ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပိတ္ရက္ေလးေတြကေတာ့ တန္းစီျပီးလာပါျပီ။ ႐ုပ္႐ွင္ေလးၾကည့္ရင္း ၊ သူငယ္ခ်င္းေတြနဲ႔ အိမ္မွာမုန္႔လုပ္စားမယ္လို႔ စဥ္းစားထားပါသလား။ အရသာလည္း႐ွိ ၊ လုပ္ရလည္း သိပ္မခက္ ၊ ပစၥည္းလည္း အမ်ားၾကီးမလိုတဲ့ Chessy Burger Corn Dog ေလးလုပ္စားၾကမယ္ေလ။

ၾကည့္လုိက္တာနဲ႔ စားခ်င္စဖြယ္ သူ႔ရဲ႕ဆဲြေဆာင္မႈကေတာ့ အရသာမွာတင္ အားလံုးက်႐ႈံးသြားမွာပါ။ လုပ္ပံုလုပ္နည္းနဲ႔ ထည့္ရမယ့္ ပစၥည္း အတိုင္းဆကုိ မွန္ကန္ေအာင္ထည့္ဖို႔ပဲလိုပါတယ္။

ႏုပ္ႏုပ္စဥ္းထားတဲ့ အမဲသား ၁၈ဝ ဂရမ္
ၾကက္သြန္နီ ၃ဝဂရမ္
င႐ုတ္သီး ၂၅ဂရမ္
ဆား နဲ႔ င႐ုတ္ေကာင္း အနည္းငယ္
အဝါေရာင္ဒိန္ခဲမာ ခ်ိစ္ေခ်ာင္း ၁၅ဝဂရမ္

ျပီးရင္ အားလံုးကိုေရာနယ္လိုက္ပါ။ နယ္ထားတဲ့ အမဲသားကို ဆုပ္လံုးျပီး ခ်ိစ္ေခ်ာင္းမွာအုပ္လိုက္ပါ။

ေရေႏြး ၁၈ဝ မီလီလီတာ ထည့္ထားတဲ့ခြက္ထဲကို တေဆး(yeast) ၄ဂရမ္ထည့္ေဖ်ာ္ပါမယ္။ ျပီးရင္
၂၉၆ဂရမ္႐ွိ တ႐ုတ္ပန္ကိတ္မႈန္႔ ထည့္လိုက္ပါ။ ဒီႏွစ္မ်ဳိးကို ေရာသမ ေမႊျပီးသြားရင္ေတာ့ ခုနက အမဲသားေခ်ာင္းေပၚမွာ ပန္ကိတ္ mix တို႔ကို ထပ္အုပ္ပါမယ္။ အုပ္ျပီးသြားရင္ ေပါင္မုန္႔ေျခာက္အမြမႈန္႔ေတြနဲ႔ ကပ္ေပးလိုက္ပါ။ အားလံုးအဆင္သင့္ျဖစ္ရင္ ဆီအပူ 145- 160 °C နဲ႔ေၾကာ္လို႔ရပါျပီ။ ဆီစစ္ျပီးရင္ေတာ့ အခ်ဥ္ေလးနဲ႔ တို႔စားလို႔ရျပီေလ။ အရသာေကာင္းမွ ေကာင္း 😋😋 လုပ္နည္းဗီဒီယုိေလးလည္း ေဖာ္ျပေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

ပိတ်ရက်လေးတွေကတော့ တန်းစီပြီးလာပါပြီ။ ရုပ်ရှင်လေးကြည့်ရင်း ၊ သူငယ်ချင်းတွေနဲ့ အိမ်မှာမုန့်လုပ်စားမယ်လို့ စဉ်းစားထားပါသလား။ အရသာလည်းရှိ ၊ လုပ်ရလည်း သိပ်မခက် ၊ ပစ္စည်းလည်း အများကြီးမလိုတဲ့ Chessy Burger Corn Dog လေးလုပ်စားကြမယ်လေ။

ကြည့်လိုက်တာနဲ့ စားချင်စဖွယ် သူ့ရဲ့ဆွဲဆောင်မှုကတော့ အရသာမှာတင် အားလုံးကျရှုံးသွားမှာပါ။ လုပ်ပုံလုပ်နည်းနဲ့ ထည့်ရမယ့် ပစ္စည်း အတိုင်းဆကို မှန်ကန်အောင်ထည့်ဖို့ပဲလိုပါတယ်။

နုပ်နုပ်စဉ်းထားတဲ့ အမဲသား ၁၈ဝ ဂရမ်
ကြက်သွန်နီ ၃ဝဂရမ်
ငရုတ်သီး ၂၅ဂရမ်
ဆား နဲ့ ငရုတ်ကောင်း အနည်းငယ်
အဝါရောင်ဒိန်ခဲမာ ချိစ်ချောင်း ၁၅ဝဂရမ်

ပြီးရင် အားလုံးကိုရောနယ်လိုက်ပါ။ နယ်ထားတဲ့ အမဲသားကို ဆုပ်လုံးပြီး ချိစ်ချောင်းမှာအုပ်လိုက်ပါ။

ရေနွေး ၁၈ဝ မီလီလီတာ ထည့်ထားတဲ့ခွက်ထဲကို တဆေး(yeast) ၄ဂရမ်ထည့်ဖျော်ပါမယ်။ ပြီးရင်
၂၉၆ဂရမ်ရှိ တရုတ်ပန်ကိတ်မှုန့် ထည့်လိုက်ပါ။ ဒီနှစ်မျိုးကို ရောသမ မွှေပြီးသွားရင်တော့ ခုနက အမဲသားချောင်းပေါ်မှာ ပန်ကိတ် mix တို့ကို ထပ်အုပ်ပါမယ်။ အုပ်ပြီးသွားရင် ပေါင်မုန့်ခြောက်အမွမှုန့်တွေနဲ့ ကပ်ပေးလိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ရင် ဆီအပူ 145- 160 °C နဲ့ကြော်လို့ရပါပြီ။ ဆီစစ်ပြီးရင်တော့ အချဉ်လေးနဲ့ တို့စားလို့ရပြီလေ။ အရသာကောင်းမှ ကောင်း 😋😋 လုပ်နည်းဗီဒီယိုလေးလည်း ဖော်ပြပေးလိုက်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top