(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မိႆရာသီဖြား

------

စိတ္ရႈပ္စရာမ်ားကို ျဖတ္ေက်ာ္ႏိုင္လိမ့္မည္။ အယံုလြယ္တတ္ေသာစိတ္ကို ထိန္းႏိုင္မွ စိတ္ညစ္စရာမ်ားကင္းေ၀ႏိုင္မည္။ သူငယ္ခ်င္းမ်ားနဲ႔အခ်ိန္ေပးကာ ေပ်ာ္ရႊင္စရာေတြဖန္တီးလိုက္ပါ။

ျပိႆရာသီဖြား

-----

မိမိေသာ္လည္းေကာင္း မိသားစုမ်ားေသာ္လည္းေကာင္း က်န္းမာေရခ်ဴခ်ာေနတတ္သည္။ မိမိရဲ႔ၾကိဳးစားမႈေၾကာင့္ရတဲ့ အက်ိဳးရလဒ္ေတြအေပၚအထင္လြဲခံေနရတတ္သည္။ သို႔ေသာ္လည္း အခ်စ္ေရးတြင္ ေပ်ာ္ရႊင္ေနရမည္။

ေမထုန္ရာသီဖြား

-----

ကိုယ္ျပဳလုပ္လိုက္တဲ့ အျပဳအမူေတြေၾကာင့္ လူခ်စ္လူခင္ေပါလာႏိုင္သလို လူမုန္းမ်ားလာႏိုင္သည္ကို အထူးဂရုျပဳပါ။ မိတ္ေဆြတစ္ဦးထံမွ မေမွ်ာ္လင့္ထားတဲ့ အကူအညီေတြရရွိႏိုင္သလို လက္ေဆာင္ပစၥည္းေကာင္းေတြလည္း ရရွိႏိုင္ပါတယ္။

ကရကဋ္ရာသီဖြား

-----

ထိုင္ေနရင္အေကာင္းသား ထသြားမွက်ိဳးမွန္သိ ဆိုတဲ့စကားပံုကိုအျမဲအမွတ္ရေနပါ။ အေရးၾကီးေသာဆံုးျဖတ္ခ်က္ေတြကို ေသေသခ်ာခ်ာေတြးေတာျပီးမွသာ ဆံုးျဖတ္ခ်က္ခ်ပါ။

သိဟ္ရာသီဖြား

-----

Relationship ကိစၥမ်ားတြင္ အခ်ိန္ေပးမ်ားေနတတ္သည္။ ခ်စ္ခင္ရသူေတြနဲ႔ စိတ္ကေတာက္ကဆျဖစ္ျပီး ျပႆနာေတြမ်ားေနတတ္သည္။ ကုိယ့္ဘက္မွအရင္ကမ္းလွမ္း၍ ျငိမ္းခ်မ္းမႈကိုရွာေဖြလိုက္ပါ။

ကန္ရာသီဖြား

-----

လူမႈဆက္ဆံေရးမ်ားတြင္ အဆင္မေျပမႈမ်ား စိတ္႐ႈပ္စရာမ်ား ၾကံဳရတတ္သည္။ သို႔ေသာ္လည္း ထိုကဲ့သို႔ ျပႆနာမ်ားအတြင္းမွ မိတ္ေဆြစစ္မ်ားရရွိႏိုင္သည္။ စိတ္ရင္းမွန္ျဖင့္သာ ေျပာဆိုဆက္ဆံလိုက္ပါ။

တူရာသီဖြား

-----

ေငြေၾကးကိစၥမ်ားတြင္ ကံအလြန္ေကာင္းေနတတ္သည္။ အေလာင္းအစားကိစၥမ်ားတြင္ေတာင္ ကံအက်ိဳးေပးေကာင္းေနမည္။ သို႔ေသာ္လည္း အလြန္အကၽြံမလုပ္ပါနွင့္ သင့္အတြက္ အႏၱရာယ္အလြန္မ်ားေနႏိုင္သည္။



ျဗိစၦာရာသီဖြား

-----

ကိုယ္ပိုင္အေတြးအေခၚကိုသာ အားကိုးပါ။ သူမ်ားေပးေသာအၾကံဥာဏ္မ်ားအေပၚ နားေယာင္မိျခင္းေၾကာင့္ ေဘးျဖစ္ေစႏိုင္သည္။ ညဘက္အျပင္ထြက္ျခင္း အထူးဂရုျပဳပါ။

ဓႏုရာသီဖြား

-----

လံု႔လေၾကာင့္ ေအာင္ျမင္မႈေတြရရွိႏိုင္သည္။ သို႔ေသာ္လည္း စကားအေျပာအဆိုေၾကာင့္ လူၾကီးတစ္ဦးဦးရဲ႕ အမ်က္ရွႏိုင္သည္။ စကားနည္းနည္းေျပာ အလုပ္မ်ားမ်ားလုပ္ ဆိုသကဲ့သို႔ သင္လိုက္နာႏိုင္မွ အဆင္ေျပႏိုင္မည္။

မကာရ ရာသီဖြား

-----

ဆံုးရႈံးဖူးေသာ ေငြေၾကးမ်ားျပန္လည္ရရွိႏိုင္သည္။ ျပန္မရႏိုင္ေတာ့ဘူး ထင္မွတ္ထားတဲ့ အေၾကြးေတြပင္ ျပန္လည္ရရွိႏိုင္သည္။ သို႕ေသာ္လည္း ကိုယ္မွျပန္လည္ေပးကမ္းစြန္႔ၾကဲျခင္းကို မေမ့ေလ်ာ့ ေနပါနဲ႔။

ကုမ္ရာသီဖြား

-----

ၾကီးမားေသာ အေျပာင္းအလဲမ်ားျဖစ္လာႏိုင္သည္။ဘယ္လို အေျပာင္းအလဲမဆို အေကာင္းျမင္စိတ္ျဖင့္သာ ၾကည့္ႏိုင္မွ သင့္ဘ၀မွာအျပံဳးေတြျဖင့္သာ ျဖတ္သန္းႏိုင္လိမ့္မည္။ သန္းေခါင္ကုန္ရင္ အာရံုတက္ခ်ိန္ေရာက္လာမွာပါ။

မိန္ရာသီဖြား

-----

အလုပ္ထဲတြင္ေသာ္လည္းေကာင္း ေက်ာင္းတြင္ေသာ္လည္းေကာင္း အိမ္တြင္ေသာ္လည္းေကာင္း ၾကီးမားတဲ့တာ၀န္ယူမႈေတြ တာ၀န္ၾကီးေတြအတြက္ ဗ်ာမ်ားေနရတတ္သည္။ ကိုယ္လုပ္ရမည့္ ကိစၥတစ္ခုကိုသာ ေသခ်ာအာရံုစိုက္ျခင္းျဖင့္ ေအာင္ျမင္စြာအဆံုးသတ္ႏိုင္လိမ့္မည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

မိဿရာသီဖွား

------

စိတ်ရှုပ်စရာများကို ဖြတ်ကျော်နိုင်လိမ့်မည်။ အယုံလွယ်တတ်သောစိတ်ကို ထိန်းနိုင်မှ စိတ်ညစ်စရာများကင်းဝေနိုင်မည်။ သူငယ်ချင်းများနဲ့အချိန်ပေးကာ ပျော်ရွှင်စရာတွေဖန်တီးလိုက်ပါ။

ပြိဿရာသီဖွား

-----

မိမိသော်လည်းကောင်း မိသားစုများသော်လည်းကောင်း ကျန်းမာရေချူချာနေတတ်သည်။ မိမိရဲ့ကြိုးစားမှုကြောင့်ရတဲ့ အကျိုးရလဒ်တွေအပေါ်အထင်လွဲခံနေရတတ်သည်။ သို့သော်လည်း အချစ်ရေးတွင် ပျော်ရွှင်နေရမည်။

မေထုန်ရာသီဖွား

-----

ကိုယ်ပြုလုပ်လိုက်တဲ့ အပြုအမူတွေကြောင့် လူချစ်လူခင်ပေါလာနိုင်သလို လူမုန်းများလာနိုင်သည်ကို အထူးဂရုပြုပါ။ မိတ်ဆွေတစ်ဦးထံမှ မမျှော်လင့်ထားတဲ့ အကူအညီတွေရရှိနိုင်သလို လက်ဆောင်ပစ္စည်းကောင်းတွေလည်း ရရှိနိုင်ပါတယ်။

ကရကဋ်ရာသီဖွား

-----

ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်သိ ဆိုတဲ့စကားပုံကိုအမြဲအမှတ်ရနေပါ။ အရေးကြီးသောဆုံးဖြတ်ချက်တွေကို သေသေချာချာတွေးတောပြီးမှသာ ဆုံးဖြတ်ချက်ချပါ။

သိဟ်ရာသီဖွား

-----

Relationship ကိစ္စများတွင် အချိန်ပေးများနေတတ်သည်။ ချစ်ခင်ရသူတွေနဲ့ စိတ်ကတောက်ကဆဖြစ်ပြီး ပြဿနာတွေများနေတတ်သည်။ ကိုယ့်ဘက်မှအရင်ကမ်းလှမ်း၍ ငြိမ်းချမ်းမှုကိုရှာဖွေလိုက်ပါ။

ကန်ရာသီဖွား

-----

လူမှုဆက်ဆံရေးများတွင် အဆင်မပြေမှုများ စိတ်ရှုပ်စရာများ ကြုံရတတ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြဿနာများအတွင်းမှ မိတ်ဆွေစစ်များရရှိနိုင်သည်။ စိတ်ရင်းမှန်ဖြင့်သာ ပြောဆိုဆက်ဆံလိုက်ပါ။

တူရာသီဖွား

-----

ငွေကြေးကိစ္စများတွင် ကံအလွန်ကောင်းနေတတ်သည်။ အလောင်းအစားကိစ္စများတွင်တောင် ကံအကျိုးပေးကောင်းနေမည်။ သို့သော်လည်း အလွန်အကျွံမလုပ်ပါနှင့် သင့်အတွက် အန္တရာယ်အလွန်များနေနိုင်သည်။



ဗြိစ္ဆာရာသီဖွား

-----

ကိုယ်ပိုင်အတွေးအခေါ်ကိုသာ အားကိုးပါ။ သူများပေးသောအကြံဉာဏ်များအပေါ် နားယောင်မိခြင်းကြောင့် ဘေးဖြစ်စေနိုင်သည်။ ညဘက်အပြင်ထွက်ခြင်း အထူးဂရုပြုပါ။

ဓနုရာသီဖွား

-----

လုံ့လကြောင့် အောင်မြင်မှုတွေရရှိနိုင်သည်။ သို့သော်လည်း စကားအပြောအဆိုကြောင့် လူကြီးတစ်ဦးဦးရဲ့ အမျက်ရှနိုင်သည်။ စကားနည်းနည်းပြော အလုပ်များများလုပ် ဆိုသကဲ့သို့ သင်လိုက်နာနိုင်မှ အဆင်ပြေနိုင်မည်။

မကာရ ရာသီဖွား

-----

ဆုံးရှုံးဖူးသော ငွေကြေးများပြန်လည်ရရှိနိုင်သည်။ ပြန်မရနိုင်တော့ဘူး ထင်မှတ်ထားတဲ့ အကြွေးတွေပင် ပြန်လည်ရရှိနိုင်သည်။ သို့သော်လည်း ကိုယ်မှပြန်လည်ပေးကမ်းစွန့်ကြဲခြင်းကို မမေ့လျော့ နေပါနဲ့။

ကုမ်ရာသီဖွား

-----

ကြီးမားသော အပြောင်းအလဲများဖြစ်လာနိုင်သည်။ဘယ်လို အပြောင်းအလဲမဆို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်နိုင်မှ သင့်ဘဝမှာအပြုံးတွေဖြင့်သာ ဖြတ်သန်းနိုင်လိမ့်မည်။ သန်းခေါင်ကုန်ရင် အာရုံတက်ချိန်ရောက်လာမှာပါ။

မိန်ရာသီဖွား

-----

အလုပ်ထဲတွင်သော်လည်းကောင်း ကျောင်းတွင်သော်လည်းကောင်း အိမ်တွင်သော်လည်းကောင်း ကြီးမားတဲ့တာဝန်ယူမှုတွေ တာဝန်ကြီးတွေအတွက် ဗျာများနေရတတ်သည်။ ကိုယ်လုပ်ရမည့် ကိစ္စတစ်ခုကိုသာ သေချာအာရုံစိုက်ခြင်းဖြင့် အောင်မြင်စွာအဆုံးသတ်နိုင်လိမ့်မည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top