ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကမာၻေက်ာ္ တ႐ုတ္မင္းသား ဂ်က္ကီခ်န္းနဲ႕ ခပ္တန္းတန္းသာ ေနထိုင္တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ သမီး Etta Ng ဟာ လိင္တူခ်စ္သူ မိန္းကေလးတဦးနဲ႕ လက္ထပ္သြားၿပီလို႔ နိုဝင္ဘာလ ၂၆ ရက္ေန႕ မနက္မွ ာတင္ခဲ့တဲ့ Instagram ပို႔စ္တခုမွာ ေတြ႕ရပါတယ္။ Etta ဟာ အသက္ ၆၄ ႏွစ္အ႐ြယ္ေဟာင္ေကာင္အက္ရွင္ မင္းသားႀကီးနဲ႕ အလွမယ္ေဟာင္း Elaine Ng တို႔ရဲ႕သမီးလည္း ျဖစ္ပါတယ္။

လူမႈကြန္ရက္ မီဒီယာတခုမွာ တင္ထားတဲ့ ဓာတ္ပုံ တပုံမွာ သူတို႔ စုံတြဲႏွစ္ဦးဟာ လက္ထပ္မွတ္ပုံတင္လို႔ ယူဆရတဲ့ စာ႐ြက္တခုကို ကိုင္ထားၿပီး အနမ္းဖလွယ္ေနၾကပုံကို တင္ထားခဲ့ပါတယ္။ မီဒီယာေတြရဲ႕အဆိုအရ သူတို႔ႏွစ္ဦးဟာ ကေနဒါနိုင္ငံမွာ လက္ထပ္ဖို႔ မွတ္ပုံတင္ထားခဲ့တယ္လို႔ သိရပါတယ္။

သူတို႔ႏွစ္ဦးက “အခ်စ္နဲ႕ ဥပေဒတို႔ေၾကာင့္ ေပါင္းစည္းခဲ့ပါၿပီ။ က်မတို႔ရဲ႕ လက္ထပ္ပြဲေလး” လို႔ ေရးသားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ဦးဟာ ဘယ္ေတာ့မွ အခ်စ္ဆိုတာကို မခံစားတတ္တဲ့ ကေလးေတြ အေနနဲ႕ ႏွိပ္စက္ခံခဲ့ရတဲ့အေၾကာင္း ေျပာဆိုထားပါတယ္။

ေၾကာက္႐ြံ႕မႈေတြကိုေအာင္နိုင္ခဲ့ၿပီး ခ်ိဳ႕ယြင္းခ်က္ေတြကို လက္ခံကာ သူတို႔ကို နာက်င္ေအာင္လုပ္ခဲ့သူေတြဟာ လက္ရွိမွာ သူတို႔ေတြ နာက်င္ေနရဆဲျဖစ္တယ္ဆိုတာကို နားလည္တဲ့အေၾကာင္း ေဖာ္ျပေရးသားထားပါတယ္။

Etta ကေတာ့ သူ႕ရဲ႕ ကိုယ္ေရးကိုယ္တာ Instagram အေကာင့္မွာ “မင္းေ႐ြးခ်ယ္လိုက္တဲ့၊ မင္းကိုအထီးမက်န္ေစတဲ့ မိသားစုနဲ႕အတူ ရွိတာဟာ အိမ္တခုပါပဲ။ အခ်စ္ဆိုတာ ေသြးထက္ ပ်စ္ပါတယ္” လို႔ ေရးထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလမွာ Etta ဟာ လိင္တူခ်စ္သူမိန္းကေလးတဦးအေနနဲ႕ အြန္လိုင္းေပၚမွာ ေၾကညာခဲ့ၿပီး သူ႕ထက္ ၁၂ ႏွစ္ႀကီးတဲ့ စီနီယာ Andi Autumn ဆိုတဲ့ မိန္းကေလးတဦးနဲ႕ သူနဲ႕ ရိုက္ကူးခဲ့တဲ့ ဓာတ္ပုံေတြကို တင္ခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ Autumn ဟာ ကေနဒါ လူမႈကြန္ရက္ မီဒီယာေပၚက နာမည္ေက်ာ္တဦးျဖစ္ပါတယ္။ ကေနဒါနိုင္ငံမွာပဲ ေနထိုင္ေနတဲ့ သူတို႔ႏွစ္ဦးလုံးဟာ ၿပီးခဲ့တဲ့ ေမလက အဓိပၸာယ္ ျပည့္ဝတဲ့ မီဒီယာပေရာဂ်က္ေတြ ထုတ္လုပ္နိုင္ဖို႔ အဓိကထားမယ့္ မာလ္တီမီဒီယာ ကုမၸဏီတခုကို ထူေထာင္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလမွာ သူတို႔စုံတြဲႏွစ္ဦးကို ၿပီးခဲ့တဲ့ ဧၿပီလမွာ Youtube ဗီဒီယိုတခုမွာ ျမင္ေတြ႕ခဲ့ၾကရၿပီး လိင္တူ ခ်စ္ခင္ႏွစ္သက္မႈကို ဆန႔္က်င္တဲ့ မိဘေတြေၾကာင့္ ၁ လေလာက္ အိမ္ေျခမဲ့ ျဖစ္ခဲ့ရတဲ့အေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ကမ္ဘာကျော် တရုတ်မင်းသား ဂျက်ကီချန်းနဲ့ ခပ်တန်းတန်းသာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် သမီး Etta Ng ဟာ လိင်တူချစ်သူ မိန်းကလေးတဦးနဲ့ လက်ထပ်သွားပြီလို့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်မှ ာတင်ခဲ့တဲ့ Instagram ပို့စ်တခုမှာ တွေ့ရပါတယ်။ Etta ဟာ အသက် ၆၄ နှစ်အရွယ်ဟောင်ကောင်အက်ရှင် မင်းသားကြီးနဲ့ အလှမယ်ဟောင်း Elaine Ng တို့ရဲ့သမီးလည်း ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာတခုမှာ တင်ထားတဲ့ ဓာတ်ပုံ တပုံမှာ သူတို့ စုံတွဲနှစ်ဦးဟာ လက်ထပ်မှတ်ပုံတင်လို့ ယူဆရတဲ့ စာရွက်တခုကို ကိုင်ထားပြီး အနမ်းဖလှယ်နေကြပုံကို တင်ထားခဲ့ပါတယ်။ မီဒီယာတွေရဲ့အဆိုအရ သူတို့နှစ်ဦးဟာ ကနေဒါနိုင်ငံမှာ လက်ထပ်ဖို့ မှတ်ပုံတင်ထားခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးက “အချစ်နဲ့ ဥပဒေတို့ကြောင့် ပေါင်းစည်းခဲ့ပါပြီ။ ကျမတို့ရဲ့ လက်ထပ်ပွဲလေး” လို့ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ဘယ်တော့မှ အချစ်ဆိုတာကို မခံစားတတ်တဲ့ ကလေးတွေ အနေနဲ့ နှိပ်စက်ခံခဲ့ရတဲ့အကြောင်း ပြောဆိုထားပါတယ်။

ကြောက်ရွံ့မှုတွေကိုအောင်နိုင်ခဲ့ပြီး ချို့ယွင်းချက်တွေကို လက်ခံကာ သူတို့ကို နာကျင်အောင်လုပ်ခဲ့သူတွေဟာ လက်ရှိမှာ သူတို့တွေ နာကျင်နေရဆဲဖြစ်တယ်ဆိုတာကို နားလည်တဲ့အကြောင်း ဖော်ပြရေးသားထားပါတယ်။

Etta ကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ Instagram အကောင့်မှာ “မင်းရွေးချယ်လိုက်တဲ့၊ မင်းကိုအထီးမကျန်စေတဲ့ မိသားစုနဲ့အတူ ရှိတာဟာ အိမ်တခုပါပဲ။ အချစ်ဆိုတာ သွေးထက် ပျစ်ပါတယ်” လို့ ရေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ Etta ဟာ လိင်တူချစ်သူမိန်းကလေးတဦးအနေနဲ့ အွန်လိုင်းပေါ်မှာ ကြေညာခဲ့ပြီး သူ့ထက် ၁၂ နှစ်ကြီးတဲ့ စီနီယာ Andi Autumn ဆိုတဲ့ မိန်းကလေးတဦးနဲ့ သူနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် Autumn ဟာ ကနေဒါ လူမှုကွန်ရက် မီဒီယာပေါ်က နာမည်ကျော်တဦးဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာပဲ နေထိုင်နေတဲ့ သူတို့နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့ မေလက အဓိပ္ပာယ် ပြည့်ဝတဲ့ မီဒီယာပရောဂျက်တွေ ထုတ်လုပ်နိုင်ဖို့ အဓိကထားမယ့် မာလ်တီမီဒီယာ ကုမ္ပဏီတခုကို ထူထောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ သူတို့စုံတွဲနှစ်ဦးကို ပြီးခဲ့တဲ့ ဧပြီလမှာ Youtube ဗီဒီယိုတခုမှာ မြင်တွေ့ခဲ့ကြရပြီး လိင်တူ ချစ်ခင်နှစ်သက်မှုကို ဆန့်ကျင်တဲ့ မိဘတွေကြောင့် ၁ လလောက် အိမ်ခြေမဲ့ ဖြစ်ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top