ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Carlos Phang လုိ႔ အမည္ရတဲ့ မေလးရွားႏုိင္ငံသားတစ္ေယာက္ဟာ ယခင္က ေဆးလိပ္အလြန္အကၽြံေသာက္သူတစ္ေယာက္ ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ေျခာက္လတုန္းက ေဆးလိပ္ျဖတ္ဖုိ႔ ဆုံးျဖတ္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ ေဆးလိပ္စျဖတ္တဲ့ေန႔ကစၿပီး ပုိက္ဆံကုိ စတင္စုေဆာင္းခဲ့ရာ လအနည္းငယ္အၾကာမွာပင္ iPhone 8 Plus တစ္လုံး ဝယ္ယူႏုိင္ခဲ့ပါတယ္။

Phang ဟာ ေဆးလိပ္ေသာက္သက္ (၁၀)ႏွစ္အထိ ရွိခဲ့ပါတယ္။ ေဆးလိပ္ျဖတ္ကာစ (၃)ရက္အတြင္းမွာ ခၽြဲသလိပ္ေတြ ဆုိးဆုိးဝါးဝါး ပြခဲ့ၿပီး၊ အိပ္လည္း မေပ်ာ္ဘူးလုိ႔ ဆုိပါတယ္။ အလုပ္ခြင္မွာလည္း ႏုံးေခြေနသလုိ ခံစားရၿပီး၊ လည္ေခ်ာင္းအတြင္းကလည္း ငွက္ေမြးနဲ႔ပြတ္ေနသလုိ ယားက်ိက်ိ ျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။

တကယ္ေတာ့ အဲဒီအေျခအေနဟာ ေဆးလိပ္စတင္ျဖတ္လုိက္ျခင္းေၾကာင့္ ခႏၶာကုိယ္က ေဆးလိပ္ရဲ႕အေငြ႕အသက္ေတြ အဆိပ္အေတာက္ေတြကို အလုိအေလ်ာက္ဖယ္ရွားတဲ့စနစ္ကိုု လုပ္ေဆာင္ေနခ်ိန္ျဖစ္လုိ႔ လက္ရွိေနထုိုင္မႈမွာေတာ့ ကသိကေအာက္ ျဖစ္ေၾကာင္း သူက ဆိုပါတယ္။

Phang ဟာ သူ႕ရဲ႕အေတြ႕အႀကဳံကုိ လူမႈကြန္ယက္မွာ ျပန္လည္မွ်ေဝခဲ့ၿပီး၊ ဒီလုိ ေဆးလိပ္ျဖတ္လုိက္ကတည္းက ေငြပုိစုျဖစ္လာေၾကာင္း၊ အဲဒီေနာက္ ေမာ္ဒယ္ျမင့္ iPhone ကုိ ဝယ္ယူႏုိင္ခဲ့ေၾကာင္း၊ ေဆးလိပ္ျဖတ္မယ့္သူေတြအေနနဲ႔ ေနာက္က်တယ္ဆုိတာမရွိဘဲ ေဆးလိပ္ျဖတ္ၾကဖုိ႔အေၾကာင္း တုိက္တြန္းခဲ့ပါတယ္။

တကယ္ေတာ့ သူ႕ရဲ႕ ေငြစုခ်ိန္ဟာ ေျခာက္လသာ ၾကာျမင့္ခဲ့တာျဖစ္ၿပီး တစ္ရက္ကုိ (၂၄)ရင္းဂစ္ စုဘူးထဲကုိ ထည့္ခဲ့ေၾကာင္း၊ ေျခာက္လအတြင္းမွာ ရင္းဂစ္ (၄၈၇၅) အထိ စုေဆာင္းႏုိင္ခဲ့ၿပီး၊ ဒီပမာဏဟာ ေဒၚလာ (၁၁၅၁.၅၃)နဲ႔ ညီမွ်ပါတယ္။ ယင္းေနာက္ iPhone 8 plus ကုိ Phang က ဝယ္ယူခဲ့တာပါ။

သူက ေဆးလိပ္ျဖတ္လုိသူေတြ ေဆးလိပ္သမားေတြအတြက္ ” ေဆးလိပ္ျဖတ္ဖုိ႔ ေနာက္က်တယ္ဆုိတာ မရွိပါဘူး … ကုိယ့္စိတ္ထဲက တကယ္ေဆးလိပ္ျဖတ္လုိစိတ္သာ အေရးႀကီးတာပါ ” လုိ႔ သူရဲ႕ Facebook ပုိ႔စ္ကို အဆုံးသတ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwin Pyin


#Unicode Version#

Carlos Phang လို့ အမည်ရတဲ့ မလေးရှားနိုင်ငံသားတစ်ယောက်ဟာ ယခင်က ဆေးလိပ်အလွန်အကျွံသောက်သူတစ်ယောက် ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ခြောက်လတုန်းက ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဆေးလိပ်စဖြတ်တဲ့နေ့ကစပြီး ပိုက်ဆံကို စတင်စုဆောင်းခဲ့ရာ လအနည်းငယ်အကြာမှာပင် iPhone 8 Plus တစ်လုံး ဝယ်ယူနိုင်ခဲ့ပါတယ်။

Phang ဟာ ဆေးလိပ်သောက်သက် (၁၀)နှစ်အထိ ရှိခဲ့ပါတယ်။ ဆေးလိပ်ဖြတ်ကာစ (၃)ရက်အတွင်းမှာ ချွဲသလိပ်တွေ ဆိုးဆိုးဝါးဝါး ပွခဲ့ပြီး၊ အိပ်လည်း မပျော်ဘူးလို့ ဆိုပါတယ်။ အလုပ်ခွင်မှာလည်း နုံးခွေနေသလို ခံစားရပြီး၊ လည်ချောင်းအတွင်းကလည်း ငှက်မွေးနဲ့ပွတ်နေသလို ယားကျိကျိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

တကယ်တော့ အဲဒီအခြေအနေဟာ ဆေးလိပ်စတင်ဖြတ်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်က ဆေးလိပ်ရဲ့အငွေ့အသက်တွေ အဆိပ်အတောက်တွေကို အလိုအလျောက်ဖယ်ရှားတဲ့စနစ်ကို လုပ်ဆောင်နေချိန်ဖြစ်လို့ လက်ရှိနေထိုင်မှုမှာတော့ ကသိကအောက် ဖြစ်ကြောင်း သူက ဆိုပါတယ်။

Phang ဟာ သူ့ရဲ့အတွေ့အကြုံကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေခဲ့ပြီး၊ ဒီလို ဆေးလိပ်ဖြတ်လိုက်ကတည်းက ငွေပိုစုဖြစ်လာကြောင်း၊ အဲဒီနောက် မော်ဒယ်မြင့် iPhone ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ဆေးလိပ်ဖြတ်မယ့်သူတွေအနေနဲ့ နောက်ကျတယ်ဆိုတာမရှိဘဲ ဆေးလိပ်ဖြတ်ကြဖို့အကြောင်း တိုက်တွန်းခဲ့ပါတယ်။

တကယ်တော့ သူ့ရဲ့ ငွေစုချိန်ဟာ ခြောက်လသာ ကြာမြင့်ခဲ့တာဖြစ်ပြီး တစ်ရက်ကို (၂၄)ရင်းဂစ် စုဘူးထဲကို ထည့်ခဲ့ကြောင်း၊ ခြောက်လအတွင်းမှာ ရင်းဂစ် (၄၈၇၅) အထိ စုဆောင်းနိုင်ခဲ့ပြီး၊ ဒီပမာဏဟာ ဒေါ်လာ (၁၁၅၁.၅၃)နဲ့ ညီမျှပါတယ်။ ယင်းနောက် iPhone 8 plus ကို Phang က ဝယ်ယူခဲ့တာပါ။

သူက ဆေးလိပ်ဖြတ်လိုသူတွေ ဆေးလိပ်သမားတွေအတွက် ” ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး … ကိုယ့်စိတ်ထဲက တကယ်ဆေးလိပ်ဖြတ်လိုစိတ်သာ အရေးကြီးတာပါ ” လို့ သူရဲ့ Facebook ပို့စ်ကို အဆုံးသတ်ခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top