ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

(ဓါတ္ပံု-ကိုသီဟ)

ေက်ာက္ဆည္ အစိုးရစက္မႈလက္မႈသိပၸံ (GTI) တတိယႏွစ္ေက်ာင္းသား ေနမင္းထက္ အသတ္ခံရမႈႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူသံုးဦးအနက္ တစ္ဦးကို ေက်ာက္ဆည္ခ႐ိုင္တရားရုံးက ႏိုဝင္ဘာလ ၁၉ ရက္တြင္ ေသဒဏ္အမိန္႔ခ်လိုက္ၿပီး က်န္ႏွစ္ဦးကို ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္လိုက္သည္။

က်ဴးလြန္သူမ်ားျဖစ္ေသာ အလီဘုိင္ (ခ) မင္းခန္႔ေက်ာ္ကို ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂ (၁) (ဂ)/ ၁၁၄၊ ၃၂၃ အရ ေထာင္ဒဏ္ ၂၁ ႏွစ္၊ ေအာင္သူဟိန္းကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂(၁)(ဂ)/၁၁၄ အရ ေသဒဏ္၊ မင္းခ်စ္ေအာင္ (ခ) ဖုိးခ်စ္ကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂(၁)(ဂ)/၁၁၄ အရ ေထာင္ဒဏ္ ၂၀ ႏွစ္စီ က်ခံေစရန္ အမိန္႔ခ်ခဲ့ေၾကာင္း တရားလို အက်ိဳးေဆာင္ေရွ႕ေန ဦးသူရထြန္းက ေျပာၾကားသည္။


ေက်ာက္ဆည္ အစိုးရစက္မႈလက္မႈသိပၸံ (GTI) တတိယႏွစ္ေက်ာင္းသား ေနမင္းထက္သည္ ၿပီးခဲ့ေသာ ၾသဂုတ္လ ၂၉ ရက္ေန႔ ညက သူငယ္ခ်င္းတစ္ဦးႏွင့္အတူ ဆိုင္ကယ္စီးနင္းေနစဥ္ အလီဘုိင္ (ခ) မင္းခန္႔ေက်ာ္၊ ေအာင္သူဟိန္းႏွင့္ ဦးမင္းခ်စ္ေအာင္(ခ) ဖိုးခ်စ္တုိႏွင့္ ခိုက္ရန္ျဖစ္ခဲ့ၿပီး ေနမင္းထက္သည္ ဓားႏွင့္အထုိးခံခဲ့ရၿပီး ေသဆံုးခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူသံုးဦးကို ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းက လူသတ္မႈပုဒ္မ ၃၀၂၊ အားေပးကူညီမႈ ပုဒ္မ ၁၁၄၊ လုယက္မႈပုဒ္မ ၃၉၄၊ တရားမဝင္ လက္နက္ကိုင္ေဆာင္မႈ ၁၉ (င)၊ ပုိ႔ကုန္သြင္းကုန္ လိုင္စင္ပုဒ္မ(၈) တို႔ျဖင့္ အမႈဖြင့္ တရားစြဲဆိုထားေသာအမႈျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice


#Unicode Version#

ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) တတိယနှစ်ကျောင်းသား နေမင်းထက် အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူသုံးဦးအနက် တစ်ဦးကို ကျောက်ဆည်ခရိုင်တရားရုံးက နိုဝင်ဘာလ ၁၉ ရက်တွင် သေဒဏ်အမိန့်ချလိုက်ပြီး ကျန်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ကျူးလွန်သူများဖြစ်သော အလီဘိုင် (ခ) မင်းခန့်ကျော်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၁) (ဂ)/ ၁၁၄၊ ၃၂၃ အရ ထောင်ဒဏ် ၂၁ နှစ်၊ အောင်သူဟိန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄ အရ သေဒဏ်၊ မင်းချစ်အောင် (ခ) ဖိုးချစ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄ အရ ထောင်ဒဏ် ၂၀ နှစ်စီ ကျခံစေရန် အမိန့်ချခဲ့ကြောင်း တရားလို အကျိုးဆောင်ရှေ့နေ ဦးသူရထွန်းက ပြောကြားသည်။


ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) တတိယနှစ်ကျောင်းသား နေမင်းထက်သည် ပြီးခဲ့သော သြဂုတ်လ ၂၉ ရက်နေ့ ညက သူငယ်ချင်းတစ်ဦးနှင့်အတူ ဆိုင်ကယ်စီးနင်းနေစဉ် အလီဘိုင် (ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် ဦးမင်းချစ်အောင်(ခ) ဖိုးချစ်တိုနှင့် ခိုက်ရန်ဖြစ်ခဲ့ပြီး နေမင်းထက်သည် ဓားနှင့်အထိုးခံခဲ့ရပြီး သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူသုံးဦးကို ကျောက်ဆည်မြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ လုယက်မှုပုဒ်မ ၃၉၄၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ၁၉ (င)၊ ပို့ကုန်သွင်းကုန် လိုင်စင်ပုဒ်မ(၈) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသောအမှုဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top