ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကရင္ ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ဆက္ သြယ္ေရးတာဝါတုိင္မွ Cable  ႀကိဳး ခုိးယူသူမ်ားကို ဖမ္းဆီး ရမိေၾကာင္း ျမဝတီၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ျမဝတီၿမိဳ႕ အမွတ္ (၅)ရပ္ကြက္ စိုက္ပ်ဳိးေရးဇုန္လမ္းရွိ ဧရာဝတီဂရင္းတာဝါတိုင္ကုမၸဏီလီမိတက္ပိုင္အေဆာက္အအုံအတြင္း တပ္ဆင္ထားေသာ (Cable) ႀကိဳးမ်ားကို ဝင္ေရာက္ျဖဳတ္ခိုးေန ေၾကာင္း အဆိုပါဆက္သြယ္ေရး တာဝါတိုင္တာဝန္ခံ ကိုႏိုင္မင္းထြန္း မွ ႏုိဝင္ဘာ ၁၇ ရက္ နံနက္ ၈ နာရီက ျမဝတီရဲစခန္းသုိ႔ အေၾကာင္း ၾကားလာမႈေၾကာင့္ ျမဝတီရဲစခန္း မွ နယ္ထိန္းအရာရွိ ရဲအုပ္ေအာင္ ခ်မ္းမြန္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြား ေရာက္ၾကည့္႐ႈရာ ယင္းတာဝါတိုင္ အေဆာက္အအုံအတြင္း ျဖတ္ ေတာက္ထားေသာ Cable  ႀကိဳး ၁၄ ေပ အရွည္ ေျခာက္ေခ်ာင္း၊ ေျခာက္ေပ တစ္ေခ်ာင္း၊ သုံးေပ ေလးေခ်ာင္း စုစုေပါင္းကာလတန္ဖိုး က်ပ္ ၄၅၉ဝဝဝ ခန္႔ရွိ Cable  ႀကိဳး မ်ားႏွင့္အတူ ျမဝတီၿမိဳ႕ အမွတ္ (၅)ရပ္ကြက္ေန မခင္ၿငိမ္းေဝ(၂၆) ႏွစ္အား ေတြ႕ရွိရၿပီး ၎ခင္ပြန္းျဖစ္သူ ေက်ာ္တင္စိုး(၂၆)ႏွစ္ မွာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္။


ဆက္လက္၍ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ထြက္ေျပးသြားသူ ေက်ာ္တင္စိုးအား ဖမ္းဆီးရမိေရး လုိက္လံစုံစမ္းရွာ ေဖြရာ ယင္းေန႔ည ၈ နာရီ မိိနစ္ ၅ဝ တြင္ အမွတ္(၅) ရပ္ကြက္ ပတၱျမား ဓာတ္ဆီဆုိင္လမ္းမ ေပၚတြင္ ေတြ႕ရွိဖမ္းဆီးႏိုင္ ခဲ့သည္။ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တာဝါတုိင္ Cable ႀကိဳးမ်ားအား ခိုးယူခဲ့ၾကသည့္ ေက်ာ္တင္စိုး(၂၆)ႏွစ္ ႏွင့္ မခင္ၿငိမ္းေဝ(၂၆)ႏွစ္တုိ႔အား ျမဝတီရဲစခန္းမွ (ပ)၉ဝ၈/၂ဝ၁၈၊ ရာဇသတ္ႀကီးပုဒ္မ- ၃၈ဝ ျဖင့္ အမႈ ဖြင့္အေရးယူထားေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Media Group

#Unicode Version#

ကရင် ပြည်နယ် မြဝတီမြို့တွင် ဆက် သွယ်ရေးတာဝါတိုင်မှ Cable  ကြိုး ခိုးယူသူများကို ဖမ်းဆီး ရမိကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ် (၅)ရပ်ကွက် စိုက်ပျိုးရေးဇုန်လမ်းရှိ ဧရာဝတီဂရင်းတာဝါတိုင်ကုမ္ပဏီလီမိတက်ပိုင်အဆောက်အအုံအတွင်း တပ်ဆင်ထားသော (Cable) ကြိုးများကို ဝင်ရောက်ဖြုတ်ခိုးနေ ကြောင်း အဆိုပါဆက်သွယ်ရေး တာဝါတိုင်တာဝန်ခံ ကိုနိုင်မင်းထွန်း မှ နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီက မြဝတီရဲစခန်းသို့ အကြောင်း ကြားလာမှုကြောင့် မြဝတီရဲစခန်း မှ နယ်ထိန်းအရာရှိ ရဲအုပ်အောင် ချမ်းမွန်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွား ရောက်ကြည့်ရှုရာ ယင်းတာဝါတိုင် အဆောက်အအုံအတွင်း ဖြတ် တောက်ထားသော Cable  ကြိုး ၁၄ ပေ အရှည် ခြောက်ချောင်း၊ ခြောက်ပေ တစ်ချောင်း၊ သုံးပေ လေးချောင်း စုစုပေါင်းကာလတန်ဖိုး ကျပ် ၄၅၉ဝဝဝ ခန့်ရှိ Cable  ကြိုး များနှင့်အတူ မြဝတီမြို့ အမှတ် (၅)ရပ်ကွက်နေ မခင်ငြိမ်းဝေ(၂၆) နှစ်အား တွေ့ရှိရပြီး ၎င်းခင်ပွန်းဖြစ်သူ ကျော်တင်စိုး(၂၆)နှစ် မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။


ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ထွက်ပြေးသွားသူ ကျော်တင်စိုးအား ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းရှာ ဖွေရာ ယင်းနေ့ည ၈ နာရီ မိနစ် ၅ဝ တွင် အမှတ်(၅) ရပ်ကွက် ပတ္တမြား ဓာတ်ဆီဆိုင်လမ်းမ ပေါ်တွင် တွေ့ရှိဖမ်းဆီးနိုင် ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝါတိုင် Cable ကြိုးများအား ခိုးယူခဲ့ကြသည့် ကျော်တင်စိုး(၂၆)နှစ် နှင့် မခင်ငြိမ်းဝေ(၂၆)နှစ်တို့အား မြဝတီရဲစခန်းမှ (ပ)၉ဝ၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၈ဝ ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top