ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



အလံုၿမိဳ႕နယ္၊ ဌာနလမ္းထိပ္က G&G စတိုး ဆိုင္ထဲကုိ၀င္ျပီး ပုိက္ဆံေတြနဲ႔ အေရာင္း၀န္ထမ္းဆီက ဖုန္းကုိလုယူသြားတဲ့သူေတြကုိ ဖမ္းဆီးရမိျပီလုိ႔ ရန္ကုန္တုိင္းရဲတပ္ဖြဲ႔ကသိရပါတယ္။

ျပီးခဲ့တဲ့ ႏုိ၀င္ဘာ ၂၄ ရက္ေန႔ ည ၁ နာရီခြဲေလာက္အခ်ိန္က လူငယ္သံုးဦးဟာ ဆုိင္ထဲကုိ ၀င္ေရာက္လာျပီး အေရာင္း၀န္ထမ္း ကုိထုိးၾကိတ္မယ္ေျပာျပီးပိုိက္ဆံေတြနဲ႔ ဖုန္းကုိလုေျပးသြားတာေၾကာင့္ ၀န္ထမ္းကအလုံၿမိဳ႕မရဲစခန္း (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ တိုင္တန္း၍ အမႈေရးဖြင့္ခ့ဲပါတယ္။

ဒီျဖစ္စဥ္ကုိရဲတပ္ဖြဲ႔ကလုိက္ျပီးစုံစမ္းရာမွာ အလုံၿမိဳ႕နယ္၊ ေစာရန္ႏိုင္အေနာက္ရပ္ကြက္ ၊ ဆြမ္းသိမ္းပြဲစတိတ္ရႈိုးပြဲျပဳလုပ္တဲ့ေနရာမွာလုယက္မႈမွာပါ၀င္တဲ့ လသာၿမိဳ႕နယ္၊ (၇)ရပ္ကြက္ေန
စိုင္းေအာင္ေကာင္ျမတ္(ခ)ဖိုးျပည့္စုံ(ခ)အရိုး (၁၇)ႏွစ္၊ တာေမြၿမိဳ႕ နယ္၊ နတ္ေခ်ာင္းရပ္ကြက္ေန မင္းသန္႕ကို(ခ)မင္းသန္႔ (၁၇)ႏွစ္၊ အလုံၿမိဳ႕နယ္၊ ဂဠဳန္ရပ္ကြက္ေန စိုးသီဟ(ခ)မိေခ်ာင္း (၁၇)ႏွစ္တို႔အား ဖမ္းဆီးရမိခဲ့တယ္လုိ႔ သိရပ္တယ္။

ဖမ္းဆီးရမိသူေတြကုိ စစ္ေဆးရာမွာ အဲ့ဒီအမႈကုိက်ဴးလြန္ခဲ့ေၾကာင္းနဲ႔ သူတုိ႔ ၃ ဦးနဲ႔ အတူ ျပစ္မႈ က်ဴးလြန္ရာမွာ လႈိင္သာယာမွာေနတဲ့ ဟိန္းစိုးေအာင္ဆုိသူပါ၀င္ေၾကာင္းသိရာတာေၾကာင့္ အမွတ္(၁၀) ရပ္ကြက္၊ အေနာ္ရထားလမ္းမေပၚမွာ ျပစ္မႈက်ဴးလြန္သူ ဟိန္းစိုးေအာင္ကုိဖမ္းဆီးရမိခဲ့တယ္လုိ႔ဆုိပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြဆီက သက္ေသခံပစၥည္းေတြ ျပန္သိမ္းဆည္းႏုိင္ခဲ့ျပီးဥပေဒႏွင့္အညီအေရးယူႏိုင္ေရး ေဆာင္ရြက္လ်က္ရွိတယ္လုိ႔ ရန္ကုန္တုိင္းေဒသာကီးရဲတပ္ဖြဲ႔က ႏုိ၀င္ဘာ ၂၇ ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

အလုံမြို့နယ်၊ ဌာနလမ်းထိပ်က G&G စတိုး ဆိုင်ထဲကိုဝင်ပြီး ပိုက်ဆံတွေနဲ့ အရောင်းဝန်ထမ်းဆီက ဖုန်းကိုလုယူသွားတဲ့သူတွေကို ဖမ်းဆီးရမိပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၁ နာရီခွဲလောက်အချိန်က လူငယ်သုံးဦးဟာ ဆိုင်ထဲကို ဝင်ရောက်လာပြီး အရောင်းဝန်ထမ်း ကိုထိုးကြိတ်မယ်ပြောပြီးပိုက်ဆံတွေနဲ့ ဖုန်းကိုလုပြေးသွားတာကြောင့် ဝန်ထမ်းကအလုံမြို့မရဲစခန်း (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် တိုင်တန်း၍ အမှုရေးဖွင့်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကိုရဲတပ်ဖွဲ့ကလိုက်ပြီးစုံစမ်းရာမှာ အလုံမြို့နယ်၊ စောရန်နိုင်အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲစတိတ်ရှိုးပွဲပြုလုပ်တဲ့နေရာမှာလုယက်မှုမှာပါဝင်တဲ့ လသာမြို့နယ်၊ (၇)ရပ်ကွက်နေ
စိုင်းအောင်ကောင်မြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ)မိချောင်း (၁၇)နှစ်တို့အား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပ်တယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ အဲ့ဒီအမှုကိုကျူးလွန်ခဲ့ကြောင်းနဲ့ သူတို့ ၃ ဦးနဲ့ အတူ ပြစ်မှု ကျူးလွန်ရာမှာ လှိုင်သာယာမှာနေတဲ့ ဟိန်းစိုးအောင်ဆိုသူပါဝင်ကြောင်းသိရာတာကြောင့် အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထားလမ်းမပေါ်မှာ ပြစ်မှုကျူးလွန်သူ ဟိန်းစိုးအောင်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေဆီက သက်သေခံပစ္စည်းတွေ ပြန်သိမ်းဆည်းနိုင်ခဲ့ပြီးဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသာကီးရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top