20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

Facebook ပိုင္ လူမႈကြန္ရက္တစ္ခု ျဖစ္တဲ့ Instagram မွာလည္း အေရးၾကီးတဲ့ လံုျခံဳေရး ေပါက္ၾကားမႈတစ္ခု ေလာေလာလတ္လတ္ ျဖစ္ပြားခဲ့ပါတယ္။

ဒါကေတာ့ တစ္ျခားသူေတြရဲ့ Instagram အေကာင့္မွာ သံုးတဲ့ စကားဝွက္ကို public view အျဖစ္ ျပသခဲ့တာပါ။ GDPR အရ လူမႈကြန္ရက္သံုးသူေတြရဲ့ အခ်က္အလက္မိတၱဴကို ျပန္ျပီး download ဆဲြခြင့္ေပးျပီးေနာက္မွာ ဒီျပႆနာကို ေတြ ့ခဲ့ရတာလို ့ဆိုပါတယ္။ GDPR ဟာ EU ကေန သတ္မွတ္ထားတဲ့ လူမႈကြန္ရက္သံုးသူေတြရဲ့ အေထြေထြ အခ်က္အလက္ကာကြယ္ေရးဥပေဒကုိ ေျပာတာပါ။

Instagram ဟာ GDPR ရဲ့ ညႊန္ၾကားခ်က္အတိုင္း သံုးစဲြသူေတြကို ေဒတာ download ဆဲြဖို ့သူတို ့ရဲ့ web browser မွာ URL ေပးျပီး ဆဲြေစခဲ့ရာကေန သံုးစဲြသူတစ္ခ်ိဳ ့ဟာ ဒီ လင့္ခ္ထဲမွာ သူတို ့ရဲ့ passwords ေတြကို plaintext အေနနဲ ့ျပန္ပို ့တာၾကံဳခဲ့ပါတယ္။ ဒီ passwords ေတြဟာ Facebook ရဲ့ ဆာဗာေတြထဲမွာ သိမ္းထားတာပါ။

လံုျခံဳေရး ပညာရွင္တစ္ေယာက္ကေတာ့ တကယ္လို ့Instagram အေနနဲ ့သံုးစဲြသူေတြရဲ့ စကားဝွက္ေတြကို plain text ထဲပဲ သိမ္းထားမယ္ဆိုရင္ ကုမၸဏီရဲ့ လံုျခံဳေရးျပႆနာဟာ စိုးရိမ္စရာေကာင္းေလာက္ေအာင္ ၾကီးမားလာလိမ့္မယ္လို ့ဆိုပါတယ္။ Instagram ကေတာ့ ဒီေျပာၾကားခ်က္ကို ျငင္းဆန္ခဲ့ျပီး ကုမၸဏီဘက္မွ သိမ္းထားတဲ့ passwords ေတြရဲ့ လံုျခံဳေရးကို တင္းက်ပ္ထားတယ္လို ့တုန္ ့ျပန္ခဲ့ပါတယ္။

ဒီျပႆနာတက္ျပီးေနာက္ အေကာင့္ေတြရဲ့ စကားဝွက္ မေပါက္ၾကားေစဖို ့အတြက္ ဒီ feature ကို ခ်က္ခ်င္း ျပင္ဆင္ခဲ့ျပီး သံုးစဲြသူမ်ားကိုလည္း စကားဝွက္ေျပာင္းဖို ့ပါ ႏိႈးေဆာ္ထားပါတယ္။

"တကယ္လို ့တစ္ေယာက္ေယာက္က Instagram ရဲ့ Download Your Data tool ကို သံုးဖို ့သူတို ့ရဲ့ login အခ်က္အလက္ေတြကို သြင္းထားတယ္ဆိုရင္ သူတို ့ရဲ့ စကားဝွက္ကို URL page မွာ ေတြ ့ႏိုင္မွာပါ။ ဒီအခ်က္အလက္ကို တစ္ျခားသူေတြဆီ မေပါက္ၾကားခဲ့ပါဘူး။ ဒါမ်ိဳး ထပ္မျဖစ္ေစဖို ့ကြ်န္ေတာ္တို ့လည္း အေျပာင္းအလဲ လုပ္ထားပါတယ္။ " လို ့ကုမၸဏီက ထုတ္ျပန္ထားပါတယ္။

Instagram ရဲ့ မိခင္ ကုမၸဏီ ျဖစ္တဲ့ facebook ဟာ စက္တင္ဘာလလယ္ခန္ ့က View As feature ကေန သံုးစဲြသူ သန္း ၅၀ ခန္ ့ရဲ့ လံုျခံဳေရး စိုးရိမ္စရာေတြ ၾကံဳခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun


#Unicode Version#

Facebook ပိုင် လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Instagram မှာလည်း အရေးကြီးတဲ့ လုံခြုံရေး ပေါက်ကြားမှုတစ်ခု လောလောလတ်လတ် ဖြစ်ပွားခဲ့ပါတယ်။

ဒါကတော့ တစ်ခြားသူတွေရဲ့ Instagram အကောင့်မှာ သုံးတဲ့ စကားဝှက်ကို public view အဖြစ် ပြသခဲ့တာပါ။ GDPR အရ လူမှုကွန်ရက်သုံးသူတွေရဲ့ အချက်အလက်မိတ္တူကို ပြန်ပြီး download ဆွဲခွင့်ပေးပြီးနောက်မှာ ဒီပြဿနာကို တွေ့ခဲ့ရတာလို့ဆိုပါတယ်။ GDPR ဟာ EU ကနေ သတ်မှတ်ထားတဲ့ လူမှုကွန်ရက်သုံးသူတွေရဲ့ အထွေထွေ အချက်အလက်ကာကွယ်ရေးဥပဒေကို ပြောတာပါ။

Instagram ဟာ GDPR ရဲ့ ညွှန်ကြားချက်အတိုင်း သုံးစွဲသူတွေကို ဒေတာ download ဆွဲဖို့သူတို့ရဲ့ web browser မှာ URL ပေးပြီး ဆွဲစေခဲ့ရာကနေ သုံးစွဲသူတစ်ချို့ဟာ ဒီ လင့်ခ်ထဲမှာ သူတို့ရဲ့ passwords တွေကို plaintext အနေနဲ့ပြန်ပို့တာကြုံခဲ့ပါတယ်။ ဒီ passwords တွေဟာ Facebook ရဲ့ ဆာဗာတွေထဲမှာ သိမ်းထားတာပါ။

လုံခြုံရေး ပညာရှင်တစ်ယောက်ကတော့ တကယ်လို့Instagram အနေနဲ့သုံးစွဲသူတွေရဲ့ စကားဝှက်တွေကို plain text ထဲပဲ သိမ်းထားမယ်ဆိုရင် ကုမ္ပဏီရဲ့ လုံခြုံရေးပြဿနာဟာ စိုးရိမ်စရာကောင်းလောက်အောင် ကြီးမားလာလိမ့်မယ်လို့ဆိုပါတယ်။ Instagram ကတော့ ဒီပြောကြားချက်ကို ငြင်းဆန်ခဲ့ပြီး ကုမ္ပဏီဘက်မှ သိမ်းထားတဲ့ passwords တွေရဲ့ လုံခြုံရေးကို တင်းကျပ်ထားတယ်လို့တုန့်ပြန်ခဲ့ပါတယ်။

ဒီပြဿနာတက်ပြီးနောက် အကောင့်တွေရဲ့ စကားဝှက် မပေါက်ကြားစေဖို့အတွက် ဒီ feature ကို ချက်ချင်း ပြင်ဆင်ခဲ့ပြီး သုံးစွဲသူများကိုလည်း စကားဝှက်ပြောင်းဖို့ပါ နှိုးဆော်ထားပါတယ်။

"တကယ်လို့တစ်ယောက်ယောက်က Instagram ရဲ့ Download Your Data tool ကို သုံးဖို့သူတို့ရဲ့ login အချက်အလက်တွေကို သွင်းထားတယ်ဆိုရင် သူတို့ရဲ့ စကားဝှက်ကို URL page မှာ တွေ့နိုင်မှာပါ။ ဒီအချက်အလက်ကို တစ်ခြားသူတွေဆီ မပေါက်ကြားခဲ့ပါဘူး။ ဒါမျိုး ထပ်မဖြစ်စေဖို့ကျွန်တော်တို့လည်း အပြောင်းအလဲ လုပ်ထားပါတယ်။ " လို့ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Instagram ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ facebook ဟာ စက်တင်ဘာလလယ်ခန့်က View As feature ကနေ သုံးစွဲသူ သန်း ၅၀ ခန့်ရဲ့ လုံခြုံရေး စိုးရိမ်စရာတွေ ကြုံခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top