဲ့သည်။ ပြေးလမ်းကို ကျော်လွန်သွားခြင်း အပါအဝင် အသေးစား မတော်တဆ မှုများ အများအပြား ရှိခဲ့သည်။ လူသိအများဆုံး ဖြစ်ရပ်မှာ ၂၀၁၃ ခုနှစ်က ခရီးသည် ၁၀၈ ဦးကို သယ်ဆောင်လာသော Lion Air လေယာဉ်တစီးသည် ဘာလီကျွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းအပြင်ဘက် ရေပြင်ထဲသို့ ထိုးကျခဲ့သည်။ သို့သော်လည်း လူတဦးတယောက်မျှ မသေဆုံးခဲ့ပါ။

Lion Air က နောက်ထပ် မတော်တဆမှုတခု နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြန်သည်။ Bengkulu ပြည်နယ် Fatmawati Soekarno လေဆိပ်မှနေ၍ ဂျကာတာသို့ ထွက်ခွာမည့် လေယာဉ်တစီးသည် ပျံတက်ရန် ပြင်ဆင်နေစဉ် အတောင်ပံ တဖက်က တိုင်တတိုင်ကို ဝင်တိုက်မိခဲ့ပြီးနောက် ခရီးစဉ်ကို ပယ်ဖျက်လိုက်ရသည်။ Lion Air တွင် အလုပ် လုပ်သည့် လေယာဉ်မှူးများကို မက်သဖက်တမင်းများနှင့်အတူ တွေ့ရှိရသည့် အကြိမ်ကလည်း အများအပြား ရှိခဲ့သည်။ ထို့ပြင် ခရီးစဉ် နှောင့်နှေး ကြန့်ကြာမှုများက နာတာရှည်ရောဂါလို ဖြစ်နေသောကြောင့်လည်း နာမည်ပျက်သည့် လေကြောင်းလိုင်းတခု ဖြစ်သည်။

ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်းတွင် Lion Air က နိုင်ငံတကာ အဖွဲ့အစည်းများ၏ စစ်ဆေးမှုရလဒ်များ မှတဆင့် အကဲ ဖြတ်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများ တိုးတက်ရေး ဆောင်ရွက်ခဲ့သည့် အသွင်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ဥရောပ လေကြောင်းအာဏာပိုင်များက Lion Air ကို ၉ နှစ်ကြာ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးခဲ့သည်။ Lion Air က၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် လေကြောင်းလိုင်း လုပ်ငန်းဆောင်ရွက်မှု ဘေးကင်းလုံခြုံရေး အတွက် ကမ္ဘာ့အဆင့် စံနှုန်းဖြစ်သော IOSA သို့မဟုတ် Operational Safety Audit စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သည်။ ယခုနှစ် အတွက် အသစ်ပြန်လည် စစ်ဆေးမှုလည်း ပြီးမြောက်ခဲ့သည်ဟု စစ်ဆေးရေး အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်သည့် International Air Transport Association ၏ အဆိုအရ သိရသည်။

ခရီးစဉ် ၆၁၀ ပျက်ကျရခြင်းသည် Lion Air ၏ အမှားအယွင်းကြောင့်လားဆိုသည်မှာ မသဲကွဲသေးပါ။ သို့သော်လည်း ဘဏ္ဍာရေး အခြေအနေအပါအဝင် ၎င်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ သတင်းအချက်အလက် မရနိုင်သလောက် နီးပါး ရှိနေခြင်းနှင့် အတူ Lion အုပ်စုတွင် ပွင့်လင်းမြင်သာမှုက အမြဲတမ်း အားနည်းနေခဲ့သည်။ ၎င်းတို့၏ အစုရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းမည်ဟု ကြိုတင်ခန့်မှန်းမှုများ ပြီးခဲ့သည့်နှစ်အတွင်းတွင် တကြိမ်မက ပေါ်ပေါက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။

“ကျနော် စုစည်းရသလောက်အရဆိုရင် Lion Air က အငှားချတဲ့ အပေါ်မှာ အရမ်းကို မှီခိုလွန်းတယ်” ဟု Airfinance ဂျာနယ်မှ အာရှ ဘဏ္ဍာရေးဆိုင်ရာ အယ်ဒီတာ Michael Allen ကပြောသည်။ “သူတို့ရဲ့ အငှားသဘောတူညီချက်အများ အပြားကို စင်ကာပူမှာ အခြေစိုက်တဲ့ Transportation Partners ဆိုတဲ့ ကုမ္ပဏီကနေ တဆင့် ပြုလုပ်ပါတယ်။”

အငှားချသည့် ကုမ္ပဏီ(Transportation Partners) ကို Rusdi က ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Lion အုပ်စုက ရောင်းချပြီးမှ ပြန်လည်ငှားရမ်းသည့် သဘောတူညီချက်များကို သဘောကျသည့် အသွင်ရှိသည်။ Lion က လေယာဉ်ကို အငှားကုမ္ပဏီသို့ ရောင်းချသည်။ ထို့နောက်တွင်မှ သူတို့၏ ထိုလေယာဉ်ကို ပြန်လည် ငှားရမ်းခြင်း ဖြစ်သည်။ ၎င်း၏ စာရင်းများထဲတွင် လေယာဉ်များရှိ မနေပါ။

အငှား ကုမ္ပဏီက စုစုပေါင်း ဒေါ်လာ ၄၀ ဘီလီယံ တန်ကြေးရှိသည့် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ် ၂၀၁ စီးနှင့် Airbus A320neo အမျိုးအစား ဂျက်လေယာဉ် ၁၇၄ စီးကို စောင့်မျှော်နေသည်ဟု ၂၀၁၅ ခုနှစ်တွင် South China Morning Post သတင်းစာက ရေးသားခဲ့သည်။

“Transportation Partners ကို အသုံးပြုခြင်းကြောင့် Lion က ရတဲ့ အားသာချက်တခုကတော့ တကယ်လို့ အငှားကို စင်ကာပူကနေလုပ်မယ် ဆိုရင် Lion အနေနဲ့ စင်ကာပူရဲ့ လေယာဉ်ငှားရမ်းရေး အစီအစဉ်အရ အခွန် အထူးနှုန်းတခု ရနိုင်ခြင်း ဖြစ်ပါတယ်” ဟု Michael Allen ကပြောသည်။

ထိုအစီအစဉ်အရ လေယာဉ် သို့မဟုတ် လေယာဉ်အင်ဂျင် ငှားရမ်းခြင်းနှင့် အထောက်အကူ ဖြစ်စေသော လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေ အပေါ်တွင် အခွန် ၈ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ခွင့်ပြုထားသည်ဟု စင်ကာပူ နိုင်ငံမှ Economic Development Board ၏ အဆိုအရ သိရသည်။

“Transportation Partners က Lion မှာယူထားတဲ့ လေယာဉ်အချို့ကို Lion နဲ့ မသက်ဆိုင်တဲ့ တခြားလေကြောင်း လိုင်းတွေကိုလည်း ငှားရမ်းထားပါတယ်။ အဲဒါက Lion အတွက် လေယာဉ်အုပ်ထဲကို ဝင်လာနေတဲ့ များပြားတဲ့ ပမာဏကို စီမံခန့်ခွဲဖို့ အထောက်အကူ ဖြစ်စေပါတယ်” ဟု Michael Allen ကပြောသည်။

Lion က GE Capital Aviation Services နှင့် ၎င်း၏ လုပ်ငန်းခွဲ ဖြစ်သော PK Airfinance တို့ထံမှ ဘဏ္ဍာရေး အထောက် အပံ့လည်း ရရှိခဲ့သည်။ ဧပြီလအတွင်းတွင် GE Capital Aviation က ၎င်းတို့ အနေဖြင့် အရေးပါသည့် လေကြောင်း ဘဏ္ဍာရေး လွှဲပြောင်းမှုတခုကို Lion နှင့် အတူ အပြီးသတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ Lion Air က လက်ရှိ လုပ်ကိုင်နေသည့် ဘိုးအင်း ၇၃၇-၉၀၀ER လေယာဉ် ၂၁ စီးနှင့် ဘိုးအင်း၇၃၇ Max 8s နှင့် 9s နှင့် Airbus A320/A321neo လေယာဉ်များအပါအဝင် Lion Air က မှာယူထားသော လေယာဉ် အစီး ၃၀ နှင့် ပတ်သက်၍ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်တွင် ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်(Korea Development Bank) လည်း ပါဝင်ပတ်သက်ခဲ့သည်။

အမေရိကန် သွင်းကုန်-ထုတ်ကုန်ဘဏ် ကလည်း Lion ၏ ဘိုးအင်းလေယာဉ်များ မှာယူမှုတွင် ငွေကြေးထောက်ပံ့ခဲ့သည်။ နယူးယောက်မှ Apple Bank for Savings က ဆောင်ရွက်ပေးခဲ့သည့် လေယာဉ်ဝယ်ယူမှုအတွက် ဒေါ်လာ ၁.၁ ဘီလီယံ ထောက်ပံ့ပေးရန် အပြီးသတ် ကတိကဝတ်ကို အတည်ပြုခဲ့ကြောင်း အမေရိကန် သွင်းကုန်-ထုတ်ကုန်ဘဏ် က ၂၀၁၃ ခုနှစ်တွင် ပြောသည်။

အဆိုပါ အစီအမံများက Lion အုပ်စုအတွက် တိုက်ရိုက်ပိုင်ဆိုင်ခြင်းထက်စာလျှင် ဘဏ္ဍာရေးအရ ဖိအားများ နည်းပါးစွာဖြင့် ကြီးမားသော လေယာဉ်အုပ်စုကြီးကို လုပ်ကိုင်နိုင်စေခဲ့သည်ဟု ယူဆရပါသည်။ လေကြောင်းပို့ဆောင်ရေး ကဏ္ဍမှ အမည် မဖော်လိုသူ အတွင်းလူတဦးက ဘဏ္ဍာငွေထောက်ပံ့သူများအတွက် အငှားချသည့် ကုမ္ပဏီသို့ ငွေချေးခြင်းက Lion သို့ တိုက်ရိုက်ချေးခြင်းထက် ပိုသဘောကျစရာ ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် Transportation Partners က အခြားသော ကုမ္ပဏီများသို့လည်း အငှားချနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။ စွန့်စားရနိုင်ခြေများကို ဖြန့် ခွဲထုတ်ခြင်း ဖြစ်သည်။

ခရီးစဉ် ၆၁၀ ပျက်ကျခြင်းအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက Lion Air ကို ၎င်းတို့၏ နည်းပညာ ဒါရိုက်တာနှင့် ပြုပြင်ထိန်းသိမ်းရေးနှင့် အင်ဂျင်နီယာ ဒါရိုက်တာ အပါအဝင် လူ ၅ ဦးကို သူတို့၏ တာဝန်များမှ ရပ်နားထားရန် ညွှန်ကြားခဲ့သည်။

အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီး Budi Karya Sumadi က ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ “ဒါမှလည်း လေကြောင်းလိုင်း အနေနဲ့ စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူပေးဖို့ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ သို့သော်လည်း “ တာဝန်ကနေ ရပ်ဆိုင်းလိုက်တာက သူတို့လုပ်ခဲ့တာတွေအတွက် သူတို့တွေ တာဝန်ယူရမယ်ဆိုတဲ့ အရိပ်အယောင် တခု၊ သတိပေးချက် တခုဖြစ်ပါတယ်” ဟု သူက ထပ်ပြောခဲ့သည်။

ပျံသန်းရေး မှတ်တမ်းတင် ကိရိယာ (black box) ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ပြန်လည်ရရှိခဲ့သည်။ သို့သော်လည်း အာဏာပိုင်များအနေဖြင့် လေယာဉ်တွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို နားလည်ရန် အချိန်ယူရလိမ့်မည် ဖြစ်သည်။ မည်သည့် အကြောင်းကြောင့် Lion Air လေယာဉ် ပျက်ကျခဲ့သည်ကို ဆုံးဖြတ်ရန် တနှစ်အထိ အချိန်ယူရလိမ့် မည်ဟု အင်ဒိုနီးရှားနိုင်ငံ၏ ပို့ဆောင်ရေးဘေးကင်းလုံခြုံရေး အမျိုးသားကော်မတီမှ တာဝန်ရှိသူများက ပြောသည်။ သို့သော်လည်း အာရုံခံ ကိရိယာတခုမှ မှားယွင်းသော သတင်းပေးပို့ချက်က အဖြစ်ဆိုးကို ပေါ်ပေါက်စေနိုင်သည့် အကြောင်းတခု အဖြစ် အဆိုပါ ကော်မတီက ထောက်ပြခဲ့သည်။

“ပြည်တွင်း ခရီးသွားအများစုကတော့ Lion Air ကို အင်ဒိုနီးရှားနိုင်ငံအတွင်း ဈေးနှုန်းချိုသာစွာ ခရီးသွားနိုင်ဖို့ အတွက် ရနိုင်တဲ့ ရွေးချယ်စရာ အနည်းငယ်ထဲက တခုလို့ မြင်နိုင်ပါတယ်” ဟု အတိုင်ပင်ခံ ကုမ္ပဏီတခု ဖြစ်သည့် SCP/Asia ၏ မန်နေးဂျင်း ဒါရိုက်တာ Michel Brekelmans ကပြောသည်။

“နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ မတော်တဆမှုက ဈေးကွက်အတွင်းမှာ ကာလတိုတခုအတွက်တော့ သတိပေးချက် ဖြစ်စေမှာ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ ခရီးသည်အများစုက လေကြောင်းခရီးသွားလာမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ၊ မတော်တဆမှုတွေရဲ့ အန္တရာယ်က ဖြစ်နိုင်ခြေနည်းတယ်လို့ သဘောထားပြီး ဆက်စီးကြမယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top