(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အလံုၿမိဳ႕နယ္၊ ဌာနလမ္းထိပ္တြင္ ဖြင့္လွစ္ထားသည့္ g & g  စတိုးဆိုင္တြင္ ႏိုဝင္ဘာလ ၂၄ ရက္ နံနက္ ၁ နာရီခြဲဝန္းက်င္က အမည္မသိ လူငယ္သံုးဦးက ဝင္ေရာက္ၿပီး ဆိုင္ဝန္ထမ္းကို ထိုးႀကိတ္မည္ဟု ၿခိမ္းေျခာက္ေျပာဆို၍ လက္ကိုင္ဖုန္းတစ္လံုးႏွင့္ ဆိုင္ေရာင္းရေငြမ်ားကို လုယူခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

၂၄ နာရီ အေရာင္းဆိုင္ျဖစ္သည္ အဆိုပါ g & g  စတိုးဆိုင္တြင္ အခင္းျဖစ္ခ်ိန္က ဆိုင္ဝန္ထမ္း အမ်ိဳးသားတစ္ဦးမွ အေရာင္းတာဝန္ ေဆာင္႐ြက္ေနစဥ္ ဆိုင္အတြင္းသို႔ အမည္မသိ လူငယ္သံုးဦးက ဝင္ေရာက္လာၿပီး ဝန္ထမ္းျဖစ္သူကိုထိုးႀကိတ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုၿပီးေနာက္ လက္ကိုင္ဖုန္းတစ္လံုးကို လုယူ၍ အံဆြဲထဲရွိ ဆိုင္ေရာင္းရေငြ က်ပ္ သံုးေသာင္းရွစ္ေထာင္ကို ယူေဆာင္သြားေၾကာင္း အမႈဖြင့္ တိုင္ၾကားခ်က္အရ သိရသည္။

“ဆိုင္ထဲဝင္လုသူ သံုးေယာက္က အသက္ ၂၀ ႏွစ္ဝန္းက်င္ေလာက္ရွိမယ္။ အမႈနဲ႔ပတ္သက္ၿပီး မသကၤာသူေတြကို ေခၚယူစစ္ေဆးေမးျမန္းႏိုင္ဖို႔ စံုစမ္းေဆာင္႐ြက္ေနပါတယ္”ဟု ရဲအရာရွိက ရွင္းျပသည္။

ယခု ႏိုဝင္ဘာလအတြင္း ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဈ) ရပ္ကြက္၊ သုဓမၼာလမ္းေဘးတြင္ ၂၄ နာရီ အေရာင္းဆိုင္ျဖစ္သည့္ 1 Stop Mart ဆိုင္အတြင္း အမ်ိဳးသားတစ္ဦးက ဓားကိုင္၍ အႏုၾကမ္းဝင္စီးခဲ့ၿပီး ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ပါရမီလမ္း(ပင္းယ မွတ္တိုင္အနီး)ရွိ အြန္လိုင္းစတိုးဆိုင္ တစ္ဆိုင္တြင္လည္း အမ်ိဳးသားတစ္ဦးက ဓားကိုင္၍ အႏုၾကမ္းဝင္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

အလုံမြို့နယ်၊ ဌာနလမ်းထိပ်တွင် ဖွင့်လှစ်ထားသည့် g & g  စတိုးဆိုင်တွင် နိုဝင်ဘာလ ၂၄ ရက် နံနက် ၁ နာရီခွဲဝန်းကျင်က အမည်မသိ လူငယ်သုံးဦးက ဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းကို ထိုးကြိတ်မည်ဟု ခြိမ်းခြောက်ပြောဆို၍ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ရောင်းရငွေများကို လုယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၄ နာရီ အရောင်းဆိုင်ဖြစ်သည် အဆိုပါ g & g  စတိုးဆိုင်တွင် အခင်းဖြစ်ချိန်က ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦးမှ အရောင်းတာဝန် ဆောင်ရွက်နေစဉ် ဆိုင်အတွင်းသို့ အမည်မသိ လူငယ်သုံးဦးက ဝင်ရောက်လာပြီး ဝန်ထမ်းဖြစ်သူကိုထိုးကြိတ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီးနောက် လက်ကိုင်ဖုန်းတစ်လုံးကို လုယူ၍ အံဆွဲထဲရှိ ဆိုင်ရောင်းရငွေ ကျပ် သုံးသောင်းရှစ်ထောင်ကို ယူဆောင်သွားကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“ဆိုင်ထဲဝင်လုသူ သုံးယောက်က အသက် ၂၀ နှစ်ဝန်းကျင်လောက်ရှိမယ်။ အမှုနဲ့ပတ်သက်ပြီး မသင်္ကာသူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းနိုင်ဖို့ စုံစမ်းဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ယခု နိုဝင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ သုဓမ္မာလမ်းဘေးတွင် ၂၄ နာရီ အရောင်းဆိုင်ဖြစ်သည့် 1 Stop Mart ဆိုင်အတွင်း အမျိုးသားတစ်ဦးက ဓားကိုင်၍ အနုကြမ်းဝင်စီးခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း(ပင်းယ မှတ်တိုင်အနီး)ရှိ အွန်လိုင်းစတိုးဆိုင် တစ်ဆိုင်တွင်လည်း အမျိုးသားတစ်ဦးက ဓားကိုင်၍ အနုကြမ်းဝင်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top