ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဂူးဂဲဟာ ကိုယ္လိုခ်င္တဲ့အေျဖေတြကုိ ထုတ္ေပးႏိုင္တယ္ဆုိတာမွန္ပါတယ္ ။
ဒါေပမယ့္ တစ္ခ်ိဳ႕အရာေတြကုိ သင္ရွာေဖြခဲ့မယ္ဆုိရင္ အင္မတန္မွမွားယြင္းတဲ့အခ်က္အလက္ေတြထုတ္ေပးပါလိမ့္မယ္။
ဒီေတာ့ ဘာေတြကုိ ဂူးဂဲမွာမရွာသင့္ဘူးလဲ ။

၁- သင္ခံစားေနရတဲ့ လကၡဏာတစ္ခုခု
ဥပမာ အသားေျခာက္တာမ်ိဳး ၊ အသားေျခာက္တယ္ဆုိတာ ေရမေသာက္လုိ႕လည္းျဖစ္ႏုိင္ပါတယ္။
ဒါကုိ ဘာေၾကာင့္အသားေျခာက္ရလဲလုိ႕ ဂူးဂဲေပၚမွာရွာမယ္ဆုိရင္ အေရျပားကင္ဆာျဖစ္ေနလုိ႕ဆိုတာမ်ိဳးေတြ ေတြ႕ရျပီး စိတ္လက္မခ်မ္းမသာျဖစ္ႏုိင္ပါတယ္။

၂- ဒုစရိုက္မႈနဲ႕ပတ္သတ္တာေတြ
ဗံုးတစ္လံုးကိုဘယ္လုိဖန္တီးရမလဲ ဆုိတာမ်ိဳးကုိလံုးဝဂူးဂဲေပၚမွာ မရွာေဖြသင့္ပါဘူး ။
ဂူးဂဲေပၚမွာ သင္ရွာေဖြလိုက္တဲ့အေၾကာင္းအရာေတြကိုမ်က္ေျခမျပတ္ေစာင့္ၾကည့္ေနတဲ့ လူေတြရွိေနပါတယ္။

၃- ကင္ဆာနဲ႕ပတ္သတ္တဲ့ အေၾကာင္းအရာမ်ား

ကင္ဆာနဲ႕ပတ္သတ္တဲ့အေၾကာင္းအရာေတြကုိ ဂူးဂဲေပၚမွာလံုးဝမရွာေဖြသင့္ပါဘူး ။
ဗဟုသုတသိပ္မ်ားလြန္းရင္ ရူးသလုိ ျဖစ္သြားတတ္တဲ့အေၾကာင္းလည္း သင္တုိ႕ ေက်ာင္းတုန္းကသင္ခဲ့ဖူးမွာပါ။
ကိုယ္ခံစားေနရတာဟာ သာမန္ေခါင္းကိုက္ေဝဒနာတစ္ခုျဖစ္ေပမယ့္ ဂူးဂဲေပၚကအေၾကာင္းအရာေတြနဲ႕ႏိႈင္းယွဥ္ျပီးေတြးလုိက္တဲ့အခါ ဦးေႏွာက္ကင္ဆာျဖစ္ေနသလုိမ်ိဳးသင္စိတ္ထဲထင္ျမင္လာပါလိမ့္မယ္။

၄- ၾကမ္းပိုးေတြဘာစားလဲ
လူတုိင္းက ၾကမ္းပိုးေတြကုိ ေသြးစုပ္တဲ့ အင္းဆက္ေကာင္ေတြလုိ႕ပဲသိၾကပါတယ္။
ဒါေပမယ့္ သူတုိ႕တကယ္တမ္းဘာစားလဲဆုိတာသိခဲ့မယ္ဆုိရင္ အိပ္ယာေပၚေတာင္တက္ခ်င္ေတာ့မွာမဟုတ္ပါဘူး။
ဒီေတာ့ သင္လည္း သူတုိ႕ဘာစားသလဲဆုိတာကုိမရွာရင္ပိုေကာင္းပါလိမ့္မယ္။

၅- အေရျပားအေျခအေန
အေပၚမွာေျပာခဲ့သလုိပဲ အေရျပားေျခာက္တာေတြ ၊ အပူဖုေလးေတြထြက္တာေတြဟာ သာမန္ျဖစ္ေပမယ့္ ဂူးဂဲေပၚမွာ သြားရွာလုိက္ရင္ေတာ့ ကုသမရတဲ့ေရာဂါေတြျဖစ္သြားႏိုင္ပါတယ္။

၆- ေဆးလိပ္ေသာက္သူရဲ႕အဆုတ္အေျခအေန
ဂူးဂဲမွာျပထားတဲ့ ေဆးလိပ္ေသာက္သူေတြရဲ႕ အဆုတ္ပံုစံဟာ အင္မတန္မွ ေၾကာက္စရာေကာင္းလြန္းပါတယ္။
တကယ္တမ္းမွာေတာ့ ပံုမွာျပထားတဲ့အေျခအေန အရမ္းေဝးကြာလြန္းပါတယ္ ။
ဘာေၾကာင့္ အခုလိုမ်ိဳး အရမ္းဆိုးရြားရတဲ့ပံုျပထားရသလဲဆုိေတာ့ ေဆးလိပ္ေသာက္သူေတြကုိ ေဆးလိပ္ျဖတ္ဖုိ႕ တြန္းအားေပးဖုိ႕အတြက္ပါ ။

၇-အႏၱရာယ္မ်ားတဲ့ သတၱဝါမ်ားအေၾကာင္း
ဒီသတၱဝါေတြအေၾကာင္း ဂူးဂဲမွာရွာတဲ့အခါ ေၾကာက္စရာအေကာင္းဆံုးနဲ႕ အႏၱရာယ္အမ်ားဆံုးသတၱဝါေတြေပၚလာပါလိမ့္မယ္။
သင္ဟာပင့္ကူေၾကာက္သူတစ္ေယာက္ဆုိရင္ ဂူးဂဲမွာေပၚလာတဲ့ ပင့္ကူၾကီးဟာ သင့္ကုိ အိမ္မက္ဆိုးေတြ အျပည့္အဝေပးစြမ္းႏိုင္ပါလိမ့္မယ္။

၈- ကိုယ့္နာမည္
ဂူးဂဲေပၚမွာ ဘယ္ေတာ့မွ ကိုယ့္နာမည္ကိုမရွာပါနဲ႕ ။
ကိုယ္နဲ႕နာမည္တူတစ္ေယာက္ဟာ ဒုစရိုက္မႈေပါင္းမ်ားစြာက်ဴးလြန္ထားတဲ့သူတစ္ေယာက္ျဖစ္ႏုိင္သလို ၊ ကံၾကမၼာအလြန္ဆိုးသြားတဲ့သူလည္းျဖစ္ႏုိင္တယ္။

ဒါေတြကုိၾကည့္ျပီး ကုိယ္မ်ားသူတုိ႕လုိျဖစ္လာႏိုင္မလား လုိ႕ေတြးျပီး စိတ္ပူေနရတဲ့ ဒုကၡၾကီးကုိမခံစားခ်င္ပါနဲ႕ ။

၉- ကေလးတစ္ေယာက္ေမြးဖြားျခင္းအေၾကာင္း
ဂူးဂဲမွာ ကေလးေမြးတဲ့အေၾကာင္းရွာတဲ့ အခါ ေအာ္ဟစ္ေနတဲ့ကေလးအေမေတြ နဲ႕ ျပံုဳးရယ္ေနတဲ့ နာ့စ္ေတြကုိ ေတြ႕ရပါလိမ့္မယ္။
ဒါေပမယ့္ တကယ့္လက္ေတြ႕ဘဝရဲ႕ အေျခအေနက အြန္လုိင္းေပၚက ဗီဒီယိုေတြထက္ ၁၀ ဆေလာက္ဆိုးပါတယ္။
အသက္အႏၱရာယ္နီးလြန္းတဲ့အတြက္ ဆရာဝန္ေတြ ၊ နာ့စ္ေတြအကုန္ ဂရုတစိုက္လုပ္ေဆာင္ၾကရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News )


#Unicode Version#

ဂူးဂဲဟာ ကိုယ်လိုချင်တဲ့အဖြေတွေကို ထုတ်ပေးနိုင်တယ်ဆိုတာမှန်ပါတယ် ။
ဒါပေမယ့် တစ်ချို့အရာတွေကို သင်ရှာဖွေခဲ့မယ်ဆိုရင် အင်မတန်မှမှားယွင်းတဲ့အချက်အလက်တွေထုတ်ပေးပါလိမ့်မယ်။
ဒီတော့ ဘာတွေကို ဂူးဂဲမှာမရှာသင့်ဘူးလဲ ။

၁- သင်ခံစားနေရတဲ့ လက္ခဏာတစ်ခုခု
ဥပမာ အသားခြောက်တာမျိုး ၊ အသားခြောက်တယ်ဆိုတာ ရေမသောက်လို့လည်းဖြစ်နိုင်ပါတယ်။
ဒါကို ဘာကြောင့်အသားခြောက်ရလဲလို့ ဂူးဂဲပေါ်မှာရှာမယ်ဆိုရင် အရေပြားကင်ဆာဖြစ်နေလို့ဆိုတာမျိုးတွေ တွေ့ရပြီး စိတ်လက်မချမ်းမသာဖြစ်နိုင်ပါတယ်။

၂- ဒုစရိုက်မှုနဲ့ပတ်သတ်တာတွေ
ဗုံးတစ်လုံးကိုဘယ်လိုဖန်တီးရမလဲ ဆိုတာမျိုးကိုလုံးဝဂူးဂဲပေါ်မှာ မရှာဖွေသင့်ပါဘူး ။
ဂူးဂဲပေါ်မှာ သင်ရှာဖွေလိုက်တဲ့အကြောင်းအရာတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ လူတွေရှိနေပါတယ်။

၃- ကင်ဆာနဲ့ပတ်သတ်တဲ့ အကြောင်းအရာများ

ကင်ဆာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ဂူးဂဲပေါ်မှာလုံးဝမရှာဖွေသင့်ပါဘူး ။
ဗဟုသုတသိပ်များလွန်းရင် ရူးသလို ဖြစ်သွားတတ်တဲ့အကြောင်းလည်း သင်တို့ ကျောင်းတုန်းကသင်ခဲ့ဖူးမှာပါ။
ကိုယ်ခံစားနေရတာဟာ သာမန်ခေါင်းကိုက်ဝေဒနာတစ်ခုဖြစ်ပေမယ့် ဂူးဂဲပေါ်ကအကြောင်းအရာတွေနဲ့နှိုင်းယှဉ်ပြီးတွေးလိုက်တဲ့အခါ ဦးနှောက်ကင်ဆာဖြစ်နေသလိုမျိုးသင်စိတ်ထဲထင်မြင်လာပါလိမ့်မယ်။

၄- ကြမ်းပိုးတွေဘာစားလဲ
လူတိုင်းက ကြမ်းပိုးတွေကို သွေးစုပ်တဲ့ အင်းဆက်ကောင်တွေလို့ပဲသိကြပါတယ်။
ဒါပေမယ့် သူတို့တကယ်တမ်းဘာစားလဲဆိုတာသိခဲ့မယ်ဆိုရင် အိပ်ယာပေါ်တောင်တက်ချင်တော့မှာမဟုတ်ပါဘူး။
ဒီတော့ သင်လည်း သူတို့ဘာစားသလဲဆိုတာကိုမရှာရင်ပိုကောင်းပါလိမ့်မယ်။

၅- အရေပြားအခြေအနေ
အပေါ်မှာပြောခဲ့သလိုပဲ အရေပြားခြောက်တာတွေ ၊ အပူဖုလေးတွေထွက်တာတွေဟာ သာမန်ဖြစ်ပေမယ့် ဂူးဂဲပေါ်မှာ သွားရှာလိုက်ရင်တော့ ကုသမရတဲ့ရောဂါတွေဖြစ်သွားနိုင်ပါတယ်။

၆- ဆေးလိပ်သောက်သူရဲ့အဆုတ်အခြေအနေ
ဂူးဂဲမှာပြထားတဲ့ ဆေးလိပ်သောက်သူတွေရဲ့ အဆုတ်ပုံစံဟာ အင်မတန်မှ ကြောက်စရာကောင်းလွန်းပါတယ်။
တကယ်တမ်းမှာတော့ ပုံမှာပြထားတဲ့အခြေအနေ အရမ်းဝေးကွာလွန်းပါတယ် ။
ဘာကြောင့် အခုလိုမျိုး အရမ်းဆိုးရွားရတဲ့ပုံပြထားရသလဲဆိုတော့ ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ဖို့ တွန်းအားပေးဖို့အတွက်ပါ ။

၇-အန္တရာယ်များတဲ့ သတ္တဝါများအကြောင်း
ဒီသတ္တဝါတွေအကြောင်း ဂူးဂဲမှာရှာတဲ့အခါ ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အများဆုံးသတ္တဝါတွေပေါ်လာပါလိမ့်မယ်။
သင်ဟာပင့်ကူကြောက်သူတစ်ယောက်ဆိုရင် ဂူးဂဲမှာပေါ်လာတဲ့ ပင့်ကူကြီးဟာ သင့်ကို အိမ်မက်ဆိုးတွေ အပြည့်အဝပေးစွမ်းနိုင်ပါလိမ့်မယ်။

၈- ကိုယ့်နာမည်
ဂူးဂဲပေါ်မှာ ဘယ်တော့မှ ကိုယ့်နာမည်ကိုမရှာပါနဲ့ ။
ကိုယ်နဲ့နာမည်တူတစ်ယောက်ဟာ ဒုစရိုက်မှုပေါင်းများစွာကျူးလွန်ထားတဲ့သူတစ်ယောက်ဖြစ်နိုင်သလို ၊ ကံကြမ္မာအလွန်ဆိုးသွားတဲ့သူလည်းဖြစ်နိုင်တယ်။

ဒါတွေကိုကြည့်ပြီး ကိုယ်များသူတို့လိုဖြစ်လာနိုင်မလား လို့တွေးပြီး စိတ်ပူနေရတဲ့ ဒုက္ခကြီးကိုမခံစားချင်ပါနဲ့ ။

၉- ကလေးတစ်ယောက်မွေးဖွားခြင်းအကြောင်း
ဂူးဂဲမှာ ကလေးမွေးတဲ့အကြောင်းရှာတဲ့ အခါ အော်ဟစ်နေတဲ့ကလေးအမေတွေ နဲ့ ပြုံုးရယ်နေတဲ့ နာ့စ်တွေကို တွေ့ရပါလိမ့်မယ်။
ဒါပေမယ့် တကယ့်လက်တွေ့ဘဝရဲ့ အခြေအနေက အွန်လိုင်းပေါ်က ဗီဒီယိုတွေထက် ၁၀ ဆလောက်ဆိုးပါတယ်။
အသက်အန္တရာယ်နီးလွန်းတဲ့အတွက် ဆရာဝန်တွေ ၊ နာ့စ်တွေအကုန် ဂရုတစိုက်လုပ်ဆောင်ကြရပါတယ်။

Writer – Min Thu (Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top