ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အားနာတဲ့ ခံစားခ်က္ကို လူေတာ္ေတာ္မ်ားမ်ား ႀကဳံဖူးမွာပါ။ ဘယ္လိုအခ်ိန္မ်ိဳးမွာ ကၽြန္မတို႔ အားနာၾကလဲ ?ကိုယ္ေျပာလိုက္တဲ့ စကားတစ္ခြန္း၊ ကိုယ္လုပ္လိုက္တဲ့ အရာတစ္ခုေၾကာင့္ တစ္ဖက္သား ထိခိုက္နာက်င္မွာ စိုးတဲ့အတြက္ အားနာစိတ္ ျဖစ္ၾကပါတယ္။

ကိုယ့္စိတ္တိုင္းက် လုပ္ခ်င္ေပမဲ့ တစ္ဖက္သား စိတ္ကြက္သြားမွာ စိုးထိတ္တဲ့အခါမ်ိဳးမွာလည္း အားနာမႈက ကပ္ပါလာပါတယ္။

မိဘနဲ႔ သားသမီး၊ ဆရာနဲ႔တပည့္၊ အထက္လူႀကီးနဲ႔ ေအာက္လက္ငယ္သား၊ ေရာင္းသူနဲ႔ ဝယ္သူၾကားမွာ အားနာမႈက ေတာ္႐ုံပဲေကာင္းပါတယ္။ လိုတာထက္ပိုၿပီး အားနာလြန္းတဲ့အခါ တစ္ဖက္သားမွာ ထိခိုက္နစ္နာရမွာပါ။ အားနာျခင္းရဲ႕ ေနာက္ကြယ္မွာ မလိုလားအပ္တဲ့ စိတ္႐ႈပ္ရျခင္းေတြ ကပ္ပါတတ္လို႔ ေတာ္႐ုံပဲ အားနာပါ။

အားနာမႈကို လိုက္ေလ်ာျခင္းနဲ႔ ျပသလို ျငင္းဆိုျခင္းနဲ႔လည္း ျပၾကပါတယ္။ အကူအညီေပးတဲ့သူကို အားနာလို႔ ျငင္းဆန္ရတာမ်ိဳး ၊ အားနာလြန္းလို႔ စိတ္ထဲမပါဘဲ လိုက္ေလ်ာလိုက္ရတာမ်ိဳး စသျဖင့္ အားနာပုံခ်င္းေတာ့ မတူၾကပါဘူး။ အားနာရတာ မ်ားလြန္းတဲ့အခါ သည္းခံၿပီး ေရွာင္တယ္၊ ဒီထက္ပို အားနာရတဲ့အခါ ဆက္ဆံေရးကို ကိုယ့္ဘက္က ျဖတ္လိုက္ရတာမ်ိဳးေတြ ရွိပါတယ္။

အားနာတတ္တဲ့စိတ္ရွိတာ ေကာင္းလားလို႔ ေမးရင္ေတာ့ မေကာင္းဘူးလို႔ ျပန္ေျဖရမွာပါ။ အားနာလို႔ မေျပာလိုက္ေပမဲ့ စိတ္ထဲမွာ မေက်နပ္မႈေတြ မ်ားၿပီး ေပါက္ကြဲတဲ့အခါ ကိုယ္ပဲ ဒုကၡေရာက္မွာပါ။ အားနာတဲ့စိတ္ေၾကာင့္ ဖြင့္မေျပာဘဲ ၿမိဳသိပ္ထားရတာေတြက အားမနာတတ္သူနဲ႔ ေတြ႕တဲ့အခါ အကုန္ေပါက္ကြဲကုန္ပါတယ္။ အားနာတတ္သူကို လူေတြက ပိုၿပီး အခြင့္အေရးယူတတ္ၾကပါတယ္။ ကိုယ္ခ်င္းစာစိတ္နဲ႔ အားနာမႈရွိတဲ့သူကို အခြင့္အေရးယူတာ မ်ားလြန္းတဲ့ ေခတ္ႀကီးမွာ အရာရာကို အားနာေနလို႔ မျဖစ္ဘူးလို႔ ေတြးလာၾကပါတယ္။ ဒီလိုနဲ႔ပဲ အားနာစိတ္ေခါင္းပါးသူေတြ မ်ားလာၾကပါတယ္။

ျမန္မာလူမ်ိဳးေတြက အာရွတစ္ဝန္းမွာ အားနာေဖာ္ေ႐ြမႈ အျမင့္ဆုံးပါ။ မ်က္ႏွာပ်က္မယ့္ ကိစၥေတြလုပ္မိမွာ ေၾကာက္သလို လုပ္မိသြားရင္လည္း တသသ ေျပာမဆုံးပါဘူး။ ဒါေပမဲ့ သူစိမ္းေတြကို အားနာတတ္တဲ့ ကၽြန္မတို႔က အရင္းႏွီးဆုံး လူရင္းေတြကိုေတာ့ အားနာရေကာင္းမွန္း မသိၾကပါဘူး။ အရင္းႏွီးဆုံး မိဘေဆြမ်ိဳး မိတ္ေဆြအေပါင္းအသင္းေတြ အေပၚမွာ အားနာတတ္တဲ့စိတ္ ဆိုတာကို မနည္းရွာယူရပါတယ္။

တခ်ိဳ႕သူေတြက အားမနာလၽွာမက်ိဳး ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေဖာ္ျပတတ္ပါတယ္။ ဒီလို အားမနာတမ္း ေျပာသူေတြကိုေတာ့ လူမုန္းမ်ားပါတယ္။ လူေတြမွာ မခ်ိဳးေဖာက္သင့္တဲ့ စည္းတစ္ခုက အၿမဲရွိတဲ့အတြက္ ဒီစည္းေဘာင္ကို ေက်ာ္လြန္သြားရင္ အခင္အမင္ ပ်က္ကုန္ၾကမွာပါ။ အားနာစိတ္မ်ားလြန္းတာ မေကာင္းသလို အားနာစိတ္ေခါင္းပါးလြန္းရင္လည္း ေဘးျဖစ္တတ္ပါတယ္။ ကိုယ္ခ်င္းစာစိတ္နဲ႔ ယွဥ္တြဲတဲ့ အားနာျခင္းကို လက္ကိုင္ထားၿပီး စည္းတစ္ခုနဲ႔ ေနမယ္ဆိုရင္ ၿမိဳသိပ္ေပါက္ကြဲစရာ ကိစၥေတြ ရွိေတာ့မွာ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

အားနာတဲ့ ခံစားချက်ကို လူတော်တော်များများ ကြုံဖူးမှာပါ။ ဘယ်လိုအချိန်မျိုးမှာ ကျွန်မတို့ အားနာကြလဲ ?ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုကြောင့် တစ်ဖက်သား ထိခိုက်နာကျင်မှာ စိုးတဲ့အတွက် အားနာစိတ် ဖြစ်ကြပါတယ်။

ကိုယ့်စိတ်တိုင်းကျ လုပ်ချင်ပေမဲ့ တစ်ဖက်သား စိတ်ကွက်သွားမှာ စိုးထိတ်တဲ့အခါမျိုးမှာလည်း အားနာမှုက ကပ်ပါလာပါတယ်။

မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ အထက်လူကြီးနဲ့ အောက်လက်ငယ်သား၊ ရောင်းသူနဲ့ ဝယ်သူကြားမှာ အားနာမှုက တော်ရုံပဲကောင်းပါတယ်။ လိုတာထက်ပိုပြီး အားနာလွန်းတဲ့အခါ တစ်ဖက်သားမှာ ထိခိုက်နစ်နာရမှာပါ။ အားနာခြင်းရဲ့ နောက်ကွယ်မှာ မလိုလားအပ်တဲ့ စိတ်ရှုပ်ရခြင်းတွေ ကပ်ပါတတ်လို့ တော်ရုံပဲ အားနာပါ။

အားနာမှုကို လိုက်လျောခြင်းနဲ့ ပြသလို ငြင်းဆိုခြင်းနဲ့လည်း ပြကြပါတယ်။ အကူအညီပေးတဲ့သူကို အားနာလို့ ငြင်းဆန်ရတာမျိုး ၊ အားနာလွန်းလို့ စိတ်ထဲမပါဘဲ လိုက်လျောလိုက်ရတာမျိုး စသဖြင့် အားနာပုံချင်းတော့ မတူကြပါဘူး။ အားနာရတာ များလွန်းတဲ့အခါ သည်းခံပြီး ရှောင်တယ်၊ ဒီထက်ပို အားနာရတဲ့အခါ ဆက်ဆံရေးကို ကိုယ့်ဘက်က ဖြတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။

အားနာတတ်တဲ့စိတ်ရှိတာ ကောင်းလားလို့ မေးရင်တော့ မကောင်းဘူးလို့ ပြန်ဖြေရမှာပါ။ အားနာလို့ မပြောလိုက်ပေမဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ များပြီး ပေါက်ကွဲတဲ့အခါ ကိုယ်ပဲ ဒုက္ခရောက်မှာပါ။ အားနာတဲ့စိတ်ကြောင့် ဖွင့်မပြောဘဲ မြိုသိပ်ထားရတာတွေက အားမနာတတ်သူနဲ့ တွေ့တဲ့အခါ အကုန်ပေါက်ကွဲကုန်ပါတယ်။ အားနာတတ်သူကို လူတွေက ပိုပြီး အခွင့်အရေးယူတတ်ကြပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ အားနာမှုရှိတဲ့သူကို အခွင့်အရေးယူတာ များလွန်းတဲ့ ခေတ်ကြီးမှာ အရာရာကို အားနာနေလို့ မဖြစ်ဘူးလို့ တွေးလာကြပါတယ်။ ဒီလိုနဲ့ပဲ အားနာစိတ်ခေါင်းပါးသူတွေ များလာကြပါတယ်။

မြန်မာလူမျိုးတွေက အာရှတစ်ဝန်းမှာ အားနာဖော်ရွေမှု အမြင့်ဆုံးပါ။ မျက်နှာပျက်မယ့် ကိစ္စတွေလုပ်မိမှာ ကြောက်သလို လုပ်မိသွားရင်လည်း တသသ ပြောမဆုံးပါဘူး။ ဒါပေမဲ့ သူစိမ်းတွေကို အားနာတတ်တဲ့ ကျွန်မတို့က အရင်းနှီးဆုံး လူရင်းတွေကိုတော့ အားနာရကောင်းမှန်း မသိကြပါဘူး။ အရင်းနှီးဆုံး မိဘဆွေမျိုး မိတ်ဆွေအပေါင်းအသင်းတွေ အပေါ်မှာ အားနာတတ်တဲ့စိတ် ဆိုတာကို မနည်းရှာယူရပါတယ်။

တချို့သူတွေက အားမနာလျှာမကျိုး ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ပါတယ်။ ဒီလို အားမနာတမ်း ပြောသူတွေကိုတော့ လူမုန်းများပါတယ်။ လူတွေမှာ မချိုးဖောက်သင့်တဲ့ စည်းတစ်ခုက အမြဲရှိတဲ့အတွက် ဒီစည်းဘောင်ကို ကျော်လွန်သွားရင် အခင်အမင် ပျက်ကုန်ကြမှာပါ။ အားနာစိတ်များလွန်းတာ မကောင်းသလို အားနာစိတ်ခေါင်းပါးလွန်းရင်လည်း ဘေးဖြစ်တတ်ပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ယှဉ်တွဲတဲ့ အားနာခြင်းကို လက်ကိုင်ထားပြီး စည်းတစ်ခုနဲ့ နေမယ်ဆိုရင် မြိုသိပ်ပေါက်ကွဲစရာ ကိစ္စတွေ ရှိတော့မှာ မဟုတ်ပါဘူး။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top