ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၌ ႏွစ္စဥ္က်င္းပေလ့ရွိသည့္ ကုသိနာ႐ုံ ဗ်ာဒိတ္ေပးဘုရားႀကီး ပင့္ေဆာင္ပူေဇာ္ပြဲတြင္ ေပါက္မဲက်သည့္ ရဟႏၲာ႐ုပ္ပြားေတာ္အား ပင့္ေဆာင္ပူေဇာ္စဥ္ လွ်ပ္စစ္မီးႀကိဳးႏွင့္ ခ်ိတ္မိသျဖင့္ ဓာတ္လိုက္ေသဆုံးျခင္း ျဖစ္ေၾကာင္း သိရသည္။

ပုသိမ္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္၊ လွည္းစုအတြင္းလမ္းမွ ေဒသခံမ်ားမွာ ကုသိနာ႐ုံ ဗ်ာဒိတ္ေပး ဘုရားပြဲတြင္  ေပါက္မဲက်သည့္ ရဟႏၲာ႐ုပ္ပြားေတာ္အား နိုဝင္ဘာ ၂၁ ရက္ေန႕က သံျဖင့္ျပဳလုပ္ထားေသာ ျပႆာဒ္ျဖင့္ ပင့္ေဆာင္ပူေဇာ္လာစဥ္ ျပႆာဒ္ထိပ္ဖ်ားမွာ ရပ္ကြက္အတြင္း သြယ္ထားေသာ ေကာင္းကင္မီးႀကိဳးႏွင့္ ခ်ိတ္မိၿပီး ရပ္ကြက္ေန ကိုဇင္မ်ိဳးထိုက္ (၂၆ ႏွစ္) ကို ဓာတ္လိုက္ခဲ့ျခင္းျဖစ္ၿပီး အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ပုသိမ္ၿမိဳ႕၊ နယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္စိုးေအာင္က “ရဟႏၲာပင့္ေဆာင္တဲ့ျပႆာဒ္က သံဖရိန္နဲ႕ လုပ္ထားတာျဖစ္တယ္။ ရဟႏၲာ႐ုပ္ပြားေတာ္ကို ကားေပၚကေန ယာယီစံေက်ာင္း မ႑ပ္ထဲကို ပင့္ေဆာင္ရာမွာ ျပႆာဒ္ ထိပ္ဖ်ားနဲ႕ မီးႀကိဳးနဲ႕ ခ်ိတ္မိၿပီး ဓာတ္လိုက္ခဲ့တာ ျဖစ္ပါတယ္။ ဓာတ္လိုက္တဲ့အတြက္ ကိုဇင္မ်ိဳးထိုက္က အခင္းျဖစ္ေနရာမွာတင္ ေသဆုံးခဲ့ပါတယ္” ဟု ဧရာဝတီကို ေျပာသည္။

ကိုဇင္မ်ိဳးထိုက္ (၂၆) ႏွစ္ ေသဆုံးမႈအား ပုသိမ္နယ္ေျမရဲစခန္း၊ ေသမႈေသခင္းအမွတ္စဥ္ ၈/၂၀၁၈ ျဖင့္ ေရးဖြင့္ကာ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္မဟုတ္ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕တြင္ ကုသိနာ႐ုံ ဗ်ာဒိတ္ေပးဘုရားပြဲေတာ္အား ႏွစ္စဥ္တန္ေဆာင္မုန္းလတြင္ က်င္းပေလ့ရွိၿပီး ပုသိမ္ၿမိဳ႕ခံမ်ားမွ ရပ္ကြက္အလိုက္ ရဟႏၲာ႐ုပ္ပြားေတာ္မ်ား ပင့္ေဆာင္၍ လႉဖြယ္ပစၥည္းမ်ား ဆပ္ကပ္လႉဒါန္းျခင္း၊ သံဃာေတာ္မ်ားအား ဆြမ္းေလာင္းလႉျခင္းမ်ားျပဳလုပ္ကာ ရပ္ကြက္ေနေဒသခံမ်ား စုေပါင္းဒါနျပဳလုပ္ၾကသည့္ ဘုရားပြဲေတာ္တစ္ခု ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် ကုသိနာရုံ ဗျာဒိတ်ပေးဘုရားကြီး ပင့်ဆောင်ပူဇော်ပွဲတွင် ပေါက်မဲကျသည့် ရဟန္တာရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်စဉ် လျှပ်စစ်မီးကြိုးနှင့် ချိတ်မိသဖြင့် ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ လှည်းစုအတွင်းလမ်းမှ ဒေသခံများမှာ ကုသိနာရုံ ဗျာဒိတ်ပေး ဘုရားပွဲတွင်  ပေါက်မဲကျသည့် ရဟန္တာရုပ်ပွားတော်အား နိုဝင်ဘာ ၂၁ ရက်နေ့က သံဖြင့်ပြုလုပ်ထားသော ပြဿာဒ်ဖြင့် ပင့်ဆောင်ပူဇော်လာစဉ် ပြဿာဒ်ထိပ်ဖျားမှာ ရပ်ကွက်အတွင်း သွယ်ထားသော ကောင်းကင်မီးကြိုးနှင့် ချိတ်မိပြီး ရပ်ကွက်နေ ကိုဇင်မျိုးထိုက် (၂၆ နှစ်) ကို ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုးအောင်က “ရဟန္တာပင့်ဆောင်တဲ့ပြဿာဒ်က သံဖရိန်နဲ့ လုပ်ထားတာဖြစ်တယ်။ ရဟန္တာရုပ်ပွားတော်ကို ကားပေါ်ကနေ ယာယီစံကျောင်း မဏ္ဍပ်ထဲကို ပင့်ဆောင်ရာမှာ ပြဿာဒ် ထိပ်ဖျားနဲ့ မီးကြိုးနဲ့ ချိတ်မိပြီး ဓာတ်လိုက်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လိုက်တဲ့အတွက် ကိုဇင်မျိုးထိုက်က အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ကိုဇင်မျိုးထိုက် (၂၆) နှစ် သေဆုံးမှုအား ပုသိမ်နယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၈ ဖြင့် ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကုသိနာရုံ ဗျာဒိတ်ပေးဘုရားပွဲတော်အား နှစ်စဉ်တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိပြီး ပုသိမ်မြို့ခံများမှ ရပ်ကွက်အလိုက် ရဟန္တာရုပ်ပွားတော်များ ပင့်ဆောင်၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား ဆွမ်းလောင်းလှူခြင်းများပြုလုပ်ကာ ရပ်ကွက်နေဒေသခံများ စုပေါင်းဒါနပြုလုပ်ကြသည့် ဘုရားပွဲတော်တစ်ခု ဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top