ႏုိ၀င္ဘာ ၂၂ရက္ေန႔က Hailey ရဲ ႔၂၂ႏွစ္ျပည့္ေမြးေန႔ျဖစ္ျပီး Pattie Mallette ဟာ တြစ္တာမွာ “HAPPY BIRTHDAY @haileybaldwin !! I LOVE YOU!! I’m SO #THANKFUL to have you as a daughter!!!”ဆုိျပီး အသည္းပံုအီမိုဂ်ီ ၊ေမြးေန႔ပူေဖာင္းအီမိုဂ်ီ၊အနမ္းေပးေနတဲ႔အီမိုဂ်ီစသျဖင့္ အီမိုဂ်ီမ်ိဳးစံုထည့္ကာ သူမရဲ ႔အခ်စ္ကုိျပသခဲ႔တာပဲျဖစ္ပါတယ္။
Pattie ဟာ အရင္တုန္းက သားျဖစ္သူရဲ႔ေရြးခ်ယ္မႈကို စိတ္ဆုိးခဲ႔ေပမဲ႔လည္း အခုေတာ့ Hailey ရဲ ႔သည္းခံႏုိင္မႈ၊စိတ္သေဘာထားေကာင္းမႈ၊သူမရဲ႔သားျဖစ္သူအေပၚအေလးထားခ်စ္ခင္မႈေတြကုိ ျမင္သြားျပီျဖစ္လုိ႔ ၾကည္ျဖဴသြားပါျပီ။သူမရဲ ႔တြစ္တာပုိ႔စ္ေအာက္မွာ ပရိသတ္ေတြက Hailey လုိေခြ်းမမ်ိဳးရတာ ကံေကာင္းသလုိ Hailey ကလည္း ဒီလုိေယာကၡမမ်ိဳးရွိတာ ကံေကာင္းတာပဲလု႔ိ၀မ္းသာေၾကာင္း Comment ေတြေရးသားထားတာျမင္ေတြ႔ရပါတယ္။
အခုဆုိရင္ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ လက္ထပ္ျပီးစီးလုိ႔အိမ္အသစ္ကုိေျပာင္းေရြ႔ေနထိုင္ေနျပီျဖစ္ပါတယ္။Hailey Baldwin ဟာလည္း ႏုိ၀င္ဘာ ၁၆ရက္ေန႔က အင္စတာဂရမ္မွာ “Hailey Bieber” လို႔ေျပာင္းလဲထားခဲ႔ပါျပီ။ေမြးေန႔ရက္မွာလည္း ႏွစ္ဖက္မိသားစုနဲ႔အတူ ေပ်ာ္ရႊင္စြာက်င္းပခဲ႔ပါတယ္တဲ႔။ေမြးေန႔မွာအမွတ္တရဗီဒီယုိေလးေတြရုိက္ကူးခဲ႔ျပီးအင္စတာဂရမ္မွာတင္ထားတာေတြ႔ရပါတယ္။ပရိသတ္ေတြအတြက္ Justin နဲ႔ Hailey တုိ႔ဇနီးေမာင္ႏွံရဲ ႔ၾကည္ႏူးစရာပံုရိပ္ေလးေတြျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar
#Unicode Version#
နိုဝင်ဘာ ၂၂ရက်နေ့က Hailey ရဲ့၂၂နှစ်ပြည့်မွေးနေ့ဖြစ်ပြီး Pattie Mallette ဟာ တွစ်တာမှာ “HAPPY BIRTHDAY @haileybaldwin !! I LOVE YOU!! I’m SO #THANKFUL to have you as a daughter!!!”ဆိုပြီး အသည်းပုံအီမိုဂျီ ၊မွေးနေ့ပူဖောင်းအီမိုဂျီ၊အနမ်းပေးနေတဲ့အီမိုဂျီစသဖြင့် အီမိုဂျီမျိုးစုံထည့်ကာ သူမရဲ့အချစ်ကိုပြသခဲ့တာပဲဖြစ်ပါတယ်။
Pattie ဟာ အရင်တုန်းက သားဖြစ်သူရဲ့ရွေးချယ်မှုကို စိတ်ဆိုးခဲ့ပေမဲ့လည်း အခုတော့ Hailey ရဲ့သည်းခံနိုင်မှု၊စိတ်သဘောထားကောင်းမှု၊သူမရဲ့သားဖြစ်သူအပေါ်အလေးထားချစ်ခင်မှုတွေကို မြင်သွားပြီဖြစ်လို့ ကြည်ဖြူသွားပါပြီ။သူမရဲ့တွစ်တာပို့စ်အောက်မှာ ပရိသတ်တွေက Hailey လိုချွေးမမျိုးရတာ ကံကောင်းသလို Hailey ကလည်း ဒီလိုယောက္ခမမျိုးရှိတာ ကံကောင်းတာပဲလု့ိဝမ်းသာကြောင်း Comment တွေရေးသားထားတာမြင်တွေ့ရပါတယ်။
အခုဆိုရင် ဇနီးမောင်နှံနှစ်ယောက်ဟာ လက်ထပ်ပြီးစီးလို့အိမ်အသစ်ကိုပြောင်းရွေ့နေထိုင်နေပြီဖြစ်ပါတယ်။Hailey Baldwin ဟာလည်း နိုဝင်ဘာ ၁၆ရက်နေ့က အင်စတာဂရမ်မှာ “Hailey Bieber” လို့ပြောင်းလဲထားခဲ့ပါပြီ။မွေးနေ့ရက်မှာလည်း နှစ်ဖက်မိသားစုနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့ပါတယ်တဲ့။မွေးနေ့မှာအမှတ်တရဗီဒီယိုလေးတွေရိုက်ကူးခဲ့ပြီးအင်စတာဂရမ်မှာတင်ထားတာတွေ့ရပါတယ်။ပရိသတ်တွေအတွက် Justin နဲ့ Hailey တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။