ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

App အသုံးျပဳမႈ ၾကာခ်ိန္ကို ၾကည့္ရႈ၊ ထိန္းခ်ဳပ္နိုင္မယ့္ လုပ္ေဆာင္ခ်က္အသစ္တခုကို Instagram က ထုတ္ေပးၿပီးေနာက္၊ တပတ္အၾကာမွာ Facebook ကလည္း အလားတူ လုပ္ေဆာင္ခ်က္ တခုကို ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

“Your Time on Facebook” လို႔ အမည္ေပးထားတဲ့ ယခု Tool ကို လြန္ခဲ့တဲ့ ၄ လ ေလာက္က စတင္ မိတ္ဆက္ခဲ့တာျဖစ္ၿပီး ယေန႕မွာ တကမာၻလုံးက အသုံးျပဳသူေတြအတြက္ တရားဝင္ ထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။ အသုံးျပဳသူကိုယ္တိုင္ မိမိရဲ႕ လူမႈကြန္ရက္ သုံးစြဲမႈကို စစ္ေဆးထိန္းခ်ဳပ္နိုင္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႕ ထုတ္ေပးထားတဲ့ Tool တခု ျဖစ္ပါတယ္။

အသုံးျပဳခ်င္သူေတြအေနနဲ႕ အရင္ဆုံး Facebook App ကို သက္ဆိုင္ရာ App Store ေတြမွာ Update ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။ Update လုပ္ၿပီးသြားရင္ App ရဲ႕ More tab > Settings & Privacy ထဲမွာ “Your Time on Facebook” ဆိုတဲ့ Dashboard အသစ္တခုကို ေတြ႕ျမင္ရပါတယ္။

အထဲဝင္လိုက္ရင္ေတာ့ ယေန႕ Facebook မွာ ကုန္ဆုံးသြားတဲ့အခ်ိန္၊ တပတ္အတြင္း ကုန္ဆုံးသြားတဲ့ ပွ်မ္းမွ် အခ်ိန္တို႔ကို မိနစ္နဲ႕ ေဖာ္ျပေပးထားတာ ေတြ႕ရပါမယ္။ ၿပီးခဲ့တဲ့ တပတ္အတြင္း တရက္ကို အခ်ိန္ ဘယ္ေလာက္ကုန္ခဲ့လဲ ဆိုတာကိုလည္း အတိအက် ေထာက္ၾကည့္နိုင္ပါတယ္။

Facebook အသုံးျပဳခ်ိန္ကို ကန႔္သတ္ခ်င္သူေတြအေနနဲ႕လည္း “Set Daily Reminder” ကေန တေန႕ သုံးမယ့္အခ်ိန္ကို ႀကိဳတင္ သတ္မွတ္ေပးထားလို႔ ရပါတယ္။ တေန႕ အသုံးျပဳခ်ိန္ ျပည့္သြားၿပီဆိုရင္ သတိေပးခ်က္ ထြက္လာမွာပါ။ သတိေပးခ်က္ တက္လာရင္ အလြယ္တကူ ျပန္ေဖ်ာက္လို႔ရတာေၾကာင့္ ဆက္သုံး၊ မသုံးက မိမိ အေပၚပဲ မူတည္ပါလိမ့္မယ္။

ယခုႏွစ္အတြင္း ထိပ္သီးနည္းပညာကုမၸဏီႀကီးေတြဟာ အသုံးျပဳသူေတြရဲ႕ ဘဝေနထိုင္မႈပုံစံ တိုးတက္ေကာင္းမြန္ေစဖို႔အတြက္ အားစိုက္ လုပ္ေဆာင္လာၾကတာ ေတြ႕ရပါတယ္။

Android နဲ႕ iOS စနစ္အသစ္ေတြမွာ ဖုန္းအသုံးျပဳမႈ ၾကာခ်ိန္ကို စစ္ေဆး၊ ထိန္းခ်ဳပ္နိုင္မယ့္ လုပ္ေဆာင္ခ်က္ေတြ စတင္ပါဝင္လာၿပီ ျဖစ္ပါတယ္။ Operating System ေတြ သာမက၊ YouTube, Instagram စတဲ့ Social App ေတြမွာလည္း အလားတူ လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းလာၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

App အသုံးပြုမှု ကြာချိန်ကို ကြည့်ရှု၊ ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်တခုကို Instagram က ထုတ်ပေးပြီးနောက်၊ တပတ်အကြာမှာ Facebook ကလည်း အလားတူ လုပ်ဆောင်ချက် တခုကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

“Your Time on Facebook” လို့ အမည်ပေးထားတဲ့ ယခု Tool ကို လွန်ခဲ့တဲ့ ၄ လ လောက်က စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး ယနေ့မှာ တကမ္ဘာလုံးက အသုံးပြုသူတွေအတွက် တရားဝင် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အသုံးပြုသူကိုယ်တိုင် မိမိရဲ့ လူမှုကွန်ရက် သုံးစွဲမှုကို စစ်ဆေးထိန်းချုပ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပေးထားတဲ့ Tool တခု ဖြစ်ပါတယ်။

အသုံးပြုချင်သူတွေအနေနဲ့ အရင်ဆုံး Facebook App ကို သက်ဆိုင်ရာ App Store တွေမှာ Update ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Update လုပ်ပြီးသွားရင် App ရဲ့ More tab > Settings & Privacy ထဲမှာ “Your Time on Facebook” ဆိုတဲ့ Dashboard အသစ်တခုကို တွေ့မြင်ရပါတယ်။

အထဲဝင်လိုက်ရင်တော့ ယနေ့ Facebook မှာ ကုန်ဆုံးသွားတဲ့အချိန်၊ တပတ်အတွင်း ကုန်ဆုံးသွားတဲ့ ပျှမ်းမျှ အချိန်တို့ကို မိနစ်နဲ့ ဖော်ပြပေးထားတာ တွေ့ရပါမယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း တရက်ကို အချိန် ဘယ်လောက်ကုန်ခဲ့လဲ ဆိုတာကိုလည်း အတိအကျ ထောက်ကြည့်နိုင်ပါတယ်။

Facebook အသုံးပြုချိန်ကို ကန့်သတ်ချင်သူတွေအနေနဲ့လည်း “Set Daily Reminder” ကနေ တနေ့ သုံးမယ့်အချိန်ကို ကြိုတင် သတ်မှတ်ပေးထားလို့ ရပါတယ်။ တနေ့ အသုံးပြုချိန် ပြည့်သွားပြီဆိုရင် သတိပေးချက် ထွက်လာမှာပါ။ သတိပေးချက် တက်လာရင် အလွယ်တကူ ပြန်ဖျောက်လို့ရတာကြောင့် ဆက်သုံး၊ မသုံးက မိမိ အပေါ်ပဲ မူတည်ပါလိမ့်မယ်။

ယခုနှစ်အတွင်း ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေဟာ အသုံးပြုသူတွေရဲ့ ဘဝနေထိုင်မှုပုံစံ တိုးတက်ကောင်းမွန်စေဖို့အတွက် အားစိုက် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။

Android နဲ့ iOS စနစ်အသစ်တွေမှာ ဖုန်းအသုံးပြုမှု ကြာချိန်ကို စစ်ဆေး၊ ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေ စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။ Operating System တွေ သာမက၊ YouTube, Instagram စတဲ့ Social App တွေမှာလည်း အလားတူ လုပ်ဆောင်ချက်တွေကို ထည့်သွင်းလာကြပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top