ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ယြန္းဝတီလြင္မုိးက သားေလးအတြက္ အလုပ္ေတြႀကိဳးစားရင္း ဘြဲ႔ရတဲ့အထိ ေက်ာင္းတက္မယ္လုိ႔ ဆုိပါတယ္။ သားေလးေၾကာင့္ လည္း ရင့္က်က္မႈေတြပုိရွိလာပါတယ္တဲ့။ အဲ့ဒီေနာက္ သမီးေလးတစ္ေယာက္ ထပ္လုိခ်င္ေသးတယ္လုိ႔လည္း ေျပာျပခဲ့ပါတယ္။

သရုပ္ေဆာင္ ယြန္းဝတီလြင္မုိး က သူ႔ရဲ႕ ကုိယ္ပုိင္မိသားစု ဘဝေလးအေၾကာင္းကုိ ေျပာျပထားပါတယ္။ သူမဟာ အသက္ ၂၀ အရြယ္သာ ရွိေသးေပမယ့္ ခ်စ္ရတဲ့ ခင္ပြန္းနဲ႔အတူ သားေလး တစ္ေယာက္ပုိင္ဆုိင္ခြင့္ ရလာခ်ိန္မွာေတာ့ ရင့္က်က္မႈေတြ ရွိလာၿပီဆုိတာကုိ မီဒီယာေတြ ကေနတဆင့္ ေျပာျပခဲ့ပါတယ္။

'' ညီမက ကုိယ္ဝန္မရခင္ ၆ လေလာက္ကတည္းက ေယာက်္ားနဲ႔ ေစ့စပ္ထားတာ အစကတည္းက စိတ္ကုိ အဆင္သင့္ျဖစ္ေအာင္ လုပ္ထား တယ္။ ရင့္ရင့္က်က္က်က္ေနရေတာ့မယ္ ငါ အသက္ ၂၀ လည္းျပည့္ၿပီ အခု ကေလးလည္းရွိလာၿပီဆုိေတာ့ အရာရာက ကေလးအတြက္ စဥ္းစားတယ္။ အဲ့ဒီေတာ့ စိတ္ကလည္း အလုိလုိ ရင့္က်က္သြားတယ္'' လုိ႔ ဆုိပါတယ္။

သူမကုိေတာ့ အသက္ငယ္ငယ္နဲ႔ လက္ထပ္ၿပီး ကေလးယူတယ္လုိ႔ ေဝဖန္ၾကတဲ့ ပရိသတ္ေတြကုိလည္း ယြန္းဝတီလြင္မုိးက အခုလုိ တုံ႔ျပန္ စကား ေျပာခဲ့ပါတယ္။ ကေလးယူျဖစ္တဲ့အေၾကာင္းကုိလည္း ႏုိဝင္ဘာလ ၁၈  ရက္ေန႔ က Hearty Heart တစ္ႏွစ္ျပည့္ ပြဲကို တက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။

'' ကေလးရသြားၿပီဆုိတာ ညီမရဲ႕ တာဝန္ျဖစ္သြားၿပီ ဒီေတာ့ ညီမ ဒီကေလးကုိ ေမြးမယ္။ ေယာက်္ားနဲ႔ ေစ့စပ္ၿပီးသြားတာက ၆ လေလာက္ရွိၿပီ ဆုိေတာ့ ယူလုိက္မယ္။ ဒါက ကုိယ္ဝန္ရလုိ႔ ယူလုိက္တယ္ လုိ႔ ထင္ၾကတယ္။ တကယ္ခ်စ္လုိ႔ ယူတယ္။ ကုိယ္ဝန္ရကတည္းက ေယာက်္ားနဲ႔ ေသခ်ာေဆြးေႏြးတယ္၊ သူကုိယ္တုိင္ကလည္း မိသားစုတစ္စုျဖစ္ေအာင္ တည္ေဆာက္မယ္ေပါ့'' လုိ႔ ဆုိပါတယ္။

လက္ရွိမွာေတာ့ ယြန္းဝတီလြင္မုိး တုိ႔ ဇနီးေမာင္ႏွံဟာ  ၾသစေၾတးလ်ႏိုင္ငံ၊ မဲဘုန္းၿမိဳ႕မွာ ေနထုိင္ရင္း ေက်ာင္းတက္ၿပီးအလုပ္လုပ္ေနၾကတာ ျဖစ္ပါတယ္။ ဘြဲ႔ရၿပီးတဲ့ အခ်ိန္မွာလည္း အလုပ္ေတြ ဆက္လုပ္ဦးမွာျဖစ္ၿပီး ေနာက္ထပ္ သမီးေလး တစ္ေယာက္ ထပ္ယူမယ္ လုိ႔လည္း ဆက္လက္ ေျပာျပခဲ့ပါတယ္။

'' တစ္ေယာက္ေတာ့ လုိခ်င္ေသးတယ္။ ဒါေပမယ့္ တကၠသိုလ္ကိုၿပီးေအာင္တက္မယ္။ အခုတက္ေနတာကလည္း Liam အတြက္ တကၠသုိလ္ တက္ ၿပီးရင္ ဘြဲ႕နဲ႔ ႏုိင္ငံျခားမွာ အလုပ္ေလွ်ာက္လုိ႔ရတယ္။ အလုပ္လုပ္ၿပီး အေတြ႔အႀကဳံရေအာင္ယူမယ္။ ၿပီးရင္ ျမန္မာျပည္မွာ ျပန္လာလုပ္ မယ္။ အလုပ္တည္ၿငိမ္လာတဲ့ အခါက်ရင္ေတာ့ ဒုတိယကေလးကုိ ေမြးမယ္။ သမီးေလးလုိခ်င္တယ္'' လုိ႔ သူကေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလထဲမွာ အသက္ ၂၀ ျပည့္ခဲ့တဲ့ သရုပ္ေဆာင္ယြန္းဝတီလြင္မိုးဟာ ခ်စ္သူျဖစ္သူ ေမာင္ထက္ဦးလႈိင္နဲ႕ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔ (လြတ္လပ္ေရး) မနက္ပိုင္းက MELIA Hotel Yangon မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ ျပဳလုပ္ခဲ့ၿပီး ညေနပိုင္းမွာလိုင္း MELIA Hotel Yangon မွာပဲ မဂၤလာညစာစားပြဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun


#Unicode Version#

ယွန်းဝတီလွင်မိုးက သားလေးအတွက် အလုပ်တွေကြိုးစားရင်း ဘွဲ့ရတဲ့အထိ ကျောင်းတက်မယ်လို့ ဆိုပါတယ်။ သားလေးကြောင့် လည်း ရင့်ကျက်မှုတွေပိုရှိလာပါတယ်တဲ့။ အဲ့ဒီနောက် သမီးလေးတစ်ယောက် ထပ်လိုချင်သေးတယ်လို့လည်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ယွန်းဝတီလွင်မိုး က သူ့ရဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးအကြောင်းကို ပြောပြထားပါတယ်။ သူမဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ခွင့် ရလာချိန်မှာတော့ ရင့်ကျက်မှုတွေ ရှိလာပြီဆိုတာကို မီဒီယာတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ညီမက ကိုယ်ဝန်မရခင် ၆ လလောက်ကတည်းက ယောကျ်ားနဲ့ စေ့စပ်ထားတာ အစကတည်းက စိတ်ကို အဆင်သင့်ဖြစ်အောင် လုပ်ထား တယ်။ ရင့်ရင့်ကျက်ကျက်နေရတော့မယ် ငါ အသက် ၂၀ လည်းပြည့်ပြီ အခု ကလေးလည်းရှိလာပြီဆိုတော့ အရာရာက ကလေးအတွက် စဉ်းစားတယ်။ အဲ့ဒီတော့ စိတ်ကလည်း အလိုလို ရင့်ကျက်သွားတယ်'' လို့ ဆိုပါတယ်။

သူမကိုတော့ အသက်ငယ်ငယ်နဲ့ လက်ထပ်ပြီး ကလေးယူတယ်လို့ ဝေဖန်ကြတဲ့ ပရိသတ်တွေကိုလည်း ယွန်းဝတီလွင်မိုးက အခုလို တုံ့ပြန် စကား ပြောခဲ့ပါတယ်။ ကလေးယူဖြစ်တဲ့အကြောင်းကိုလည်း နိုဝင်ဘာလ ၁၈  ရက်နေ့ က Hearty Heart တစ်နှစ်ပြည့် ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' ကလေးရသွားပြီဆိုတာ ညီမရဲ့ တာဝန်ဖြစ်သွားပြီ ဒီတော့ ညီမ ဒီကလေးကို မွေးမယ်။ ယောကျ်ားနဲ့ စေ့စပ်ပြီးသွားတာက ၆ လလောက်ရှိပြီ ဆိုတော့ ယူလိုက်မယ်။ ဒါက ကိုယ်ဝန်ရလို့ ယူလိုက်တယ် လို့ ထင်ကြတယ်။ တကယ်ချစ်လို့ ယူတယ်။ ကိုယ်ဝန်ရကတည်းက ယောကျ်ားနဲ့ သေချာဆွေးနွေးတယ်၊ သူကိုယ်တိုင်ကလည်း မိသားစုတစ်စုဖြစ်အောင် တည်ဆောက်မယ်ပေါ့'' လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုး တို့ ဇနီးမောင်နှံဟာ  သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့မှာ နေထိုင်ရင်း ကျောင်းတက်ပြီးအလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့ အချိန်မှာလည်း အလုပ်တွေ ဆက်လုပ်ဦးမှာဖြစ်ပြီး နောက်ထပ် သမီးလေး တစ်ယောက် ထပ်ယူမယ် လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။

'' တစ်ယောက်တော့ လိုချင်သေးတယ်။ ဒါပေမယ့် တက္ကသိုလ်ကိုပြီးအောင်တက်မယ်။ အခုတက်နေတာကလည်း Liam အတွက် တက္ကသိုလ် တက် ပြီးရင် ဘွဲ့နဲ့ နိုင်ငံခြားမှာ အလုပ်လျှောက်လို့ရတယ်။ အလုပ်လုပ်ပြီး အတွေ့အကြုံရအောင်ယူမယ်။ ပြီးရင် မြန်မာပြည်မှာ ပြန်လာလုပ် မယ်။ အလုပ်တည်ငြိမ်လာတဲ့ အခါကျရင်တော့ ဒုတိယကလေးကို မွေးမယ်။ သမီးလေးလိုချင်တယ်'' လို့ သူကပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top