ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပညာေရးေကာလိပ္မ်ား တြင္ ဖြင့္လွစ္မည့္ လုပ္ငန္းခြင္အ ႀကိဳ ဆရာအတတ္ပညာဒီပလုိမာ သင္တန္း ၀င္ခြင့္ရသူူမ်ားစာရင္း ကုိ ပညာေရးေကာလိပ္မ်ားက ႏုိ ၀င္ဘာ ၁၆ ရက္က စတင္ေၾက ညာၿပီး သင္တန္း၀င္ခြင့္ရသူမ်ားသင္တန္းၿပီးဆုံးေအာင္ မတက္ပါက ေလ်ာ္ေၾကး က်ပ္သုံးသိန္း ေပးေလ်ာ္ရမည္ဟု သတ္မွတ္ ထားသည္။

၂၀၁၈ တကၠသုိလ္၀င္စာေမး ပြဲေအာင္ျမင္သူမ်ားအေနျဖင့္သင္ တန္း၀င္ခြင့္ကုိ ဩဂုတ္ ၃၁ ရက္ အထိ ေလွ်ာက္ထားခြင့္ျပဳၿပီး ႏုိ ၀င္ဘာ ၁၆ ရက္က ၀င္ခြင့္ျပန္ လည္ခ်ထားေပးရာ ၀င္ခြင့္ရရွိသူ ၇,၀၀၀ ေက်ာ္ ရွိခဲ့သည္။

‘‘၀င္ဆံ့အင္အားအရ၇,၀၀၀ ေလာက္ပဲ ကြၽန္ေတာ္တုိ႔ဘက္က လက္ခံႏုိင္တာ။ ဒီႏွစ္၀င္ခြင့္ရတာ ပညာေရးေကာလိပ္ အားလုံးဆုိ ၇,၂၉၀ ရွိမယ္’’ဟု ေဒါက္တာ ေအာင္ေအာင္မင္းကဆုိသည္။

သင္တန္းသား၀င္ခြင့္ ေရြး ခ်ယ္မႈအရ ဘာသာတြဲအလုိက္ ေလွ်ာက္ထားသူမ်ားအနက္ သိပၸံ ဘာသာတြဲ ၃၀ ရာခုိင္ႏႈန္း၊ ၀ိပၸံ ဘာသာတြဲ ၄၀ ရာခိုင္ႏႈန္း၊ ၀ိဇၨာ ဘာသာတြဲ ၃၀ ရာခုိင္ႏႈန္းသတ္ မွတ္ေရြးခ်ယ္ျခင္းျဖစ္သည္။ ၀ိဇၨာ ဘာသာတြဲေလွ်ာက္ထားသူဦးေရ နည္းေနပါက ၀ိပၸံဘာသာတြဲႏွင့္ သိပၸံဘာသာတြဲတို႔မွ သင္တန္း သားမ်ားကို ပုိမုိေခၚယူသည္။

 ၀င္ခြင့္ေရြးခ်ယ္ခံရသူမ်ား သည္ သင္တန္းကာလ ၂ ႏွစ္ တက္ေရာက္ရမည္ျဖစ္ၿပီး သင္တန္းၿပီးဆုံးသည္အထိ မတက္ပါက ေလ်ာ္ေၾကးေငြ ေပးေဆာင္ရန္ သင္တန္း၀င္ခြင့္ ေရြးခ်ယ္ေရးမူ တြင္ ထည့္သြင္းထားသည္။ ထုိ႔ အျပင္ ဒီပလုိမာရရွိၿပီးပါက မူလ တန္းျပအျဖစ္ အနည္းဆုံးသုံးႏွစ္ တာ၀န္ထမ္းေဆာင္ရမည္ဟု ၀န္ ခံကတိေရးထုိးရမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ကခ်င္ျပည္နယ္မွ တကၠ သုိလ္၀င္စာေမးပြဲ ေအာင္ျမင္ပါ က ျမစ္ႀကီးနားပညာေရးေကာ လိပ္၊ ကယားျပည္နယ္မွ လြိဳင္ ေကာ္ပညာေရးေကာလိပ္၊ ကရင္ ျပည္နယ္မွ ဘားအံပညာေရး ေကာလိပ္၊ ခ်င္းျပည္နယ္မွ ဟား ခါးပညာေရးေကာလိပ္၊ စစ္ကိုင္း တုိင္းေဒသႀကီးမွ စစ္ကုိင္းပညာ ေရးေကာလိပ္၊ မုံရြာပညာေရး ေကာလိပ္၊ တနသၤာရီတုိင္းေဒသႀကီးမွ ထား၀ယ္ပညာေရးေကာ လိပ္၊ ပဲခူးတုိင္းေဒသႀကီးမွေတာင္ ငူပညာေရးေကာလိပ္၊ ျပည္ပညာ ေရးေကာလိပ္၊ မေကြးတိုင္းေဒသ ႀကီးမွ မေကြးပညာေရးေကာလိပ္၊ ပခုကၠဴပညာေရးေကာလိပ္၊ မႏၲ ေလးတိုင္းေဒသႀကီးမွ မႏၲေလး ပညာေရးေကာလိပ္၊ မိတၳီလာ ပညာေရး ေကာလိပ္မ်ားတြင္ တက္ေရာက္ရမည္ျဖစ္သည္။

ထုိ႔အျပင္ မြန္ျပည္နယ္မွ ေမာ္လၿမိဳင္ပညာေရးေကာလိပ္၊ ရခုိင္ျပည္နယ္မွ ေက်ာက္ျဖဴပညာေရးေကာလိပ္၊ ရန္ကုန္တုိင္းေဒသႀကီးမွ ရန္ကင္း၊ သဃၤန္းကြၽန္း၊ လွည္းကူးပညာေရးေကာလိပ္မ်ား၊ ရွမ္းျပည္နယ္မွ ေတာင္ႀကီး၊ လား႐ႈိး၊ က်ိဳင္းတုံ ပညာေရးေကာလိပ္၊ ဧရာ၀တီတိုင္းေဒသႀကီးမွ ပုသိမ္၊ ေျမာင္းျမ၊ ဘုိကေလးပညာေရး ေကာလိပ္တြင္ တက္ေရာက္ရန္ သတ္မွတ္ထားသည္။

သင္တန္းမ်ားကုိ ဒီဇင္ဘာ ၃ ရက္တြင္ စတင္ဖြင့္လွစ္မည္ ျဖစ္ၿပီး သင္တန္းတက္ေရာက္စဥ္ သင္တန္းသားမ်ားကုိ အေဆာင္ ေနထုိင္ခြင့္ျပဳသည့္အျပင္ အစုိးရ က တစ္လလွ်င္ က်ပ္သုံးေသာင္း ပညာသင္ေထာက္ပံ့ေၾကး ေပး အပ္သည္။

ပညာေရးေကာလိပ္ ၂ ႏွစ္ သင္တန္းၿပီးဆုံးၿပီး ပညာေရးဘြဲ႕ သင္တန္းတက္ေရာက္ရန္ အဆင့္ မီပါက ပညာေရးတကၠသုိလ္မ်ား၌ ပညာေရးဘြဲ႕ (B.Ed) သင္တန္း တက္ခြင့္ျပဳထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ပညာရေးကောလိပ်များ တွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အ ကြို ဆရာအတတ်ပညာဒီပလိုမာ သင်တန်း ဝင်ခွင့်ရသူူများစာရင်း ကို ပညာရေးကောလိပ်များက နို ဝင်ဘာ ၁၆ ရက်က စတင်ကြေ ညာပြီး သင်တန်းဝင်ခွင့်ရသူများသင်တန်းပြီးဆုံးအောင် မတက်ပါက လျော်ကြေး ကျပ်သုံးသိန်း ပေးလျော်ရမည်ဟု သတ်မှတ် ထားသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများအနေဖြင့်သင် တန်းဝင်ခွင့်ကို ဩဂုတ် ၃၁ ရက် အထိ လျှောက်ထားခွင့်ပြုပြီး နို ဝင်ဘာ ၁၆ ရက်က ဝင်ခွင့်ပြန် လည်ချထားပေးရာ ဝင်ခွင့်ရရှိသူ ၇,၀၀၀ ကျော် ရှိခဲ့သည်။

‘‘ဝင်ဆံ့အင်အားအရ၇,၀၀၀ လောက်ပဲ ကျွန်တော်တို့ဘက်က လက်ခံနိုင်တာ။ ဒီနှစ်ဝင်ခွင့်ရတာ ပညာရေးကောလိပ် အားလုံးဆို ၇,၂၉၀ ရှိမယ်’’ဟု ဒေါက်တာ အောင်အောင်မင်းကဆိုသည်။

သင်တန်းသားဝင်ခွင့် ရွေး ချယ်မှုအရ ဘာသာတွဲအလိုက် လျှောက်ထားသူများအနက် သိပ္ပံ ဘာသာတွဲ ၃၀ ရာခိုင်နှုန်း၊ ဝိပ္ပံ ဘာသာတွဲ ၄၀ ရာခိုင်နှုန်း၊ ဝိဇ္ဇာ ဘာသာတွဲ ၃၀ ရာခိုင်နှုန်းသတ် မှတ်ရွေးချယ်ခြင်းဖြစ်သည်။ ဝိဇ္ဇာ ဘာသာတွဲလျှောက်ထားသူဦးရေ နည်းနေပါက ဝိပ္ပံဘာသာတွဲနှင့် သိပ္ပံဘာသာတွဲတို့မှ သင်တန်း သားများကို ပိုမိုခေါ်ယူသည်။

 ဝင်ခွင့်ရွေးချယ်ခံရသူများ သည် သင်တန်းကာလ ၂ နှစ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်အထိ မတက်ပါက လျော်ကြေးငွေ ပေးဆောင်ရန် သင်တန်းဝင်ခွင့် ရွေးချယ်ရေးမူ တွင် ထည့်သွင်းထားသည်။ ထို့ အပြင် ဒီပလိုမာရရှိပြီးပါက မူလ တန်းပြအဖြစ် အနည်းဆုံးသုံးနှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဝန် ခံကတိရေးထိုးရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ကချင်ပြည်နယ်မှ တက္က သိုလ်ဝင်စာမေးပွဲ အောင်မြင်ပါ က မြစ်ကြီးနားပညာရေးကော လိပ်၊ ကယားပြည်နယ်မှ လွိုင် ကော်ပညာရေးကောလိပ်၊ ကရင် ပြည်နယ်မှ ဘားအံပညာရေး ကောလိပ်၊ ချင်းပြည်နယ်မှ ဟား ခါးပညာရေးကောလိပ်၊ စစ်ကိုင်း တိုင်းဒေသကြီးမှ စစ်ကိုင်းပညာ ရေးကောလိပ်၊ မုံရွာပညာရေး ကောလိပ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ထားဝယ်ပညာရေးကော လိပ်၊ ပဲခူးတိုင်းဒေသကြီးမှတောင် ငူပညာရေးကောလိပ်၊ ပြည်ပညာ ရေးကောလိပ်၊ မကွေးတိုင်းဒေသ ကြီးမှ မကွေးပညာရေးကောလိပ်၊ ပခုက္ကူပညာရေးကောလိပ်၊ မန္တ လေးတိုင်းဒေသကြီးမှ မန္တလေး ပညာရေးကောလိပ်၊ မိတ္ထီလာ ပညာရေး ကောလိပ်များတွင် တက်ရောက်ရမည်ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်မှ မော်လမြိုင်ပညာရေးကောလိပ်၊ ရခိုင်ပြည်နယ်မှ ကျောက်ဖြူပညာရေးကောလိပ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ လှည်းကူးပညာရေးကောလိပ်များ၊ ရှမ်းပြည်နယ်မှ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ ပညာရေးကောလိပ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေးပညာရေး ကောလိပ်တွင် တက်ရောက်ရန် သတ်မှတ်ထားသည်။

သင်တန်းများကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းတက်ရောက်စဉ် သင်တန်းသားများကို အဆောင် နေထိုင်ခွင့်ပြုသည့်အပြင် အစိုးရ က တစ်လလျှင် ကျပ်သုံးသောင်း ပညာသင်ထောက်ပံ့ကြေး ပေး အပ်သည်။

ပညာရေးကောလိပ် ၂ နှစ် သင်တန်းပြီးဆုံးပြီး ပညာရေးဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့် မီပါက ပညာရေးတက္ကသိုလ်များ၌ ပညာရေးဘွဲ့ (B.Ed) သင်တန်း တက်ခွင့်ပြုထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top