ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရခိုင္ေျမာက္ပိုင္းအေရးႏွင့္ ပတ္သက္၍ ဂုဏ္သတင္းထိခိုက္ၿပီး ရင္းႏွီးျမႇုပ္ႏွံမႈ က်ဆင္းေနေသာ္လည္း ၂၀၁၇ ခုႏွစ္တြင္ ျမန္မာနိုင္ငံသည္ ကမာၻ႔အဆင္းရဲဆုံး နိုင္ငံမ်ား (LDCs) အၾကားတြင္ နိုင္ငံျခားတိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ (FDI) အမ်ားဆုံး စြဲေဆာင္နိုင္ေသာ နိုင္ငံျဖစ္ေၾကာင္း ဂ်ပန္ စီးပြားေရး သတင္းဌာန Nikkei Asian Review ၏ သတင္းတပုဒ္က ဆိုသည္။

သယံဇာတႂကြယ္ဝေသာ ျမန္မာနိုင္ငံသို႔ ဝင္ေရာက္လာသည့္ လက္ေတြ႕က်ေသာ နိုင္ငံျခားတိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ ေဒၚလာ ၄.၃ ဘီလီယံေၾကာင့္ ျမန္မာနိုင္ငံသည္ ကမာၻ႔စီးပြားေရး၏ ေအာက္ေျခအုပ္စု ၄၇ နိုင္ငံတြင္ ထိပ္ဆုံးသို႔ေရာက္ေနသည္ ဟု ကုလသမဂၢ ကုန္သြယ္ေရးႏွင့္ တိုးတက္မႈ ညီလာခံ အစီရင္ခံစာကို ကိုးကား၍ သတင္းက ဆိုသည္။

ျမန္မာနိုင္ငံသည္ ဒုတိယေနရာမွ အီသီရိုပီးယားကို ေက်ာ္တက္ၿပီး အာရွအိမ္နီးခ်င္း ကေမာၻဒီးယားႏွင့္ ဘဂၤလားေဒ့ရွ္တို႔ကို တတိယႏွင့္ ပၪၥမေနရာမ်ားတြင္ ခ်န္ထားခဲ့သည္။ သို႔ေသာ္ ထိုနိုင္ငံမ်ားသည္ အင္ဒိုနီးရွားႏွင့္ ဗီယက္နမ္ကဲ့သို႔ေသာ အေရွ႕ေတာင္အာရွနိုင္ငံမ်ား အသင္းဝင္မ်ားႏွင့္ ယွဥ္လွ်င္ မ်ားစြာ ေနာက္က် က်န္ေနေသးသည္။

ကေမာၻဒီးယားနိုင္ငံက လက္ခံရရွိေသာ နိုင္ငံျခား တိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ ေဒၚလာ ၂.၈ ဘီလီယံသည္ လြန္ခဲ့ေသာ ၇ ႏွစ္က ရရွိသည္ထက္ ႏွစ္ဆတိုးလာေၾကာင္း ကမာၻ႔ဘဏ္၏ စာရင္းမ်ားအရ သိရသည္။ ဘဂၤလားေဒ့ရွ္နိုင္ငံက လက္ခံရရွိေသာ ေဒၚလာ ၂.၁၅ ဘီလီယံမွာ လြန္ခဲ့ေသာ တႏွစ္ကထက္ ေဒၚလာ သန္း ၇၀၀ နီးပါး က်ဆင္းသြားသည္။ ထိုသို႔ က်ဆင္းသြားရျခင္းမွာ နိုင္ငံ၏ အဓိကက်ေသာ အထည္ခ်ဳပ္က႑မွ အျခားက႑မ်ားတြင္လည္း စီးပြားေရးကို ျဖန႔္ခြဲထားရန္ လုပ္ေဆာင္မႈ ေႏွးေကြးေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

လက္ရွိ အဆင္းရဲဆုံးနိုင္ငံအဆင့္ သတ္မွတ္သည့္ နည္းလမ္းမွာ ထိုနိုင္ငံမ်ားမွ လူတဦးခ်င္း ပ်မ္းမွ်ဝင္ေငြသည္ တႏွစ္ ေဒၚလာ ၁၂၃၀ ေအာက္ နိမ့္က်ျခင္းကို သတ္မွတ္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အာရွမွ ထိုနိုင္ငံမ်ားသည္ အထည္ခ်ဳပ္ႏွင့္ ဖိနပ္ကဲ့သို႔ေသာ လုပ္အားခနိမ့္သည့္ က႑မ်ားတြင္ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ပို႔ကုန္ကို အားထားေနၾကရသည္။ ထို ၄၇ နိုင္ငံအနက္ ၃၁ နိုင္ငံမွာ အာဖရိကမွျဖစ္ေသာ္လည္း အာရွမွ အာဖဂန္နစၥတန္၊ ဘူတန္၊ အေရွ႕တီေမာ၊ ယီမင္၊ လာအိုႏွင့္ နိေပါတို႔လည္း ပါဝင္ၾကသည္။

၁၉၈၈ ခုႏွစ္ေနာက္ပိုင္း ျမန္မာနိုင္ငံတြင္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ား၏ ၃၆ ရာခိုင္ႏႈန္းမွာ တ႐ုတ္ႏွင့္ ေဟာင္ေကာင္မွျဖစ္သည္ဟု ျမန္မာနိုင္ငံ၏ တရားဝင္စာရင္းမ်ားအရ သိရသည္။

လြန္ခဲ့ေသာ ႏွစ္ ၃၀ အတြင္း ရင္းႏွီးျမႇုပ္ႏွံမႈမ်ား၏ ထက္ဝက္ခန႔္မွာ ေရနံ၊ သဘာဝဓါတ္ေငြ႕ႏွင့္ သတၱဳ တူးေဖၚေရးက႑တြင္ျဖစ္ၿပီး ဆက္သြယ္ေရးက႑တြင္ ၁၇ ရာခိုင္ႏႈန္းနီးပါးႏွင့္ ကုန္ထုတ္လူပ္မႈက႑တြင္ ၁၀ ရာခိုင္ႏႈန္းေက်ာ္သာရွိသည္။ လြန္ခဲ့ေသာႏွစ္က ဆက္သြယ္ေရးႏွင့္ ကုန္ထုတ္လုပ္မႈ က႑သို႔ ရင္းႏွီးျမႇုပ္ႏွံမႈမွာ ႏွစ္စဥ္ စုစုေပါင္း၏ ၃၀ ရာခိုင္ႏႈန္းႏွင့္ ၁၈ ရာခိုင္ႏႈန္း အသီးသီး ရွိလာသည္။

လြန္ခဲ့ေသာႏွစ္က ျမန္မာနိုင္ငံတြင္ ရင္းႏွီးျမႇုပ္ႏွံမႈ ၄၅ ရာခိုင္ႏႈန္းေက်ာ္ တိုးလာၿပီး ထိုပမာဏသည္ ကေမာၻဒီးယားသို႔ စီးဝင္ေသာပမာဏထက္ သုံးဆ ပိုမိုျမန္ဆန္သည္။ လာအိုတြင္ တ႐ုတ္ရင္းႏွီးျမႇုပ္ႏွံမႈ က်ဆင္းျခင္းေၾကာင့္ ကုန္းတြင္းပိတ္လာအိုတြင္ ျပည္ပရင္းႏွီးျမႇုပ္ႏွံမႈ ႏွစ္ႏွစ္ ဆက္တိုက္ က်ဆင္းရသည္။ တ႐ုတ္နိုင္ငံသည္ ၂၀၁၇ ခုႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ႏွင့္ ကေမာၻဒီးယားတြင္လည္း အဓိက ရင္းႏွီးျမႇုပ္ႏွံသူျဖစ္သည္။

တ႐ုတ္နိုင္ငံသည္ ၂၀၃၀ ခုႏွစ္တြင္ ကမာၻ႔ အႀကီးမားဆုံး စီးပြားေရးျဖစ္လာမည္ဟု ခန႔္မွန္းတြက္ခ်က္မႈ အမ်ားအျပားရွိေနေသာေၾကာင့္ အာရွ၏ အဆင္းရဲဆုံးနိုင္ငံမ်ားသည္ ရပ္ဝန္းတခု၊ လမ္းတခု အစီအစဥ္မွတဆင့္ တ႐ုတ္နိုင္ငံ၏ စီးပြားေရး အဝန္းအဝိုင္းအတြင္း ေရာက္ရွိသြားနိုင္ေျခ ရွိေနသည္။

သို႔ေသာ္ အေမရိကန္နိုင္ငံက ရပ္ဝန္းတခု၊ လမ္းတခုအစီအစဥ္ကို ၎တို႔၏ အေျခခံအေဆာက္အအုံဆိုင္ရာ ကတိကဝတ္မ်ားႏွင့္ တ႐ုတ္သြင္းကုန္မ်ားကို အခြန္ျမႇင့္တင္ျခင္းတို႔ျဖင့္ တန္ျပန္ရန္ ရည္မွန္းထားေသာေၾကာင့္ ျပည္ပကုမၸဏီးမ်ားသည္ တ႐ုတ္နိုင္ငံ၏ ႀကီးမားေသာ ေဈးကြက္တြင္ လုပ္ငန္းကုန္က်စရိတ္ျမင့္မားျခင္းကို ႀကဳံရၿပီး ျပန္လည္သုံးသပ္ေနေသာေၾကာင့္ လုပ္အားခနိမ့္ေသာ အာရွနိုင္ငံငယ္မ်ားအတြက္ အက်ိဳးအျမတ္ ထြက္နိုင္သည္။

တ႐ုတ္ႏွင့္အေမရိကန္တို႔ အာရွတြင္ အေျခခံအေဆာက္အအုံ ရင္းႏွီးျမႇုပ္ႏွံမႈ စစ္ပြဲျဖစ္လာလွ်င္လည္း ဖြံ႕ၿဖိဳးမႈနည္းေသာ အာရွနိုင္ငံမ်ားသို႔ နိုင္ငံျခားတိုက္ရိုက္ ရင္းႏွီးျမႇုပ္ႏွံမႈ တိုးလာနိုင္သည္။

ဘဂၤလားေဒ့ရွ္၊ ျမန္မာႏွင့္ လာအိုတို႔သည္ လာမည့္ႏွစ္အတြင္း အဆင္းရဲဆုံးနိုင္ငံအဆင့္မွ လြတ္ေျမာက္မည္ဟုလည္း ထို အစီရင္ခံစာက ဆိုသည္။ တဦးခ်င္း ဝင္ေငြ ေဒၚလာ ၁၃၀၀ ရွိေသာ ကေမာၻဒီးယားသည္လည္း ထိုသို႔နိမ့္က်ေသာ သတ္မွတ္ခ်က္ကို ေက်ာ္လႊားနိုင္ေျခ ရွိသည္။

ေနာက္အဆင့္တခုသို႔ တက္လာျခင္းေၾကာင့္ ေပးဆပ္ရေသာ တန္ဖိုးမ်ားလည္း ရွိသည္။ နိုင္ငံအဆင့္တက္လာပါက အလႉေငြ က်ဆင္းမႈႏွင့္ ကုန္သြယ္ေရး အထူးအခြင့္အေရးမ်ား ဆုံးရႈံးျခင္းကို ရင္ဆိုင္ရမည္ဟု ကမာၻ႔ဘဏ္က သတိေပးခဲ့သည္။

လက္ရွိတြင္မူ ကေမာၻဒီးယားႏွင့္ျမန္မာနိုင္ငံတို႔သည္ အဆင္းရဲဆုံးနိုင္ငံအဆင့္မွ တက္မလာမီမွာပင္ ဥေရာပသမဂၢေဈးကြက္သို႔ အထူးအခြင့္အေရး ဆုံးရႈံးနိုင္ေျခကို ရင္ဆိုင္ေနရသည္။ ထိုသို႔ ဆုံးရႈံးပါက ရင္းႏွီးျမႇုပ္ႏွံရန္ေနရာမ်ားအျဖစ္ ၎တို႔၏ စြဲေဆာင္နိုင္မႈ က်ဆင္းသြားမည္ျဖစ္သည္။

နိုင္ငံက အဓိက အတိုက္အခံပါတီကို ေခ်မႈန္းလိုက္ျခင္းႏွင့္ ျမန္မာစစ္တပ္က ရခိုင္ေျမာက္ပိုင္းေန မြတ္ဆလင္မ်ားကို ေျမလွန္စစ္ဆင္ခဲ့ေသာေၾကာင့္ ဥေရာပသမဂၢက ထိုႏွစ္နိုင္ငံအတြက္ ကုန္သြယ္ေရး အထူးအခြင့္အေရး ႐ုပ္သိမ္းမည္ဟု ၿခိမ္းေျခာက္ထားသည္။

ျမန္မာႏွင့္ ကေမာၻဒီးယားနိုင္ငံမ်ားတြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈသည္ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ဖိလစ္ပိုင္ႏွင့္ ထိုင္းတို႔ ရသည့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈေအာက္ မ်ားစြာနိမ့္က်ေနေသးသည္။ လြန္ခဲ့ေသာႏွစ္က ထိုနိုင္ငံမ်ားသည္ ေဒၚလာ ၂၃.၁ ဘီလီယံ၊ ၁၄ ဘီလီယံ၊ ၁၀ ဘီလီယံႏွင့္ ၉.၁ ဘီလီယံ အသီးသီးရရွိၾကသည္ဟု ASEAN ရင္းႏွီးျမႇုပ္ႏွံမႈ အစီရင္ခံစာအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ဂုဏ်သတင်းထိခိုက်ပြီး ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသော်လည်း ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ (LDCs) အကြားတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး စွဲဆောင်နိုင်သော နိုင်ငံဖြစ်ကြောင်း ဂျပန် စီးပွားရေး သတင်းဌာန Nikkei Asian Review ၏ သတင်းတပုဒ်က ဆိုသည်။

သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် လက်တွေ့ကျသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄.၃ ဘီလီယံကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ အောက်ခြေအုပ်စု ၄၇ နိုင်ငံတွင် ထိပ်ဆုံးသို့ရောက်နေသည် ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် တိုးတက်မှု ညီလာခံ အစီရင်ခံစာကို ကိုးကား၍ သတင်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဒုတိယနေရာမှ အီသီရိုပီးယားကို ကျော်တက်ပြီး အာရှအိမ်နီးချင်း ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို တတိယနှင့် ပဉ္စမနေရာများတွင် ချန်ထားခဲ့သည်။ သို့သော် ထိုနိုင်ငံများသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်များနှင့် ယှဉ်လျှင် များစွာ နောက်ကျ ကျန်နေသေးသည်။

ကမ္ဘောဒီးယားနိုင်ငံက လက်ခံရရှိသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၈ ဘီလီယံသည် လွန်ခဲ့သော ၇ နှစ်က ရရှိသည်ထက် နှစ်ဆတိုးလာကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံရရှိသော ဒေါ်လာ ၂.၁၅ ဘီလီယံမှာ လွန်ခဲ့သော တနှစ်ကထက် ဒေါ်လာ သန်း ၇၀၀ နီးပါး ကျဆင်းသွားသည်။ ထိုသို့ ကျဆင်းသွားရခြင်းမှာ နိုင်ငံ၏ အဓိကကျသော အထည်ချုပ်ကဏ္ဍမှ အခြားကဏ္ဍများတွင်လည်း စီးပွားရေးကို ဖြန့်ခွဲထားရန် လုပ်ဆောင်မှု နှေးကွေးသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ အဆင်းရဲဆုံးနိုင်ငံအဆင့် သတ်မှတ်သည့် နည်းလမ်းမှာ ထိုနိုင်ငံများမှ လူတဦးချင်း ပျမ်းမျှဝင်ငွေသည် တနှစ် ဒေါ်လာ ၁၂၃၀ အောက် နိမ့်ကျခြင်းကို သတ်မှတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အာရှမှ ထိုနိုင်ငံများသည် အထည်ချုပ်နှင့် ဖိနပ်ကဲ့သို့သော လုပ်အားခနိမ့်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကို အားထားနေကြရသည်။ ထို ၄၇ နိုင်ငံအနက် ၃၁ နိုင်ငံမှာ အာဖရိကမှဖြစ်သော်လည်း အာရှမှ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှေ့တီမော၊ ယီမင်၊ လာအိုနှင့် နိပေါတို့လည်း ပါဝင်ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ၏ ၃၆ ရာခိုင်နှုန်းမှာ တရုတ်နှင့် ဟောင်ကောင်မှဖြစ်သည်ဟု မြန်မာနိုင်ငံ၏ တရားဝင်စာရင်းများအရ သိရသည်။

လွန်ခဲ့သော နှစ် ၃၀ အတွင်း ရင်းနှီးမြှုပ်နှံမှုများ၏ ထက်ဝက်ခန့်မှာ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တု တူးဖေါ်ရေးကဏ္ဍတွင်ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍတွင် ၁၇ ရာခိုင်နှုန်းနီးပါးနှင့် ကုန်ထုတ်လူပ်မှုကဏ္ဍတွင် ၁၀ ရာခိုင်နှုန်းကျော်သာရှိသည်။ လွန်ခဲ့သောနှစ်က ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်စဉ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီးသီး ရှိလာသည်။

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းကျော် တိုးလာပြီး ထိုပမာဏသည် ကမ္ဘောဒီးယားသို့ စီးဝင်သောပမာဏထက် သုံးဆ ပိုမိုမြန်ဆန်သည်။ လာအိုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းကြောင့် ကုန်းတွင်းပိတ်လာအိုတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်နှစ် ဆက်တိုက် ကျဆင်းရသည်။ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေးဖြစ်လာမည်ဟု ခန့်မှန်းတွက်ချက်မှု အများအပြားရှိနေသောကြောင့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်မှတဆင့် တရုတ်နိုင်ငံ၏ စီးပွားရေး အဝန်းအဝိုင်းအတွင်း ရောက်ရှိသွားနိုင်ခြေ ရှိနေသည်။

သို့သော် အမေရိကန်နိုင်ငံက ရပ်ဝန်းတခု၊ လမ်းတခုအစီအစဉ်ကို ၎င်းတို့၏ အခြေခံအဆောက်အအုံဆိုင်ရာ ကတိကဝတ်များနှင့် တရုတ်သွင်းကုန်များကို အခွန်မြှင့်တင်ခြင်းတို့ဖြင့် တန်ပြန်ရန် ရည်မှန်းထားသောကြောင့် ပြည်ပကုမ္ပဏီးများသည် တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက်တွင် လုပ်ငန်းကုန်ကျစရိတ်မြင့်မားခြင်းကို ကြုံရပြီး ပြန်လည်သုံးသပ်နေသောကြောင့် လုပ်အားခနိမ့်သော အာရှနိုင်ငံငယ်များအတွက် အကျိုးအမြတ် ထွက်နိုင်သည်။

တရုတ်နှင့်အမေရိကန်တို့ အာရှတွင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု စစ်ပွဲဖြစ်လာလျှင်လည်း ဖွံ့ဖြိုးမှုနည်းသော အာရှနိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးလာနိုင်သည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် လာအိုတို့သည် လာမည့်နှစ်အတွင်း အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မည်ဟုလည်း ထို အစီရင်ခံစာက ဆိုသည်။ တဦးချင်း ဝင်ငွေ ဒေါ်လာ ၁၃၀၀ ရှိသော ကမ္ဘောဒီးယားသည်လည်း ထိုသို့နိမ့်ကျသော သတ်မှတ်ချက်ကို ကျော်လွှားနိုင်ခြေ ရှိသည်။

နောက်အဆင့်တခုသို့ တက်လာခြင်းကြောင့် ပေးဆပ်ရသော တန်ဖိုးများလည်း ရှိသည်။ နိုင်ငံအဆင့်တက်လာပါက အလှူငွေ ကျဆင်းမှုနှင့် ကုန်သွယ်ရေး အထူးအခွင့်အရေးများ ဆုံးရှုံးခြင်းကို ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။

လက်ရှိတွင်မူ ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံတို့သည် အဆင်းရဲဆုံးနိုင်ငံအဆင့်မှ တက်မလာမီမှာပင် ဥရောပသမဂ္ဂဈေးကွက်သို့ အထူးအခွင့်အရေး ဆုံးရှုံးနိုင်ခြေကို ရင်ဆိုင်နေရသည်။ ထိုသို့ ဆုံးရှုံးပါက ရင်းနှီးမြှုပ်နှံရန်နေရာများအဖြစ် ၎င်းတို့၏ စွဲဆောင်နိုင်မှု ကျဆင်းသွားမည်ဖြစ်သည်။

နိုင်ငံက အဓိက အတိုက်အခံပါတီကို ချေမှုန်းလိုက်ခြင်းနှင့် မြန်မာစစ်တပ်က ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို မြေလှန်စစ်ဆင်ခဲ့သောကြောင့် ဥရောပသမဂ္ဂက ထိုနှစ်နိုင်ငံအတွက် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ထားသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့ ရသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအောက် များစွာနိမ့်ကျနေသေးသည်။ လွန်ခဲ့သောနှစ်က ထိုနိုင်ငံများသည် ဒေါ်လာ ၂၃.၁ ဘီလီယံ၊ ၁၄ ဘီလီယံ၊ ၁၀ ဘီလီယံနှင့် ၉.၁ ဘီလီယံ အသီးသီးရရှိကြသည်ဟု ASEAN ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top