(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မီးဖိုေခ်ာင္ဟာ အမ်ိဳးသမီးေတြအတြက္ သီးသန္႔အလုပ္ခြင္ေနရာ မဟုတ္။ စားေသာက္ဆိုင္မွာ ေငြရွင္းျခင္းဟာလည္း အမ်ိဳးသားေတြသာ တာဝန္ယူရတယ္ဆိုတဲ့ သတ္မွတ္ခ်က္မရွိသင့္။ ဒါေပမယ့္ အခုထိေတာ့ ရွင္းရွင္းလင္းလင္း မျဖစ္ေသးပါဘူး။ သိပၸံနည္းက်ေလ့လာခ်က္ေပါင္း ႏွစ္ေထာင္ေက်ာ္ေလာက္က သက္ေသျပခဲ့တယ္။ စိတ္ပိုင္းဆိုင္ရာနဲ႔ ဥာဏ္ရည္ဥာဏ္ေသြးမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဟာ ကြဲျပားျခားနားတယ္ဆိုတာ မရွိၾကဘူးေပါ့။ ဆိုလိုတာက ေတာ္ခ်င္တဲ့သူေတာ္မယ္၊ ညံ့ခ်င္တဲ့သူညံ့မယ္ လိင္ကြဲျပားမႈနဲ႔မဆိုင္ဘူးလို႔ ေျပာခ်င္တာ။
ဒါေပမယ့္ လူမႈပတ္ဝန္းက်င္မွာ အသားက်ေနတဲ့ က်ားမခြဲျခားမႈက သာမာန္ေယာက်္ား၊ မိန္းမခြဲျခားမႈကေနတဆင့္ ေယာက်္ားဆိုဘာလုပ္ရမယ္၊ မိန္းမဆိုဘာမလုပ္သင့္ ဆိုတာေတြ ျဖစ္လာေတာ့ လူမႈစည္းမ်ဥ္းေတြက ျပႆနာေတြ ျဖစ္လာေရာ။ သင္ေရာဒီလိုခြဲျခားထားတာေတြကို ေျပာင္းသင့္တယ္လို႔ ထင္ေကာင္းထင္မိပါလိမ့္မယ္။

ခြဲျခားမႈ နံပါတ္တစ္
မိန္းကေလးေတြက သိမ္ေမြ႔ႏူးညံ့ၿပီး ၾကင္နာတတ္တယ္၊ ေယာက်္ားမွန္ရင္ ရဲရင့္ၿပီးသန္မာရမယ္

ကေလးေတြက သူတို႔ရဲ႕လိင္ကြဲျပားတာနဲ႔ ပတ္သတ္ၿပီးေတာ့ ဘာေတြဘယ္လိုတာဝန္ယူရမယ္ ဆိုတာ မသိပါဘူး။ ဒါေပမယ့္ ဒီအေၾကာင္းေတြကို အသက္ႀကီးသူေတြက ျမန္ဆန္စြာနဲ႔ပဲ ပံုစံသြင္းတတ္ၾကတယ္။ မိန္းကေလးဆိုရင္ လံုျခံဳေအာင္ဝတ္ရမယ္။ ေယာက်္ားေလးျဖစ္ရင္ ငိုတာကိုရွက္ေၾကာက္ရမယ္။ ဘာသာေရးအဆံုးအမေတြထဲကဆိုၿပီး
လြဲေနတာေတြ ယူသံုးၾကတာလည္း အမ်ားအျပားရယ္။ Brown ဆိုတဲ့သူကေျပာတယ္။ ကေလးတိုင္းက်ားက်ားမမ ျဖစ္ျဖစ္၊ အ႐ုပ္သံုးမ်ိဳးရွိသင့္တယ္တဲ့။ တခုက ကေလးရဲ႕ ဥာဏ္ရည္အတြက္၊ တစ္ခုက ကေလးရဲ႕ကိုယ္ခႏၶာအတြက္နဲ႔ ေနာက္တစ္ခုက ႐ုပ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈေတြအတြက္လို႔ သူကခြဲျခားျပတယ္။ ႏူးညံ့တဲ့အ႐ုပ္ေတြ၊ အ႐ုပ္မေတြနဲ႔
ေဆာ့ရင္ ကေလးကၾကင္နာၿပီး ဂ႐ုစိုက္တတ္လာမယ္။ ဥာဏ္သံုးၿပီးကစားရတဲ့ Puzzle လိုကစားစရာေတြနဲ႔ ကစားရင္ ကေလးရဲ႕ဥာဏ္ရည္ေတြးေခၚမႈေတြ တိုးတက္လာမယ္။ စက္ဘီးတို႔ ေဘာလံုးတို႔နဲ႔ ကစားတာကလည္း ကေလးရဲ႕႐ုပ္ပိုင္းဆိုင္ရာ သန္စြမ္းၾကံ့ခိုင္မႈအတြက္ မရွိမျဖစ္လိုအပ္တဲ့အရာလို႔ သူကဆိုလိုတာ။ ဒါေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ ကစားစရာမွာကအစ က်ားမခြဲျခားသတ္မွတ္ၾကတုန္းပဲ။

ရန္မျဖစ္နဲ႔ေလ နင္ကမိန္းကေလး၊ မိန္းကေလးၾကေနတာပဲကြာ ငိုေနတာမရွက္ဖူးလား၊ ဒီလိုစကားေတြနဲ႔ ကေလးေတြကိုပံုစံသြင္းလာေတာ့ သူတို႔ႀကီးလာရင္လည္း Gander ခြဲသူေတြအျဖစ္ႀကီးျပင္းလာေရာ။ ခ်က္ျပဳတ္ရမွာ မိန္းကေလးရဲ႕တာဝန္၊ ေယာက်္ားေတြသာ ေခါင္းေဆာင္ျဖစ္သင့္တယ္ ဒီလိုအယူအဆေတြလည္း ခုထိ ရွင္သန္ေနတုန္းပါပဲ။ အေကာင္းဆံုးကေတာ့ သားေလးေမြးထားရင္ သန္႔ရွင္းေရးနဲ႔ အခ်က္အျပဳတ္ကို သင္ၾကားေပးတာေတြ၊ သမီးေလးေမြးထားရင္လည္း သူတို႔စိတ္ဝင္စားေစမယ့္ ကစားနည္းေတြ၊ အလုပ္ေတြကို လြတ္လပ္စြာလုပ္ခြင့္ေပးသင့္ပါတယ္။

ခြဲျခားမႈနံပါတ္ႏွစ္
စားေသာက္ဆိုင္ထိုင္ရင္ မိန္းကေလးအတြက္ပါ ေယာက်္ားေလးကရွင္းရတယ္

အေမရိကန္က Ashleigh Bradly ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕ Twitter စာမ်က္ႏွာမွာ သူမရဲ႕ခ်စ္သူအသစ္က စားေသာက္ဆိုင္အတူတူထိုင္ရင္ သူမကို က်သင့္ေငြရဲ႕ ၅၀% ရွင္းခိုင္းေၾကာင္း ေရးတင္တယ္။ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး အြန္လိုင္းမွာ အျငင္းအခုန္ေတြေတာင္ ႀကီးႀကီးက်ယ္က်ယ္ ျဖစ္လိုက္ေသးတယ္။ လူတခ်ိဳ႕က အမ်ိဳးသားနဲ႔အမ်ိဳးသမီး တြဲေနတဲ့အခ်ိန္မွာ အမ်ိဳးသားဖက္ကပဲ ေငြရွင္းသင့္ေၾကာင္း ေျပာၾကတယ္။ တကယ္လို႔ ဒါဟာအမွန္တရားဆိုရင္ ဘာအတြက္ေၾကာင့္ အမ်ိဳးသားက ရွင္းသင့္တယ္ဆိုတဲ့ ခိုင္လံုတဲ့ ၾကာင္းျပခ်က္ ရွိသင့္တယ္မဟုတ္လား။ စိတ္ပညာဆရာမ Marina Commisarova ကေတာ့ အမ်ိဳးသမီးတစ္ေယာက္ကို ပိုးပန္းတဲ့အခါ အမ်ိဳးသားက သူမရဲ႕အႀကိဳက္ကိုလုပ္ေပးျခင္း ဥပမာ ပန္းစည္းေပးတာေတြ လက္ေဆာင္ေတြနဲ႔ ခ်ဥ္းကပ္တာဟာ ႐ိုးရာအျဖစ္ရွိသင့္ေၾကာင္း ေျပာခဲ့တယ္။ ပိုးပန္းတယ္ဆိုကတည္းက အမ်ိဳးသားက စိတ္ဝင္စားေနလို႔ဆိုတာ ေပၚလြင္တယ္ေလ။ ဒါကမိန္းကေလးအတြက္ ေပ်ာ္စရာပဲ။ ဒါေပမယ့္ ဒီလိုမ်ိဳးကိုယ့္ကိုယ္ခ်စ္ေနသူက ဂ႐ုစိုက္ေပးတာကိုေတာ့ အေလးအနက္ထားၿပီး ေလးစားဖို႔လိုတာေပါ့။
ခ်စ္သူျဖစ္တာကို အေၾကာင္းျပၿပီး အႏိုင္က်င့္တာကေတာ့ မွ်တတဲ့ relationship တစ္ခုျဖစ္လာမွာ မဟုတ္ပါဘူး။ တကယ္လို႔အမ်ိဳးသားက သူခ်ည္းပဲ ေငြရွင္းဖို႔ေျပာလာရင္ေတာင္ မိန္းကေလးက ျငင္းသင့္တယ္မဟုတ္လား။ ဒါမွသာ မွ်တတဲ့ relationship တစ္ခုျဖစ္လာမွာပါ။ တကယ္လို႔ မိန္းကေလးက အကူအညီလိုရင္ ခ်စ္သူကိုဖြင့္ေျပာသင့္တယ္။
အမ်ိဳးသားကလည္း ခ်စ္သူကိုကူညီေပးဖို႔ အဆင္သင့္ျဖစ္ေနသင့္တယ္။ မိန္းကေလးေတြ လုပ္သင့္တာက ဒီေလာက္ပါပဲ။

ခြဲျခားမႈနံပါတ္သံုး
ေယာက်္ားေကာင္းေမာင္းမတစ္ေထာင္တဲ့ ဒါကိုမိန္းကေလးေတြ နားလည္ေပးရမယ္

ေလ့လာမႈေတြအရ ကြာျခားမႈေတြကို ပညာရွင္ေတြအားလံုး သေဘာတူညီၾကတယ္။ ” အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ခ်စ္သူအေပၚ မၾကာခဏေဖာက္ျပန္တတ္ၾကပါသတဲ့”
လူတခ်ိဳ႕ကေတာ့ ဒါလိုေဖာက္ျပန္တာဟာ အမ်ိဳးသားတစ္ေယာက္ရဲ႕ မ်ိဳး႐ိုးဗီဇေၾကာင့္လို႔ ယူဆၾကတယ္။ လက္ေတြ႕က်က် စဥ္းစားရရင္ေတာ့ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ တစ္လင္တစ္မယားနဲ႔ ေမြးဖြားလာၾကတာ အတူတူပဲ မဟုတ္ဖူးလား။ ေယာက်္ား၁၀ေယာက္ရဲ႕ သုတ္ပိုးအေရာအႏွာနဲ႔ မမ်ိဳးဥတစ္ခုေတြ႕ၿပီး သေႏၶတည္လာၾကတာ မဟုတ္ဖူးေလ။ ဒါေၾကာင့္ မ်ိဳး႐ိုးဗီဇဆိုတာ အေၾကာင္းျပခ်က္သက္သက္ပဲ။ ေဖာက္ျပန္ခ်င္သူက ေဖာက္ျပန္မွာပါပဲ။ ဒီေနရာမွာ ေယာက်္ားမိန္းမ ခြဲျခားလို႔ေတာ့မရဘူး။ လူမႈပတ္ဝန္းက်င္က ရည္းစားမ်ားတဲ့ မိန္းကေလးကိုကဲ့ရဲ႕႐ႈံ႕ခ်ၾကၿပီး ရည္းစားထည္လဲတြဲတဲ့ ေယာက်္ားေလးေတြကိုေတာ့ မသိခ်င္ေယာင္ေဆာင္ေနတာေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေယာက်္ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ကိုယ့္ရဲ႕လက္တြဲေဖာ္အေပၚကိုေတာ့ သစၥာရွိဖို႔လိုပါလိမ့္မယ္။

ခြဲျခားမႈ နံပါတ္ေလး
စီမံခန္႔ခြဲမႈနဲ႔ ေခါင္းေဆာင္မႈမွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ပိုညံ့တယ္

အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက အမ်ိဳးသမီးေတြဟာ စီမံခန္႔ခြဲမႈ ရာထူးနဲ႔ မအပ္စပ္ေၾကာင္း ယံုၾကည္ၾကတယ္။ ဒီလိုအရာေတြက အမ်ိဳးသမီးေတြရဲ႕ အသက္ေမြးဝမ္းေၾကာင္းအတြက္ တိုးတက္မႈႏႈန္းကို ကန္႔သတ္ထားတဲ့ အတားအဆီးတစ္ခုဆုိရင္လည္း မမွားဘူး။ ဒါေတြအျပင္ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးၾကား ႀကီးမားတဲ့ လုပ္အားကြာဟမႈေတြလည္း အခုထိရွိေနတုန္းပဲ ေယာက်္ားေလးက မိန္းကေလးထက္ လုပ္အားပိုရတယ္။ စိတ္ပညာရွင္ျဖစ္သူ Jorden Peterson ကေတာ့ေျပာတယ္။ အခုလိုလုပ္အားခကြာဟမႈဟာ လိင္ခြဲျခားမႈေၾကာင့္မဟုတ္ပဲ အမ်ိဳးသမီးက အမ်ိဳးသားေတြထက္ စိတ္ပိုင္းနဲ႔ခံစားခ်က္ပိုင္း ပိုမိုႏူးညံ့ၿပီးခံစားလြယ္တဲ့ သဘာဝေၾကာင့္လို႔ ေျပာတယ္။ ဘာပဲျဖစ္ျဖစ္ အခုလိုလုပ္အားခကြာဟမႈဟာ အမ်ိဳးသမီးေတြ တိုးတက္မႈနဲ႔ ေရွ႕ေရာက္ဖို႔အတြက္ေတာ့ ပိုခက္ေနပါတယ္။

ခြဲျခားမႈ နံပါတ္ငါး
ေယာက်္ားမွန္ရင္ မငိုရဘူး

ေလ့လာမႈေတြရဲ႕ အဆိုအရ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြလိုပဲ ေဒါသ၊ ဝမ္းနည္းမႈနဲ႔ အေၾကာက္တရားမွာ မၾကာခဏ အတူတူေလာက္ပဲလို႔ သိရတယ္။ ဒါေပမယ့္ လိင္ခြဲျခားမႈအရ အမ်ိဳးသားေတြဟာ ႀကီးမားတဲ့ဝန္ထုပ္ဝန္ပိုးႀကီး ထမ္းထားရသလိုပါပဲ။ သူတို႔ရဲ႕ခံစားခ်က္ေတြကို ခက္ခက္ခဲခဲနဲ႔ မၾကာခဏဖံုးကြယ္တတ္ၾကတယ္။
ဒီလိုအခ်ိန္ေတြဟာ သူတို႔အတြက္ ခက္ခဲတဲ့ အခ်ိန္ေတြဆိုလည္း မမွားဘူး။ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ Emma Watson ကေျပာတယ္။ အမ်ိဳးသားေတြဟာ ငိုဖို႔အတြက္ေတာင္မွ အခြင့္အေရးမရွိဘူးဆိုတဲ့ အျမင္ကိုကၽြန္မမုန္းတယ္။ သူတို႔ရဲ႕ခံစားခ်က္ေတြကို ေဖာ္ထုတ္ခြင့္ မရၾကဘူး။ တကယ္လို႔သူတို႔ဘယ္လို ခံစားေနရတယ္ဆိုတာ အမွန္အတိုင္းေျပာရင္ေတာင္ ပတ္ဝန္းက်င္က ဆိုးရြားတဲ့အရာပဲလို႔ သတ္မွတ္ေနတတ္တယ္။ လူတစ္ေယာက္ရဲ႕ ခံစားခ်က္ပိုင္းဟာ ထိုသူကို ေပ်ာ့ညံ့သြားေအာင္ မလုပ္ႏိုင္ပါဘူး။ ကိုယ့္ႏွလံုးခုန္သံကို ကိုယ္တိုင္ပဲ ဂ႐ုစိုက္ရမွာေပါ့ ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: LifeStyle


#Unicode Version#

မီးဖိုချောင်ဟာ အမျိုးသမီးတွေအတွက် သီးသန့်အလုပ်ခွင်နေရာ မဟုတ်။ စားသောက်ဆိုင်မှာ ငွေရှင်းခြင်းဟာလည်း အမျိုးသားတွေသာ တာဝန်ယူရတယ်ဆိုတဲ့ သတ်မှတ်ချက်မရှိသင့်။ ဒါပေမယ့် အခုထိတော့ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ သိပ္ပံနည်းကျလေ့လာချက်ပေါင်း နှစ်ထောင်ကျော်လောက်က သက်သေပြခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးမှာ အမျိုးသားနဲ့ အမျိုးသမီးဟာ ကွဲပြားခြားနားတယ်ဆိုတာ မရှိကြဘူးပေါ့။ ဆိုလိုတာက တော်ချင်တဲ့သူတော်မယ်၊ ညံ့ချင်တဲ့သူညံ့မယ် လိင်ကွဲပြားမှုနဲ့မဆိုင်ဘူးလို့ ပြောချင်တာ။
ဒါပေမယ့် လူမှုပတ်ဝန်းကျင်မှာ အသားကျနေတဲ့ ကျားမခွဲခြားမှုက သာမာန်ယောကျ်ား၊ မိန်းမခွဲခြားမှုကနေတဆင့် ယောကျ်ားဆိုဘာလုပ်ရမယ်၊ မိန်းမဆိုဘာမလုပ်သင့် ဆိုတာတွေ ဖြစ်လာတော့ လူမှုစည်းမျဉ်းတွေက ပြဿနာတွေ ဖြစ်လာရော။ သင်ရောဒီလိုခွဲခြားထားတာတွေကို ပြောင်းသင့်တယ်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်။

ခွဲခြားမှု နံပါတ်တစ်
မိန်းကလေးတွေက သိမ်မွေ့နူးညံ့ပြီး ကြင်နာတတ်တယ်၊ ယောကျ်ားမှန်ရင် ရဲရင့်ပြီးသန်မာရမယ်

ကလေးတွေက သူတို့ရဲ့လိင်ကွဲပြားတာနဲ့ ပတ်သတ်ပြီးတော့ ဘာတွေဘယ်လိုတာဝန်ယူရမယ် ဆိုတာ မသိပါဘူး။ ဒါပေမယ့် ဒီအကြောင်းတွေကို အသက်ကြီးသူတွေက မြန်ဆန်စွာနဲ့ပဲ ပုံစံသွင်းတတ်ကြတယ်။ မိန်းကလေးဆိုရင် လုံခြုံအောင်ဝတ်ရမယ်။ ယောကျ်ားလေးဖြစ်ရင် ငိုတာကိုရှက်ကြောက်ရမယ်။ ဘာသာရေးအဆုံးအမတွေထဲကဆိုပြီး
လွဲနေတာတွေ ယူသုံးကြတာလည်း အများအပြားရယ်။ Brown ဆိုတဲ့သူကပြောတယ်။ ကလေးတိုင်းကျားကျားမမ ဖြစ်ဖြစ်၊ အရုပ်သုံးမျိုးရှိသင့်တယ်တဲ့။ တခုက ကလေးရဲ့ ဉာဏ်ရည်အတွက်၊ တစ်ခုက ကလေးရဲ့ကိုယ်ခန္ဓာအတွက်နဲ့ နောက်တစ်ခုက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအတွက်လို့ သူကခွဲခြားပြတယ်။ နူးညံ့တဲ့အရုပ်တွေ၊ အရုပ်မတွေနဲ့
ဆော့ရင် ကလေးကကြင်နာပြီး ဂရုစိုက်တတ်လာမယ်။ ဉာဏ်သုံးပြီးကစားရတဲ့ Puzzle လိုကစားစရာတွေနဲ့ ကစားရင် ကလေးရဲ့ဉာဏ်ရည်တွေးခေါ်မှုတွေ တိုးတက်လာမယ်။ စက်ဘီးတို့ ဘောလုံးတို့နဲ့ ကစားတာကလည်း ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းကြံ့ခိုင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အရာလို့ သူကဆိုလိုတာ။ ဒါပေမယ့် လူအတော်များများကတော့ ကစားစရာမှာကအစ ကျားမခွဲခြားသတ်မှတ်ကြတုန်းပဲ။

ရန်မဖြစ်နဲ့လေ နင်ကမိန်းကလေး၊ မိန်းကလေးကြနေတာပဲကွာ ငိုနေတာမရှက်ဖူးလား၊ ဒီလိုစကားတွေနဲ့ ကလေးတွေကိုပုံစံသွင်းလာတော့ သူတို့ကြီးလာရင်လည်း Gander ခွဲသူတွေအဖြစ်ကြီးပြင်းလာရော။ ချက်ပြုတ်ရမှာ မိန်းကလေးရဲ့တာဝန်၊ ယောကျ်ားတွေသာ ခေါင်းဆောင်ဖြစ်သင့်တယ် ဒီလိုအယူအဆတွေလည်း ခုထိ ရှင်သန်နေတုန်းပါပဲ။ အကောင်းဆုံးကတော့ သားလေးမွေးထားရင် သန့်ရှင်းရေးနဲ့ အချက်အပြုတ်ကို သင်ကြားပေးတာတွေ၊ သမီးလေးမွေးထားရင်လည်း သူတို့စိတ်ဝင်စားစေမယ့် ကစားနည်းတွေ၊ အလုပ်တွေကို လွတ်လပ်စွာလုပ်ခွင့်ပေးသင့်ပါတယ်။

ခွဲခြားမှုနံပါတ်နှစ်
စားသောက်ဆိုင်ထိုင်ရင် မိန်းကလေးအတွက်ပါ ယောကျ်ားလေးကရှင်းရတယ်

အမေရိကန်က Ashleigh Bradly ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့ Twitter စာမျက်နှာမှာ သူမရဲ့ချစ်သူအသစ်က စားသောက်ဆိုင်အတူတူထိုင်ရင် သူမကို ကျသင့်ငွေရဲ့ ၅၀% ရှင်းခိုင်းကြောင်း ရေးတင်တယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အွန်လိုင်းမှာ အငြင်းအခုန်တွေတောင် ကြီးကြီးကျယ်ကျယ် ဖြစ်လိုက်သေးတယ်။ လူတချို့က အမျိုးသားနဲ့အမျိုးသမီး တွဲနေတဲ့အချိန်မှာ အမျိုးသားဖက်ကပဲ ငွေရှင်းသင့်ကြောင်း ပြောကြတယ်။ တကယ်လို့ ဒါဟာအမှန်တရားဆိုရင် ဘာအတွက်ကြောင့် အမျိုးသားက ရှင်းသင့်တယ်ဆိုတဲ့ ခိုင်လုံတဲ့ ကြာင်းပြချက် ရှိသင့်တယ်မဟုတ်လား။ စိတ်ပညာဆရာမ Marina Commisarova ကတော့ အမျိုးသမီးတစ်ယောက်ကို ပိုးပန်းတဲ့အခါ အမျိုးသားက သူမရဲ့အကြိုက်ကိုလုပ်ပေးခြင်း ဥပမာ ပန်းစည်းပေးတာတွေ လက်ဆောင်တွေနဲ့ ချဉ်းကပ်တာဟာ ရိုးရာအဖြစ်ရှိသင့်ကြောင်း ပြောခဲ့တယ်။ ပိုးပန်းတယ်ဆိုကတည်းက အမျိုးသားက စိတ်ဝင်စားနေလို့ဆိုတာ ပေါ်လွင်တယ်လေ။ ဒါကမိန်းကလေးအတွက် ပျော်စရာပဲ။ ဒါပေမယ့် ဒီလိုမျိုးကိုယ့်ကိုယ်ချစ်နေသူက ဂရုစိုက်ပေးတာကိုတော့ အလေးအနက်ထားပြီး လေးစားဖို့လိုတာပေါ့။
ချစ်သူဖြစ်တာကို အကြောင်းပြပြီး အနိုင်ကျင့်တာကတော့ မျှတတဲ့ relationship တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်လို့အမျိုးသားက သူချည်းပဲ ငွေရှင်းဖို့ပြောလာရင်တောင် မိန်းကလေးက ငြင်းသင့်တယ်မဟုတ်လား။ ဒါမှသာ မျှတတဲ့ relationship တစ်ခုဖြစ်လာမှာပါ။ တကယ်လို့ မိန်းကလေးက အကူအညီလိုရင် ချစ်သူကိုဖွင့်ပြောသင့်တယ်။
အမျိုးသားကလည်း ချစ်သူကိုကူညီပေးဖို့ အဆင်သင့်ဖြစ်နေသင့်တယ်။ မိန်းကလေးတွေ လုပ်သင့်တာက ဒီလောက်ပါပဲ။

ခွဲခြားမှုနံပါတ်သုံး
ယောကျ်ားကောင်းမောင်းမတစ်ထောင်တဲ့ ဒါကိုမိန်းကလေးတွေ နားလည်ပေးရမယ်

လေ့လာမှုတွေအရ ကွာခြားမှုတွေကို ပညာရှင်တွေအားလုံး သဘောတူညီကြတယ်။ ” အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချစ်သူအပေါ် မကြာခဏဖောက်ပြန်တတ်ကြပါသတဲ့”
လူတချို့ကတော့ ဒါလိုဖောက်ပြန်တာဟာ အမျိုးသားတစ်ယောက်ရဲ့ မျိုးရိုးဗီဇကြောင့်လို့ ယူဆကြတယ်။ လက်တွေ့ကျကျ စဉ်းစားရရင်တော့ အမျိုးသားရော အမျိုးသမီးပါ တစ်လင်တစ်မယားနဲ့ မွေးဖွားလာကြတာ အတူတူပဲ မဟုတ်ဖူးလား။ ယောကျ်ား၁၀ယောက်ရဲ့ သုတ်ပိုးအရောအနှာနဲ့ မမျိုးဥတစ်ခုတွေ့ပြီး သန္ဓေတည်လာကြတာ မဟုတ်ဖူးလေ။ ဒါကြောင့် မျိုးရိုးဗီဇဆိုတာ အကြောင်းပြချက်သက်သက်ပဲ။ ဖောက်ပြန်ချင်သူက ဖောက်ပြန်မှာပါပဲ။ ဒီနေရာမှာ ယောကျ်ားမိန်းမ ခွဲခြားလို့တော့မရဘူး။ လူမှုပတ်ဝန်းကျင်က ရည်းစားများတဲ့ မိန်းကလေးကိုကဲ့ရဲ့ရှုံ့ချကြပြီး ရည်းစားထည်လဲတွဲတဲ့ ယောကျ်ားလေးတွေကိုတော့ မသိချင်ယောင်ဆောင်နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွဲဖော်အပေါ်ကိုတော့ သစ္စာရှိဖို့လိုပါလိမ့်မယ်။

ခွဲခြားမှု နံပါတ်လေး
စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုညံ့တယ်

အလုပ်ရှင်တော်တော်များများက အမျိုးသမီးတွေဟာ စီမံခန့်ခွဲမှု ရာထူးနဲ့ မအပ်စပ်ကြောင်း ယုံကြည်ကြတယ်။ ဒီလိုအရာတွေက အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကြောင်းအတွက် တိုးတက်မှုနှုန်းကို ကန့်သတ်ထားတဲ့ အတားအဆီးတစ်ခုဆိုရင်လည်း မမှားဘူး။ ဒါတွေအပြင် အမျိုးသားနဲ့ အမျိုးသမီးကြား ကြီးမားတဲ့ လုပ်အားကွာဟမှုတွေလည်း အခုထိရှိနေတုန်းပဲ ယောကျ်ားလေးက မိန်းကလေးထက် လုပ်အားပိုရတယ်။ စိတ်ပညာရှင်ဖြစ်သူ Jorden Peterson ကတော့ပြောတယ်။ အခုလိုလုပ်အားခကွာဟမှုဟာ လိင်ခွဲခြားမှုကြောင့်မဟုတ်ပဲ အမျိုးသမီးက အမျိုးသားတွေထက် စိတ်ပိုင်းနဲ့ခံစားချက်ပိုင်း ပိုမိုနူးညံ့ပြီးခံစားလွယ်တဲ့ သဘာဝကြောင့်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုလုပ်အားခကွာဟမှုဟာ အမျိုးသမီးတွေ တိုးတက်မှုနဲ့ ရှေ့ရောက်ဖို့အတွက်တော့ ပိုခက်နေပါတယ်။

ခွဲခြားမှု နံပါတ်ငါး
ယောကျ်ားမှန်ရင် မငိုရဘူး

လေ့လာမှုတွေရဲ့ အဆိုအရ အမျိုးသားတွေဟာ အမျိုးသမီးတွေလိုပဲ ဒေါသ၊ ဝမ်းနည်းမှုနဲ့ အကြောက်တရားမှာ မကြာခဏ အတူတူလောက်ပဲလို့ သိရတယ်။ ဒါပေမယ့် လိင်ခွဲခြားမှုအရ အမျိုးသားတွေဟာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလိုပါပဲ။ သူတို့ရဲ့ခံစားချက်တွေကို ခက်ခက်ခဲခဲနဲ့ မကြာခဏဖုံးကွယ်တတ်ကြတယ်။
ဒီလိုအချိန်တွေဟာ သူတို့အတွက် ခက်ခဲတဲ့ အချိန်တွေဆိုလည်း မမှားဘူး။ ဟောလိဝုဒ်သရုပ်ဆောင် Emma Watson ကပြောတယ်။ အမျိုးသားတွေဟာ ငိုဖို့အတွက်တောင်မှ အခွင့်အရေးမရှိဘူးဆိုတဲ့ အမြင်ကိုကျွန်မမုန်းတယ်။ သူတို့ရဲ့ခံစားချက်တွေကို ဖော်ထုတ်ခွင့် မရကြဘူး။ တကယ်လို့သူတို့ဘယ်လို ခံစားနေရတယ်ဆိုတာ အမှန်အတိုင်းပြောရင်တောင် ပတ်ဝန်းကျင်က ဆိုးရွားတဲ့အရာပဲလို့ သတ်မှတ်နေတတ်တယ်။ လူတစ်ယောက်ရဲ့ ခံစားချက်ပိုင်းဟာ ထိုသူကို ပျော့ညံ့သွားအောင် မလုပ်နိုင်ပါဘူး။ ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာပေါ့ ”
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top