ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အစားအစာမ်ားကို အာဟာရနည္းပညာျဖင့္ ဆက္စပ္ေလ့လာရာတြင္ အာဟာရဓာတ္သည္ အေရးပါေသာက႑တစ္ရပ္အျဖစ္ ပါဝင္ေနသျဖင့္ လူတိုင္းသိရွိနားလည္ေစရန္ လိုအပ္ပါသည္။ အေျခခံအားျဖင့္ ခႏၶာကိုယ္အတြင္း၌ မျဖစ္မေနအသံုးျပဳရန္အတြက္ လိုအပ္ေသာ အာဟာရဓာတ္ အနည္း၊ အမ်ားပမာဏမွာ –

          ပမာဏမ်ားစြာလိုအပ္ေသာ အာဟာရဓာတ္ (Macronutrients) မ်ားသည္-

၁။       ပ႐ိုတိန္း (Protein)

၂။       ကာဘိုဟိုက္ၿဒိတ္ (Carbohydrate)

၃။       ဆီႏွင့္ အဆီ (Fats & Oil) တို႔ ျဖစ္ၾကၿပီး

          ပမာဏအနည္းငယ္သာ လိုေသာ္လည္း ခႏၶာကိုယ္တြင္း မရွိမျဖစ္လိုအပ္သည့္ အာဟာရဓာတ္ (Micronutrients) မ်ားသည္-

၁။       ဗီတာမင္ (Vitamin)

၂။       သတၲဳဓာတ္ (Minerals and Trace Elements) ျဖစ္သည္ကို ေတြ႕ရွိရပါသည္။

          အာဟာရနည္းပညာရွင္မ်ားသည္ အာဟာရဓာတ္အျဖစ္ ေရကို အဆိုပါအုပ္စု (Nutrients) အတြင္း ထည့္သြင္းျခင္းမွာ ေရသည္ ခႏၶာေဗဒအလိုအရ မရွိမျဖစ္ လူသား ခႏၶာကိုယ္၌ အစဥ္လိုအပ္ေနျခင္း (Essential Requirements) ေၾကာင့္ ျဖစ္ပါသည္။ အျခားေသာ အာဟာရဓာတ္မ်ားသည္ မိမိတို႔ခႏၶာကိုယ္တြင္းစြမ္းအင္ (Energy) ကို ေပးစြမ္းေသာ္လည္း ေရသည္ စြမ္းအင္ကို မထုတ္လုပ္ႏိုင္ပါ။

၁။ ပ႐ိုတိန္း (Protein)

          ခႏၶာကိုယ္တည္ေဆာက္မႈအတြက္ လိုအပ္ျခင္း၊ ျြကက္သားမ်ားကို ျပန္လည္ျပဳျပင္ ေပးႏိုင္ျခင္း၊ ေရာဂါဘယမ်ား ျဖစ္ပြားမႈမရွိရန္ ခုခံတည္ေဆာက္ေပးျခင္း၊ ေရာဂါကူးစက္မႈကို ခုခံရန္ အကူအညီေပးျခင္းတို႔ကို ျပဳလုပ္ေပးႏိုင္ပါသည္။


 ခႏၶာကိုယ္တြင္း အမွန္တကယ္လိုအပ္ေသာ ေအမီႏိုအက္စစ္မ်ားကို တိရစၦာန္မ်ားမွ ရရွိေသာ အစားအစာ (Animal Source) မ်ားမွ အျပည့္အစံုရရွိႏိုင္ေသာ္လည္း ဟင္းသီးဟင္းရြက္မ်ား စားသံုးမႈမွ အျပည့္အဝမေပးေပ။ ပ႐ိုတိန္းရရွိရန္အတြက္ အဆီနည္းေသာ အသားမ်ား ေရြးခ်ယ္စားသံုးရမည္။

၂။     ကာဘိုဟိုက္ၿဒိတ္ (Carbohydrate)

          ခႏၶာကိုယ္အင္အားရရွိေစေသာ ပင္မအေျခခံအရင္းအျမစ္ ျဖစ္ပါသည္။ ခႏၶာကိုယ္ႀကီးကို ပူေႏြးေစရန္ ထိန္းထားေပး၍ ဦးေႏွာက္အတြက္ ေလာင္စာတစ္ခုအျဖစ္လည္း ေပးစြမ္းပါသည္။ သို႔ေသာ္-



          အစားအစာမ်ားတြင္ ကာဘိုဟိုက္ၿဒိတ္အျဖစ္ ကစီဓာတ္ (Starch)၊ သၾကားႏွင့္ ဆဲလူလို႔(စ္) (Cellulose) မ်ားအျဖစ္ တည္ရွိေနၾကၿပီး အသီး၊ အရြက္ႏွင့္ ေကာက္ႏွံမ်ားတြင္ အမ်ားအျပားပါဝင္ပါသည္။သၾကားသည္ ကာဘိုဟိုက္ၿဒိတ္႐ိုး႐ိုးျဖစ္၍ အင္အားဓာတ္ကို ေပးေသာ္လည္း အာဟာရဓာတ္ မရွိေပ။ ေရာေထြးေသာ ကာဘိုဟိုက္ၿဒိတ္ (Complex Carbohydrate) ကို ေပါင္မုန္႔၊ ပါစတာ၊ ဆန္၊ အာလူး၊ ေကာက္ႏွံစပါးႏွင့္ ပဲအမ်ိဳးမ်ိဳးတို႔၌ ေတြ႕ရွိႏိုင္ၿပီး အင္အားဓာတ္ကို တျဖည္းျဖည္းထုတ္ေပး၍ အမွ်င္ (Fiber)၊ ဗိုက္တာမင္ႏွင့္ သတၲဳမ်ားလည္း ပါဝင္ေနပါသည္။

ဆီသည္ ေဟာ္မုန္းကို ထုတ္လုပ္ႏိုင္သည္။ ဟင္းလ်ာခ်က္ျပဳတ္မႈတြင္ မျပည့္ဝဆီသည္ သင့္ေလ်ာ္၍ ေရြးခ်ယ္စားသံုးသင့္ပါသည္။ စားအုန္းဆီ (Palm Oil) သည္  အေၾကာ္အေလွာ္ျပဳလုပ္ျခင္း၌ သင့္ေလ်ာ္ပါသည္။

၄။ ဗီတာမင္ႏွင့္ သတၲဳဓာတ္မ်ား

          ေရတြင္ ေပ်ာ္ဝင္ေသာ ဗီတာမင္မ်ားမွာ-

(၁)     B Vitamins (B1, B2, B3, B5, B6, B8, B9, B12)

(၂)     Vitamin C

          ဆီတြင္ ေပ်ာ္ဝင္ေသာ ဗီတာမင္မ်ားမွာ-

(၁)     Vitamin A

(၂)     Vitamin D

(၃)     Vitamin E

(၄)     Vitamin K

          ခႏၶာကိုယ္တြင္း မရွိမျဖစ္လိုအပ္ေသာ သတၲဳဓာတ္မ်ားမွာ-

          – Calcium, Chlorine, Magnesium, Phosphorus, Potassium, Sodium, Sulphur

          ဗီတာမင္မ်ား၏  မ်ားျပားလွေသာ ေဆာင္ရြက္ႏိုင္ျခင္းအနက္ အထူးစြမ္းေဆာင္ႏိုင္မႈကိုသာ တင္ျပလိုပါသည္။

၅။ ေရ (Water)

          ခႏၶာကိုယ္တြင္း ေရလံုေလာက္မႈမရွိျခင္းႏွင့္ လြန္ကဲေနလွ်င္ ေအာက္ပါျဖစ္ရပ္မ်ား ေတြ႕ရွိႏိုင္ပါသည္။

ေရ၏ လုပ္ေဆာင္ႏိုင္မႈမ်ား (Water Function)

♦  ခႏၶာကိုယ္တြင္း အာဟာရဓာတ္မ်ား ဝင္ေရာက္လာႏိုင္ရန္ ေရတြင္ ေပ်ာ္ဝင္ေစ (ေဖ်ာ္ရည္အျဖစ္) ျခင္း။

♦  မလိုေသာ အညစ္အေၾကးမ်ားကို အသည္း၊ ေက်ာက္ကပ္၊ အေရျပားမွထြက္ရွိသြားရန္ သယ္ေဆာင္ျခင္း။

♦  Cell မ်ား တည္ေဆာက္ရန္ ေရကို အသံုးျပဳျခင္း။

♦  ခႏၶာကိုယ္အပူခ်ိန္ထိန္းညႇိရန္ ေခြ်းမ်ားအျဖစ္ ပံုမွန္ထြက္ရွိေစျခင္း။

♦  ခႏၶာကိုယ္တြင္း လည္ပတ္မႈေကာင္းမြန္ရန္ ေခ်ာဆီအျဖစ္ ေဆာင္ရြက္ျခင္း။

♦  တံေတြးအျဖစ္ အစာမ်ိဳရန္ အကူအညီေပးျခင္း။

♦  ေရႏွင့္ အျခားအရည္မ်ား အစာေျခလမ္းေၾကာင္းအတြင္း ေရာက္ရွိသြားရန္ အကူအညီေပးျခင္း။

♦  ခႏၶာကိုယ္၏ ၆၀% မွာ ေရျဖစ္ေနျခင္း။

♦  ေခြ်းမ်ားမ်ားထြက္ရွိလွ်င္ ေရမ်ားမ်ားေသာက္ရန္ လိုအပ္ျခင္း။

♦  ေန႔စဥ္ ၁.၅ လီတာ (သို႔) ဖန္ခြက္ ၈ ခြက္ပမာဏ ေရေသာက္ရန္ လိုအပ္ျခင္းတို႔ ျဖစ္ပါသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit: Food Magazine


#Unicode Version#

အစားအစာများကို အာဟာရနည်းပညာဖြင့် ဆက်စပ်လေ့လာရာတွင် အာဟာရဓာတ်သည် အရေးပါသောကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသဖြင့် လူတိုင်းသိရှိနားလည်စေရန် လိုအပ်ပါသည်။ အခြေခံအားဖြင့် ခန္ဓာကိုယ်အတွင်း၌ မဖြစ်မနေအသုံးပြုရန်အတွက် လိုအပ်သော အာဟာရဓာတ် အနည်း၊ အများပမာဏမှာ –

          ပမာဏများစွာလိုအပ်သော အာဟာရဓာတ် (Macronutrients) များသည်-

၁။       ပရိုတိန်း (Protein)

၂။       ကာဘိုဟိုက်ဒြိတ် (Carbohydrate)

၃။       ဆီနှင့် အဆီ (Fats & Oil) တို့ ဖြစ်ကြပြီး

          ပမာဏအနည်းငယ်သာ လိုသော်လည်း ခန္ဓာကိုယ်တွင်း မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ် (Micronutrients) များသည်-

၁။       ဗီတာမင် (Vitamin)

၂။       သတ္တုဓာတ် (Minerals and Trace Elements) ဖြစ်သည်ကို တွေ့ရှိရပါသည်။

          အာဟာရနည်းပညာရှင်များသည် အာဟာရဓာတ်အဖြစ် ရေကို အဆိုပါအုပ်စု (Nutrients) အတွင်း ထည့်သွင်းခြင်းမှာ ရေသည် ခန္ဓာဗေဒအလိုအရ မရှိမဖြစ် လူသား ခန္ဓာကိုယ်၌ အစဉ်လိုအပ်နေခြင်း (Essential Requirements) ကြောင့် ဖြစ်ပါသည်။ အခြားသော အာဟာရဓာတ်များသည် မိမိတို့ခန္ဓာကိုယ်တွင်းစွမ်းအင် (Energy) ကို ပေးစွမ်းသော်လည်း ရေသည် စွမ်းအင်ကို မထုတ်လုပ်နိုင်ပါ။

၁။ ပရိုတိန်း (Protein)

          ခန္ဓာကိုယ်တည်ဆောက်မှုအတွက် လိုအပ်ခြင်း၊ ြွကက်သားများကို ပြန်လည်ပြုပြင် ပေးနိုင်ခြင်း၊ ရောဂါဘယများ ဖြစ်ပွားမှုမရှိရန် ခုခံတည်ဆောက်ပေးခြင်း၊ ရောဂါကူးစက်မှုကို ခုခံရန် အကူအညီပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။


 ခန္ဓာကိုယ်တွင်း အမှန်တကယ်လိုအပ်သော အေမီနိုအက်စစ်များကို တိရစ္ဆာန်များမှ ရရှိသော အစားအစာ (Animal Source) များမှ အပြည့်အစုံရရှိနိုင်သော်လည်း ဟင်းသီးဟင်းရွက်များ စားသုံးမှုမှ အပြည့်အဝမပေးပေ။ ပရိုတိန်းရရှိရန်အတွက် အဆီနည်းသော အသားများ ရွေးချယ်စားသုံးရမည်။

၂။     ကာဘိုဟိုက်ဒြိတ် (Carbohydrate)

          ခန္ဓာကိုယ်အင်အားရရှိစေသော ပင်မအခြေခံအရင်းအမြစ် ဖြစ်ပါသည်။ ခန္ဓာကိုယ်ကြီးကို ပူနွေးစေရန် ထိန်းထားပေး၍ ဦးနှောက်အတွက် လောင်စာတစ်ခုအဖြစ်လည်း ပေးစွမ်းပါသည်။ သို့သော်-



          အစားအစာများတွင် ကာဘိုဟိုက်ဒြိတ်အဖြစ် ကစီဓာတ် (Starch)၊ သကြားနှင့် ဆဲလူလို့(စ်) (Cellulose) များအဖြစ် တည်ရှိနေကြပြီး အသီး၊ အရွက်နှင့် ကောက်နှံများတွင် အများအပြားပါဝင်ပါသည်။သကြားသည် ကာဘိုဟိုက်ဒြိတ်ရိုးရိုးဖြစ်၍ အင်အားဓာတ်ကို ပေးသော်လည်း အာဟာရဓာတ် မရှိပေ။ ရောထွေးသော ကာဘိုဟိုက်ဒြိတ် (Complex Carbohydrate) ကို ပေါင်မုန့်၊ ပါစတာ၊ ဆန်၊ အာလူး၊ ကောက်နှံစပါးနှင့် ပဲအမျိုးမျိုးတို့၌ တွေ့ရှိနိုင်ပြီး အင်အားဓာတ်ကို တဖြည်းဖြည်းထုတ်ပေး၍ အမျှင် (Fiber)၊ ဗိုက်တာမင်နှင့် သတ္တုများလည်း ပါဝင်နေပါသည်။

ဆီသည် ဟော်မုန်းကို ထုတ်လုပ်နိုင်သည်။ ဟင်းလျာချက်ပြုတ်မှုတွင် မပြည့်ဝဆီသည် သင့်လျော်၍ ရွေးချယ်စားသုံးသင့်ပါသည်။ စားအုန်းဆီ (Palm Oil) သည်  အကြော်အလှော်ပြုလုပ်ခြင်း၌ သင့်လျော်ပါသည်။

၄။ ဗီတာမင်နှင့် သတ္တုဓာတ်များ

          ရေတွင် ပျော်ဝင်သော ဗီတာမင်များမှာ-

(၁)     B Vitamins (B1, B2, B3, B5, B6, B8, B9, B12)

(၂)     Vitamin C

          ဆီတွင် ပျော်ဝင်သော ဗီတာမင်များမှာ-

(၁)     Vitamin A

(၂)     Vitamin D

(၃)     Vitamin E

(၄)     Vitamin K

          ခန္ဓာကိုယ်တွင်း မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များမှာ-

          – Calcium, Chlorine, Magnesium, Phosphorus, Potassium, Sodium, Sulphur

          ဗီတာမင်များ၏  များပြားလှသော ဆောင်ရွက်နိုင်ခြင်းအနက် အထူးစွမ်းဆောင်နိုင်မှုကိုသာ တင်ပြလိုပါသည်။

၅။ ရေ (Water)

          ခန္ဓာကိုယ်တွင်း ရေလုံလောက်မှုမရှိခြင်းနှင့် လွန်ကဲနေလျှင် အောက်ပါဖြစ်ရပ်များ တွေ့ရှိနိုင်ပါသည်။

ရေ၏ လုပ်ဆောင်နိုင်မှုများ (Water Function)

♦  ခန္ဓာကိုယ်တွင်း အာဟာရဓာတ်များ ဝင်ရောက်လာနိုင်ရန် ရေတွင် ပျော်ဝင်စေ (ဖျော်ရည်အဖြစ်) ခြင်း။

♦  မလိုသော အညစ်အကြေးများကို အသည်း၊ ကျောက်ကပ်၊ အရေပြားမှထွက်ရှိသွားရန် သယ်ဆောင်ခြင်း။

♦  Cell များ တည်ဆောက်ရန် ရေကို အသုံးပြုခြင်း။

♦  ခန္ဓာကိုယ်အပူချိန်ထိန်းညှိရန် ချွေးများအဖြစ် ပုံမှန်ထွက်ရှိစေခြင်း။

♦  ခန္ဓာကိုယ်တွင်း လည်ပတ်မှုကောင်းမွန်ရန် ချောဆီအဖြစ် ဆောင်ရွက်ခြင်း။

♦  တံတွေးအဖြစ် အစာမျိုရန် အကူအညီပေးခြင်း။

♦  ရေနှင့် အခြားအရည်များ အစာခြေလမ်းကြောင်းအတွင်း ရောက်ရှိသွားရန် အကူအညီပေးခြင်း။

♦  ခန္ဓာကိုယ်၏ ၆၀% မှာ ရေဖြစ်နေခြင်း။

♦  ချွေးများများထွက်ရှိလျှင် ရေများများသောက်ရန် လိုအပ်ခြင်း။

♦  နေ့စဉ် ၁.၅ လီတာ (သို့) ဖန်ခွက် ၈ ခွက်ပမာဏ ရေသောက်ရန် လိုအပ်ခြင်းတို့ ဖြစ်ပါသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top