(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဘဝမွာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္တစ္ေယာက္တည္းေနထိုင္ရတာအထီးက်န္တယ္လို႔ ထင္ရေပမဲ့ တကယ္တမ္းကို ေပ်ာ္ရႊင္မႈဆိုတာေနရာတိုင္း၊ အခ်ိန္တိုင္းမွာရွိပါတယ္။ ေလာကႀကီးက ေနတတ္ရင္ ေက်နပ္စရာေပါ့။ ဒါေၾကာင့္ ဘဝမွာ တစ္ေယာက္တည္းျဖစ္ေနေပမဲ့ အားငယ္မေနဘဲ ေပ်ာ္ရႊင္စြာနဲ႔ လြတ္လပ္စြာ ျဖတ္သန္းလိုက္ပါ။ မိသားစုတစ္ခုနဲ႔ တစ္ေယာက္တည္းေနရသူအဖို႔ ႏႈိင္းယွဥ္ရင္ေတာ့သူ႔ေနရာနဲ႔သူ အားနည္းခ်က္ အားသာခ်က္ေတာ့ ရွိက်စၿမဲပဲ။ ဒါေၾကာင့္ ဘဝတစ္ေယာက္တည္းေနရတာ ဘာေတြအားသာသလဲဆိုတာLifestyle Myanmar ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလိုက္တယ္ေနာ္။
၁။ အလုပ္လုပ္ေနတဲ့အခ်ိန္မွာ

တစ္ေယာက္ထဲေနရတဲ့ ဘဝဟာ အပူအပင္သိပ့္မရွိဘူး။ စိုးရိမ္မႈလည္း သိပ့္မရွိဘူး။ အရမ္းကို လြတ္လပ္တယ္။ အခ်ဳပ္အေႏွာင္ဖြဲ႕ကင္းမဲ့တယ္။ မိမိရဲ႕အလုပ္ကိုလုပ္ေနခ်ိန္မွာလည္း အရာအားလုံးကို ေခတၱခဏေမ့ေပ်ာက္ထားႏိုင္ၿပီး တစ္ခုတည္းကိုပဲ အာ႐ုံစိုက္ၿပီး လုပ္ႏိုင္ပါတယ္။ ပ်င္းလာတဲ့အခါမ်ိဳးမွာ အိမ္က ေခြးေလးနဲ႔ ေဆာ့ေနရတာ အရမ္းကိုေပ်ာ္စရာေကာင္းၿပီး အရမ္းကိုလြတ္လပ္တယ္။

၂။ ႐ုံးပိတ္တဲ့အားလပ္ရက္ေတြမွာ

မိမိရဲ႕ မုသားမပါတဲ့ ရင္ဖြင့္စကားသံကို နားေထာင္ေပးမဲ့ ေခြးေလးတစ္ေကာင္ရွိတယ္။ မိမိရဲ႕ ခံစားခ်က္ကို အေဖာ္ျပဳေပးမဲ့ ဂီတာတစ္လတ္ရယ္ သီခ်င္းေတြရယ္ရွိေနရင္ ျပည့္စုံေနၿပီ။ ဒါ့ေၾကာင့္မိမိအတြက္ စိတ္ဆင္းရဲစရာလည္းမရွိသလို စိတ္ေသာကလည္းေရာက္စရာမလိုေတာ့ဘူး။

၃။ က်႐ႈံးသြားတဲ့အခ်ိန္မ်ိဳးမွ

ကိစၥတစ္ခုခု ဒါမွမဟုတ္ မိမိရဲ႕အလုပ္တစ္ခုခု မေအာင္ျမင္တဲ့အခါမ်ိဳးမွာ မိမိရဲ႕စိတ္ကို ျပန္လည္ႏႈိးထဖို႔ မိမိစိတ္ႀကိဳက္ေပ်ာ္ရႊင္စရာေတြ ဖန္တီးပစ္ပါ။ ကိုယ္တိုင္ဖန္းတီတဲ့ေပ်ာ္ရႊင္မႈဟာ မိမိရဲ႕ စိတ္ကို ၾကည္ႏူးမႈရွိသလို ေဝဖန္မႈလည္း ကင္းမဲ့ပါတယ္။

၄။ နံနက္မိုးေသာက္ခ်ိန္မွာ

တစ္ေယာက္တည္းဘဝဟာ နံနက္မိုးလင္းတာနဲ႔ စိတ္ရဲ႕ ၾကည္ႏူးမႈအသစ္တစ္ခုကို အရင္ဆုံးဖန္တီးႏိုင္ပါတယ္။ မိမိရဲ႕တစ္ကိုယ္ေရ တစ္ကာယကိစၥမွလြဲၿပီး အျခားအလုပ္မရွိရင္ေတာ့ ကိုယ့္အခန္းေလးကို အလွဆင္ၿပီး စားပြဲေပၚမွာ မိမိႏွစ္သက္ဆုံးပန္းေလးနဲ႔ ပန္းအိုးေလးတစ္ဦးဖန္တီးပါ။ ဒီပန္းအိုးေလး ကိုျမင္ရတိုင္း ေလာကမွာငါအေတာ္ဆုံးပါလားလို႔ ကိုယ့္ကိုကိုယ္ခ်ီးမြမ္းခန္းဖြင့္ပါလိမ့္မယ္။

၅။ အားငယ္ေနတဲ့အခ်ိန္မွာ

အခ်ိဳ႕ကိစၥေတြမွာ မိမိထင္ထားသလိုျဖစ္မလာတဲ့အတြက္ အားငယ္မႈအနည္းငယ္ေတာ့ရွိေနပါလိမ့္မယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ စာအုပ္စင္ေပၚက စာအုပ္အခ်ိဳ႕က မိမိရဲ႕ အေကာင္းဆုံးမိတ္ေဆြ၊ အေကာင္းဆုံးအားေဆးတစ္ခြက္ပဲျဖစ္ပါတယ္။ ဒီလိုအားငယ္တဲ့အခ်ိန္မ်ိဳးကို စာဖတ္ၿပီး ျဖတ္သန္းခြင့္ရတာ မိမိအတြက္အေကာင္းဆုံးရလဒ္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

၆။ မိုးရြာတဲ့အခ်ိန္မ်ိဳးမွ

Rs ေတြ အသည္းကြဲၿပီး မိုးေရထဲေလွ်ာက္သြားေနခ်ိန္ ကိုယ္ကေတာ့ ဒီမိုးေရထဲမွာ လမ္းေလွ်ာက္ရတာကို အရမ္းၾကည္ႏူးမိတယ္။ ရာသီဥတုက ကိုယ့္ဘက္မွာဆိုသလိုေပါ့။ အေျခအေနေတြက တန္းတူရွိေနေပမဲ့ Rs နဲ႔ မိမိရဲ႕ ခံစားခ်က္ကေတာ့ တစ္ျခားစီပဲ။ ဒါလည္း Single ဘဝရဲ႕ အားသာခ်က္တစ္မ်ိဳးပဲေလ။

၇။ ေဆာင္းရာသီရဲ႕ နံနက္ခင္းအခ်ိန္မွာ

ေဆာင္းရာသီရဲ႕ နံနက္ခင္းအခ်ိန္မ်ိဳးမွာ အျခားသူေတြ၊ အိမ္ေထာင္သည္ေတြ အလုပ္႐ႈပ္ေနေပမဲ့ ကိုယ္ကေတာ့ ေနထြက္လာမဲ့အခ်ိန္ကိုေစာင့္စားရင္ေကာ္ဖီတစ္ခြက္နဲ႔ ေအးေအးေဆးေဆး ျဖတ္သန္းႏိုင္တယ္ေလ။

၈။ လမ္းေလွ်ာက္ထြက္ခ်ိန္မွာ

ဒီလို ႐ုံးပိတ္ရက္ေတြမွာ သားသား၊ မီးမီး၊ ေယာက်္ား ရဲ႕ ေဝယ်ာဝစၥလည္း မရွိတာေၾကာင့္ လြတ္လြတ္လပ္လပ္ အပန္းေျဖလို႔ရပါတယ္။ ဒီလိုေန႔မ်ိဳးမွာ မိမိ သြားခ်င္တဲ့ေနရာက သဘာဝ႐ႈ႕ခင္းေတြကို အျပည့္အဝခံစားလိုက္ပါ။ စိတ္ကိုလန္းဆန္းေစတဲ့အျပင္ ၾကည္ႏူးမႈအသစ္သစ္ေတြ တိုးပြားေစမွာျဖစ္ပါတယ္။

၉။ ႐ုပ္ရွင္ၾကည့္တဲ့အခါမ်ိဳးမွာ

႐ုပ္ရွင္ၾကည့္အတဲ့အခါမ်ိဳးမွာ ေယာက်္ားက ေဘာပြဲၾကည့္ခ်င္လို႔၊ သားသား/မီးမီးက ကာတြန္ကားၾကည့္ခ်င္လို႔ remote လုၿပီးရန္ျဖစ္ေနစရာမလုိပါဘူး။ မိမိႀကိဳက္ႏွစ္သက္တဲ့ ဇာတ္ကားကို မိမိကိုယ္တိုင္ေရြးခ်ယ္ၿပီး ၾကည့္႐ႈ႕ႏိုင္ပါတယ္။ ဒရမ္မာကားၾကည့္ၿပီး စိတ္လြတ္ကိုယ္လြတ္ငိုႏိုင္သလို၊ ဟာသကားၾကည့္ ၿပီးေတာ့လည္း စိတ္လြတ္ကိုယ္လြတ္ရယ္ေမာေပ်ာ္ရႊင္ႏိုင္တာ Single ဘဝမွာပဲရရွိႏိုင္တာပါ။

၁၀။ သဘာဝရဲ႕ အလွတရားကို ခံစားခ်ိန္မွာ

ဒီလိုႏွင္းက်တဲ့ ေဆာင္ရာသီရဲ႕ ညတစ္ညမွာ အိမ္အေပၚဝရန္တာကေန သီးခ်င္းေလးနားေထာင္ရင္း ဒါမွမဟုတ္ ေကာင္းကင္က ၾကယ္ေတြကို ေငးရင္း သဘာဝကေပးတဲ့ အလွတရားကိုအျပည့္အဝခံစားႏိုင္ပါတယ္။ ထိုအခ်ိန္ဟာ အထီးက်န္ေနတဲ့စိတ္ေတြကို ေမ့ေပ်ာက္ထားႏိုင္ၿပီး ၾကည္ႏူးမႈရသကို ရရွိေစပါတယ္။

ကဲ ! ဘာလိုေသးလဲ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Life Style


#Unicode Version#

ဘဝမှာအကြောင်းအမျိုးမျိုးကြောင့်တစ်ယောက်တည်းနေထိုင်ရတာအထီးကျန်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကို ပျော်ရွှင်မှုဆိုတာနေရာတိုင်း၊ အချိန်တိုင်းမှာရှိပါတယ်။ လောကကြီးက နေတတ်ရင် ကျေနပ်စရာပေါ့။ ဒါကြောင့် ဘဝမှာ တစ်ယောက်တည်းဖြစ်နေပေမဲ့ အားငယ်မနေဘဲ ပျော်ရွှင်စွာနဲ့ လွတ်လပ်စွာ ဖြတ်သန်းလိုက်ပါ။ မိသားစုတစ်ခုနဲ့ တစ်ယောက်တည်းနေရသူအဖို့ နှိုင်းယှဉ်ရင်တော့သူ့နေရာနဲ့သူ အားနည်းချက် အားသာချက်တော့ ရှိကျစမြဲပဲ။ ဒါကြောင့် ဘဝတစ်ယောက်တည်းနေရတာ ဘာတွေအားသာသလဲဆိုတာLifestyle Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်တယ်နော်။
၁။ အလုပ်လုပ်နေတဲ့အချိန်မှာ

တစ်ယောက်ထဲနေရတဲ့ ဘဝဟာ အပူအပင်သိပ့်မရှိဘူး။ စိုးရိမ်မှုလည်း သိပ့်မရှိဘူး။ အရမ်းကို လွတ်လပ်တယ်။ အချုပ်အနှောင်ဖွဲ့ကင်းမဲ့တယ်။ မိမိရဲ့အလုပ်ကိုလုပ်နေချိန်မှာလည်း အရာအားလုံးကို ခေတ္တခဏမေ့ပျောက်ထားနိုင်ပြီး တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်နိုင်ပါတယ်။ ပျင်းလာတဲ့အခါမျိုးမှာ အိမ်က ခွေးလေးနဲ့ ဆော့နေရတာ အရမ်းကိုပျော်စရာကောင်းပြီး အရမ်းကိုလွတ်လပ်တယ်။

၂။ ရုံးပိတ်တဲ့အားလပ်ရက်တွေမှာ

မိမိရဲ့ မုသားမပါတဲ့ ရင်ဖွင့်စကားသံကို နားထောင်ပေးမဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ မိမိရဲ့ ခံစားချက်ကို အဖော်ပြုပေးမဲ့ ဂီတာတစ်လတ်ရယ် သီချင်းတွေရယ်ရှိနေရင် ပြည့်စုံနေပြီ။ ဒါ့ကြောင့်မိမိအတွက် စိတ်ဆင်းရဲစရာလည်းမရှိသလို စိတ်သောကလည်းရောက်စရာမလိုတော့ဘူး။

၃။ ကျရှုံးသွားတဲ့အချိန်မျိုးမှ

ကိစ္စတစ်ခုခု ဒါမှမဟုတ် မိမိရဲ့အလုပ်တစ်ခုခု မအောင်မြင်တဲ့အခါမျိုးမှာ မိမိရဲ့စိတ်ကို ပြန်လည်နှိုးထဖို့ မိမိစိတ်ကြိုက်ပျော်ရွှင်စရာတွေ ဖန်တီးပစ်ပါ။ ကိုယ်တိုင်ဖန်းတီတဲ့ပျော်ရွှင်မှုဟာ မိမိရဲ့ စိတ်ကို ကြည်နူးမှုရှိသလို ဝေဖန်မှုလည်း ကင်းမဲ့ပါတယ်။

၄။ နံနက်မိုးသောက်ချိန်မှာ

တစ်ယောက်တည်းဘဝဟာ နံနက်မိုးလင်းတာနဲ့ စိတ်ရဲ့ ကြည်နူးမှုအသစ်တစ်ခုကို အရင်ဆုံးဖန်တီးနိုင်ပါတယ်။ မိမိရဲ့တစ်ကိုယ်ရေ တစ်ကာယကိစ္စမှလွဲပြီး အခြားအလုပ်မရှိရင်တော့ ကိုယ့်အခန်းလေးကို အလှဆင်ပြီး စားပွဲပေါ်မှာ မိမိနှစ်သက်ဆုံးပန်းလေးနဲ့ ပန်းအိုးလေးတစ်ဦးဖန်တီးပါ။ ဒီပန်းအိုးလေး ကိုမြင်ရတိုင်း လောကမှာငါအတော်ဆုံးပါလားလို့ ကိုယ့်ကိုကိုယ်ချီးမွမ်းခန်းဖွင့်ပါလိမ့်မယ်။

၅။ အားငယ်နေတဲ့အချိန်မှာ

အချို့ကိစ္စတွေမှာ မိမိထင်ထားသလိုဖြစ်မလာတဲ့အတွက် အားငယ်မှုအနည်းငယ်တော့ရှိနေပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စာအုပ်စင်ပေါ်က စာအုပ်အချို့က မိမိရဲ့ အကောင်းဆုံးမိတ်ဆွေ၊ အကောင်းဆုံးအားဆေးတစ်ခွက်ပဲဖြစ်ပါတယ်။ ဒီလိုအားငယ်တဲ့အချိန်မျိုးကို စာဖတ်ပြီး ဖြတ်သန်းခွင့်ရတာ မိမိအတွက်အကောင်းဆုံးရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

၆။ မိုးရွာတဲ့အချိန်မျိုးမှ

Rs တွေ အသည်းကွဲပြီး မိုးရေထဲလျှောက်သွားနေချိန် ကိုယ်ကတော့ ဒီမိုးရေထဲမှာ လမ်းလျှောက်ရတာကို အရမ်းကြည်နူးမိတယ်။ ရာသီဥတုက ကိုယ့်ဘက်မှာဆိုသလိုပေါ့။ အခြေအနေတွေက တန်းတူရှိနေပေမဲ့ Rs နဲ့ မိမိရဲ့ ခံစားချက်ကတော့ တစ်ခြားစီပဲ။ ဒါလည်း Single ဘဝရဲ့ အားသာချက်တစ်မျိုးပဲလေ။

၇။ ဆောင်းရာသီရဲ့ နံနက်ခင်းအချိန်မှာ

ဆောင်းရာသီရဲ့ နံနက်ခင်းအချိန်မျိုးမှာ အခြားသူတွေ၊ အိမ်ထောင်သည်တွေ အလုပ်ရှုပ်နေပေမဲ့ ကိုယ်ကတော့ နေထွက်လာမဲ့အချိန်ကိုစောင့်စားရင်ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ဖြတ်သန်းနိုင်တယ်လေ။

၈။ လမ်းလျှောက်ထွက်ချိန်မှာ

ဒီလို ရုံးပိတ်ရက်တွေမှာ သားသား၊ မီးမီး၊ ယောကျ်ား ရဲ့ ဝေယျာဝစ္စလည်း မရှိတာကြောင့် လွတ်လွတ်လပ်လပ် အပန်းဖြေလို့ရပါတယ်။ ဒီလိုနေ့မျိုးမှာ မိမိ သွားချင်တဲ့နေရာက သဘာဝရှု့ခင်းတွေကို အပြည့်အဝခံစားလိုက်ပါ။ စိတ်ကိုလန်းဆန်းစေတဲ့အပြင် ကြည်နူးမှုအသစ်သစ်တွေ တိုးပွားစေမှာဖြစ်ပါတယ်။

၉။ ရုပ်ရှင်ကြည့်တဲ့အခါမျိုးမှာ

ရုပ်ရှင်ကြည့်အတဲ့အခါမျိုးမှာ ယောကျ်ားက ဘောပွဲကြည့်ချင်လို့၊ သားသား/မီးမီးက ကာတွန်ကားကြည့်ချင်လို့ remote လုပြီးရန်ဖြစ်နေစရာမလိုပါဘူး။ မိမိကြိုက်နှစ်သက်တဲ့ ဇာတ်ကားကို မိမိကိုယ်တိုင်ရွေးချယ်ပြီး ကြည့်ရှု့နိုင်ပါတယ်။ ဒရမ်မာကားကြည့်ပြီး စိတ်လွတ်ကိုယ်လွတ်ငိုနိုင်သလို၊ ဟာသကားကြည့် ပြီးတော့လည်း စိတ်လွတ်ကိုယ်လွတ်ရယ်မောပျော်ရွှင်နိုင်တာ Single ဘဝမှာပဲရရှိနိုင်တာပါ။

၁၀။ သဘာဝရဲ့ အလှတရားကို ခံစားချိန်မှာ

ဒီလိုနှင်းကျတဲ့ ဆောင်ရာသီရဲ့ ညတစ်ညမှာ အိမ်အပေါ်ဝရန်တာကနေ သီးချင်းလေးနားထောင်ရင်း ဒါမှမဟုတ် ကောင်းကင်က ကြယ်တွေကို ငေးရင်း သဘာဝကပေးတဲ့ အလှတရားကိုအပြည့်အဝခံစားနိုင်ပါတယ်။ ထိုအချိန်ဟာ အထီးကျန်နေတဲ့စိတ်တွေကို မေ့ပျောက်ထားနိုင်ပြီး ကြည်နူးမှုရသကို ရရှိစေပါတယ်။

ကဲ ! ဘာလိုသေးလဲ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top