(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×






ဖိုးသူတော် (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဗြိတိန်စာရေး ဆရာမ ဂျေကေရိုးလင်း၏ လက် ရာသစ် Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ဇာတ်ကားသည် ပွဲဦးထွက် သီတင်းပတ်၌ပင် ရုံတင်ငွေ စံချိန် တင်ရရှိခဲ့သည်။


နိုဝင်ဘာ ၁၆ ရက်တွင် စတင်ရုံတင်ပြသခဲ့သော Fantastic Beasts: The Crimes of Grindel-wald ဇာတ်ကားသည် သီတင်း တစ်ပတ်အတွင်း အမေရိကန်နှင့် ကနေဒါ၌ ရုံတင်ငွေ ကန်ဒေါ်လာ ၆၂ သန်းကျော်ရရှိပြီး တစ်ကမ္ဘာလုံးတွင် စုစုပေါင်း ရုံတင်ငွေ ကန် ဒေါ်လာ ၂၅၃ သန်းအထိ စံချိန် တင်ရရှိခဲ့သည်။

၂၀၁၆ တွင် ထွက်ရှိခဲ့သော Fantastic Beasts မှော်လောက ဇာတ်လမ်းတွဲ၏ ပထမဆုံးဇာတ် ကား Fantastic Beasts and Where of Find Them မှာလည်း တစ်ကမ္ဘာလုံးတွင် ရုံတင်ငွေ ကန် ဒေါ်လာ ၈၁၄ သန်းရရှိသည်အထိ အောင်မြင်ခဲ့သည်။

ယခု ဒုတိယမြောက်ဇာတ် ကားဖြစ်သော Fantastic Beasts:The Crimes of Grindelwald တွင် အက်ဒီရက်ဒ်မေနီ၊ ကတ် သရင်းဝါးတားစတွန်နှင့် ဂျွန်နီဒပ် အပါအဝင် နာမည်ကျော် သရုပ် ဆောင်အများအပြား ပါဝင်သရုပ် ဆောင်ထားသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top