ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



မင္းသမီးေခ်ာ Lee Min Jung ဟာ သူမရဲ႔ခ်စ္လွစြာေသာခင္ပြန္းသည္ Lee Byung Hun သူမကုိ ဘယ္လုိလက္ထပ္ခြင့္ေတာင္းခဲ႔လဲဆုိတာကုိ ျပန္ျပီးေျပာျပခဲ့ပါျပီ။
ႏုိ၀င္ဘာ ၂၆ရက္ေန႔ကေရးသားခဲ႔တဲ႔ Soompi မီဒီယာရဲ႔ေဖာ္ျပခ်က္အရ SBS က ထုတ္လႊင့္ျပသတဲ႔ “My Ugly Duckling” ဇာတ္လမ္းတြဲေနာက္ဆံုးပုိင္းအျပီးမွာ မင္းသမီး Lee Min Jung ဟာ အင္တာဗ်ဴးမွာ သူမရဲ ႔မိသားစုအေၾကာင္း၊ခင္ပြန္းသည္အေၾကာင္းကုိေျပာျပခဲ႔တယ္လုိ႔သိရပါတယ္။


ႏုိ၀င္ဘာ ၂၅ရက္ေန႔က reality show မွာပါ၀င္ခဲ႔တာျဖစ္ျပီး သူမက ခင္ပြန္းျဖစ္သူ Lee Byung Hun လက္ထပ္ခြင့္ေတာင္းတဲ႔အေၾကာင္းကုိျပန္လည္ေျပာျပခဲ႔ပါတယ္။Lee Min Jung က “သူ႔ရဲ ႔လက္ထပ္ခြင့္ေတာင္းပံုက အရမ္းသိသာလြန္းတယ္။အဲ႔ဒီေန႔က တစ္မိသားစုလံုးကုိ ဖိတ္ျပီး သူ႔ရဲ ႔”Red 2” ရုပ္ရွင္ကုိ ျပခဲ႔ပါတယ္။ရုပ္ရွင္ျပီးသြားတဲ႔အခ်ိန္မွာ လက္ထပ္ခြင့္ေတာင္းတဲ႔ဗီဒီယုိက ေပၚလာခဲ႔တာပါ။ပထမေတာ့ ကြ်န္မလည္းသတိမျပဳမိဘူး။ဒါေပမဲ႔ သူက ရုပ္ရွင္ျပီးသြားတဲ႔အခ်ိန္ သန္႔စင္ခန္းမသြားနဲ႔ဦးလုိ႔ ၂ခါေတာင္ေျပာတယ္။တတိယအၾကိမ္ေျမာက္ထပ္ေျပာတဲ႔အခါမွာေတာ့
ကြ်န္မသိလိုက္ျပီ။ရုပ္ရွင္ျပီးရင္တစ္ခုခုလာေတာ့မယ္ဆုိတာ။ကြ်န္မက အရမ္းအကဲခတ္ျမန္ေတာ့ လက္ထပ္ခြင့္ေတာင္းမယ္ဆုိတာ ျမန္ျမန္ဆန္ဆန္ပဲရိပ္မိခဲ႔ပါတယ္”ဆုိျပီး ရယ္ေမာကာေျပာျပခဲ႔ပါတယ္။ပရိသတ္ေတြေရာ၊အစီအစဥ္တင္ဆက္သူေတြအားလံုးကလည္း သေဘာက်ကာ ရယ္ေမာခဲ႔ၾကပါတယ္တဲ႔။စပရုိက္စ္မလုပ္တတ္တဲ႔ လူရုိးေလးေပါ့



Lee Byung Hun ရဲ ႔သားေလးအေပၚထားတဲ႔ဖခင္စိတ္ကုိလည္း “သူ႔အေဖက တစ္သီးတစ္သန္႔ေနတတ္တဲ႔ပံုစံမ်ိဳး။ခံစားခ်က္ကုိသိပ္ျပီးေဖာ္ျပေလ့မရွိဘူး။သူက အ႔ဲဒီလုိအုပ္ထိန္းမႈေအာက္မွာၾကီးျပင္းလာရတာျဖစ္ေတာ့ သူ႔သားေလးကုိက် ေႏြးေထြးမႈကုိျပသခ်င္တယ္။သူ႔ရဲ႔အခ်စ္ကုိေဖာ္ျပခ်င္တယ္။သားေလးကလည္း အေဖ့ကုိ “အေဖ အေမ့ကုိနမ္းရမယ့္အခိ်န္ေရာက္ျပီ အေမ အေဖ့ကုိနမ္းပါ”ဆုိျပီး အျမဲတမ္းေျပာတယ္။ကြ်န္မတုိ႔က ခ်စ္ျခင္းေမတၱာကုိစိတ္ထဲကတင္မက အျပင္မွာပါ အျမဲထုတ္ေဖာ္ျပသေလ့ရွိပါတယ္”လုိ႔ေျပာျပခဲ႔ပါတယ္။ခ်စ္စရာေကာင္းလုိက္တဲ႔ မိသားစုေလး <3 ၾကည္ႏူးစရာဇနီးေမာင္ႏွံရဲ ႔ပံုရိပ္ေလးေတြ၊သားေလးနဲ႔ပံုရိပ္ေလးေတြကုိ ပရိသတ္ေတြအတြက္ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

မင်းသမီးချော Lee Min Jung ဟာ သူမရဲ့ချစ်လှစွာသောခင်ပွန်းသည် Lee Byung Hun သူမကို ဘယ်လိုလက်ထပ်ခွင့်တောင်းခဲ့လဲဆိုတာကို ပြန်ပြီးပြောပြခဲ့ပါပြီ။
နိုဝင်ဘာ ၂၆ရက်နေ့ကရေးသားခဲ့တဲ့ Soompi မီဒီယာရဲ့ဖော်ပြချက်အရ SBS က ထုတ်လွှင့်ပြသတဲ့ “My Ugly Duckling” ဇာတ်လမ်းတွဲနောက်ဆုံးပိုင်းအပြီးမှာ မင်းသမီး Lee Min Jung ဟာ အင်တာဗျူးမှာ သူမရဲ့မိသားစုအကြောင်း၊ခင်ပွန်းသည်အကြောင်းကိုပြောပြခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၂၅ရက်နေ့က reality show မှာပါဝင်ခဲ့တာဖြစ်ပြီး သူမက ခင်ပွန်းဖြစ်သူ Lee Byung Hun လက်ထပ်ခွင့်တောင်းတဲ့အကြောင်းကိုပြန်လည်ပြောပြခဲ့ပါတယ်။Lee Min Jung က “သူ့ရဲ့လက်ထပ်ခွင့်တောင်းပုံက အရမ်းသိသာလွန်းတယ်။အဲ့ဒီနေ့က တစ်မိသားစုလုံးကို ဖိတ်ပြီး သူ့ရဲ့”Red 2” ရုပ်ရှင်ကို ပြခဲ့ပါတယ်။ရုပ်ရှင်ပြီးသွားတဲ့အချိန်မှာ လက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုက ပေါ်လာခဲ့တာပါ။ပထမတော့ ကျွန်မလည်းသတိမပြုမိဘူး။ဒါပေမဲ့ သူက ရုပ်ရှင်ပြီးသွားတဲ့အချိန် သန့်စင်ခန်းမသွားနဲ့ဦးလို့ ၂ခါတောင်ပြောတယ်။တတိယအကြိမ်မြောက်ထပ်ပြောတဲ့အခါမှာတော့
ကျွန်မသိလိုက်ပြီ။ရုပ်ရှင်ပြီးရင်တစ်ခုခုလာတော့မယ်ဆိုတာ။ကျွန်မက အရမ်းအကဲခတ်မြန်တော့ လက်ထပ်ခွင့်တောင်းမယ်ဆိုတာ မြန်မြန်ဆန်ဆန်ပဲရိပ်မိခဲ့ပါတယ်”ဆိုပြီး ရယ်မောကာပြောပြခဲ့ပါတယ်။ပရိသတ်တွေရော၊အစီအစဉ်တင်ဆက်သူတွေအားလုံးကလည်း သဘောကျကာ ရယ်မောခဲ့ကြပါတယ်တဲ့။စပရိုက်စ်မလုပ်တတ်တဲ့ လူရိုးလေးပေါ့

Lee Byung Hun ရဲ့သားလေးအပေါ်ထားတဲ့ဖခင်စိတ်ကိုလည်း “သူ့အဖေက တစ်သီးတစ်သန့်နေတတ်တဲ့ပုံစံမျိုး။ခံစားချက်ကိုသိပ်ပြီးဖော်ပြလေ့မရှိဘူး။သူက အဲ့ဒီလိုအုပ်ထိန်းမှုအောက်မှာကြီးပြင်းလာရတာဖြစ်တော့ သူ့သားလေးကိုကျ နွေးထွေးမှုကိုပြသချင်တယ်။သူ့ရဲ့အချစ်ကိုဖော်ပြချင်တယ်။သားလေးကလည်း အဖေ့ကို “အဖေ အမေ့ကိုနမ်းရမယ့်အချိန်ရောက်ပြီ အမေ အဖေ့ကိုနမ်းပါ”ဆိုပြီး အမြဲတမ်းပြောတယ်။ကျွန်မတို့က ချစ်ခြင်းမေတ္တာကိုစိတ်ထဲကတင်မက အပြင်မှာပါ အမြဲထုတ်ဖော်ပြသလေ့ရှိပါတယ်”လို့ပြောပြခဲ့ပါတယ်။ချစ်စရာကောင်းလိုက်တဲ့ မိသားစုလေး <3 ကြည်နူးစရာဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေ၊သားလေးနဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top