ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Warm-up – 10 minutes
Cool down စတာတွေပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: Trend
#Unicode Version#
မိန်းကလေးတော်တော်များများသဘောကျကြတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှပိုင်ရှင်ကိုပြပါဆိုရင် Kylie Jenner ကိုပြရမှာပါပဲ။အသက် ၂၁နှစ်အရွယ် Kylie Jenner ဟာ ရုပ်ကလည်းချော၊ခန္ဓာကိုယ်ကလည်းလှ၊အရည်အချင်းကလည်းရှိနဲ့အဘက်ဘက်ကပြည့်စုံတဲ့မိန်းကလေးတစ်ဦးပါ။အထူးခြားဆုံးကသူမရဲ့ခန္ဓာကိုယ်အလှပါပဲ။သမီးလေး Stormi ကိုမွေးဖွားပြီးတဲ့အချိန် အခုချိန်ထိတိုင်အောင် ဒီကောက်ကြောင်းအလှကမလျော့သွားပါဘူး။ဒါကြောင့် Kylie Jenner သူမရဲ့ခန္ဓာကိုယ်အချိုးအစားကိုပုံမှန်ဘယ်လိုထိန်းသိမ်းလဲ၊ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်လဲဆိုတာ မိန်းကလေးထုကြီးအတွက်မျှဝေပေးလိုက်ပါတယ်။
ကဲ Kylie ရဲ့routine လေ့ကျင့်ခန်းစာရင်းက…
Warm-up – 10 minutes
Running up the hill – 10 minutes
Side lunges – 3 sets of 12 reps
Forward lunges – 3 sets of 12 reps
Skater lunge – 3 sets of 12 reps
Bicep curls – 3 sets of 12 reps
Lateral dumbbell raises – 3 sets of 12 reps
Dumbbell rows – 3 sets of 12 reps
Crunches – 3 sets of 12 reps
Plank – 2 sets of 90 seconds hold
Ball throws – 3 sets of 12 reps
Lat pulldown – 3 sets of 12 reps
Stability ball leg curl – 3 sets of 12 reps
Wood chops – 3 sets of 12 reps
Mountain climbers – 3 sets of 12 reps
Cool down စတာတွေပါပဲ။
အစားအသောက်နဲ့ပတ်သက်ပြီးတော့ သူမက organic food တွေစားရတာကြိုက်ပြီး အစားအစာတော်တော်များများကိုလည်းသဘောကျနှစ်သက်ပါတယ်။အထူးသဖြင့်အာလူးကိုပိုပြီးစားဖြစ်တယ်။နှစ်သက်တယ်လု့ိသိရပါတယ်။
ခန္ဓာကိုယ်အလှကိုထိန်းသိမ်းတယ်ဆိုတာ လေ့ကျင့်ခန်း၊အစားအသောက်တွေအပြင်နေ့စဉ်ပုံမှန်အမူအကျင့်တွေနဲ့လည်းဆက်နွယ်နေပါသေးတယ်။
သူ့ခန္ဓာကိုယ်ကိုထိန်းသိမ်းတဲ့ နောက်ထပ်နည်းလမ်းတွေကတော့…
*Kylie က တစ်ပတ်ကို တစ်ခါလောက်သာဝိုင်တစ်ခွက်သောက်ပါတယ်
*တစ်နေ့ကို ၇နာရီပြည့်အောင် အိပ်တယ်။ဒါက ဆဲလ်တွေ၊တစ်ရှူးတွေကိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေလျော့နည်းစေပါတယ်။
*သင့်တင့်တဲ့အစားအစာပမာဏအတိုင်းစားတယ်
ဝိတ်ချဖို့အတွက် ကိုယ့်ကိုယ့်ကိုယ်အတင်းဖိအားပေးလေ့မရှိပါဘူး
*ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့သာ အချိန်ကုန်ဆုံးတာများတယ်။Kylie ဟာသူမရဲ့မိသားစုနဲ့လည်းအမြဲနွေးထွေးပြီး သူငယ်ချင်းကောင်းတွေကိုလည်းပိုင်ဆိုင်ထားသူပါ။အမြဲတမ်းအားပေးမယ့်သူတွေရှိတော့ စိတ်ဖိစီးမှုလည်းကင်းဝေးသလို ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်းပုံမှန်လေးပဲဖြစ်နေတာပါ။သူမက အများကြီးကြိုးစားနေတာမဟုတ်ပဲ ပုံမှန်အတိုင်းပဲ ဒီလေ့ကျင့်ခန်းတွေကိုလုပ်ကာ ခန္ဓာကိုယ်အလှကိုထိန်းသိမ်းနေတာပဲဖြစ်ပါတယ်။
ကဲ Kylie ရဲ့လေ့ကျင့်ခန်းလေးတွေအတိုင်း ပုံမှန်ကစားပေးသွားမယ်ဆိုရင် သူမလို လှပတဲ့ခန္ဓာကိုယ်လေးပိုင်ဆိုင်လာမှာမလွဲပါဘူး။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top