ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ၂၀၁၈ အေကာင္းဆုံး လူငယ္ကစားသမားဆု(Golden Boy)အတြက္ ေနာက္ဆုံးဆန္ခါ တင္ငါးဦးစာရင္းကို ေၾကညာရာ ျပင္သစ္ႏွင့္ပီအက္စ္ဂ်ီတိုက္စစ္ မွဴးမက္ဘီပါ၀င္လာျခင္းမရွိေပ။

ဒီဇင္ဘာ ၁၇ ရက္တြင္ေပး အပ္မည့္ Golden Boy ဆုအ တြက္ဆန္ခါတင္ငါးဦးစာရင္းကုိ Juttosport အီတလီအားကစား သတင္းစာက ေၾကညာရာ ရီး ရဲလ္လူငယ္တိုက္စစ္မွဴး ဗီးႏုိး စီးယပ္စ္ဂ်ဴနီယာ၊ ႐ုိးမားမွဂ်ပ္စ တင္ကလြိဳက္ဗတ္၊ ေအဂ်က္ဇ္မွ မက္သဟစ္၊ ေအစီမီလန္မွ ပက္ ထရစ္ကူထ႐ုိနီႏွင့္ လီဗာပူးမွ အ လက္ဇန္းဒါးအာႏုိးလ္တို႔ ပါ၀င္ ေသာ္လည္း ျပင္သစ္ႏွင့္အတူ ကမၻာ့ဖလားရရွိၿပီး ပီအက္စ္ဂ်ီအ တြက္ ေျခစြမ္းေကာင္းမ်ားျပသ ခဲ့ေသာမက္ဘီပါ၀င္ျခင္းမရွိေပ။

ၿပီးခဲ့သည့္ႏွစ္က Golden Boy ဆုရရွိသည့္ မက္ဘီသည္ ကနဦးတြင္ ယခုႏွစ္ဆုကုိရရန္ ေရပန္းအစားဆုံးျဖစ္ခဲ့သည္။ သုိ႔ ေသာ္ (၁၆)ႀကိမ္ေျမာက္ခ်ီးျမႇင့္ မည့္ Golden Boy ဆုကုိ အထက္ ပါ ေနာက္ဆုံးဆန္ခါတင္ငါးဦးမွ တစ္ဦးရရွိမည္ျဖစ္သည္။

ယင္းဆုကုိ အသက္(၂၁)ႏွစ္ ေအာက္တစ္ႏွစ္တာအေကာင္း ဆုံးကစားသမားကုိ ေပးအပ္ျခင္း ျဖစ္ၿပီး Marca, L’Equipe ႏွင့္ Bild သတင္းဌာနတို႔အပါအ၀င္ လူသိမ်ားေသာအားကစားသ တင္းဌာန ၂၀ မွ ဥေရာပဂ်ာနယ္ လစ္ ၃၀က ဆုံးျဖတ္၍ေရြးခ်ယ္ ျခင္းျဖစ္သည္။

ဂ်ာနယ္လစ္တစ္ဦးစီသည္ ၎တို႔အႀကိဳက္ဆုံးကစားသမား ကုိ ၁၀ မွတ္၊ ဒုတိယေနရာအတြက္ ခုနစ္မွတ္၊ တတိယေနရာငါးမွတ္၊ စတုတၳသုံးမွတ္ႏွင့္ ပၪၥမတစ္မွတ္ ျဖင့္ မဲငါးမဲေပးရမည္ျဖစ္သည္။ အမွတ္တုိင္းကုိ ေပါင္း၍တြက္ ခ်က္ၿပီးေနာက္ ၁၉၉၀ ဇန္န၀ါရီ၁ရက္ေနာက္ပိုင္း ေမြးဖြားသည့္ဆန္ခါတင္ကစားသမားငါးဦးမွ တစ္ဦးကုိ ေရြးခ်ယ္မည္ျဖစ္သည္။ ၂၀၁၇ တြင္ ယင္းဆုကုိမက္ဘီရရွိ ၿပီး ၂၀၁၆ ကရီနာတိုဆန္းခ်က္ဇ္ရ ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

 ၂၀၁၈ အကောင်းဆုံး လူငယ်ကစားသမားဆု(Golden Boy)အတွက် နောက်ဆုံးဆန်ခါ တင်ငါးဦးစာရင်းကို ကြေညာရာ ပြင်သစ်နှင့်ပီအက်စ်ဂျီတိုက်စစ် မှူးမက်ဘီပါဝင်လာခြင်းမရှိပေ။

ဒီဇင်ဘာ ၁၇ ရက်တွင်ပေး အပ်မည့် Golden Boy ဆုအ တွက်ဆန်ခါတင်ငါးဦးစာရင်းကို Juttosport အီတလီအားကစား သတင်းစာက ကြေညာရာ ရီး ရဲလ်လူငယ်တိုက်စစ်မှူး ဗီးနိုး စီးယပ်စ်ဂျူနီယာ၊ ရိုးမားမှဂျပ်စ တင်ကလွိုက်ဗတ်၊ အေဂျက်ဇ်မှ မက်သဟစ်၊ အေစီမီလန်မှ ပက် ထရစ်ကူထရိုနီနှင့် လီဗာပူးမှ အ လက်ဇန်းဒါးအာနိုးလ်တို့ ပါဝင် သော်လည်း ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားရရှိပြီး ပီအက်စ်ဂျီအ တွက် ခြေစွမ်းကောင်းများပြသ ခဲ့သောမက်ဘီပါဝင်ခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ်က Golden Boy ဆုရရှိသည့် မက်ဘီသည် ကနဦးတွင် ယခုနှစ်ဆုကိုရရန် ရေပန်းအစားဆုံးဖြစ်ခဲ့သည်။ သို့ သော် (၁၆)ကြိမ်မြောက်ချီးမြှင့် မည့် Golden Boy ဆုကို အထက် ပါ နောက်ဆုံးဆန်ခါတင်ငါးဦးမှ တစ်ဦးရရှိမည်ဖြစ်သည်။

ယင်းဆုကို အသက်(၂၁)နှစ် အောက်တစ်နှစ်တာအကောင်း ဆုံးကစားသမားကို ပေးအပ်ခြင်း ဖြစ်ပြီး Marca, L’Equipe နှင့် Bild သတင်းဌာနတို့အပါအဝင် လူသိများသောအားကစားသ တင်းဌာန ၂၀ မှ ဥရောပဂျာနယ် လစ် ၃၀က ဆုံးဖြတ်၍ရွေးချယ် ခြင်းဖြစ်သည်။

ဂျာနယ်လစ်တစ်ဦးစီသည် ၎င်းတို့အကြိုက်ဆုံးကစားသမား ကို ၁၀ မှတ်၊ ဒုတိယနေရာအတွက် ခုနစ်မှတ်၊ တတိယနေရာငါးမှတ်၊ စတုတ္ထသုံးမှတ်နှင့် ပဉ္စမတစ်မှတ် ဖြင့် မဲငါးမဲပေးရမည်ဖြစ်သည်။ အမှတ်တိုင်းကို ပေါင်း၍တွက် ချက်ပြီးနောက် ၁၉၉၀ ဇန်နဝါရီ၁ရက်နောက်ပိုင်း မွေးဖွားသည့်ဆန်ခါတင်ကစားသမားငါးဦးမှ တစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။ ၂၀၁၇ တွင် ယင်းဆုကိုမက်ဘီရရှိ ပြီး ၂၀၁၆ ကရီနာတိုဆန်းချက်ဇ်ရ ရှိခဲ့သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top